ထို့နောက်တွင် ဒေါ်ဝင်းဝင်းဖြူမှ ဒုံဘွေကျေးရွာရှိ ရွာသားများအား ခေါ်ဆောင်ကာ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် ယာတဲသို့ သွားရောက်ကြရာ ဘင်္ဂါလီများ ထွက်ပြေးသွားပြီး ဦးသာထွန်း၊ ဒေါ်ဖြူမချေ၊ ဦးမောင်ရွှေသန်းတို့ ၃ ဦးကို လက်ပြန်ကြိုးတုပ်၍ ပါးစပ်များကို အဝတ်ဖြင့် ပိတ်နှောင်ထားသည် ကို တွေ့ရှိရ ကြောင်း သတင်းရရှိပါသည်။
ထိုဖြစ်စဉ်တွင် ဦးသာထွန်း၏ ဘယ်ဘက်လက်တွင် ကြိုးဖြင့်ချည်နှောင် ထားသဖြင့် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဦးရွှေမောင်သန်း၏ နှာခေါင်းတွင် ထိုးကြိတ်ဒဏ်ရာ ၁ ချက်စီရရှိကာ ယာတဲ ၂ လုံးအတွင်းမှ ဓာတ်မီး ၆ လက်၊ လက်ပတ်နာရီ ၁ လုံး၊ ဓားရှည် ၂ ချောင်း၊ ပိုက်ကွန် ၁ ခု၊ ငွေကျပ် ၅ ထောင်ကို ဘင်္ဂါလီများမှ ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်သော အကြမ်းဖက် ရိုက်နှက်လုယက်သူ ဘင်္ဂါလီ လူမျိုး ၄ ဦးအား နယ်မြေခံ တပ်၊ ရဲနှင့် ရွာသူရွာသားများက ပူးပေါင်းဖော် ထုတ်ရာ ဖေဖော်ဝရီလ ၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဆီသည်ရွာ အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လွတ်မြောက် တရားခံများနှင့် ဖမ်းဆီးရမိသူ ဘင်္ဂါလီ လူမျိုး ၄ ဦးကို အရေးယူနိုင်ရေး မြောင်းဘွေရဲစခန်း၌ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
From : မြ၀တီ
No comments:
Post a Comment