ဒီနှစ် အကယ်ဒမီပေးပွဲ အတွက် ရန်ကုန်မှာ ပြောင်းလဲ ကျင်းပသလို၊ ပွဲချိန်ကိုလည်း ပြင်ဆင်ပြောင်းလဲ ကျင်းပဖြစ်မယ်လို့ သိရတာကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းကိုမေးကြည့်တော့ “အကယ်ဒမီပွဲချိန် ကိုစောပြီး ကျင်းပဖို့ စီစဉ် ထားတယ်။ ပြည်သူ ပရိသတ်တွေကို လည်းLive လွှင့်တာကိုပဲ ကြည့်စေချင်တယ်။ အရင်နှစ်တွေ ဆို ဘယ်လောက် ပဲ အကယ်ဒမီပေးပွဲ လုပ်လုပ် သတင်းလာတဲ့အချိန် ဆို ဖြတ်သွားရော၊ ပြီးတော့မှ ပြန်လွှင့်ဖြစ်နေတာလေ။ အဲဒါ ကြောင့် အကယ်ဒမီ ပေးပွဲအချိန် ကို စောပြီး ကျင်းပဖြစ်တာ။ ပွဲချိန်က၃ နာရီ ခွဲလောက်က စမယ်လို့ မှန်းထားတယ်။ ဖျော်ဖြေရေးတွေ လည်းရှိသေး တယ်။ ညနေစောစောစမယ်။သတင်း မကြေညာခင်မှာ အကယ်ဒမီ စာရင်း ကြေညာ အပြီးပေါ့။ စီစဉ်တင်ဆက်တဲ့ အပိုင်းကို မြန်မာ့ရုပ်ရှင် လုပ်ငန်းကပဲ လုပ်တာပါ။ နှစ်တိုင်းက အကယ်ဒမီ ပွဲချိန်ကကြာတော့ ပွဲထဲမှာ ရေဆာတာ၊ ဗိုက်ဆာတာတွေရှိတယ်။ အကျွေးအမွေး စီစဉ် ဖို့၊ ဖျော်ဖြေရေးအပိုင်း ကိုလူရွေးဖို့၊ ပွဲကျင်းပချိန် ရှေ့တိုးဖို့ကို ဆွေးနွေးဖြစ် ခဲ့တယ်” လို့ ပြောပြပါတယ်။
From : Popular Academy
No comments:
Post a Comment