၎င်းက “မြန်မာမှာ လက်ရှိဖြစ်နေတဲ့ အရှိတရားကတော့ ဒီကိစ္စဟာ ဘယ်နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်စရာ အာဂျင်ဒါစာရင်းထဲ မပါ သေးတာ တွေ့ ရပါတယ် ။ အစိုးရရဲ့ အာဂျင်ဒါထဲရော၊ အခြားးနိုင်ငံရေးပါတီတွေ နဲ့ လူနည်းစုတိုင်းရင်းသား အုပ်စုတွေထဲမှာတောင်မှမပါသေးပါဘူး” ဟု ပြောကြားသည်။
မစ္စတာကန်တားနားက “အချို့ အချက်တွေမှာတော့ ကျွန်တော် ယုံကြည်တာကတော့ အတိတ် မှာ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့လိုပါတယ်။ ဒါဟာ အတိတ်ကနေ သင်ခန်းစာယူပြီး ဘယ်အပြောင်း အလဲမှမဆို အောင်မြင်မှုရစေဖို့ အရေးပါတဲ့ အချက်လည်းပဲ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
မစ္စတာကန်တားနားသည် မြန်မာသို့ မကြာမီက လာရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂတွင် မြန်မာ့ လူ့  အခွင့်အရေး အခြေအနေ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းခဲ့သည်။
အစီရင်ခံစာ၌ ၎င်းက ရခိုင်တွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအကျပ်အတည်းသည် ပြန့် ပွားနိုင်ပြီး၊ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက် အန္တရာယ် ရှိနိုင် ကြောင်း ထောက်ပြ ထားသည်။
The Myanma Age
No comments:
Post a Comment