“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲ သတ်မှတ်ပေးဖို့အတွက် တောင်းဆိုသွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိနိုင်အောင် တောင်းဆို သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက် ၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူ လယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။
မြန်မာ့သားကောင်း
No comments:
Post a Comment