စက်တင်ဘာ (၆)ရက်နေ့တွင် နယူးယော့ခ်၊ လန်ဒန်၊ တိုကျို၊ အမ်စတာဒမ်နှင့် ပဲရစ်တို့မှ ဖက်ရှင်ဆိုင်ကြီး အချို့တို့တွင် စပယ်ရှယ် Promotionများ ပြုလုပ်ခြင်း၊ Limited Edition ထုတ်ကုန်များ ရောင်းချခြင်း စသည်တို့ကို ပြုလုပ်သွားမည် ဖြစ်သည်။ ဗီဒီယိုသည် ကြော်ငြာအဖြစ် ရည်ရွယ် ရိုက်ကူးထားပြီး ဗစ်တိုးရီးယား၊ တေလာ၊ အာရှာနှင့် သူငယ်ချင်းများက ကြည့်ရှုသူ ပရိသတ်များအား ရန်ပုံငွေ အစီအစဉ်အတွင်း ပါဝင်ဈေးဝယ်ခြင်းဖြင့် ကူညီရန် တိုက်တွန်းထားသည်။ ယခုအစီအစဉ်အတွက် လန်ဒန်မှ Harvey Nichols၊ H&Mနှင့် Zara အစရှိသည့် ဆိုင်များက ပါဝင် လက်မှတ် ရေးထိုးထားကြောင်းလည်း သိရှိရသည်။
ရန်ပုံငွေ ရှာဖွေရေးအတွက် ရည်ရွယ်သည့် ဗီဒီယို တစ်ခုအတွက်
ဗစ်တိုးရီးယားဘက်ဟမ်း၊ တေလာဆွစ်ဖ်၊ ဂျက်စတင်ဘီဘာနှင့် အာရှာစသည့်
နာမည်ကျော် အဆိုတော်များ စုပေါင်းခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ အထင်ကရ
ကြယ်ပွင့်များသည် နှစ်ပတ်လည် AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက်
စုစည်းပါဝင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment