ပြောင်းရွှေ့သွားသူများကို မြန်မာဘက်က ဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံထား မည်လား (သို့မဟုတ်) ရခိုင် ကျေးရွာများတွင် နေရာချထားပေးမည်လားဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သူက ပြောသည်။
ပြောင်းရွေ့သွားသည့် မိသားစုများမှာ ဦးမဲတုတ်၊ ဦးလင်းထွန်း၊ ဦးမောင်သန်းနှင့် ဦးအောင်ကျော်လှ မိသားစု များဖြစ် ကြောင်း သိရသည်။
“ ဦးမဲတုတ်မှာ သမီးတစ်ယောက်ပါသွားတယ်။ နောက်သမီးတယောက်က အဲဒီလင်းထွန်းနဲ့ အိမ်ထောင် ကျနေတယ်။ မောင်ထွန်းမှာ သားသမီး ၃ ယောက်ပါတယ်။ အောင်ကျော်လှမှာလည်း သားသမီး သုံး ယောက် ပါသွားတယ်။
မိသားစု လေးစု – လူက စုစုပေါင်း ၁၈ ဦးပါ” ဟု သူက ပြောသည်။ အဆိုပါ မိသားစုများသည် အောက်တိုဘာလ ၁ ရက်နေ့ နံနက် အာရုံတက်ချိန်တွင် ရွာမှ ထွက်ခွာ သွားကြသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှလည်း မြန်မာဘက်သို့ ပြောင်းရွေ့သွား သည့် မိသားစုဝင် စာရင်များကို လာရောက် ကောက်ယူသွားကြောင်း ကျေးရွာ လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
နိရဉ္စရာမှ ရခိုင်ဘက်သို့ ဆက်လက် စုံစမ်းရာ ၎င်းမိသားစုများမှာ မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ အမှတ် ၂ ဝေလာတောင်ဘက်မှ မြန်မာဘက်သို့ ၀င်ရောက် လာခဲ့ကြပြီး ယခုအခါ သူတို့ကို မြန်မာ အာဏာပိုင်များမှ စောင့်ရှောက် ထားကြောင်း သိရသည်။
From- နိရဉ္စရာ
No comments:
Post a Comment