Tuesday, March 5, 2013

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

မတ်   ၅ ရက်၊ ၂၀၁၃
 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းမှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူ ကျပ် ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ် ထုတ်ကာ ငွေစက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက်လျက် ရှိကြောင်းသိရှိရပါသည်။ ကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန်တွေ ပေါ်ထွက်လာတဲ့အတွက် သယ်ယူသွားလာရာမှာ အဆင် ပြေပြေရှိခဲ့ပါသည်။ ဒါကြောင့်လဲ ဈေးတွေမှာ ကျပ်ငါးထောင် တွေကို အများဆုံးအသုံးပြုနေကြပြီး အခုအခါမှာတော့ နယ်စပ်မှာရှိနေတဲ့ KIA လက်နက်ကိုင် တပ်ဖွဲ့များ၏ အဆက် အသွယ်နဲ့ ဈေးအတွင်း မှာ ငွေကြေးအတုများ ၀င်ရောက်နေသည်ဟု ဈေးသည်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ငွေစက္ကူအတု ငါးထောင်ကျပ်များဟာ သာမန်ကြည့်ရုံဖြင့် မသိနိုင်ပေမယ့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ လက်ကားသမား တွေကတော့ အတုနဲ့အစစ်ကို ချက်ချင်းခွဲခြားနိုင်သည်ဟု သိရပါသည်။ မိုးကောင်းမြို့ ဈေးအတွင်းမှာ ကျပ်ငါးထောင် တန်အတုတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ကတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ကုန်သည်တွေအနေနဲ့ အထူးဂရုစိုက် စောင့်ကြည့်ကြဖို့တော့ နှိုးဆော်ထားကြောင်း သိရှိရသည်။  ဒါကြောင့်လဲ ငွေကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန် များကို သေသေချာချာ စစ်ဆေးပြီးမှ လက်ခံနေရသည်ဟု မိုးကောင်းမှ ဒေသခံများနှင့် ဈေးသည်များမှ ပြောဆိုနေကြကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေး အတွင်း မှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူကျပ်ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ်ထုတ်ကာ ငွေ စက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက်

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

သူ့မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ဒါကတော့ တစ်နှစ်တာ ရောင်းမကုန်တဲ့ ပစ္စည်း (အိပ်များ)ကို နှစ်တစ်နှစ် အကုန်တိုင်းမှာ မီးရှို့ ခြင်း ဖြစ်ပါတယ်။ သူ့လိုပဲ ပြင်သစ် Chanel ဖက်ရှင်ကလည်း လုပ်ပါတယ်။ သူတို့ နှစ်ခုလုံးက ထုတ်တဲ့ ပစ္စည်းတိုင်းက ကမ္ဘာ့လူကြိုက်များပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖက်ရှင် ပစ္စည်းတွေချည်း ထုတ်တာ ဖြစ်ပါတယ်။

တစ်နှစ်တာ ရောင်းရတဲ့ ငွေစာရင်းနဲ့ အချက်အလက်များကို စစ်ဆေးပြီး လက်ကျန် ပစ္စည်းများကို စုစည်းပြီး မီးရှို့ ဖျက်ဆီးပါတယ်။ ရည်ရွယ်ချက် ကတော့ ယင်းပစ္စည်းများ ဈေးကွက်မှာ ဈေးပေါပေါနဲ့ ရောက်ရှိသွားမှာ စိုးလို့ လို့ ဆိုပါတယ်။

ဒါကြောင့် ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းတဲ့အနေနဲ့ မီးရှို့ ဖျက်ဆီးခြင်းလို့ ဆိုပြီး ဒါကို ဖြုန်းတီးမှု တစ်ခုလို့ ဝေဖန်သူများလည်း ရှိကြောင်း သိရပါတယ်။
--
Ref: mazefacts
International news for myanmar

အေးချမ်းမွန်မှ ( International news for myanmar ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

KNU နှင့် အစိုးရ အရာရှိများ သထုံတွင် တွေ့မည်


အပစ်အခတ်ရပ်စဲရေးဆိုင်ရာများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်း ဆောင်များက အစိုးရ အရာရှိ များနှင့်အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ယနေ့ မွန်ပြည်နယ် သထုံမြို့နယ် နောင် ဘိုကျေးရွာတွင် KNU ဆက်ဆံ ရေးရုံးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည့် KNU ခေါင်းဆောင်များ က တွေ့ဆုံမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် KNU က သတင်းထုတ်ပြန် ထား သည်။ ထုတ်ပြန်ချက်အရ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားကို KNU ဥက္ကဌ စောမူတူး စေးဖိုးဦးဆောင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြုသူတွေများပြားလျက်ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တွေ ဟာ ဆေး လိပ်ငွေ့နဲ့ တခြား လေထုညစ်ညမ်း စေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်
>>မတ်လ ၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း<<

ယနေ့ မတ်လ ၀၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၆၃ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၂၄.၄ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၂.၉၂ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၀၅.၄ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၂၄.၀၃ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၈၁.၁၅ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၆၃ ကျပ်၊
အိန္ဒိယရူပီး တစ်ရူပီး - ၁၅.၇၁၁ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၇၉.၃၄၉ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၇၈.၂၁ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၉၅၅ ကျပ် သတ်မှတ်သည်။

Ref:Mrtv-4
ယနေ့ မတ်လ ၀၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၆၃ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ-

မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် လုပ်ဆောင်နေ

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ ၏ ပျမ်းမျှ သက်တမ်း ကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထား သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့်သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ်
ပြောကြား ထားသည်။

ရော့ဒ်မန်းသည် လက်ရှိတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရမည့် အမေရိကန် နိုင်ငံ မှ အထူး ဧည့်သည်တစ်ဦး ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော ဘေ့စ်ဘော ကစားပွဲကို ကြည့်ရှုရန် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရော့ဒ်မန်းနှင့် Harlem Globetrotters အဖွဲ့သားများ မြောက်ကိုရီးယား
နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် သည် မြောက်ကိုရီးယား နိုင်ငံ၏
 နျူကလီးယား စမ်းသပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ၎င်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တင်းမာ နေချိန်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်၏ လူ့ အခွင့်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ရော့ဒ်မန်းက မိမိသည် သံတမန်တစ်ဦး မဟုတ် ကြောင်း၊ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ၎င်း၏ ကိုယ်စား တောင်းပန်ခြင်း မပြုနိုင်ကြောင်း၊ သို့သော် ကင်ဂျုံ အွန်သည် ယခုအခါ မိမိ၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

http://bit.ly/12pXerH

မြ၀တီ
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်သည် စစ်ပွဲကိုအလိုရှိသူ မဟုတ်ကြောင်း ၎င်းအလိုရှိသည်မှာ အမေရိကန်သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာဖြစ်ကြောင်း NBA ချန်ပီယံကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ် ပြောကြားထားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ၀င်ငွေ ၃ နှစ်အတွင်း ၃ ဆတက်

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ၀င်ငွေ ၃ နှစ်အတွင်း ၃ ဆတက်
Tuesday, March 5, 2013 

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိ တက်လာ ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများ အရ သိရသည်။ 

ခရီးသွား လုပ်ငန်းမှ ၂၀၀၉ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉၆ သန်း ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းအထိ တိုးတက် လာခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တိုးတက် လာရခြင်းမှာ
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ခရီးသွား များကို ဆွဲဆောင် နိုင်သည့်
နိုင်ငံတစ်ခု ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဌေးအောင် က ပြောကြား ခဲ့ကြောင်း သိရသည်။

" ခေတ် အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာ တွေနဲ့ သမိုင်းကြောင်း
တွေရှိတဲ့ အတွက် နိုင်ငံတကာ ဧည့်သည်တွေ လာရောက် ကြတာ
ဖြစ်ပါတယ် ... " ဟု ဦးဌေးအောင်က မြန်မာဧည့် ၀န်ဆောင်မှု နှင့် ခရီးသွား လုပ်ငန်း ကွန်ဖရင့်တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံခြား ခရီးသွား များက စိတ်ဝင်စားမှု မြင့်တက် လာကြောင်း သိရသည်။ သို့ရာတွင် ခရီးသွား လုပ်ငန်း အတွက် အခက်အခဲ မှာ ဟိုတယ် အဆင့်မမီ ခြင်းနှင့် ဟိုတယ် အခန်းများ မလုံလောက် ခြင်းတို့ ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြား ကြောင်း သိရသည်။

ယခုအခါ တွင် မြန်မာနိုင်ငံ တွင် ဟိုတယ် ၇၆၇ လုံး ရှိသော်လည်း 
အဆင့်မီ ဟိုတယ် ၂၃ လုံးသာ ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် 
အတွင်း မြန်မာ နိုင်ငံသို့ ခရီးသည် တစ်သန်း ကျော် ၀င်ရောက် ခဲ့ပြီး လာမည့် နှစ်တွင်လည်း ခရီးသွား ဧည့်သည် ရာခိုင်နှုန်း ၃၀ တိုးတက် မည်ဟု ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်း ထားကြောင်း သိရှိရသည်။

The Myawady Daily
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ
Tuesday, March 5, 2013 

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများ
စာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့
 နိုဘဲဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့အစည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ပါတယ်။

ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများ
ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ်သည်တော်တို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

နိုဘဲဆုဌာန အကြီးအကဲ Geir Kundestad က ငြိမ်းချမ်းရေးနိုဘဲဆုအတွက် အဆိုတင်သွင်းမှု အရေအတွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက်ဘက်ကိုပြနေကြောင်း၊ ဒါဟာဒီဆုအပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း
ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံခဲ့တာဖြစ်ပါတယ်။

RFA
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများ စာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ် လို့ နိုဘဲ ဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့

HIV ကုနိုင်မယ့် လမ်းစတွေ့

HIV ကုနိုင်မယ့် လမ်းစတွေ့

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:22 GMT

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။

မွေးကင်းစ ကလေးငယ် တဦး အနေနဲ့ ဒါ ပထမဆုံး ဖြစ်ပြီး လူတဦး ကနေနဲ့ ကတော့ ဒါ ဒုတိယမြောက် တွေ့ရှိ ရတာ ဖြစ်ပါတယ်။

ဒါဟာ ဆေးပညာ ဆိုင်ရာ တိုးတက် အောင်မြင်မှု တရပ် အဖြစ် ပညာရှင် တွေက ကြေညာ ပြောဆိုနေ ကြပါပြီ။

အကြောင်း ကတော့ ဒီကုသမှုကို ခံယူခဲ့တဲ့ မိန်းကလေးငယ်ကို မစ္စစ်စပီ ပြည်နယ်မှာ HIV ရောဂါပိုး ရှိတဲ့ မိခင်က မွေးခဲ့ပါ တယ်။

မွေးမွေး ပြီးချင်း နာရီ ၃၀ အတွင်း မှာပဲ ကုသဆေး ၃ မျိုး လောက် ရောပြီး ကုသပေးခဲ့ ပါတယ်။ နောက်ဆက်တွဲ ကုသမှု အနေနဲ့ တနှစ်ခွဲ လောက် လုပ်ခဲ့ပြီး ကုသမှုကို ရပ်ဆိုင်းလိုက် ပါတယ်။

အခုတော့ အဲဒီ မိန်းကလေးငယ်ဟာ အသက် ၂ နှစ်ခွဲရှိ ပါပြီ။ ကုသမှု ရပ်ဆိုင်းထားတာ ၁ နှစ်လောက် ရှိပေမယ့် ရောဂါပိုး ရှိတဲ့ လဏ္ခာလုံးဝ မတွေ့ရတော့ပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို အခြေခံပြီး ရောဂါပိုး ရှိတဲ့မိခင်က မွေးဖွားတဲ့ ကလေးငယ် လေးတွေကို မွေးမွေးချင်း ကုသပေးရင်း စမ်းသပ် မှုတွေကို ဆက်လုပ်ကြမှာပါ။

ဒီသတင်းဟာ ဆေးလောက အတွက်တော့ အင်မတန်မှကို သတင်း ထူးကြီး တခု ဖြစ်ပေမယ့် ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ AIDS ရောဂါ ဖြစ်စေတဲ့ ဒီ HIV ပိုးကို လုံးဝဥဿုံကြီး တားလိုက် နိုင်ပြီလို့ ပြောလို့ မရသေးပါ။

အကယ်၍ ဒီမိန်းကလေးငယ် သာ ဒီအတိုင်း ကျန်းကျန်း မာမာ ဆက်ပြီး ရှိတယ် ဆိုရင်တော့ ဒါဟာ HIV ပိုး ကုသ နိုင်တဲ့ ဖြစ်ရပ် အနေနဲ့ ဒုတိယမြောက် အကြိမ် ဖြစ်လာမှာပါ။

ပထမ အကြိမ် ကတော့ ၂၀၀၇ ခုနှစ်တုန်းက HIV ပိုး ကာကွယ် နိုင်တဲ့ အင်မတန်မှ ရှားပါးတဲ့ ဆဲလ် ပိုင်ရှင်ရဲ့ ဆဲလ် ကိုယူပြီး အစားထိုး ကုသရာ ကနေ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကုသမှုနဲ့ မတူတဲ့ ဒီတကြိမ် ကုသမှု မှာတော့ လူမမယ် ရောဂါသည် တွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးတွေကို ရောပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်။

အခု ရလဒ်နဲ့ ပတ်သက်ပြီး တင်ပြ လာခဲ့တဲ့ Johns Hopkins တက္ကသိုလ် က ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာ Deborah Persaud က ရောဂါ ပိုးဟာ လူ့ ကိုယ်ခန္ဒာမှာ ခိုအောင်း မလာနိုင်ခင် အချိန်မှာ အစောဆုံး ကုသမှုကို လုပ်ဆောင် လိုက်တဲ့ အတွက် ဆေးက ရောဂါပိုးတွေကို အရင်ဆုံး နှိမ်နှင်း လိုက်တဲ့ သဘော ရှိတယ်လို့ ပြောပါတယ်။

အခု ကုသမှု ခံယူ ခဲ့တဲ့ ကလေးငယ် မိန်းကလေးမှာ ရောဂါပိုး ဆက်ပြီး ရှိမရှိကို ဓာတ်ခွဲခန်း ၆ ခု မှာ အဆင့်မြင့်တဲ့ နည်းပညာတွေ၊ မတူတဲ့ နည်း စနစ်တွေနဲ့ အမျိုးမျိုး စမ်းသပ်ခဲ့ ပေမယ့် ဘယ်ဓာတ် ခွဲခန်း ကမှ ရောဂါပိုးကို မတွေ့ရပါဘူး။

ဒါကြောင့် လတ်တလော ပြောနိုင်တာ ကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်း က Dr. Rowena Johnston က ပြောပါတယ်။

အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီး သွားတဲ့ ကလေး တွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိ ရောက်ဆုံး ကုသမှု အဖြစ် ရှိနေ ပါသေးတယ်။

BBC News

အေးချမ်းမွန်မှ ( BBC News ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:22 GMT
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

 အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေအနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန် အတွက် သက်ရောက်မှုများ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

အလိုအလျောက် အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အစီအစဉ် အရ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေး ထိုးခဲ့ပြီးနောက် ပါရှန် ပင်လယ်ကွေ့နှင့် ပတ်သက်၍ ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှော့ချဖြတ်တောက် ခံရမည့် ပြည်ထောင်စု ရန်ပုံငွေထဲမှ ထက်ဝက် ပမာဏ ဖြစ်သည့် ၄၆ ဘီလီယံသည် ကာကွယ်ရေး ကဏ္ဍတွင် သက်ရောက်မှု ဖြစ်စေမည် ဖြစ်ပါသည်။ အဆိုပါ သက်ရောက်မှု၏ ဒဏ်ကို အဓိက ခံစားရမည့် နယ်ပယ်မှာ အမေရိကန် ရေတပ်၏ တပ်ဖြန့်ချ ထားမှုများ ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/WIC0Db
အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေ အနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန်အတွက် သက်ရောက်မှု များ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်

Photo: ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်
Monday, March 4, 2013

ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

''အခုလက်ရှိမှာ လျှပ်စစ်မီတာ ဘီလ်ဆောင်တာတွေကို နေပြည်တော်နဲ့ မန္တလေးမှာ လုပ်ဆောင်နိုင်ပြီး ရန်ကုန်မှာလည်း ရတော့မယ်။ မတ်လထဲမှာ ရတနာပုံ ADSL အင်တာနက်ဘီလ် ဆောင်နိုင်မယ်။ နောက်ပိုင်းမှာ Music Store ဆိုက်တွေ၊ Gift Shop ဆိုက်တွေ၊ Online Shopping ဆိုက်တွေအတွက် Ypay နဲ့ ငွေချေတာတွေ ရလာပါမယ်။ သင်္ကြန်အပြီးမှာ
တော်တော်များများ အသုံးပြုလာနိုင်ဖို့ ရှိပါတယ်'' ဟု Creative Web Studio မှ ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် Ypay စနစ်ကို AGD ဘဏ်နှင့် အပြည့်အဝ ချိတ်ဆက်၍
ဆောင်ရွက်လျက်ရှိပြီး အခြားဘဏ်များစွာနှင့် ချိတ်ဆက်ဆောင်ရွက်
နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Ypay အသုံးပြုလိုသူများအနေဖြင့် AGD ဘဏ် Account ရှိရမည်ဖြစ်သည်။

မကြာမီတွင် ဘီလ်ဆောင်ခြင်း ကိစ္စရပ်များအတွက် လူကိုယ်တိုင်သွားရန် မလိုတော့ဘဲ အွန်လိုင်းမှ Ypay ကို အသုံးပြု၍ ငွေပေးချေနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ခြင်းများကိုလည်း ယင်းဖြင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group
ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

Monday, March 4, 2013

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ


ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက်ချီတက်နေကြပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy

Photo: နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy
Monday, March 4, 2013

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက်ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်ယ။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီး အပေါ်မှာ Solar ပြား ပါရှိပါတယ်။ နေ့ဘက်မှာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Globoy လို့ အမည်ပေးထားတဲ့ Solar nightlight ဖြစ်ပြီး ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ ဝန်းကျင် ရှိကြောင်း သိရပါတယ်။
--
Ref: gaggets
ရိုးရာလေး နည်းပညာ
YoYarLay

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက် ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီးအပေါ်မှာ Solar ပြား ပါရှိပါ တယ်။ နေ့ဘက်မှာပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေး နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ
Monday, March 4, 2013

သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်း သူများအား ကူညီထောက်ပံ့
ပေးနိုင်သည့် ဂျပန်နိုင်ငံ ထုတ် စက်ရုပ် ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား
ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ 

The Hybrid Assistive Limb (HAL) ဟု အမည်ပေး ထားသော အားသွင်း စက်ရုပ် ခြေထောက်ဝတ်စုံအား ဂျပန်စက်ရုပ် ထုတ်လုပ်သည့် ဆိုင်ဘာဒင်း ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူ စက်ရုပ် လက်ဝတ်စုံ ကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အရည်အသွေး အာမခံချက် အား အပြည်ပြည် ဆိုင်ရာ လူသား
အသုံးပြု စက်ရုပ်များ၏ လုံခြုံ စိတ်ချရမှု အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ် ကုန်ပိုင်းတွင် ပေးအပ် သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ
ပြောကြားခဲ့ သည်။

ဘက်ထရီ အသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာ ကိုယ်လှုပ်ရှားမှုနှင့် လိုက်လျော ညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့် သက်ကြီး ရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ် ကတည်း ကပင် ငှားရမ်းခဲ့ပြီး တစ်နှစ် ငှားရမ်းခမှာ တစ်စုံ လျှင် ယန်း ၁၇၈ဝဝဝ (အမေရိကန် ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် စက်ရုံသုံး စက်ရုပ်များ သုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ် ဝတ်စုံများအား ဆေးရုံများနှင့် ဘိုးဘွား ရိပ်သာများတွင် တဖြည်းဖြည်း သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

http://bit.ly/Zffr55
မြ၀တီ
သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကူညီထောက် ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံထုတ်စက်ရုပ် ခြေထောက်ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာလုံခြုံစိတ်ချရမှု အသိအမှတ်ပြု လက်မှတ် အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို
Monday, March 4, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းသို့
ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

ရော်နယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာပြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ အင်္ဂါနေ့ညတွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း ဂျာစီနှင့် မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ပထမဆုံးအကြိမ် ရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားမည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် လူငယ်ဘဝက စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် (၂၀၀၈)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူး ရယူနိုင်သည်အထိ အောင်မြင်မှု ကြီးမားလာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင်မူ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ 
ရောက်ရှိသွားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ယခုရာသီ အစောပိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ယခုတစ်ဖန် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာချိန်တွင်လည်း မန်ယူသို့ ရာသီကုန်တွင် ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အားကောင်းလာသည်။

ဖာဂူဆန်ကမူ လာမည့်နွေရာသီတွင် မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဖွင့်ဟခဲ့သည်။ "ရော်နယ်လ်ဒိုကို မဖြစ်မနေ ပြန်ခေါ်
လာနိုင်မယ်လို့ ကျွန်တော့်စိတ်ကို တွန်းအားပေးမယ့် အရာမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုဟာ လက်ရှိ ကစားပုံ ကောင်းမွန်နေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ ရီးယဲလ်မှာပဲ သက်တမ်းတိုး စာချုပ်ဖို့ ဆွေးနွေးမယ်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။

၎င်းက "ခုကိစ္စမှာ သူ့အေးဂျင့်က တစ်ခုခု ခြယ်လှယ် သတင်းဖြန့်နေ
တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ မျှော်လင့်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူကို ပြန်လာချိန်မှာ အသင်းက သူ့ကို ကောင်းကောင်း ကြိုဆိုမှာပါ။ ကျွန်တော်တို့ အသင်းဟာ ကစားသမားဟောင်းတွေကို အလေးအနက် ကြိုလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းအပေါ် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ကူညီခဲ့သူတွေကို ဆိုပါတော့"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း သို့ ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း တရုတ် စစ်သင်္ဘောများ ၀င်ရောက်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း 
တရုတ် စစ်သင်္ဘောများ ၀င်ရောက်
Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေး
လေ့ကျင့်ခန်း ပြုလုပ်ရန် အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါ အတွင်း ကိုရီးယား လေကြောင်း ရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိ စစ်ဆင်ရေး ဧရိယာ (AO) အတွင်း ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရင်းအမြစ် များက ပြောကြားခဲ့ ပါသည်။ စစ်ဆင်ရေး ဧရိယာ (AO) အတွင်းသို့ ပြည်ပ ရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု
ပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

http://bit.ly/XDXBth

မြ၀တီ
တရုတ် စစ်သင်္ဘောများသည် ကြိုတင် အကြောင်းကြားမှုမရှိဘဲ ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေး ဇုန် ဖြစ်သော ရေပိုင်နက်အတွင်း ကင်းလှည့်မှုပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး
Monday, March 4, 2013
   
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန်အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရခိုင်ပြည်သူတွေ အလိုရှိတဲ့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျွန်တော်တို့
ဘက်က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်။ ရခိုင်မှာလုပ်ခဲ့တဲ့ ရသေ့တောင် လူထုစည်းဝေးပွဲမှာ ကျွန်တော်တို့ပါတီနှစ်ခု ပူးပေါင်းဖို့ကို အားလုံးက တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာ ပူးပေါင်းဖို့ကို တရားဝင်ဆွေးနွေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပါတီနှစ်ခု ပူးပေါင်းပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကမဆို ပါဝင်သွားမှာပါ'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ''ကျွန်တော်တို့ပါတီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ကော်မတီတစ်ရပ် ဖွဲ့ထားပါတယ်။ သူတို့ဘက်ကနေ အလွတ်သဘောမျိုး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီနှစ်ခု ပူးပေါင်းရေးကို တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးတာမျိုးတွေကို လုပ်ချင်တယ်။ ခုထိတော့ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး'' ဟု ပြောသည်။

အလားတူပင် ''၁၉၉ဝ ရွေးကောက်ပွဲ စစ်တွေမဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသား ပါတီနှစ်ခု ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘဲ လူမျိုးခြားပါတီတစ်ခုက ရွေးကောက်ပွဲ အနိုင်ရသွားခဲ့တဲ့ သာဓကတစ်ခုလည်း ရှိခဲ့တယ်'' ဟု ဦးဦးလှစော က ပြောသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် လာမည့်မတ်လ မကုန်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ထိုသို့ ချင်းပါတီနှစ်ခု ပူးပေါင်းရန် ၂ဝ၁၂ ခုနှစ် မေလကတည်းက ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပူးပေါင်းရန် ၇ဝ ရာခိုင်နှုန်းခန့် အဆင်ပြေနေပြီဖြစ်၍ မတ်လမကုန်မီ အပြီးသတ် ပူးပေါင်းသွားမည်ဖြစ်သည်။

ပါတီအမည်ကို 'ချင်း အမျိုးသား တိုးတက်ရေးပါတီ' ဟု ရည်ရွယ်
ထားကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Eleven Media Group

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန် အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်
Monday, March 4, 2013

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဆာအဲလက် ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ယခုပွဲမတိုင်ခင် နော်ဝစ် အသင်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ကစားထားပြီး အောင်မြင်မှုကို ဆာလောင်နေကြောင်း ပြသထားပါတယ်။ 

အလားတူပဲ မော်ရင်ညိုရဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ဘာစီလိုနာ အသင်းအား ၄ ရက်အတွင်းမှာတင် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး အကောင်းဆုံး ခြေစွမ်းရရှိနေကြောင်း ပြသထားပြန်ပါတယ်။

ပထမ အကျော့မှာတုန်းကတော့ ရီးယဲလ်-မန်ယူ ပွဲရလဒ်ဟာ ၁-၁ နဲ့ ပြီးဆုံးခဲ့ပြီး ဒန်နီ ၀ဲဘက်ရဲ့ ဦးဆောင်ဂိုးကို ရော်နယ်ဒိုက လိုက်လံချေပခဲ့ပြီး ဘာနေဘောင်း ကွင်းထဲရှိ ပရိသတ် ၇ သောင်းကျော်ဟာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကြိုသတင်း

ဒီပွဲမှာ မန်ယူပရိသတ်တွေ မျှော်လင့်နေတဲ့ ဖေးလ် ဂျုန်း ဒဏ်ရာမှ သက်လာလာပြီး ပြန်လည် ကန်နိုင်ဖို့က အသင်းနိုင်ပွဲအတွက် အရေးကြီးနေပါတယ်။ တဖက်အသင်းရဲ့ တိုက်စစ်ကို လိုက်ဖျက်ရာမှာ ထူးချွန်တဲ့ ဂျုန်းစ်ဟာ ပထမပွဲစဉ်တုန်းက ရော်နယ်ဒိုကို အသေကပ် ကစားခဲ့ပြီး လှုပ်မရအောင် လိုက်ကစားခဲ့ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်ရဲ့ အဆိုအရ ဂျုန်းစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်လာပြီး ၀င်ကစားနိုင်လိမ့်မယ်လို့ ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျုန်းစ် မကန်နိုင်လျှင် ဖြစ်နိုင်ချေ ရှိတာကတော့ ပေါ စခိုးလ်၊ အန်ဒါဆင်၊ တွမ် ကလေဗာလေတို့ ၃ ယောက်ထဲမှ တယောက် ၀င်ကန်ရဖွယ် ရှိနေပါတယ်။ အန်ဒါဆင် ခြေစွမ်းဟာ နော်ဝစ်နဲ့ ပွဲစဉ်မှာ အတော်ညံ့နေခဲ့တာကြောင့် ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာဖွယ်မရှိဘဲ ရုန်းအားကောင်းတဲ့ ကလေဗာလေ နေရာ ရဖို့ ရှိနေပါတယ်။ ပေါစခိုးလ် ကတော့ ရီးယဲလ်လို
ပြင်းထန်တဲ့ပြိုင်ဖက်နဲ့ ပွဲစဉ်မျိုးမှာ ပါဝင်လာဖွယ်မရှိဘဲ ပထမ ပွဲတုန်းကလို အရန်မှာတောင် ပါဝင်လာဖွယ် မရှိပါဘူး။

ဖာဂူဆန်ဟာ အလှည့်ကျ စနစ်နဲ့ ကစားသမားတိုင်းကို အခွင့်အရေး
ပေးနေပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေဟာ အဓိက ပွဲစဉ်တွေမှာ ပါဝင်လာတတ်ပါတယ်။ ပထမအကျော့မှာတုန်းက ဘာမှမလုပ်နိုင်ခဲ့တဲ့ ကာဂါဝါဟာ ပရီးမီးယား လိဂ်မှာတော့ ခြေစွမ်းထက်နေပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ
နော်ဝစ် အသင်းကို ၃ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြထား
နိုင်တာကြောင့် ပထမ လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပြန်ပါတယ်။

ပထမအကျော့ လူစာရင်းမှာ အံ့သြဖွယ် ပါဝင်လာခဲ့တဲ့ ဒန်နီ ၀ဲဘက်ဟာ ယခုပွဲမှာပါလည်း ဖာဂူဆန်ရဲ့ နည်းဗျုဟာအရ လိုအပ်နေတာကြောင့်
ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့်လို့
တောင်ပံမှာလည်း အဖျက်နဲ့ တိုက်စစ်ကို ကြံ့ခိုင်မှုအားကိုးပြီး ကစားတတ်တာကြောင့် ဖာဂူဆန်ရဲ့ ၀ှက်ဖဲတချပ် ဖြစ်လာဖွယ်ရှိပြီး ဗလင်စီယာနဲ့ ယန်းတို့ကို ကျော်ဖြတ်ပြီး အရွေးခံရဖို့ များနေပါတယ်။

နော်ဝစ်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး နောက်တန်းမှာ ရာဖေးလ်နဲ့ ဖာဒီနန်တို့ ပြန်လည် ပါဝင်လာဖွယ်ရှိပြီး ဗီဒစ်ဟာ အရန်မှာသာ ပါဝင်လာဖို့ များနေပါတယ်။ ဖာဂူဆန်ရဲ့ အဆိုအရ ဖာဒီနန်နဲ့ ဗီဒစ်တို့ ၂ ဦးကို ယှဉ်တွဲပြီး အသုံးမပြုဘူးလို့ သိရပြီး ဖာဒီနန်အနေနဲ့ ပထမ အကျော့မှာတုန်းက
ခြေစွမ်းပြထားနိုင်တာကြောင့် ဒီပွဲမှာလည်း ပွဲဦးထွက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

(ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ၀ဲယ်ဘက်၊ ကာရစ်၊ ဂျုန်းစ်၊ ကာဂါဝါ၊ ရွန်းနီ၊ ဗန်ပါစီ

ရီးယဲလ် မက်ဒရစ်ရဲ့ ပွဲကြိုသတင်း

ရီးယဲလ် မက်ဒရစ် အသင်းအတွက် အခုအချိန်ဟာ စိတ်ဓာတ် တက်ကြွမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိနေခိုက် ဖြစ်ပါတယ်။ အဓိကပြိုင်ဘက် ဘာစီလိုနာကို ၄ ရက်အတွင်း ၂ ကြိမ်ဆက်တိုက် အနိုင်ရလိုက်မှုဟာ အသင်းသားတွေရဲ့ အနိုင်ရလိုစိတ် ဘယ်လောက် ပြင်းထန်နေသလဲ
ဆိုတာ ပြသလိုက်သလိုပါပဲ။ ကိုပါဒယ်ရေး ဒုတိအကျော့ ပွဲစဉ်ကို ဘာကာကွင်းမှာ ကစားခဲ့ရပေမယ့် ၃ ဂိုး သွင်းယူနိုင်ခဲ့လို လာလီဂါမှာလည်း အိမ်ကွင်း ဘာနေဗျူး မှာ အဓိက ကစားသမားတွေကို အနားပေးပြီး ၂-၁ ဖြင့် အနိုင်ယူထားပါတယ်။

ဒီပွဲမှာ ရီးယဲလ် အသင်းခေါင်းဆောင် ကာဆီးလက် ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အင်္ဂလန်သို့ လာမယ့်လူစာရင်းမှာ ပြန်လည်
ပါဝင်လာပါတယ်။ ဒါပေမယ့် ဇန်န၀ါရီတုန်းက အရေးပေါ် ခေါ်ယူထားတဲ့ ဒီယေဂို လိုးပက် ဟာ လက်မှန်နေတာကြောင့် မော်ရင်ညိုအနေနဲ့ 
ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါ့အပြင် ဘရာဇီးကစားသမား မာဆယ်လို ဟာလည်း ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အားအနိုင်ယူခဲ့တဲ့ အသင်းထဲက ကာကာ၊ အက်ဆီယန်၊ မော်ဒရစ်၊ ပီပီ၊ ကယ်လီဟွန်၊ မိုရာတာတို့ အားလုံးဟာ
အရန်ခုံမှာသာ ထိုင်ရဖွယ်ရှိနေပြီး အနားရထားတဲ့ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ဒီမာရီယာ၊ အိုဇေးလ်နဲ့ ရော်နယ်ဒိုတို့ အားလုံးဟာ ပထမ လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာပါ။

၂ ဖက်အသင်း ဘယ်လိုနည်းဗျူဟာတွေ သုံးမလဲ

လက်ရှိအချိန်မှာ ခြေစွမ်းအကောင်းဆုံး ရရှိနေတဲ့ ရီးယဲလ် အသင်းဟာ ခံစစ်ကို အားပြုကစားပြီး ကောင်တာနဲ့ ထိုးဖောက် တိုက်စစ်ဆင်ကာ ဘာစီလိုနာ အသင်းအား အနိုင်ယူထားတဲ့ နည်းဗျူဟာကိုသာ ဆက်လက် အသုံးပြုဖွယ်ရှိနေပြီး မန်ယူအသင်းရဲ့ အားနည်းတဲ့ တောင်ပံ ခံစစ်တွေကို
ရော်နယ်ဒိုနဲ့ ဒီမာရီယာရဲ့ လျှင်မြန်မှုတွေနဲ့ ထိုးဖောက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းမှာလည်း တလုံးဆိုတလုံး ဂိုးသွင်းသေချာတဲ့ ဗန်ပါစီ ရှိနေခြင်းဟာ အားသာချက်ဖြစ်နေပြီး ဒုတိယပိုင်းမှာ လူစားလဲ ၀င်လာနိုင်တဲ့ ဂစ်နဲ့ ယန်းတို့ရဲ့ တိုက်စစ်ဟာလည်း ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မန်ယူ အသင်းရဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ပိုမိုထက်မြက်လေ့ရှိတာကြောင့် မန်ယူအသင်းဟာ နောက်တဆင့်
တက်ဖို့ နှာတဖျားသာနေပါတယ်။ 

အလားတူ ဂိုးသွင်းအား တက်နေတဲ့ ရီးယဲလ်အသင်းဟာလည်း မော်ရင်ညိုရဲ့ မထင်မှတ်တဲ့ နည်းဗျုဟာတွေနဲ့ ချန်ပီယံလိဂ်ကို အတင်းအားသွန် ကစားနေတာကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေသာမက
ဘောလုံးပရိသတ် အားလုံး နှစ်ခြိုက်မယ့် ပွဲစဉ်တခု ဖြစ်စေမှာပါ။

ပွဲချိန်

မန်ယူ – ရီးယဲလ် မက်ဒရစ်
မြန်မာစံတော်ချိန် မတ် ၅ ရက် အင်္ဂါနေ့ည (၂း၁၅)

ဆောင်းဦးလင်း
ဧရာဝတီ

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

နှစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အိတ်ခ်ျအိုင်ဗွီကို ပထမဆုံးအကြိမ် ကုသပျောက်ကင်းခဲ့ကြောင်း သုတေသန ပညာရှင်များ ပြောကြား




အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်
Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ပထမနှစ် မိုဘိုင်းလေးသန်းတိုးချဲ့စီမံကိန်းပြည့်မှီဖို့အတွက် လူတိုင်းလက်လှမ်းမှီနိုင်မယ့် ဈေးနှုန်းနဲ့မိုဘိုင်းဖုန်းတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်။ ဈေးနှုန်းကတော့ အတိအကျအတည်မပြုရသေးတဲ့အတွက် လောလောဆယ် ပြောလို့မရသေးပါဘူး။ သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့အတိုင်း ဧပြီ ၁ ရက်ကို ရောင်းချနိုင်ဖို့ မှန်းထားပါတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

မိုဘိုင်း တိုးချဲ့ စီမံကိန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်း တာဝါတိုင်စခန်းပေါင်း ၁၅၀၀ ကျော်တည်ဆောက်ပြီးပြီလို့ဆိုပါတယ်။ ပထမနှစ်စီမံကိန်းအတွက် လက်ရှိမှာ မိုဘိုင်းတိုးချဲ့အလုံးရေ ၂.၃ သန်းအထိ ချပေးထားပြီး ဖြစ်တယ်လို့ဆိုတယ်။ ထပ်မံရောင်းချပေးမယ့် မိုဘိုင်းဖုန်းတွေကတော့ သရီးဂျီမိုဘိုင်းအမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းဆင်းကတ်အရောင်းကို ခေတ္တရပ်နားထားတယ်
လို့သိရပါတယ်။

The Modern News Journal

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်း ချပေး မယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ဖင်လန်က မြန်မာဖွံ့ဖြိုးရေးအတွက် ယူရို ၆ သန်းခွဲ ကူညီမည်


တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၆သန်းခွဲ (အမေရိကန်ဒေါ် လာ ၈ သန်းခွဲခန့်) အကူအညီပေးသွားမည်ဟု ဖင်လန်နိုင်ငံ သမ္မတ က ပြောကြားလိုက်သည်။

လယ်ယာမြေများအား မတ်လကုန် နောက်ဆုံးထား မှတ်ပုံတင်ရမည်ဟု သတ်မှတ်ခြင်းမှာ ကုမ္ပဏီကြီးများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းဟု ဝေဖန်မှုများ ရှိလာပြီးနောက် သတ်မှတ်ကာလတိုးမြှင့်




လယ်ယာမြေသိမ်းယူမှု ပြဿနာများအား ဖြေရှင်းမှုမပြုနိုင်မီ လယ်ယာမြေမှတ်ပုံတင် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မတ်လကုန်အပြီးမှတ်ပုံတင်စေခြင်းမှာ သိမ်းယူထားသည့်ကုမ္ပဏီကြီးများအား ပိုင်ဆိုင် ခွင့် ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် လယ်ယာမြေ မှတ်ပုံတင်ကာလအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်အထိ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့က သိရှိရသည်။

မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို

Photo: မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု 
ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို
Monday, March 4, 2013

ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ်
ဆရီက မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆု
ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

အာထစ်ဆရီ သည် မြန်မာ၏ပြုပြင်ပြောင်းလဲရေးသမ္မတ
ဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ်ဆင်ကီတွင် တွေ့ ဆုံ
ခဲ့ပြီးနောက် ဤသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် ဟယ်ဆင်ကီသို့ ရောက်ရှိစဉ် ဖင်လန် အစိုးရက မြန်မာအားဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို
၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။

ယခင်က ဖင်လန်သမ္မတအဖြစ်လည်း တာဝန်ယူခဲ့သူ
နိုဗယ်ဆုရှင် မစ္စတာအာထစ်ဆရီ က မြန်မာအစိုးရသည်
၎င်းတို့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမို ကရေစီအသွင်ကူးပြောင်းရေးများ ပြီးပြည့်စုံအောင်မြင် သွားပါက နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အရေးပါသည့်
ဆန်ကာတင်စာရင်းဝင် ဆုရှင်ဖြစ်လာနိုင်သည်ဟု ယုံကြည်
ကြောင်း ပြောသည်။

အာထစ်ဆရီ ကိုယ်တိုင်လည်း ၂၀၀၈ အတွက် ငြိမ်ချမ်းရေးနိုဗယ်ဆုကို နိုင်ငံတကာပဋိပက္ခများစွာ၌ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် ခဲ့မှုကြောင့်
ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက မြန်မာအစိုးရသည် သမ္မတဦးသိန်းစိန်၏ လက်
အောက်၌ “ဥပမာအားဖြင့် ကြားဖြတ်အစိုးရ တစ်ရပ်က လုပ်ဆောင်သည်ထက် ပိုမြန် သည့် ရလဒ်များကို
လျင်မြန်စွာရခဲ့ကြောင်း ” အသိအမှတ်ပြုပြောကြားသည်။

ယင်းပြင်၎င်းက သမ္မတ ဦးသိန်းစိန်အားလည်း တိုင်းပြည်ကို အသွင်ပြောင်းလဲရေး အားထုတ်မှုများ ဆက်လက်လုပ်ဆောင်
သွားရန်နှင့် အပြောင်းအလဲသည် အတွင်းမှသာလာကြောင်း
ပြောဆိုခဲ့သည်။

ဖင်လန်သမ္မတ ဆော်လီ နင်နစ္စတိုသည် မြန်မာသမ္မတနှင့်
သောကြာနေ့ က တွေ့ ဆုံခဲ့ပြီးနောက် မြန်မာသို့ ဖွံ့ ဖြိုးရေး
အကူအညီ ယူရို ၆ ဒဿမ ၅ သန်းပေးရန် ကြေငြာခဲ့သည်။

ယင်းနောက် မြန်မာသမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲ၌ ၎င်းက “ဖင်လန်ဟာ မြန်မာကို ပူးပေါင်းသွားဖို့ 
ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေး တိုးတက်ဖို့ ခြေလှမ်းတွေလည်း စတင်ခဲ့ပါပြီ”ဟု ပြောကြားသည်။

သံတမန်ရင်းမြစ်များ၏ အဆိုအရ ဖင်လန်၏ထောက်ပံ့ရေး အကူအညီများသည် မြန်မာသို့ ၂၀၁၄ မှ ၂၀၁၆ အတွင်း
ပေးအပ်သွားမည်ဟု သိရသည်။

Ref: AFP
The Myanma Age


ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆုဆွတ်ခူးနိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE
------------------------------------------------

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။

အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သား နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက် အလက်တွေကို အလိုအလျောက် ဖျက်ဆီး သွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။

ဒါကြောင့် myIDkey ကို ကမ္ဘာ့ အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ် လိုက်ကြောင်း သိရပါတယ်။

Ref: gadgets
From : Yoyarlay

http://bit.ly/15qhmry

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။
အသံနဲ့မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ ရတာ မျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေ ရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမကခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလို အလျောက်ဖျက်ဆီးသွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ 

မတ် ၄ ရက်၊ ၂၀၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ဒေါ်လာ သန်း ၄၅၀ ပေးမယ့် အစီအစီအစဉ်ထဲက ဒေါ်လာသန်း ၁၉၀ ကို အမေရိကန်က ချက်ချင်းပေးမှာဖြစ်တယ်လို့ အီဂျစ်ကို
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးရောက်ရှိခဲ့တဲ့ ဝန်ကြီး ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက စွန့်ဦးတီထွင်သူတွေနဲ့ လူငယ်တွေကို အားပေးကူညီဖို့ အမေရိကန်အစိုးရ က နောက်ထပ် သန်း ၆၀ ထောက်ပံ့မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ ဘဘောထားကွဲမှုတွေ ကြီးကြီးမားမားရှိနေတဲ့ အီဂျစ်နိုင်ငံ တည်ငြိမ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပါမယ်လို့ သမ္မတမော်စီက အာမခံခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ ၄.၈ ဘီလျံ အကူအညီပေးရေးအတွက် လနဲ့ချီ သဘောတူမှု မရနိုင်သေးတာကို အပြီးသတ် သဘောတူညီမှုရရှိအောင်လုပ်ပါမယ်လို့လည်း အီဂျစ်သမ္မတ မော်စီက ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းတုန်းကတော့ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား အထိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ Port Said မြို့မှာလည်း အလားတူ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီ အာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

မတ် ၄ ရက်၊ ၂၀၁၃

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိ သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့ မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

Sunday, March 3, 2013

စစ်တွေ အိုးတန်း ရပ်ကွက်မှ တိုက် အိမ် ပိုင်ရှင် ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြ ခံရ

Photo: စစ်တွေ အိုးတန်းရပ်ကွက်မှ တိုက်အိမ် ပိုင်ရှင် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ ခံရ
March 2, 2013

စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

sittwe“ သူတို့ အိမ်ရှေ့ကို ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး သွားဆန္ဒပြကြတယ်။ ၂ ကြိမ်ပြပါတယ် ခင်ဗျား။ ပြရတဲ့ အကြောင်းက အိုအိုင်စီ လက်အောက်ခံ အဖွဲ့တွေကို သူတို့ပိုင်တဲ့ လေးထပ်တိုက် အဆောက်အဦးကို ဌားရမ်းတဲ့ အပေါ် မကျေနပ်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ဆန္ဒပြခံရသည့် တိုက်ပိုင်ရှင်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေသာလမ်းမှ ဦးစံရွှေအောင် ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူ လူ ၁၀ ဦးခန့်သည် ဖေဖေါ်ဝါရီလ ၂၈ ရက် ညနေ ၇ နာရီခန့်တွင် ဦးစံရွှေအောင် တိုက်ရှေ့သို့ သွားရောက်ပြီး စုဝေး ဆန္ဒပြခဲ့ကြပြီး အိုအိုင်စီ လက်အောက်ခံ တူရကီ အန်ဂျီအို တစ်ခုအား ဦးစံရွှေအောင်ပိုင် လေးထပ်တိုက်အား ဌားရမ်းမူကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက်ကလည်း ရဟန်းသံဃာတော်များ အပါအ၀င် လူပေါင်း ၅၀ ခန့်က အဆိုပါ တိုက်ရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး တူရကီ နိုင်ငံမှ အန်ဂျီအိုအား တိုက်ဌားရမ်းထားခြင်းကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“ တိုက်ပိုင်ရှင် ပြောတာကတော့ ဆက်မဌားတော့ဘူး။ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုမူကို နံနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ ရုတ်သိမ်းလိုက်ပါတယ်” ဟု ဆိုသည်။

ယခုအခါ အနောက်နိုင်ငံ အန်ဂျီအိုများ အပါအ၀င် အိုအိုင်စီ အဖွဲ့ဝင် နိုင်များ ဖြစ်ကြသော တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှ အန်ဂျီအို များသည် ရခိုင်ပဋိပက္ခ အလွန်ကာလတွင် လူ့အခွင့်အရေးဆိုင်ရာ စာနာမူ အကူအညီများ ပေးအပ်ရန် ဟု အကြောင်းပြကာ ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်နေကြသည်ဟု ဆိုသည်။

ထိုအထဲမှ အန်ဂျီအို တချို့မှာ လူ့အခွင့်အရေးကို အကြောင်းပြပြီး နောက်ကွယ်တွင် နိုင်ငံရေး ပယောဂ မကင်းသော အလုပ်များကို ဆောင်ရွက်နေသည့် အပြင် ဘက်လိုက်မူများ ရှိနေသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှ အဆိုပါ နိုင်ငံခြားမှ အန်ဂျီအိုများကို ရခိုင်ပြည်နယ်ထဲတွင် ရပ်တည်ခွင့် ပြုရန် မလိုလားကြဟု သိရသည်။
နိရဉ္စရာစစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

Saturday, March 2, 2013

တောင်သူ လယ် သမားနေ့ ပြောင်းလဲ သတ်မှတ်နိုင်ရေး တောင်းဆိုမည်

Photo: တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်
saturday, March 2, 2013

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုရခြင်းမှာ လက်ရှိသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ မတ်လ ၂ ရက်နေ့သည် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနိုင်ငံအား အာဏာသိမ်း သည့်နေ့ဖြစ်သည့်အတွက် ယင်းမတ်လ ၂ ရက်နေ့အစား ဆရာစံဦးဆောင်သော တပ်ဖွဲ့ဝင်များ အင်္ဂလိပ်အား တိုက်ခိုက် အောင်နိုင်သည့်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ် မှတ်ပေးဖို့အတွက် တောင်းဆို သွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်အောင် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက်၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့သားကောင်း မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေး အတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့ချုပ် က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

တရုတ် နယ်စပ် က ကိုယ်ထူ ကိုယ်ထ အမျိုး သမီးများ

Photo: တရုတ်နယ်စပ်က ကိုယ်ထူကိုယ်ထ အမျိုးသမီးများ

Saturday, March 2, 2013


တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့က ဆေးစွဲနေကြသဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်။

နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ဒေသဖြစ်သည်။ 

အမျိုးသားတို့က မူးယစ်ဆေးမျိုးစုံကို စွဲလန်းသည့် အဆင့်ရောက်သွားပြီးနောက် ခိုးဝှက်မူ တနေ့တခြား များပြားလာခြင်းကို မခံနိုင်သည့် မိခင်များ စုပေါင်းကာ မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအသင်းကို လွန်ခဲ့သည့် ၇ လက ဖွဲ့စည်းခဲ့သည်။

“အင်တိုက်အားတိုက် လုပ်လာတာ .... ခုဆိုရင် တော်တော်လျော့ပါးသွားပါပြီ။ ၆၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု အဖွဲ့အတွင်းရေးမှူး ဒေါ်အက်စတာက ပြောသည်။

ပေါ်ပေါက်လာသည့် အမေများ၊ အစ်မများအဖွဲ့သည် အုပ်စုလိုက် ရွာစဉ်လှည့်ပြီး ဆေးသုံးစွဲသူများ၊ ရောင်းချသူများကို ရှာဖွေကာ မူးယစ်ဆေး သိမ်းယူခြင်း၊ ပညာပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပထမအဆင့် ပညာပေးခြင်း၊ ဒုတိယအဆင့် သတိပေးခြင်း စသည့် နည်းများ အသုံးပြုကာ ဆောင်ရွက်နေကြပြီး တတိယအဆင့်မှာ အာဏာပိုင်တို့၏ ဖမ်းဆီး အရေးယူခြင်း ဖြစ်သည်။

၂၀၁၂ - ၂၀၁၅ အတွင်း မုံးပေါ်ဇုံ တ၀ိုက်တွင် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြောင်း၊ 
သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မုံးပေါ်ဈေးအနီး လူမြင်ကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ပညာပေးမှု အစီအစဉ်တွင် ပြဇာတ်၊ သီချင်း သီဆိုကပြသည့် နည်းလမ်းကိုလည်း အသုံးပြုသည်ဟု ဆိုသည်။ 

အောင်မြင်မှုများ ရှိသော်လည်း အားမရသည့်အပိုင်းလည်း ရှိသည်ဟု အမျိုးသမီးများက ပြောသည်။

ယင်းမှာ ယခုနှစ်အတွင်း ဒေသခံ ပြည်သူစစ်တို့ ပူးပေါင်း ဆောင်ရွက်လိုမှု နည်းပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပြည်သူ့စစ် ဆိုသည်မှာ အာဏာပိုင်တို့ အသိအမှတ်ပြုထားသော ဒေသခံ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

“မနှစ်တုန်းကလောက် တက်တက်ကြွကြွ မရှိကြတော့ဘူး။ သူများအိမ်တွေ ၀င်ရှာရတာ ဆိုတော သူတို့ပါတော့ အဟန့်ကောင်းတယ် ” ဟု 
မူးယစ်ဆေး တိုက်ဖျက်ရေးအသင်းတွင် ပါဝင်သူတဦးက ပြောသည်။



လဖိုင် တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့ က ဆေးစွဲနေကြ သဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ် ထ ဆောင်ရွက်နေကြသည်။

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ

Photo: ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ
Saturday, March 2, 2013

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော်ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ 
၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ပြသခြင်းဖြစ်ပြီး ဂျပန်၊ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့်
အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မှု ဖြင့် 
် ပြုလုပ်ခြင်းဖြစ်သည်။ 

Popular Myanmar News Journal
ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော် ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ ၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန် လည် ပြသ ခြင်းဖြစ်ပြီး ဂျပန်၊ ထိုင်း၊ တရုတ်၊ တောင်ကို ရီးယား၊ အိန္ဒိယနှင့် အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် မှု ဖြင့်  ပြုလုပ်ခြင်းဖြစ် သည်။

Popular Myanmar News Journal

MLTR အဖွဲ့၏ဖျော်ဖြေပွဲကို ယခု ၃၁ ရက်တွင် ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်၌ပြုလုပ်မည်

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ MLTR အဖွဲ့၏ တေးသီချင်းများကို ကိုယ်တိုင်သီဆို၊ ကခုန်ကာ ဆဲလ်ဖုန်းသို့မဟုတ် ဒစ်ဂျစ်တယ်ကင်မရာဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုများဖြင့် အခမဲ့လက်မှတ်အပါအ၀င် အခြားသော ကံစမ်းမဲများကို ကံစမ်းခွင့်ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Friday, March 1, 2013

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

မတ် ၁ ရက်၊ ၂၀၁၃

          အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်း ကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်” ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာ မည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ ကို ဆောင် ရွက်မည်ဖြစ်သည်။

From :  popular

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

မတ်လ ၁ ရက်၊ ၂၀၁၃

KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး  ဒီကနေ့  မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ICRC အဖွဲ့ဟာ လိုင်ဇာမြို့မှာရှိတဲ့ ဆေးရုံနှစ်ရုံကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းလေးခုရှိပြီး ဒုက္ခသည် ၂ သောင်းကျော်ရှိပါတယ်။

အခုခရီးစဉ်မှာ အဓိကအားဖြင့် ဆေးပစ္စည်း အကူအညီတွေပေးခဲ့တယ်လို့ ရန်ကုန် ICRC ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်အုန်းက ပြောပါတယ်။

"ဒီနေ့မှ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်ခွာလာတာပါခင်ဗျ၊ ICRC အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒဏ်ရာရတဲ့သူ၊ ဖျားနာတဲ့သူတွေကို ကုပေးနေတဲ့ဆေးရုံတွေကို ခွဲစိတ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲလိုဖြန့်ဝေတဲ့နေရာမှာ အစိုးရဆေးရုံတွေရော KIA နယ်ထဲမှာရှိတဲ့ ဆေးရုံတွေပါ ဖြန့်ဝေပေးခဲ့ပါတယ်"

အဲဒီအဖွဲ့မှာ ဘယ်ဂျီယမ်နိုင်ငံသား မစ္စတာ Dominate R Bun ခေါင်းဆောင်ပြီး နိုင်ငံခြားသား ၄ ဦး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၉ ဦး လိုက်ပါသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်လာခဲ့ပြီး မြို့အဝင် မိုးနဲချောင်းဘေးမှာ နေရာယူထားတဲ့ အစိုးရစစ်တပ်က လုံခြုံရေး တာဝန် မယူနိုင်ဘူးလို့ ပြောဆိုတာကြောင့် လှည့်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ လိုင်ဇာမြို့ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

RFA
KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

Thursday, February 28, 2013

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန် ထားသည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။ 

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။ 
---
Illustration: Inspiration Mars. All Rights Reserved.

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာသူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
Thursday, February 28, 2013

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်
ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်
ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။

KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြား
ရှိလာကြောင်းကိုလည်း သိရသည်။

နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်  ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ 

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

 မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ 

ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး

ရေဘားလို အသုံးပြု ရမည့် USB TAP

ရေဘားလို အသုံးပြု ရမည့် USB TAP

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံး ဘယ်ပစ္စည်း မျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေ လိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်း ရမယ် ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲ လှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏ ကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထား တာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

Ref: enGadget
Aung Kham (TSJ team)
From : Techspace

http://bit.ly/YyTNqq

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ်ထဲ ထိုးလို့အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံးဘယ်ပစ္စည်း မျိုးကို မဆိုအားသွင်းလို့ရမှာ ဖြစ်ပါတယ်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

 http://www.news-eleven.com/
သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ် ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။