Monday, March 11, 2013

ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ

Photo: ပစ်ကပ်ထရပ်ကားများအခွန်သက်သာစွာတင်သွင်းနိုင်ပြီ
Monday, March 11, 2013

ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း
သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ်ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာ့အလင်းသို့ပြောကြားသည်။

"ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီး
ယာဉ်အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံ
ပါတယ်။ ဒါပေမယ့် အချို့ ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့် ကားတွေမ
ဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက် ကညနနဲ့ ညှိနှိုင်းပြီး လုပ်
ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။ ဒီလိုအုပ်စုပြောင်းထည့်ပေး လိုက်တဲ့ အတွက်ကြောင့် ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာလည်းလုပ်
ငန်းဆိုင်ရာ ယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံမှာ ဖြစ်ပါတယ် " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင်က
ပြောကြားသည်။

မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွား
ရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။

ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများ သက်သာစွာ တင်သွင်းနိုင်
မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများ သာ ငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေး
ပေါက် ပါ ကားများမပါဝင်ကြောင်းသိရသည်။

လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်
ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်း
ကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်
သဖြင့် ပစ်ကပ်ထရပ်ကားများဈေးနှုန်းကျဆင်း လာနိုင်ကြောင်း စီးပွားရေး
ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။

တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကို
စီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ်မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် 
တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။

သတင်း-မောင်နွေသစ်
မြန်မာ့အလင်းသတင်းစာ (မတ်လ-၁၀,၂၀၁၃)
Credit: မြန်မာ့အလင်းသတင်းစာ

TechSpace Journal
ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ် ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦး က မြန်မာ့အလင်းသို့ပြောကြားသည်။

ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်

Photo: ဂူဂဲလ် ဥက္ကဌ မြန်မာပြည် လာမည်
Monday, March 11, 2013

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့်  ဂူဂဲလ်၏ ဥက္ကဌ  မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။

ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ် ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထားသည့် မြောက်ကိုရီးယား
နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့ပြီး အစိုးရအရာရှိများ၊ ကျောင်းသားများ၊ သိပံ္ပပညာရှင်များ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာများနှင့် တွေ့ဆုံခဲ့သည်။

ယခုလအတွင်း ဖြစ်မြောက်ရန် ရည်မှန်းထားသော မြန်မာပြည် ခရီးစဉ်တွင်လည်း အစိုးရ ထိပ်တန်းအရာရှိများ၊ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးသမားများနှင့်
တွေ့ဆုံမည်ဟု သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ကမ္ဘာတလွှားရှိ ဒေတာစင်တာများတွင် ဆာဗာပေါင်း တစ်သန်းကျော် ပိုင်ဆိုင်ထားပြီး တနေ့လျှင် ရှာဖွေချက်ပေါင်း တစ်ဘီလီယံကို လက်ခံနေရသည်။ အမေရိကန်အခြေပြု www.google.com သည် အင်တာနက်တွင် လူအများဆုံး ဝင်ရောက်ကြသည့်ဆိုက်ဖြစ်ပြီး ဂူဂဲလ်ပိုင် ယူကျုနှင့် ဘလော့ဂါတို့
သည်လည်း လူအများဆုံး ဝင်ရောက်သည့်ဆိုက်များဖြစ်သည်။

မြန်မာနိုင်ငံမှာမူ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုမှု အနည်းဆုံးနိုင်ငံများ တွင် တနိုင်ငံဖြစ်သည်။ လူတရာတွင် တယောက်သာ အင်တာနက်နှင့် လက်လှမ်းမီသည်။

ဂူဂဲလ် ဥက္ကဌ၏ မြန်မာပြည်ခရီးစဉ် ရည်ရွယ်ချက်မှာ မရှင်းလင်း
သေးသော်လည်းသတင်းမီဒီယာကို ပြင်းထန်စွာ နှိပ်ကွပ်သည့်
မြောက်ကိုရီးယားနှင့် မတူမည်မှာ သေချာသည်။ 

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်သတင်းနည်းပညာ 
ကဏ္ဍသည်လည်း အရေးတကြီးနေရာက ပါဝင်နေရာ ဂူဂဲလ်အနေဖြင့်
မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် ( Reuters)
ဧရာဝတီ

အင်တာနက် အခြေပြု ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်၏ ဥက္ကဌ မစ္စတာ အဲရစ်ရှမစ် မကြာမီ မြန်မာပြည် လာရောက်လည်ပတ်ရန် ရှိကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ဧရာဝတီသို့ ပြောကြားသည်။
ဂူဂဲလ်၏ ဥက္ကဌသည် ဇန်နဝါရီလအတွင်းက မြန်မာ့နိုင်ငံရေးနှင့် မစိမ်းသည့် ဒီမိုကရက်ပါတီ၏ ထင်ရှားသော နိုင်ငံရေးသမား မစ္စတာ ဘေလ်ရစ် ချတ်ဆန်နှင့်အတူ အင်တာနက်ကို ချုပ်ထိန်းထား

တစ်နေ့တခြား ရွှေလိုရှားပါးလာသော “ရေ”

 


ရေ၏တန်ဖိုးကို ရေရှားပါးသောဒေသများ တွင် နေထိုင်ကြသူများက ပို၍သိကြပါ သည်။ အထူးသဖြင့် မိုးနည်း ပူပြင်းသည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသည် ရေ၏ လိုအပ်ချက်ကို ပိုသိ၊ ပိုမိုခံစားကြရပြီး “ရွှေကိုမလို၊ ရေကိုလိုသည်”ဆိုသည့် ဆောင်ပုဒ်စာတန်းများ၊ ဆိုင်းဘုတ်ကြီးများကို ရေးသားစိုက်ထူ ထားကြသည်။ လွန်ခဲ့ သောနှစ် ၅၀ ခန့်က မုံရွာခရိုင်၊ အရာတော် မြို့နယ်ရှိ ကျေးရွာများသို့ လှည့်လည်ကွင်းဆင်း၍ စီးပွားရေးစစ်တမ်းကောက်ယူခဲ့ရာ တွင် သွားလေရာကျေးရွာတိုင်း၌ “ရွှေကို မလို ရေကိုလိုသည်” ဆိုင်းဘုတ်များတွေ့ကြရသည်။ တစ်ခါ ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသ များရှိ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိပြန်တော့လည်း “ယနေ့အညာ ရွာသာယာ” ဟု တစ်ချိန်က ရေဒီယို သီချင်း စပ် ဆိုအသံလွှင့်ခဲ့ သော ရေလျှံ တွင်းများ၊ မြေပေါ် သို့ ရေထောင်

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်မှ စ၍ စစ်ဆေး အရေးယူမည်

Photo: ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်မှ စ၍ စစ်ဆေး အရေးယူမည်
Monday, March 11, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် သတ်မှတ်နှုန်းထက် ပို၍ မောင်းနှင်သော ယာဉ်များအား သတ်မှတ် ထားသော အမြန်နှုန်း အတွင်း ထိန်းချုပ် မောင်းနှင်စေရေး အတွက် အရှိန်ထိန်းတိုင်း ကိရိယာ Redflex Traffic Systems (Myanmar Mobile Traffic Radar System) အသုံးပြုပြီး ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စ၍ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သိရှိရသည်။


http://bit.ly/YQUoa2

မြ၀တီ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် သတ်မှတ်နှုန်းထက် ပို၍ မောင်းနှင်သောယာဉ်များအား သတ်မှတ်ထားသော အမြန်နှုန်း အတွင်း ထိန်းချုပ် မောင်းနှင်စေရေး အတွက် အရှိန်ထိန်းတိုင်း ကိရိယာ Redflex Traffic Systems (Myanmar Mobile Traffic Radar

အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား

Photo: အီဂျစ်ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားမှုအတွက် လူ ၂၁ ဦးကို သေဒဏ် 
ချမှတ်မှုကြောင့် မငြိမ်သက်မှုများ ဖြစ်ပွား
Monday, March 11, 2013

အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက် 
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ 
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ်ခဲ့သည်။

ယင်းစီရင်ချက်အပေါ် မကျေနပ်ရာမှ ကိုင်ရိုတွင် မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကာ လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်များကို ယင်းမြို့နှစ်မြို့မှ ဒေသခံများက မကျေနပ်ခဲ့ကြပေ။ ကိုင်ရိုမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ Semiramis Intercontinental ဟိုတယ် အပြင်ဘက်တွင် အကြမ်းဖက်မှုများကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦးမှာ ဒဏ်ရာရခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာမက်အိုစမန်က ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် တဟီရာရင်ပြင် အနီးရှိ အစ္စလာမ္မစ် စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သော စားသောက် ဆိုင်နှစ်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။

ထို့ပြင် ဆန္ဒပြသူများသည် ကိုင်ရိုနှင့် မြေထဲပင်လယ်မြို့ အလက်ဇန္ဒြားမြို့
အကြား ရထားလမ်းများကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ကိုင်ရိုအနီးရှိ အီဂျစ်ဘောလုံးအဖွဲ့ချုပ်၏ သုံးထပ်အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးခန့်မှာ မီးခိုးမွှန်မှု ခံစားခဲ့ရကာ ရဲတပ်ဖွဲ့၏ ကလပ်မှာလည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။  

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက ပို့ဆက်ဒ်မြို့တွင် အိမ်ကွင်းအသင်းဖြစ်သော al-Masry အသင်းက ဧည့်သည်အသင်းဖြစ်သော ကိုင်ရိုမှ al- Ahly အသင်းကို အနိုင်ရခဲ့ပြီးနောက် နှစ်ဖက်အသင်း ပရိသတ်များအကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ခဲများ၊ ထိုင်ခုံများ၊ ဓားများဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ လူ ၇၄ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ သေဆုံးဒဏ်ရာရသူ အများစုမှာ ကိုင်ရိုပရိသတ်များ
ဖြစ်ကြောင်း သိရသည်။

ယခု စီရင်ချက်ချခံရသူများတွင် ငါးဦးမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် အခြား ၁၀ ဦးမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် EgyNews အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံရသူများထဲတွင် ပို့ဆက်ဒ်မြို့ လုံခြုံရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် အက်ဆမ်ဆာမက်၊ အခြား ရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ဆာအိတို့ ပါဝင်ခဲ့ပြီး ရဲခုနစ်ဦး အပါအ၀င် ၂၈ ဦးမှာ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ စွဲချက်တင်ခံရသူ ၇၃ ဦးအတွက် လိုက်ပါဆောင်ရွက်သော
ရှေ့နေများက ယင်းစီရင်ချက်များအတွက် အယူခံဝင်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ကိုင်ရိုရှိ တဟီရာရင်ပြင်အနီးတွင် လုံထိန်းရဲများက ဆန္ဒပြသူများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြစဉ် (AFP)

Ref:CNN;AFP
Eleven Media Group
အီဂျစ်နိုင်ငံ၊ ပို့ဆက်ဒ်မြို့တွင် လူ ၇၀ ကျော် သေဆုံးစေခဲ့သော ပြိုင်ဘက်
ဘောလုံးအသင်း နှစ်သင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပို့ဆက်ဒ်တရားရုံးက ယခင်ပြစ်ဒဏ်ချမှတ်ထားသော လူ
၂၁ ဦးကို သေဒဏ်နှင့် အခြားလူ ၂၀ ကျော်ကို တစ်သက်တစ်ကျွန်းနှင့် အခြားထောင်ဒဏ်များအား မတ် ၉ ရက်တွင် အသီးသီး အမိန့်ချမှတ် ခဲ့သည်။

ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း


ပုသိမ်ကြီး မြို့နယ်အတွင်း လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသည့် သတင်းနှင့် ပတ်သက်ပြီး ရှင်းလင်း
Monday, 11 March 2013

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်
ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထား
တယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်းကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်းက၊ အခုအချိန်က ရာသီဥတု အကူးအပြောင်း
လည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေး
တိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကို ကျောင်းတိုက်မှာရှိတဲ့ သံဃာအပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်တာဘာမှမဖြစ်ပါဘူး” 
ဟု အဆိုပါ အလှူကို စီစဉ်ဆောင်ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း
ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်း ပြောကြားပါသည်။

“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေ
အနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစား
အသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်းတာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့နယ် ဆရာဝန်မှ ပြောကြားထားသည်။
eleven media group

ZinYawNews
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာ အဆိပ် သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်းက သေဆုံးခဲ့သူ ဖြစ်သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်

သတ်သေနိုင်ခြင်းရှိမရှိ ဖော်ပြနိုင်မည့် သွေးစစ်ချက်



သြစတြေးလျ သိပ္ပံပညာရှင်များ သည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်
ရှိကြသည်။
...
နယူးဆော့သ်ဝေးလ်တက္ကသိုလ် မှ ဂေးလစ်ဂီလမင်နှင့်အဖွဲ့သည် ဦးနှောက်ရောဂါများဖြစ်သည့် အယ်လ် ဇိုင်းမားရောဂါ၊ အော့တစ်ဇင်ရောဂါ၊ စိတ်ကစဥ့်ကလျားရောဂါ တို့တွင် အဓိကပါဝင်ပတ်သက်နေသည့် qu-inolinic acid ကိုဖော်ထုတ်ပြသ နိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။
သြစတြေးလျအဖွဲ့သည် မိမိ ကိုယ်ကိုသတ်သေရန် ကြိုးစားသူများ ၌ quinolinic acid မြင့်တက်နေ သည်ဟုတွေ့ရှိထားသော ဆွီဒင် သုတေသနအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။

အနာဂတ်တွင် quinolinic acid ထုတ်လုပ်ခြင်းကို ဟန့်တားနိုင်ရန် သီးသန့်အင်ဇိုင်းတစ်ခုဖန်တီး၍ မိမိကိုယ်ကို သတ်သေမှုလျှော့ချနိုင်ရန် ရည်ရွယ်ကြောင်း သုတေသီများကဆိုသည်။

မေ့ဆေးပေးရာတွင် အသုံးပြုသည့် ketamine သည် quinolinic acid နှင့် စိတ်ကျဝေဒနာတွင် ဖြစ်ပေါ် သည့်ဓါတုပစ္စည်းများတွယ်ကပ်ရာ receptor ကိုသွားရောက်ပိတ်ဆို့နိုင် သည်။ သို့သော်အဆိုပါနည်းလမ်းကို လက်တွေ့အသုံးချနိုင်ခြင်းမရှိသေး ပေ။

သုတေသီများ၏ ယခုလေ့လာမှု မှာ သွေးစစ်ချက်အဖြေများကို အ ခြေခံပြီး စိတ်ရောဂါရှာဖွေခြင်း အ တွက် အထောက်အပံ့ဖြစ်စေရန်၊ စိတ်ကျရောဂါကုသဆေးသစ်များ တီထွင်နိုင်ရန် ရည်မှန်းလျက်ရှိကြောင်း သိရသည်။

သီဟ
Health Updates Journal
သြစတြေးလျ သိပ္ပံပညာရှင်များသည် ဆွီဒင်သုတေသီများနှင့် ပူး ပေါင်း၍ လူတစ်ဦးမိမိကိုယ်ကို သတ်သေနိုင်ခြင်းရှိမရှိ (၂၄) နာရီမှ (၄၈) နာရီအတွင်း စစ်ဆေးနိုင်သော သွေးစစ်စမ်းသပ်ချက်တစ်ခု တီထွင်နိုင် ရန်ကြိုးပမ်းလျက်ရှိကြသည်။

သားအိမ်တွင်းထည့်ပစ္စည်းများနှင့် လွဲမှားသောအယူအဆများ

သားအိမ်တွင်းထည့်ပစ္စည်းများနှင့် လွဲမှားသောအယူအဆများ
Sunday, March 10, 2013

အမျိုးသမီးများသည် သန္ဓေတားရန်အသုံးပြုသည့် သားအိမ်တွင်း ထည့်ကိရိယာ intrauterine devices - IUDs) များ၏ ဘေးကင်း လုံခြုံမှုနှင့် ထိရောက်မှုများကိုလွဲမှား စွာသိမြင် နားလည်ထားကြကြောင်း လေ့လာမှု တစ်ခုအရသိရသည်။

သုတေသနပြုစစ်တမ်းကောက် ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်းကိရိယာ၏ သန္ဓေတား သောက်ဆေးများထက် ပိုမိုထိရောက် မှုရှိပုံ၊ လိင်မှတစ်ဆင့်ကူးစက်ရော ဂါများ ခံစားရနှုန်းပိုမိုနည်းပါးပုံတို့ကို မသိရှိကြကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။

ပလတ်စတစ်(သို့) ပလတ်စတစ် နှင့်ကြေးနီ ပါဝင်သော အဆိုပါ သားအိမ်
တွင်းထည့်သွင်းသည့် သန္ဓေတား ကိရိယာများသည် ၉၉ ရာနှုန်းထိ
ရောက်မှုရှိပြီး နှစ်ပေါင်းများစွာ သား အိမ်တွင်းထည့်သွင်းထားနိုင်သည်။

၎င်းင်းနှင့်စာလျှင် သန္ဓေတားစား ဆေးများသည် ၉၅ ရာနှုန်းသာထိ ရောက်မှု
ရှိသည်။

အမျိုးသမီး ၃၀ ရာနှုန်းတွင် သားအိမ်တွင်းပစ္စည်းနှင့်ပတ်သက်၍ ခေတ်နောက်
ကျသည့် ဗဟုသုတများ ရှိကြပြီး သန္ဓေမတည်ဖူးသည့် အမျိုး သမီးများတွင် အသုံးပြုရန်မသင့် တော်ခြင်း၊ အခြားသန္ဓေတားနည်းများထက် အသုံးပြုရန်
ဘေးကင်း လုံခြုံမှုမရှိခြင်းစသည့် အယူအဆမှား များ ယနေ့ထက်တိုင်
ယုံကြည်လက်ခံကြဆဲဖြစ်သည်ကိုတွေ့ရသည်။

ဇော်ကို
Health Updates Journal
အမျိုးသမီးများသည် သန္ဓေတားရန်အသုံးပြုသည့် သားအိမ်တွင်း ထည့်ကိရိယာ intrauterine devices - IUDs) များ၏ ဘေးကင်း လုံခြုံမှုနှင့် ထိရောက်မှုများကိုလွဲမှား စွာသိမြင်နားလည်ထား ကြကြောင်း လေ့လာမှု တစ်ခုအရသိရသည်။
သုတေ သနပြုစစ်တမ်းကောက် ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်းကိရိယာ၏ သန္ဓေတား သောက်ဆေးများထက် ပိုမို

နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

နိုင်ငံ တကာတွင် ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁-၁-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်သစ် ၅ နိုင်ငံဖြစ်သည့် အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် တိုဂိုနိုင်ငံ တို့သည် ၎င်းတို့၏ ၂ နှစ်တာ သက်တမ်းကို စတင်ထမ်းဆောင်သည်။

၁၃-၈-၂ဝ၁၂ ရက်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Organization of Islamic Cooperation-OIC) ဝင် နိုင်ငံခြားရေး ဝန်ကြီးများသည် ဆီးရီးယား နိုင်ငံအား အဖွဲ့ဝင် အဖြစ် မှဆိုင်းငံ့ထားရန် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပြုသည်။

၂၆-၈-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် အာဖဂန် နစ္စတန် နိုင်ငံရှိ ညွန့်ပေါင်း တပ်ဖွဲ့ဝင် များအား လျှော့ချမှု တစ်စိတ် တစ်ဒေသ အဖြစ် အခြေစိုက်စခန်း ၂ဝ၂ ခုအား ပိတ်သိမ်းခဲ့ပြီး အာဖဂန် အစိုးရ ထံသို့ လွှဲပြောင်းပေးသည်။

၂၈-၈-၂ဝ၁၂ ရက်။ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ (Non-Aligned Movement-NAM) အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် အီရန်နိုင်ငံ တီဟီရန် မြို့တော်တွင် ကျင်းပ ပြုလုပ်သော ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။

၁၇-၉-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် လိုက်ဘေးရီးယားရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး မစ်ရှင်အား နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့် သည်။

၁၉-၉-၂ဝ၁၂ ရက်။ စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ (Collective Security Treaty Organization-CSTO အဖွဲ့ဝင် နိုင်ငံများ ဖြစ်သော အာမေးနီးယား၊ ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ တာဂျစ် ကစ္စတန်၊ ကာဂျက်စတန် နိုင်ငံတို့သည် ၎င်းတို့၏ အရေးပေါ် အခြေအနေ ပူးပေါင်း တုံ့ပြန်ရေး အဖွဲ့ (Collective Rapid Reaction Force- CRRF) ၏ စွမ်းပကားကို မြှင့်တင်ရန် ရည်ရွယ်၍ "Cooperation-2012" ဟု အမည် ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို အာမေးနီးယား နိုင်ငံတွင် ပြုလုပ်သည်။

၉-၁ဝ-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အာဖဂန် နစ္စတန်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ၏ တာဝန်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးရေး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်သည်။

၁ဝ-၁၂-၂ဝ၁၂ ရက်။ ကမ္ဘာ့ ကုန်သွယ်ရေး (WTO)၏ အထွေထွေ ကောင်စီ တာဂျစ်ကစ္စတန် နိုင်ငံအား အဖွဲ့ဝင် အဖြစ် အတည်ပြုသည်။

၁၂-၁၂-၂ဝ၁၂ ရက်။ NATO တပ်ဖွဲ့သည် ကာကွယ်ရေး အသုံးစရိတ် လျှော့ချရေးနှင့် အထူး တပ်ဖွဲ့များ ပိုမိုညှိနှိုင်း ဆောင်ရွက် နိုင်စေရေးတို့ အတွက် ပူးပေါင်း စစ်ဆင်ရေး နည်းလမ်းများ ဖွံ့ဖြိုးတိုးတက် စေခြင်းနှင့် ပူးတွဲ လေ့ကျင့်ခြင်း တို့ဖြင့် ၎င်းတို့၏ စွမ်းရည်ကို ဆက်လက် တိုးမြှင့် နိုင်စေရေး စွမ်းဆောင် ပေးနိုင်မည့် ၎င်း၏ အထူး တပ်ဖွဲ့များ ဆိုင်ရာ ဌာနချုပ်သစ် တစ်ရပ်ကို ဘယ်လ်ဂျီယံ နိုင်ငံ Mons မြို့တွင် ထူထောင် ဖွင့်လှစ်သည်။

http://bit.ly/YQMYUo
၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံတကာ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁-၁-၂ဝ၁၂ ရက်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင်သစ် ၅ နိုင်ငံဖြစ် သည့် အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ မော်ရိုကို၊ ပါကစ္စတန်နှင့် တိုဂိုနိုင်ငံ

KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့်

Photo: KIO နဲ့ အပစ်ရပ်နိုင်ဖို့ မြန်မာအာဏာပိုင်တွေ မျှော်လင့် 
Monday, March 11, 2013

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ
ရွှေလီမှာပြုလုပ်မယ့် ဒီကနေ့ ဆွေးနွေးပွဲဟာ ဒေသငြိမ်းချမ်းရေးအတွက်
ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအဆင့်အထိ ဖြစ်လာဖို့
မြန်မာအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ မနေ့ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းသွားရောက်ယူနေတဲ့ ဗွီအိုအေက ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်
မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်းခင်ဗျ၊ KIO နဲ့ မြန်မာအာဏာပိုင်တွေ အခု ရွှေလီမြို့မှာ
တွေ့ကြတယ်။ တွေ့ကြတဲ့ အခါမှာ မနေ့ကတော့ အလွတ်သဘော
တွေ့ဆုံတယ်လို့သိရပါတယ်ခင်ဗျ။ ဘာတွေများ ထူးထူးခြားခြား
တွေ့ရပါလဲခင်ဗျ၊ ဒီတွေ့ဆုံပွဲမှာ။

“သူတို့ ဒီလိုမျိုးတွေ့တဲ့အခါမှာ မြန်မာဘက်ကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကိုတော့ ၀န်ကြီး ဦးအောင်မင်းရယ်၊
မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ပါတယ်။ အဲဒီအထဲမှာ ထူးခြားတဲ့အချက်ကတော့ လက်တွေ့နယ်ပယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်တိုင် တာဝန်ရှိတဲ့သူတွေ ပါလာတာ တွေ့ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါလာတာတွေ့ရပါတယ်။ အရှေ့မြောက်တိုင်းက တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသန်းအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ကျော်စိုးဝင်း စတဲ့ စစ်ဘက်အကြီးအကဲတွေ ပါလာတာ တွေ့ရပါတယ်။ အဲဒီလိုပဲ KIO ကိုယ်စားလှယ်ဘက်ကလည်း ဆရာကြီး ဦးစွန်လွတ်ဂံ က ဦးဆောင်တယ်လို့ဆိုပေမဲ့ အတူတွဲပြီးပါလာတဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊ ဗိုလ်မှူးကြီး လထိုင်န၊ ဗိုလ်မှူးကြီး ခွန်နောင် ပါလာတာတွေ့ရပါတယ်။ အဲဒီတော့ ဒီတခေါက်ကတော့ ထူးခြားတယ်လို့ ပြောလို့ရတာက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရပါတယ်။”
 
အခုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်တုန်းကလည်း တကြိမ်
ရွှေလီမှာ တွေ့ခဲ့ကြပြီးတော့ အခု ထပ်တွေ့ကြတယ်ဆိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်တုန်းက ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားတွေ ဖြစ်မလာတဲ့အပေါ်မှာ အားမလိုအားမရသံတွေလည်း ကျနော်တို့ ကြားရပါတယ်ခင်ဗျ။ အခုဆွေးနွေးပွဲ ရလဒ် အလားအလာနဲ့
ပတ်သက်လို့ရော ဒေါ်ခင်စိုးဝင်း ဘယ်လိုများ သုံးသပ်မိပါလဲ။
 
“မနေ့ကတုန်းက ကျမ ၀န်ကြီး ဦးအုန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ ၀န်ကြီးဦးအုန်းမြင့်ကတော့ ဒီနေ့ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးလုံးဝရဖို့တော့ မပြောပေမဲ့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှုရလိမ့်မယ်လို့ သူ မျှော်လင့်တယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်
အဖွဲ့ဘက်က ပြောတာကတော့ အမေးရှိပြီး အဖြေမရှိ ဖြစ်မှာစိုးတယ်လို့ စိုးရိမ်နေတာလည်း ရှိပါတယ်။ နောက် UNFC ကပြောတာက ကျတော့လည်း KNU လို အရင်တုန်းက အထီးကျန်လို ပစ်ထားခဲ့ပြီးတော့ အခု KIO အထီးကျန်ဖြစ်တာကို သူတို့မလိုလားဘူး။ အဲဒီတော့ မြန်မာအစိုးရ
ဘက်ကနေပြီးတော့ စေတနာမှန်မှန် သဘောထားကြီးကြီးနဲ့ ဆောင်ရွက်
ပါဆိုပြီး တိုက်တွန်းချင်တယ်လို့ မနေ့ကတော့ UNFC ကိုယ်စားလှယ်တွေက
ပြောပါတယ်။”
 
UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတော့ UNFC က ဘယ် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တက်ကြသလဲခင်ဗျ။
 
“အဲဒီ UNFC ကိုယ်စားလှယ်တွေ တက်တယ်ဆိုတဲ့အခြေအနေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တုန်းက တွေ့ခဲ့တဲ့ ပူးတွဲကြေညာချက်ထဲမှာ ပါတဲ့ အချက်တချက်ပေါ့နော်။ အဲဒါကို အကောင်အထည်ဖော်တဲ့သဘောပါ။ ပြီးခဲ့တဲ့ကြေညာချက်ထဲမှာက နှစ်ဘက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင် ဖို့ရယ်၊ နောက်တကြိမ် အစည်းအဝေး ဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ်နဲ့ သက်သေအဖြစ် ပါဝင်နိုင်မယ့်သူတွေကို အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ သူတို့ ဆွေးနွေးခဲ့ကြတယ်ပေါ့နော်။ ဒါကို သဘောတူခဲ့လို့မိုလို့ ဒီတခေါက်မှာ KIO ကနေပြီးတော့ UNFC အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ဖိတ်တာပါ။ အဲဒီမှာ UWSA ပေါ့နော်၊ ၀အဖွဲ့ကို ဖိတ်ထားပေမဲ့ ၀အဖွဲ့ကလာတာ မနေ့က မတွေ့ရပါဘူး။”
 
အဲဒါက သူတို့ဘာကြောင့်မလာနိုင်လဲလို့ သိရပါလဲ။
 
“ဒီမှာကတော့ ကောလာဟလတွေလည်း တော်တော်လေး ပျံ့နေပါတယ်။ ၀အဖွဲ့မလာရတာက မြန်မာအစိုးရက လက်မခံလို့ တရုတ်အိမ်ရှင် ဘက်ကလည်း ၀ကို မလာနဲ့တော့ဆိုပြီး ပြောတယ် ဆိုတဲ့ ကောလာဟလတွေ ရှိပါတယ်။ ကျမလည်း သေချာအောင်ဆိုပြီးတော့ အတည်ပြုချက် ရယူချင်တာနဲ့ မနေ့က UWSA က ပြောရေးဆိုခွင့်ရှိတဲ့ ဦးအောင်မြင့်ကို ကျမ တယ်လီဖုန်းဆက်ပြီး မေးလိုက်ပါတယ်။ ဦးအောင်မြင့်ကတော့ ငြင်းလည်းမငြင်းဘူး။ ဒါပေမဲ့ သူက အချက်နှစ်ချက်ကြောင့် မလာတာပါလို့ ကျမကို ရှင်းပြပါတယ်။ တချက်ကတော့ မပြေလည်မှုလေး တခု ရှိလို့ပါတဲ့။ နောက်တချက်ကတော့ စနေ၊ တနင်္ဂနွေနဲ့ ကြုံသွားတဲ့အတွက်ကြောင့်မိုလို့ သူတို့ တရားဝင်လာခွင့် စာရွက်စာတမ်းတွေလုပ်ဖို့ အခက်အခဲရှိလို့ ဖြစ်တယ်လို့ ဦးအောင်မြင့်ကတော့ ကျမကို ရှင်းပြပါတယ်။”
 
အခု ဆွေးနွေးပွဲ နောက်ပိုင်း KIO နဲ့ မြန်မာအာဏာပိုင်တွေ ဆွေးနွေးပွဲမှာ အဓိက တရုတ်နိုင်ငံဘက်က တရုတ်အာဏာပိုင်တွေက ကမကထလုပ်ပေးတယ်လို့ ကြားရပါတယ်။ အခု ဆွေးနွေးပွဲမှာရော တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိပါလဲ။
 
“တရုတ်ဘက်ကနေပြီးတော့ ဟိုတလောကပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆိုပြီးတော့ မစ္စတာ ဝေါင်း ဆိုတဲ့ ၀ါရင့်သံတမန်တယောက်ကို ခန့်လိုက်ပါတယ်။ အဲဒီ မစ္စတာ ဝေါင်း က ဒီနေ့ကျင်းပမယ့်ဆွေးနွေးပွဲကို သူကိုယ်တိုင်လာပြီးတော့ တက်မှာပါ။ မစ္စတာ ဝေါင်းက အရင်တုန်းက တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း လည်း ဖြစ်ပါ တယ်။ နောက်ပြီးတော့ အာဆီယံအရေးနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးကို အတွေ့အကြုံရင့်ကျက်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ သူ့ကို ရွေးပြီးတော့ မြန်မာ့ရေးမှာ ကြားဝင် ဖြန်ဖြေပေးတဲ့သဘောလို့လည်း သိရပါတယ်။”
 
KIO နဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲပြုလုပ်တဲ ရွှေလီကို သတင်းသွားရောက် ယူနေတဲ့ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦး ဒီမနက်ပဲ ဆက်သွယ်မေးမြန်းထားတာပါ။ အခု ဒီကနေ့ မနက်ပိုင်းမှာတော့ KIO နဲ့ မြန်မာအစိုးရအကြား တရားဝင်ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံ - ကချင်ပြည်နယ် လိုင်ဇာ ကေအိုင်အေ စစ်သားတွေကို
ရှေ့တန်းစစ်စခန်းတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၃၁၊ ၂၀၁၃)

ဗွီအိုအေ

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရအကြား တရုတ်နိုင်ငံ
ရွှေလီမှာပြုလုပ်မယ့် ဒီကနေ့ ဆွေးနွေးပွဲဟာ ဒေသငြိမ်းချမ်းရေး အတွက် ဖြစ်မလာရင်တောင် နှစ်ဘက် အပစ်အခတ် ရပ်စဲရေး အဆင့် အထိ ဖြစ်လာဖို့မြန်မာအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။ မနေ့ ကတော့ KIO နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကနဦးအလွတ် သဘော တွေ့ဆုံဆွေးနွေး မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေကြောင်း လေ့လာတွေ့ရှိ

ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင်ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးရန် အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပတိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။
အစားအသောက်ပုံစံနှင့် ကျန်းမာရေး ဆက်နွှယ်မှုကို လူ ၅၀၀,၀၀၀ခန့်တွင် လေ့လာခဲ့ရာ ပြုပြင်ဖန်တီးထားသော အသားများ စားသုံးမှုနှင့် ကင်ဆာ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးမှုတို့ကြား ဆက်နွှယ်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
BMC Medicine ဂျာနယ်၌ ဖော်ပြခဲ့သော သုတေသနတွင် ပြုပြင်ထားသော အသားများကို ရေရှည်ခံရန်အတွက် သုံးစွဲသည့် ဆားနှင့် ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သုတေသနပညာရှင်များက ရေးသားခဲ့သည်။ ယခုလေ့လာမှုကို ဥရောပ ၁၀ နိုင်ငံတွင် ၁၃ နှစ်ကြာ သုတေသနပြုခဲ့ခြင်းဖြစ်ပြီး လူ ၃၀ ဦး သေဆုံးတိုင်း တစ်ဦးသည် ပြုပြင်ဖန်တီးထားသော အသားများ စားသုံးခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သုတေသနက တွေ့ရှိခဲ့သည်။
ပြုပြင်ထားသော အသားများ အများအပြား စားသုံးသူများသည် ဆေးလိပ်သောက်သုံးရန်၊ အ၀လွန်ရန်နှင့် ကျန်းမာရေးကို ပျက်စီးစေနိုင်သော အခြားအပြုအမူများ ပိုမိုရှိတတ်ကြောင်းလည်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုတွင် ပါဝင်ခဲ့သော လူ ၁၇ ဦးတိုင်းတွင် တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်လျှင် ပြုပြင်ထားသော အသား ၁၆၀ ဂရမ်ကျော်၊ ၀က်အူချောင်း နှစ်ချောင်းနှင့် ၀က်ဆားနယ်ခြောက် တစ်ပြားခန့် စားသုံးသူတိုင်းသည် ၂၀ ဂရမ်ခန့် စားသုံးသူများထက် သက်တမ်း ၁၂ ဒသမ ၇ နှစ် ပိုတိုရန် ဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ 
လေ့လာမှုတွင် ပါဝင်ခဲ့သူများအနက် လူ ၁၀၀၀၀ ဦးခန့်သည် ကင်ဆာဖြင့် သေဆုံးခဲ့ပြီး ၅၅၀၀ ခန့်မှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၅၀ ဂရမ် စားသုံးသူများသည် ကင်ဆာဖြစ်နိုင်ခြေ ၅ ပုံ ၁ ပုံခန့် မြင့်တက်လာကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့သည်။ တစ်ရက်လျှင် ပြုပြင်ထားသော အသား ၂၀ ဂရမ်ထက် ပိုမစားပါက အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဇူးရစ်တက္ကသိုလ်မှ ပါမောက္ခဆာဗင်းရော်မန်းက ပြောကြားခဲ့သည်။


NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

Sa Maung
ဝက်အူချောင်း၊ ကြက်သားပြား၊ ၀က်သားပြားနှင့် အခြားပြုပြင် ထားသော အသားများကို စားသုံးခြင်းသည် ငယ်ငယ်ရွယ် ရွယ်နှင့် သေဆုံးရန်အန္တရာယ်ကို မြင့်တက်စေဖွယ်ရှိကြောင်း ဥရောပ တိုက်တစ်ဝန်း လူ ၅၀၀,၀၀၀ ခန့်ကို လေ့လာခဲ့သော လေ့လာမှု

မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်းထန်

Photo: မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်းထန် 
Sunday, March 10, 2013

မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ် အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည် ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။
 
စစ်သွေးကြွတယောက်ကို စနေနေ့မှာ ပစ်သတ်လိုက်တဲ့အကြောင်းလည်း
ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ ကပြောပါတယ်။ ဒါကြောင့် ကျူးကျော်သူတွေ ကို ချေမှုန်းနေတဲ့၊ ပြုလုပ်နေဆဲ စစ်ဆင်ရေးအတွင်း သေဆုံးသူ ဦးရေ ၆၀ ကျော်သွားပြီဖြစ်ပါတယ်။
 
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူ့ကိုယ်သူ ဒီဒေသရဲ့ ဘုရင်ဖြစ်တယ်လို့ 
ပြောဆိုတဲ့ မူစလင်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျမာလူး ကီရမ်က အပစ်အခတ်ရပ်စဲဖို့ ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေကတော့ အခုလို အပစ်ရပ်ကမ်းလှမ်းချက်
ကို ပယ်ချလိုက်ပြီး လုံးဝ လက်နက်ချတာကိုပဲ လက်ခံမယ်လို့ ပြောပါတယ်။ 

ဓာတ်ပုံ - မလေးရှားအစိုးရတပ်ဖွဲ့တွေ ဘော်နီယိုကျွန်းမှာ သူပုန်အဖွဲ့တွေကို ချေမုန်းနေစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။

ဗွီအိုအေ
မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ် လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါ ကြွယ်ဝ တဲ့ ကျေးရွာတရွာကို ဖိလစ်ပိုင်မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည် ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။

Sunday, March 10, 2013

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အမျိုးသားတစ်ဦး အရှင်လတ်လတ် မြေမျိုခံခဲ့ရ
Sunday, March 10, 2013

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက် 
၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုးနဲ့ 
ရုတ်တ ရက်ကြုံခဲ့ရပါတယ်။ 

ဂျက်ဖ်ဘုရှ်ဟာ မိသားစုဝင်ငါး ဦးနဲ့အတူ တစ်အိမ်တည်းအတူနေ သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကြာသပ တေးနေ့ည ဒေသစံတော်ချိန် ၁၁ နာရီလောက် ဂျက်ဖ်ဘု့ရှ်တစ်ဦး တည်း သူ့အိပ်ခန်းအတွင်းရှိ နေချိန် မှာ အိမ်ကိုကားဝင်တိုက်လိုက်သလို ကျယ်လောင်တဲ့အသံကြီးနဲ့အတူ ဂျက်ဖ်ဘုရှ်ရဲ့ အော်ဟစ်သံကို ကြား လိုက်ရပါတယ်။

အစ်ကိုဖြစ်သူရဲ့ အော်ဟစ် အကူအညီတောင်းခံသံကြားလိုက်ရ တဲ့ ညီဖြစ်သူ ဂျယ်ရီဘု့ရှ်ဟာ အစ် ကိုဖြစ်သူရဲ့ အိပ်ခန်းအတွင်း ပြေး ဝင်လိုက်တဲ့အခါ မြင်တွေ့ရတဲ့မြင် ကွင်းကြောင့် ခဏတာကြက်သေ
သေသွားခဲ့မိတယ်။

အိပ်ခန်းနေရာမှာ ဧရာမကျင်း ကြီးဖြစ်နေပြီး သူ့အစ်ကိုရဲ့ အိပ်ရာ 
ကလွဲလို့ ဘာမှမရှိတာ့ပါဘူး။ ဂျယ်ရီ လည်း ဘာမှစဉ်းစားမနေတော့ဘဲ တွင်းထဲခုန်ချပြီး မြေကြီးကိုတူးယက် ရှာပေမယ့် အစ်ကိုဖြစ်သူကို လုံးဝ ရှာမတွေ့ရတော့ပါဘူး။

အကျယ်၃ဝ ပေလောက်ရှိတဲ့ မြေကျွံတွင်းထဲကို ဝင်ရောက်ဖို့ အန္တရာယ် များလွန်းတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ ဂျက်ဖ်ဘု့ရှ်ပျောက်ဆုံးပြီး သုံးရက်အကြာမှာ ဆက်လက်ရှာဖွေ ဖို့ လက်လျှော့လိုက်ရပါတယ်။

ဂျက်ဖ်ဘု့ရှ်ရဲ့ မိသားစုနဲ့ သူတို့ အိမ်ဘေးတစ်ဖက်တစ်ချက်
နေအိမ်တွေကနေသူတွေလည်း သူတို့အိမ်တွေမှာ ဆက်မနေရဲတော့လို့
ပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ်။

ဆက်ပ်နာမြို့ဝန်းကျင်ဟာ ဘူမိ ဗေဒမြေအနေအထားကြောင့် မြေ ကျွံတွင်းတွေဖြစ်ပေါ်လေ့ရှိပေမယ့် အခုလို ဘာအရိပ်အယောင်မျှမပြဘဲ လူတစ်ယောက်ကို ရုတ်တရက် မြေကြီးထဲ ပျောက်ကွယ်သွားစေတဲ့ ဖြစ်ရပ်မျိုး ယခင်က မကြုံခဲ့ရဘူးလို့ဆိုပါ တယ်။

REF: AFP
The Myanmar Post

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ တမ်ပါမြို့ရဲ့အရှေ့ဘက်၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေဖုံး မြို့ကလေးဆမ်နာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဂျက်ဖ်ဘု့ရှ်ဆိုသူဟာ မမျှော်လင့်တဲ့ ကြမ္မာဆိုး နဲ့ရုတ်တ ရက်ကြုံခဲ့ရပါတယ်။

အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ

Photo: အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ
Sunday, March 10, 2013

ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။

(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။
မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ” ဟု ဒေါ်လေးလေးက ဆိုသည်။

အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့် ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။

“သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက “အန်တီ သမီး တောင်းပန်ပါတယ်” ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး” ဟု ခိုးယူမှုဖြင့် ပြန်လည် တရားစွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။

နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင်
နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့်ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ် 
၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ 
၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန်
မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး
ကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။

“ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ်ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး” ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်ကဧရာဝတီသို့ ပြောသည်။

အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင်
ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။

“ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင် သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့အတွက် ပျော်တယ်”
 ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ်
ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် 
၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို
ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ် အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

ဓာတ်ပုံ - အခြိမ်းခြောက်ခံခဲ့ရသည့် မိန်းကလေး (နန်းဆိုင်နွမ် / ဧရာဝတီ)

နန်းဆိုင်နွမ်
ဧရာဝတီ
ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရား စွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေး သူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။

ဂျာမဏီ ယာဉ်တန်း မြန်မာပြည် မှ ထွက်ခွာ

Photo: ဂျာမဏီယာဉ်တန်း မြန်မာပြည်မှ ထွက်ခွာ 
Sunday, March 10, 2013

ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီးတထောက် ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်နယ် ဒေါနတောင်ကျော်လမ်းကိုဖြတ်ပြီး 
မြန်မာပြည်ထဲကနေ မနေ့က ညနေပိုင်းမှာ ထွက်ခွာသွားပါပြီ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။ 

၅၄ ဦးပါ ခရီးသွားအဖွဲ့ဟာ မကြာခင်ကမှ မြန်မာအစိုးရ စတင်ခွင့်ပြုခဲ့တဲ့
နိုင်ငံတကာ ခရီးသွားယာဉ်တန်းတွေကို နယ်စပ်ကနေ ၀င်ရောက်ခွင့်ပြုတဲ့ အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း လည်ပတ်ကြတာပါ။

ဒီယာဉ်တန်း အိန္ဒိယနယ်စပ် တမူး မိုးရေးကနေ အရင်လ ၂၂ ရက်နေ့က ၀င်ရောက်လာတာဖြစ်ပြီး ပုဂံ၊ အင်းလေး၊ မန္တလေး၊ ကလော အပါအ၀င် အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံဟာသဘာဝတောတောင်ရေမြေတွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့နေရာဒေသတွေ အများကြီးရှိတဲ့တိုင်းပြည်ဖြစ်တယ်လို့ ဒီခရီးသွားတွေက  မြန်မာလ၀ကအရာရှိတွေကို မှတ်ချက်ပေးကြောင်း
မြ၀တီက လ၀က ၀န်ထမ်းတဦးက ဆိုပါတယ်။

ဂျာမနီအခြေစိုက် the seas Bridge Motor Home Co..Ltd က ပထမဆုံးစီစဉ်တဲ့ခရီးစဉ်ဖြစ်ပြီး  ၂၀၁၂  အောက်တိုဘာမှာ ခရီး စတင်ခဲ့တာပါ။

ဒီခရီးစဉ်မှာ ဂျာမနီ၊ ဆွစ်ဇလန်၊ သြစတြီးယား၊ အီတလီ၊  နယ်သာလန်၊ ဗြိတိန်၊ အီရန်နိုင်ငံသားတွေ ပါဝင်ပါတယ်။

ခရီးသည်ထဲက ၉၀ ရာခိုင်နှုန်းဟာ ဂျာမန်တွေဖြစ်ကြပါတယ်။

သူတို့ရဲ့ ရက်ပေါင်း ၇၀၀ ခရီးစဉ်မှာ ထိုင်း၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊  ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ နိုင်ငံတွေကိုလည်း  သွားရောက် လည်ပတ်ကြမှာပါ။ မြန်မာနိုင်ငံမရောက်ခင်တော့ တူရကီ၊ အာမန်းနီးယား၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေကို ၀င်ရောက်လည်ပတ်ခဲ့ကြပါတယ်။

နယ်စပ်မြ၀တီကတဆင့် အာရှဒေသ ခရီးသွားအဖွဲ့တွေ မြန်မာနိုင်ငံ အတွင်းကို မော်တော်ယာဉ်တန်းနဲ့အတူ ခရီးသွားလည်ပတ်မှုခရီးစဉ်
၃ ခု နှစ်ကုန်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။

ဥရောပနိုင်ငံမှခရီးသွားယာဉ်တန်း မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်ခြင်းက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တော်မြင့်
ဧရာဝတီကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီး တထောက် ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်နယ် ဒေါနတောင်ကျော် လမ်းကိုဖြတ်ပြီး မြန်မာပြည်ထဲကနေ မနေ့က ညနေပိုင်းမှာ ထွက်ခွာ သွားပါပြီ။

ဗင်နီဇွဲလား သမ္မတ ချားဗတ်ဇ် ၏ ဈာပနသို့ နိုင်ငံ ၃၀ ကျော်မှ ခေါင်းဆောင် များ တက်ရောက်၊ ဒုတိယ သမ္မတ မန်ဒူရို က ကြားဖြတ် သမ္မတ အဖြစ် တာဝန်ယူ

Photo: ဗင်နီဇွဲလားသမ္မတ ချားဗတ်ဇ်၏ ဈာပနသို့ နိုင်ငံ ၃၀ ကျော်မှ
ခေါင်းဆောင်များ တက်ရောက်၊ ဒုတိယသမ္မတ မန်ဒူရိုက ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူ
Sunday, March 10, 2013

မတ် ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗတ်ဇ်၏ ဈာပနသို့ ကျူးဘား၊ အီရန်နှင့် ဘီလာရုဇ်နိုင်ငံတို့ အပါအ၀င် နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဗင်နီဇွဲလား အစိုးရက ထုတ်ပြန်ခဲ့သည်။

အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယန်မှ
နိုင်ငံ့ခေါင်းဆောင်များသည်လည်း ကာရာကစ်စစ်တက္ကသိုလ်တွင်
ပြုလုပ်သည့် ချားဗတ်ဇ်၏ဈာပနကို တက်ရောက်ခဲ့ကြသည်ဟု ဗင်နီဇွဲလား ဒုတိယသမ္မတ နီကိုလတ်စ်မန်ဒူရိုက ပြောကြားခဲ့သည်။

"သူဟာ အနိုင်မခံ အရှုံးမပေးသူပါ။ သမိုင်းမှာ ဖော်ပြနိုင်မယ့် အောင်မြင်မှု
တွေကို သူချန်ထားခဲ့ပါတယ်" ဟု ချားဗတ်၏ အရင်းနှီးဆုံး မဟာမိတ်
ဖြစ်သည့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက ဗင်နီဇွဲလား
ရွေးကောက်ပွဲ များတွင် ချားဗတ်ဇ်၏ လေးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့မှုကို ရည်ညွှန်းပြောကြားခဲ့သည်။

ဥရောပရှိ တစ်ခုတည်းသော အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရသော ဘီလာရုဇ်သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို၊ ကိုလံဘီယာသမ္မတ မန်နျူရယ်ဆန်းတို့စ်၊ ဘရာဇီးသမ္မတ ဒီလ်မာရူးဆက်ဖ်၊ သမ္မတဟောင်း လူလာဒါဆေးဗား၊ အီကွေဒေါသမ္မတ ရာဖေးကော်ရီရာ၊ ဘိုလစ်ဗီးယားသမ္မတ အီဗိုမိုရေးစ်နှင့် အာဂျင်တီးနားသမ္မတ ကာ့ခ်ျနာတို့အပါအ၀င် လက်တင်အမေရိကမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ချားဗတ်ဇ်သည် သမ္မတရာထူး ထမ်းဆောင်ခဲ့သည့် ၁၄ နှစ်အတွင်း ဆီးရီးယားသမ္မတ ဘာရှားအာဆတ်၊ အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်နှင့် ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီတို့နှင့် ရင်းနှီးခဲ့သည်။

ဥရောပသမဂ္ဂ နိုင်ငံများကမူ ချားဗတ်ဇ်၏ ဈာပနအခမ်းအနားကို တက်ရောက်ရန်အတွက် ကိုယ်စားလှယ်များကိုသာ စေလွှတ်ခဲ့သည်။ စပိန်က ထီးနန်းဆက်ခံမည့်သူ မင်းသားဖီးလစ်ကို စေလွှတ်ခဲ့ပြီး
ပြင်သစ်က ပြည်ပရေးရာဝန်ကြီး Victorin Lurel ကို စေလွှတ်ခဲ့သည်။ 

ရုရှားက နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ကို စေလွှတ်ခဲ့သည်ဟု
ပြောကြားခဲ့သော်လည်း စာရင်းတွင် မတွေ့ရှိရသေးဟု မန်ဒူရိုက
ပြောကြားခဲ့သည်။ အမေရိကန် အောက်လွှတ်တော်အမတ် Gregory Meeks နှင့် လွှတ်တော်အမတ်ဟောင်း William Delahunt တို့သည်လည်း အမေရိကန် ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။ 

အမေရိကန် သရုပ်ဆောင် ရှောင်ပင်း၊ ဒါရိုက်တာ အိုလီဗာစတုန်း၊ သရုပ်ဆောင် ဒန်နီဂလိုဗာ၊ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးခဲ့သူ မိုက်ကယ်မိုးတို့လည်း တက်ရောက်ခဲ့သည်။

ချားဗတ်၏ ရုပ်အလောင်း မပုပ်မသိုးအောင် ဆေးစီရင်ပြီး လီနင်၊ စတာလင်နှင့် မော်စီတုန်းတို့ကဲ့သို့ပင် လူထုကို ပြသသွားမည်ဟု မန်ဒူရိုက ပြောကြားခဲ့သည်။ ချားဗတ်ဇ်သည် မည်သည့်ကင်ဆာရောဂါ ခံစားရသည်ကိုမူ ဗင်နီဇွဲလားအစိုးရက မထုတ်ပြန်ခဲ့ပေ။

ဗင်နီဇွဲလားပြည်သူ သန်းပေါင်းများစွာသည် သူတို့လေးစားသည့်
ခေါင်းဆောင်ကို နောက်ဆုံး အရိုအသေပေးရန်အတွက် ချားဗတ်ဇ်၏ အခေါင်းအနီးတွင် တန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ၇ ရက် ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများက
ပြောကြားခဲ့သည်။

မတ် ၈ ရက်ညပိုင်းတွင် မန်ဒူရိုက မြို့တော်ကာရာကစ်ရှိ လွှတ်တော်တွင် ကြားဖြတ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အဓိက အတိုက်အခံ ညွန့်ပေါင်းကမူ ယင်းကျမ်းသစ္စာ ကျိန်ဆိုမှုမှာ အခြေခံဥပဒေနှင့် မညီဟု ဆိုကာ သပိတ်မှောက်ခဲ့ကြသည်။ 

"နီကိုလတ်စ်၊ ဘယ်သူမှ ခင်ဗျားကို သမ္မတအဖြစ် မရွေးဘူး။ ပြည်သူတွေက ခင်ဗျားကို မဲမပေးခဲ့ဘူး။ ကလေးလေး" ဟု အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဟင်းနရစ်ကက်ရိုင်းစ်က ပြောကြားခဲ့သည်။

ဓာတ်ပုံ - လက်တင်အမေရိက လွတ်မြောက်ရေးခေါင်းဆောင် ဆိုင်မွန်ဘိုလီဗာ၏ ဓားတစ်ချောင်းကို ချားဗတ်ဇ်၏ အခေါင်းတွင် 
မန်ဒူရို (လယ်) က ထားရှိစဉ်

Ref:AFP:CNN
Eleven Media Groupမတ် ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗတ်ဇ်၏ ဈာပနသို့ ကျူးဘား၊ အီရန်နှင့် ဘီလာရုဇ်နိုင်ငံတို့ အပါအ၀င် နိုင်ငံပေါင်း ၃၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဗင်နီဇွဲလား အစိုးရက ထုတ်ပြန်ခဲ့သည်။

၂၀၁၂-၁၃ ပညာ သင်နှစ် အခြေခံပညာ အဆင့် အလယ် တန်းနှင့် အထက် တန်း ပညာ သင်ဆု စာမေး ပွဲများ မတ်လနောက်ဆုံး ပတ်၌ စစ်ဆေး မည်ဖြစ်ပြီး ဆုကြေးေ ငွ တိုးမြှင့်ထား

Photo: ၂၀၁၂-၁၃ ပညာသင်နှစ် အခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု စာမေးပွဲများ မတ်လနောက်ဆုံးပတ်၌ စစ်ဆေးမည်ဖြစ်ပြီး ဆုကြေးငွေ တိုးမြှင့်ထား
Sunday, March 10, 2013

အခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု ဆိုင်ရာ စာမေးပွဲများကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အလယ်တန်း ပညာသင်ဆု စာမေးပွဲ စစ်ဆေးခြင်းအား ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) များကို မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ လည်းကောင်း ဖြေဆိုရမည်
ဖြစ်ကြောင်း သိရသည်။

အထက်တန်းအဆင့် ပညာသင်ဆုအတွက် စာမေးပွဲ စစ်ဆေးခြင်းကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ (မြန်မာစာ၊ သင်္ချာ၊ သိပ္ပံ၊ ဗဟုသုတ) ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ မတ်လ ၂၅ ရက်တွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ကျန်းမာကြံ့ခိုင်မှုများအတွက် လက်တွေ့ စစ်ဆေးမှုများကို နံနက် ၈ နာရီမှ စတင်ကာ ဖြေဆိုရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့နယ်တစ်မြို့နယ်လျှင် စတုတ္ထတန်း ပညာသင်ဆု တစ်ဆု၊ အဋ္ဌမတန်း ပညာသင်ဆု တစ်ဆု အသီးသီး
ရွေးချယ်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ်က အလယ်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်တစ်သောင်းခွဲ ချီးမြှင့်ခဲ့သော်လည်း ယခု ၂၀၁၃-၁၄ ပညာသင်နှစ်၌မူ အလယ်တန်း ပညာသင်ဆုအား ကျပ်နှစ်သောင်း၊ အထက်တန်း ပညာသင်ဆုအား ကျပ်သုံးသောင်း တိုးမြှင့်ချီးမြှင့်မည် ဖြစ်သည်။

“ပညာသင်ဆု ရရှိတဲ့သူတွေဟာ အတန်းစဉ်အလိုက် အခန်းဆုံး စာမေးပွဲ စစ်ဆေးမှုတွေမှာ ဘာသာရပ်အားလုံး အောင်မြင်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာ ရပ်တွေမှာ ရမှတ် ၆၀ ရာခိုင်နှုန်းထက် မနည်းရရှိရမှာ
ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေမှာ တစ်နှစ်အတွင်း ရမှတ် ၆၀ ရာခိုင်နှုန်းအောက် နှစ်ကြိမ် ကျရောက်ခဲ့မယ်ဆိုရင် ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာပါ။ ကျောင်းစည်းကမ်း၊ ရပ်ရွာစည်းကမ်းနဲ့ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်မယ် ဆိုရင်လည်း ပညာသင်ဆု ချီးမြှင့်ခြင်းကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်” ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ပညာသင်ဆုများ ချီးမြှင့်ရာ၌ အလယ်တန်း ပညာသင်ဆု ရရှိသူများအား ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ နှစ်စဉ်ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လေးနှစ် ချီးမြှင့်သွားမည်ဖြစ်ပြီး အထက်တန်း ပညာသင်ဆု ရရှိသူများအား န၀မတန်းမှ ဒသမတန်းအထိ နှစ်စဉ်ဇွန်လမှ မတ်လအထိ တစ်လလျှင် ငွေကျပ်သုံးသောင်းနှုန်း နှစ်နှစ် ဆုချီးမြှင့်မည် ဖြစ်သည်။

ဓာတ်ပုံ - ၂၀၁၂ ခုနှစ် မတ်လ၌ ရန်ကင်းမြို့နယ်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ဆုစာမေးပွဲဖြေ ဆိုရန် 
စောင့်ဆိုင်းနေကြသော ကျောင်းသား၊ ကျောင်းသူအချို့ အား တွေ့ရစဉ်

Eleven Media Groupအခြေခံပညာအဆင့် အလယ်တန်းနှင့် အထက်တန်း ပညာသင်ဆု ဆိုင်ရာ စာမေးပွဲများကို ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့ များတွင် စစ်ဆေးမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့ မလား

Photo: လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့မလား
Sunday, March 10, 2013

ပလောင်ဒေသမှ တောင်သူများ လုပ်ငန်းခွင်ကိုစွန့်ခွာ နေကြသည့်အတွက် လာမည့်နှစ် အနည်းငယ်အတွင်း လက်ဖက် ထုတ်လုပ်မှုပြိုလဲသွားနိုင်ကြောင်း
အဆိုပါဒေသသို့ မကြာသေးမီက သွားရောက် လေ့လာသည့် စိုက်ပျိုးရေး ပညာရှင်များက ပြောဆိုလိုက်သည်။

ယင်း ပညာရှင်များသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးရေး ၀န်ကြီးဌာန တို့၏ ပူးပေါင်း လုပ်ဆောင်နေသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒေသဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်နှင့် တခြားသော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်၍
ဒေသခံများနှင့် တွေဆုံ ကွင်းဆင်း လေ့လာခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်နိုင်ငံများမှ ၀င်ရောက်လာသည့် လက်ဖက်ထုတ်ကုန် များကို မယှဉ်ပြိုင်နိုင်ခြင်း၊ ဆိုးဆေးဂယက်ကြောင့် ပြည်တွင်း လက်ဖက်
ဈေးကွက် ကျဆင်းသွား၍ အရှုံးပေါ်ကာ လက်ဖက်တောင်သူများ လုပ်ငန်းခွင်ကို စွန့်ခွာပြီး တရုတ် ပြည် သို့သွားရောက် အလုပ်လုပ်ကိုင်မှု များပြားလာကြောင်း၊ အစိုးရ အပါအ၀င် ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများမှ ကျားကန် ပေးမှုမရှိလျှင် ပြိုလဲသွားနိုင်ကြောင်း စိုက်ပျိုးရေး ပညာရှင်များက ဆိုသည်။

အဆိုပါ UNDP ၏ ဒေသဖွံဖြိုးရေး စီမံကိန်းတာဝန်ခံ စိုက်ပျိုးရေး ပညာရှင်ဟောင်း ဦးစံသိန်းက“လုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့ 
တွေ့ဆုံပြီး ပွင်းပွင်လင်းလင်း ပြောဆိုတယ်၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာရယ်၊ တဖက်နိုင်ငံသွားအလုပ်လုပ်ကိုင်တာတွေကြောင့် သေချာ ပေါက်ယိမ်းယိုင်နေပြီ၊ ဒီအတိုင်းဆိုရင် ပြိုလဲသွားမယ်”ဟု ဧရာဝတီကိုပြောသည်။

ထို့ကြောင့် လက်ဖက်လုပ်ငန်း ပြန်လည်နာလန်ထူလာရေး ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများက ၀င်ရောက်ကျားကန်ပေးရန်လို အပ် ကြောင်း၊ ကာလတခု သတ်မှတ်ပြီး ချေးငွေ၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေးနည်းစနစ်သစ်များ ကူညီနိုင်မည်ဟု မျှော်လင့် ကြောင်း ဦးစံသိန်းက ဆိုသည်။

ကမ္ဘာ့ဘဏ်သည် ဗီယက်နမ်နိုင်ငံ၏ လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း အလားတူ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ဖူးသည်။

ပလောင်ဒေသသည် လက်ဖက်တမျိုးတည်းကိုသာ စိုက်ပျိုးသည့် အတွက် ဈေးကွက်ပျက်ပြားသည့်အခါ တောင်သူများ ပိုမိုအထိ နာကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင် လက်ဖက် စိုက်ပျိုးရေးကို လျစ်လျူရှု့မထားဘဲ လယ်ယာ ကဏ္ဍ ကို အားပေး သကဲ့သို့ပင် ကူညီသင့်ကြောင်း၊ လက်ဖက်သုတေသနဌာန များထားရှိကာ ပြုလုပ်သင့်ကြောင်း ဦးစံသိန်းက ထောက်ပြသည်။

ယင်းဒေသ၌ လက်ဖက်စိုက်ဧက ၅ သောင်းခန့် ရှိသော်လည်း သမားရိုးကျ မိရိုးဖလာအဆင့်တွင်သာရှိ ပြီး အထွက်တိုးစေရန် မြေသြဇာ သုံးစွဲမှုမရှိကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အတန်းလိုက် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေပြီး ခူးဆွတ်ရာတွင် လည်း စက်များဖြင့် အညွန့်အဖူး များကိုသာခူးသဖြင့် အရည်အသွေးပိုင်းတွင် ကွာခြားမှုရှိကြောင်း စိုက်ပျိုးရေး ပညာရှင်များနှင့် ဒေသခံ လက်ဖက် တောင်သူတချို့က ဆိုသည်။

ကျောက်မဲဒေသခံ စိုက်ပျိုးရေးပညာရှင်ဟောင်း ဦးတင်မောင်သိန်းက “စိုက်ပျိုးရေး အယူအဆအရ လက်ဖက်ပင်ဆိုတာ ကိုင်းတွေ ခုတ်ပေးမှ ရွက်သစ်ထိုးတာ၊ တချို့ ကိုင်းခုတ်ဖို့ပြောရင် မိဘဘိုးဘွားက အမွေပေး တဲ့အပင် ဒါကြောင့် ဓားနဲ့ခုတ်ရင် မိဘကို ဓားနဲ့ ခုတ်တာနဲ့ အတူတူပဲ ယူဆပြီး မခုတ်ကြဘူး” ဟုပြောသည်။

လက်ရှိအခြေအနေတွင် လက်ဖက်တစ်ရာသီ၏ အထွက်နှုန်းမှာ တဧက ပိဿာ ၃၅၀မှ ၅၀၀အထိသာထွက်ပြီး၊ နိုင်ငံတကာတွင် တဧကလျှင် 
ပိဿာ ၁ထောင်မှ ၁၅၀၀ အထိထွက်သည်။

လက်ဖက်ဈေးကွက်ပျက်ပြားကာ တောင်သူများ ထိခိုက်နေခြင်းနှင့် ပတ်သက်ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများက
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) အဖွဲ့နှင့် ဆက်သွယ်ပြီး လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းကို မကြာမီ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့
ရောင်းချသူများအသင်းက ဆိုသည်။

နမ့်ဆန်မြို့ တက်နေ၀န်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး သမ၀ါယမ အသင်းလီမိတက် ဥက္ကဋ္ဌ ဦးသန်းထွန်းက“စိုက်ပျိုးရေးကို နည်း စနစ်ကျကျ ကူညီမယ်ဆိုရင် ငွေအင်အား အရင်းအနှီးလိုတယ်၊ ဒေသခံတွေကလည်း မတတ်နိုင်ဘူး၊ အဲဒီတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေ အထောက်အပံ့ ရမှသာဖြစ်မယ်”ဟု ဆိုသည်။

ပလောင်ဒေသသည် လူမှုရေး၊ စီးပွားရေး ကဏ္ဍတွင် နိမ့်ကျလျက်ရှိရာ
ဒေသစီးပွားရေးဖြစ်သည့် လက်ဖက်စိုက်ပျိုးရေးကို မြှင့်တင်
ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲရုံသာမက ကုန်ချောထုတ်လုပ်မှုတွင်လည်း ခေတ်မီစက်များဖြင့်လည်းသန့် စင်ထုတ်လုပ်ပြီး ကမ္ဘာ့ လက်ဖက်ခြောက်ဈေးကွက်ကို ထိုးဖောက်ရန်လိုကြောင်း ဦးသန်းထွန်းက ဆက်ပြောသည်။

ကမ္ဘာ့လက်ဖက်ခြောက်ဈေးကွက်တွင် တရုတ်နိုင်ငံက အခါးခြောက်(Green Tea) ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံက အချိုခြောက် (Black Tea) ကိုလည်းကောင်း အကြီးအကျယ် ထုတ်လုပ်ရောင်းချလျက် ရှိသည်။

သို့သော် ဒေသခံများကမူ လက်ဖက်တောင်သူများ လုပ်ငန်းခွင် စွန့်ခွာရခြင်း၌ ဒေသတွင်းမငြိမ်သက်မှုများကြောင့်လည်း ပါဝင်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပဋိပက္ခကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ၀င်ရောက်လှုပ်ရှားလာသည့်အပြင် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)၊ SSA/ SSPPတပ်များနှင့် ရှမ်းပြည်တပ်မတော်(SSA)
တောင်ပိုင်းတပ်များ ဒေသတွင်းသို့ ဖြန့်ခွဲကာ ဒေသခံများထံမှ ဆက်ကြေး၊ ရိက္ခာနှင့် လူသူစု ဆောင်းခြင်း၊ အလားတူ အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများ တို့ကြောင့် ပလောင်တိုင်းရင်းသားများ စွန့်ခွာရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ဖက်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘ၀တွင် လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်တို့သည် အရေးပါသော အရာ များဖြစ်ပြီး “အရွက်တွင်လက်ဖက်”ဟုပင် ဆိုရိုးစကား ရှိခဲ့သည်။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုထွန်းကားသည့် မြန်မာနိုင်ငံ၌ အချိုခြောက်မှာ အများဆုံးရောင်းရသော်လည်း ပြီးခဲ့သည့် နှစ်များက အချို ခြောက်နှင့် လက်ဖက်စိုတွင် ဆိုးဆေးများပါရှိသည်ဟု ကြေညာခံရသည့်အတွက်
ရောင်းအားကျဆင်း သွားကြောင်း လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လက်ဖက်၏ သဘောအရ အမည်းရောင်သို့ ပြောင်းလဲ တတ်သည့်အတွက် ဈေးကွက်၏ တောင်းဆိုမှုအရ လူကြိုက် များစေရန် အ၀ါရောင်ချည်ဆိုးဆေးကို သုံးကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကိုးကန့်
လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်းနှင့် ရှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရွာငံတို့တွင် စိုက်ပျိုးသည်။

ချင်းပြည်နယ်တွင်လည်း အစိုးရ လက်ဖက်စီမံကိန်းချ၍ စိုက်ပျိုးသော်လည်း
အောင်မြင်မှုမရှိဟု သိရသည်။

ဓာတ်ပုံ - ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသမှ လက်ဖက် စိုက်ခင်းများ 
( Tin Maung Thein – ကျောက်မဲ)

ရန်ပိုင်
ဧရာဝတီ ပလောင်ဒေသမှ တောင်သူများ လုပ်ငန်းခွင်ကို စွန့်ခွာ နေကြသည့် အတွက် လာမည့်နှစ် အနည်းငယ်အတွင်း လက်ဖက်ထုတ်လုပ် မှုပြိုလဲ သွားနိုင်ကြောင်း အဆိုပါဒေသသို့ မကြာသေးမီက သွားရောက် လေ့ လာသည့် စိုက်ပျိုးရေး ပညာရှင်များ က ပြောဆို လိုက်သည်။

ရခိုင် သမိုင်း ဆိုင်ရာ နိုင်ငံ တကာ ပညာ ရှင်များ ရှင်းလင်း ပွဲ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ် ၌ ပြုလုပ် မြန်မာနိုင်ငံ ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာ ဟု ဆိုသူများ သည် ဘင်္ဂါလီများ သာ ဖြစ်ကြောင်း ရခိုင် သမိုင်း ဆိုင်ရာ နိုင်ငံ တကာ ပညာ ရှင်များ ရှင်းလင်း

Photo: ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း
Sunday, March 10, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာ
တွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကို
တွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ
ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ
ဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ
လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့်
စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက်အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊
စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာ
ဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်
ခဲ့ကြောင်း ပြောကြားခဲ့သည်။

အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။

၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်
ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော်
ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့်
ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော်
ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊
မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း
ပြောကြားခဲ့သည်။

ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။

“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို
မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း
ဖြေကြားခဲ့သည်။

ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို
ပြင်သစ်နိုင်ငံ အာရှလေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ 
၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။
မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။

ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို
လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။

ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရိုဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲ ဆိုသည့်
မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။

ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။

“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။
နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။

ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ
ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊
ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်

Eleven Media Group ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီ များသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

" တိမ်မြုပ်နေသော အစစ်အမှန်တစ်ခု" (အလောင်းတော် ကဿပ၏ လက်ဝဲခြေတော်ရာ။)

Photo: " တိမ်မြုပ်နေသော အစစ်အမှန်တစ်ခု"
(အလောင်းတော်ကဿပ၏ လက်ဝဲခြေတော်ရာ။)
Sunday, March 10, 2013

အလောင်းတော်ကဿပ၏ လက်ဝဲခြေတော်ရာ။

အမှန်တရားကို နောက်ကျမှ မြင်တွေ့ လာတတ်တဲ့သဘောကို လူတိုင်းသိကြပါတယ်။ ဒီသဘော အတိုင်းပါပဲ။ အထက် မြန်မာနိုင်ငံ၊ 
စစ်ကိုင်းတိုင်းဒေသကြီးမှာ တကယ့်အမှန်တရားတစ်ခု နစ်မြုပ်
ကွယ်ပျောက်နေပါတယ်။

စာရေးသူ မြို့ပြ အင်ဂျင်နီယာဘွဲ့ရပြီးတော့ အစိုးရ ၀န်ထမ်းဘ၀နဲ့ ၃၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အသက် ၆၀ နှစ် 
အပြည့်မှာပဲ ချင်းတွင်းမြစ်အနောက် ဘက်မှာရှိပြီး မုံရွာနဲ့ကိုးမိုင်
လောက်ဝေးတဲ့ မုံရွာရွှေတောင်ဦး လယ်တီဝိပဿနာစခန်းမှာ ရခဲလှတဲ့ရဟန်းဘောင်ကိုဝင် လိုက်ပါတယ်။

စာရေးသူလည်း ငှက်ပျိုလေးတစ်ကောင်လို သွားလိုရာကို အရောက် သွားနိုင်လာတယ်။ ၀ိပဿနာတရားကို တစ်လကြာအားထုတ်ပြီးတဲ့နောက်
စာရေးသူ အစိုးရ၀န်ထမ်းလုပ်စဉ်က စာရေးသူကို အရှက်ရစေခဲ့တဲ့
နေရာဒေသတွေဆီ သွားတော့တာပါပဲ။

အစိုးရအထက်တန်းကျောင်းမှာတုန်းက စာရေးသူက စာကိုပဲ အချိန်ပြည့်
လေ့လာသင်ယူခဲ့ရတာပါ။ အဲဒီနောက် ရန်ကုန်နည်းစက်မှု တက္ကသိုလ်
(ယနေ့ ရန်ကုန် နည်းပညာတက္ကသိုလ်)မှာ သင်ယူခဲ့ပြီး မြန်မာနိုင်ငံ
အောက်ပိုင်းကို တာဝန်ယူခဲ့ရပါတယ်။

ဒါကြောင့် စာရေးသူ မုံရွာဒေသသားဖြစ်ပေမယ့် အထက်မြန်မာနိုင်ငံ
အကြောင်း ဘာမှ မသိတာပါ။စာရေးသူ ဇာတိဒေသက စိတ်ဝင်
စားဖွယ်ရာတွေထဲမှာ ပါဝင်တဲ့ အလောင်းတော်ကဿပ ရဟန္တာ
အရှင်သူမြတ်ရဲ့ ဂူဗိမာန်ဆီကိုတောင် စာရေးသူမရောက်ဖူးပါဘူး။ 
ဒါကြောင့် အထွေထွေဗဟုသုတအရာမှာ စာရေးသူ ပြောရမှာတောင်
ရှက်ပါတယ်။

ခုတော့ ပွဲတော်ဖွင့်ရက်မတိုင်မီ ကတည်းက စာရေးသူရောက်သွားခဲ့ပါပြီ။ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ခရီးတစ်ခုပါပဲ။ ဒီခရီးမှာ
အလောင်းတော်ကဿပ ပရိနိဗ္ဗာန်ပြုခဲ့တဲ့ဂူကို ပိတ်ထား
တဲ့ကျောက်တံခါးကိုသာ ဖူးခဲ့ရပါတယ်။

ပရိနိဗ္ဗာန်စံပြီးဖြစ်တဲ့ အလောင်းတော်ကဿပရဲ့ ရုပ်ကလာပ်တော် အဲဒီဂူထဲမှာရှိတယ်ဆိုတဲ့ စိတ်ကူး နဲ့ ဖူးခဲ့တာဖြစ်ပါတယ်။ စာရေးသူ
ဆန္ဒ မပြည့်ခဲ့ပါဘူး။

စာရေးသူက ကိုယ့်မျက်စိ နဲ့ တိုက်ရိုက်မြင်ပြီး ကိုယ်နှစ် စိတ်နှစ် ဖူးတွေ့ချင်တာပါ။ ဒီလိုနဲ့ပဲစာရေးသူမှာ သိချင်တဲ့ဆန္ဒတွေ ပိုများလာပါတယ်။
တကယ့်အစစ်အမှန်ဟာ ဘယ်ဆီမှာလဲ။

တကယ်အစစ်အမှန်ရှိတဲ့နေရာကို ဘုန်တော်ကြီးတစ်ပါးက လမ်းညွှန်ပြ
လိုက်ပါတယ်။ အလောင်းတော်ကဿပ ဂူက ပြန်လာပြီးတဲ့နောက်၊ 
အလောင်းတော်ကဿပအစစ်ကို ဖူးတွေ့နိုင်ဖို့ စာရေးသူ ခရီး 
ဆက်ရပြန်တယ်။

စာရေးသူ မနက် ၃ နာရီမှာ အိပ်ရာကထပြီး မုံရွာကူးတို့ဆိပ်က 'ရွှေဧရာ' အမြန်စက်လှေနဲ့ ချင်းတွင်း မြစ်အထက်ပိုင်းဘက်ဆီ တက်သွားပြီး 
'မောက်ကတော်' ရွာမှာဆင်း (မင်းကင်းမြို့နယ်၊ အင်ပင်လှ
ကျေးရွာအုပ်စု) အညာလယ် ကျေးရွာဆီပေါက်တဲ့လမ်းကို ရွာသား
တွေထံ ချဉ်းကပ်မေးမြန်းပါတယ်။ ဒီလမ်းဟာ အလောင်းတော်
ကဿပရဲ့ ခြေတော်ရာ အစစ်ရှိတဲ့ ရွာဆီကိုပေါက်တဲ့ အတွင်း
လမ်းဖြစ်တယ်။ ခြေတော်ရာ အစစ်ဆီသွားနိုင်တဲ့ လမ်းသုံးခုရှိပါတယ်။

အမှတ်(၁)လမ်းက 'မောက်ကတော်'ရွာ အထက်နားရှိ 'နှင်းကြီးရွာ'မှ 'အညာလယ်' ရွာသို့။

အမှတ်(၂)လမ်းက 'မောက်ကတော်'ရွာ အထက်နားရှိ 'လက်ချိတ်ရွာမှ 'အညာလယ်' ရွာသို့။

အမှတ်(၃)လမ်းက 'မောက်ကတော်'ရွာ မှ 'အညာလယ်ရွာသို့' ဆိုပြီးရှိတယ်။

တောလမ်းခရီးရှည် လမ်းလျှောက်ချင်ရင် အမှတ် (၁) လမ်းနဲ့ အမှတ် (၂) လမ်းအတိုင်းသွားပါ။ ဒီလမ်းကြောတွေပေါ်မှာ သဲချောင်းတွေထဲမှာ အလျားလိုက်လျှောက်တဲ့အခါ လျှောက်ရသလို သဲချောင်းတွေကို
ဖြတ်လျှောက်ရတာမျိုးတွေနဲ့လည်း ကြုံရ တတ်ပါတယ်'။

အမှတ် (၃) လမ်းကိုရွေး ထားရင်တော့ 'မောက်ကတော်' ရွာက အငှား
မော်တော်ဆိုင်ကယ်နဲ့'မဟာမြိုင်' တောကို နည်းနည်းပါးပါးဖြတ်သွားရုံပါပဲ။

'အညာလယ်'ရွာကို ညနေ ၅ နာရီ လောက်မှာ ရောက်သွားရင်ပဲ လူမသိ သူမသိတိမ်မြုပ်ပြီး မထင်မရှားဖြစ်နေတဲ့ အလောင်းတော်ကဿပရဲ့ 
တကယ့် ခြေတော်ရာအစစ်ကို ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ 
အသေအချာဖူးတွေ့ ခွင့်ရပါပြီ။

ဘယ်ဘက်ခြေဖ၀ါးရဲ့ ခြေတော်ရာ ဖြစ်ပါတယ်။ ခြေဖနောင့် တော်အကျယ် ရှစ်လက်မ၊ ခြေချောင်းတော်များနေရာအကျယ် ၁၆ လက်မ၊ ခြေတော်ရာ
အလျား ၂၉ လက်မ ရှိပါတယ်။

လူတွေ ဖန်တီးပြုလုပ်ထားတဲ့ လက်လုပ် ခြေတော်ရာမဟုတ်ပါဘူး။ လက်လုပ်ရုပ်တုတွေကိုစာရေးသူ စိတ်မ၀င်စားဘူး။

ခြေတော်ရာ ထင်နေပုံဟာ လေဆာရောင်ခြည် ထွင်းဖောက်ထား သလိုပါပဲ။ ခရစ်ယာန်ဘာသာရေးသမိုင်းထဲက ပညတ်တော်ကမ္ပည်း ကျောက်စာချပ်
တွေနဲ့ ဆင်တူနေပါတယ်။

အလောင်းတော်ကဿပရဲ့ ခြေတော်ရာအစစ်ကို စာရေးသူကိုယ်တိုင် မျက်စိနဲ့ စိတ်နှစ် ကိုယ်နှစ်ဖူးတွေ့ခွင့် ရခဲ့ပါပြီဗျာ။

ရဟန်းဘ၀နဲ့ ပျော်မွေ့သွားဖို့ စာရေးသူဆုံးဖြတ်လိုက်ပါပြီ။ မြို့ပြ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ဗုဒ္ဓ သာသနာတော် အဓွန့်ရှည်
တည်တံ့ဖို့၊ ထွန်းကားပြန့်ပွားဖို့အတွက် ခြေတော်ရာကိန်းဝပ်စံပယ်ရာ
ဂန္ဓကုဋိတိုက်၊ သိမ်၊ အာရုံခံတို့ကို ပြန်လည်ဖြည့်စွက် ပြင်ဆင်သွားဖို့ စာရေးသူဆုံးဖြတ်ထားပါပြီ။

ဒီနေရာလေးကို အလည်လာဖို့၊ ခရီးစဉ်နဲ့ နေရာထိုင်ခင်း အဆင်ပြေဖို့ အတွက် စာရေးသူကို ဆက်သွယ်ကြဖို့ ခင်မင်ရင်နှီးစွာ ဖိတ်ခေါ်ပါတယ်။

ဒကာဒကာမများအနေနဲ့ ပါဝင်လှူဒါန်းလိုပါလျှင် အထူးငွေစာရင်းနံပါတ် 
၀၂၅ ၁၁၁ ၀၀၀၂၈၀၀ of Monywa KBZ bank. SADU, SADU, SADU သို့ ကြိုတင်ငွေသွင်းထားကြဖို့လည်း မေတ္တာနဲ့ နှိုးဆော်ပါရစေ။

ဦးဝိမလ၊ ၀၉-၈၆၂၃၇၁၁၊ ၀၉-၅၀ ၆၄၂၆၅၊ ၀၉-၇၃၀ ၂၁၁၀၄
မြန်မာတိုင်း(မ်)

ဓာတ်ပုံ - အလောင်းတော်ကဿပ၏ လက်ဝဲခြေတော်ရာ။

http://www.myanmar.mmtimes.com/index.php/national-news/mandalay-upper-myanmar/4093-2013-03-08-10-07-00.html

(စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် အညာလယ်ကျေး ရွာတွင် တည်ရှိပါသည်။ ပွဲတော်ကို မင်းကင်းမြို့ ဆုတောင်းပြည့်ဘုရား ပွဲတော်ကျင်းပသည့် နှစ်စဉ်နှစ်တိုင်းတန်ဆောင်မုန်းလပြည့်ကျော်(၇)ရက်နေ့ နံနက်စောစောတွင် မင်းကင်းမြို့ဆိပ်ကမ်းမှ စက်လှေများဖြင့်လည်း အညာ လယ်ကျေးရွာ ခြေရာတော်ပွဲသို့ လိုက်ပါနိုင်ကြောင်းလည်းသိရပါသည်။)

ThanLarWaddy Times
အလောင်းတော်ကဿပ၏ လက်ဝဲခြေတော်ရာ။
အမှန်တရားကို နောက်ကျမှ မြင်တွေ့ လာတတ်တဲ့သဘောကို လူတိုင်းသိကြပါတယ်။ ဒီသဘော အတိုင်းပါပဲ။ အထက် မြန် မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ တကယ့်အမှန်တရားတစ်ခု နစ်မြုပ် ကွယ်ပျောက်နေပါတယ်။

Toyota ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်မည်

Photo: Toyota ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်မည်
Sunday, March 10, 2013

Toyota ၀န်ဆောင်မှု ယာဉ်အပိုပစ္စည်း စင်တာများကို ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း တိုယိုတာအုပ်စုဝင် T.T.A.S ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ဟိန်းက ပြောကြားသည်။

“ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ၀န်ဆောင်မှုစင်တာ တစ်ခုစီ ထပ်ဖွင့်ဖို့ရှိတယ်။ ဒီနှစ်ထဲမှာပဲ ဖွင့်လှစ်သွားမှာပါ” ဟု ဦးမျိုးမြင့်ဟိန်းက ပြောကြားသည်။

Toyota ၀န်ဆောင်မှုစင်တာ တစ်ခုကို အမှတ် ၈၇(A) ကမ္ဘာအေးစေတီလမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင် ၁၉၉၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ယခုဝန်ဆောင်မှု စင်တာနှစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှု စင်တာများတွင် တိုယိုတာစံချိန် စံညွှန်းများနှင့်အညီ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ် အပိုပစ္စည်း အရောင်းဌာနလည်း ပါဝင်မည်ဖြစ်သည်။

T.T.A.S ကုမ္ပဏီကို တိုယိုတာ အုပ်စုဝင် Toyota Tsusho Corporation (TTC) နှင့် မြန်မာနိုင်ငံမှ Aye & San ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ် တည်ထောင်ထားခြင်း ဖြစ်ပြီး TTC က ၇၅ ရာခိုင်နှုန်း၊ Aye & San ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ထားသည်။

Toyota Tsusho Corporation သည် Toyota အုပ်စု တစ်ခုလုံး၏ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။

ထို့အတူ Toyota Tsusho Corporation ၏ မြန်မာနိုင်ငံ ရုံးခွဲသည်
မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော Trendy မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်ပြီး တိုယိုတာ အမှတ်တံဆိပ် စက်မှုလုပ်ငန်းသုံး
မော်တော်ယာဉ်များကို တင်သွင်းရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်လျက် ရှိကြောင်းနှင့် လက်ရှိအချိန်တွင် စက်ရုံအလုပ်ရုံသုံး Forklift များကို စတင်တင်သွင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

တိုယိုတာအုပ်စု အနေနှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး တိုယိုတာ အပါအ၀င် အခြားဂျပန် မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သော နစ်ဆန်း၊ ဟွန်ဒါ၊ ဆူဇူကီး စသည့် မော်တော်ယာဉ် ကုမ္ပဏီတို့ကလည်း
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်း အတွင်းမှ သိရပါသည်။

မြန်မာနိုင်ငံတွင် Toyota၊ Nissan၊ Honda၊ Suzuki၊ Marcede ကားကုမ္ပဏီများ၏ ၀န်ဆောင်မှု စင်တာများ ဖွင့်လှစ်ထားပြီး Mitsubishi ကားကုမ္ပဏီကလည်း ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ - ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Toyota ၀န်ဆောင်မှုစင်တာကို တွေ့ရစဉ်

Eleven Media Group Toyota ၀န်ဆောင်မှု ယာဉ်အပိုပစ္စည်း စင်တာများကို ၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ် မည် ဖြစ်ကြောင်း တိုယိုတာအုပ်စုဝင် T.T.A.S ကုမ္ပဏီလီမိတက် အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်ဟိန်းက ပြောကြားသည်။

လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံ တွင် TV Channel လိုအပ်ချက် များစွာ ရှိနေပြီး အဆိုပါ ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံ မှု နည်းလမ်း ရှာရန် အာရှ ရုပ်သံ အဖွဲ့ အစည်း ဖိုရမ်ပြုလုပ်

Photo: လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံတွင် TV Channel လိုအပ်ချက် များစွာရှိနေပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်းရှာရန် 
အာရှရုပ်သံ အဖွဲ့အစည်း ဖိုရမ်ပြုလုပ်
Sunday, March 10, 2013

မြန်မာနိုင်ငံ၏ လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံတွင် TV Channel လိုအပ်ချက် များစွာရှိနေပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်း ရှာဖွေရန် အာရှရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖွဲ့အစည်း CASBAA (Cable and Satellite Broadcasting Association for Asia) က ဖိုရမ်ပြုလုပ် ခဲ့ကြောင်း ၎င်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖိုရမ်ကို ဖေဖော်ဝါရီ ၂၇ ရက်က စင်ကာပူနိုင်ငံတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ တက်ရောက်ခဲ့သည်။

အဆိုပါ Myanmar In View ဟု အမည်ရ ဖိုရမ်သို့ မြန်မာနိုင်ငံအတွင်း ရုပ်သံလုပ်ငန်းအတွက် အခွင့်အလမ်း ရှာဖွေလိုသော ကိုယ်စားလှယ် များနှင့် ဟောပြောသူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

"ဒီဖိုရမ်က မြန်မာနိုင်ငံနဲ့ ဈေးကွက်အကြောင်း သတင်းအချက် အလက်တွေကို လူတွေ အလွန်လိုလားနေပြီး စီးပွားရေး သွားရောက်လုပ်ကိုင်ဖို့ အထူး စိတ်ဝင်စားနေတယ် ဆိုတာကို ပြသနေပါတယ်" ဟု CASBAA မှ CEO က ပြောသည်။

ဖိုရမ် စတင်ပြုလုပ်သည့်နေ့တွင် ဦးတင့်ဆွေက နောင်ငါးနှစ်အတွင်း မီဒီယာစီးပွားရေး လုပ်ငန်းများမှာ တိုးတက်လာပြီး စနစ်ကျလာမည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူ့အရင်းအမြစ် ပြတ်လပ်ခြင်း၊ အမှီအခို ပြုလောက်စရာ လျှပ်စစ်မရှိခြင်း၊ မီဒီယာနှင့် နည်းပညာ၊ နည်းပညာနှင့် လေ့ကျင့် သင်ကြားရေးများအတွက် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပြီး အဆိုပါ ကဏ္ဍများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ကူညီထောက်ပံ့ မှုများ လိုအပ်မည်ဟု ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ ဒသမ ၆ သန်းရှိပြီး အိမ်ထောင်စုပေါင်း ၁၁ ဒသမ ၁ သန်းရှိနေသော်လည်း အခပေးရုပ်သံ ကြည့်ရှုသူမှာ ၃၇၅၀၀၀ သာ ရှိနေသဖြင့် အိမ်ထောင်စုများထဲသို့ ထိုးဖောက်ဝင်ရောက်မှုနှုန်းမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း CASBAA က ခန့်မှန်းထားသည်။

Eleven Media Group
မြန်မာနိုင်ငံ၏ လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံတွင် TV Channel လိုအပ်ချက် များစွာရှိနေပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်း ရှာဖွေရန် အာရှရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖွဲ့အစည်း CASBAA (Cable and Satellite Broadcasting Association for Asia) က ဖိုရမ်ပြုလုပ် ခဲ့ကြောင်း ၎င်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါဖိုရမ်ကို ဖေဖော်ဝါရီ ၂၇ ရက်က စင်ကာပူနိုင်ငံတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ တက်ရောက်ခဲ့သည်။

ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ရွေးချယ်ရာတွင် မူ ၃ ချက်ဖြင့် ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကအောက်ပါ အတိုင်းပြောသည်

၁။ "ကျွန်မတို့ဆက်နွယ်မှုရှိရမယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ဆက်နွယ်မှု ရှိရမယ်။

ပုသိမ်ကြီးမြို့ နယ်ရှိ ရွာလေးရွာမှ လူ ၁၀၀၀ကျော် အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံး

Photo: ပုသိမ်ကြီးမြို့နယ်ရှိ ရွာလေးရွာမှ လူ ၁၀၀၀ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံး
Saturday, March 9, 2013
    
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊
ကွေ့ကျည်ကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်းရွာများတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကအလှူမှကျွေးသော ထမင်း၊ဟင်းများအား စားသောက်ပြီး
လူ ၁၀၀၀ ကျော်ခန့် အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကုန်းကျေးရွာတွင်  ပြုလုပ်သော အလှူတွင် ထမင်းနှင့် ပဲသုတ်၊ ငါးခြောက်၊ သရက်ချဉ်သုတ်၊ ပဲဟင်းချို၊ ငရုတ်သီးကြော် စသည်တို့ကို ကျွေးမွေးခဲ့ပြီး ယင်းရွာလေးရွာထဲတွင် ပုဏ္ဏားကုန်းနှင့် ကွေ့ကျည်ကုန်းရွာများ၌ ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းကျန်းမာရေးဦးစီးဌာနမှ ပုဏ္ဏားကုန်းကျေးရွာတွင် ကယ်ဆယ်ရေး
စခန်း ဖွင့်လှစ်ကာ ကု သမှုများ ဆောင်ရွက်လျက်ရှိပြီး  လူနာအချို့အား မန္တလေးဆေးရုံကြီးနှင့် ပုသိမ်ကြီးဆေးရုံကြီးများသို့ ပို့ဆောင် ကုသ လျက်ရှိကြောင်း သိရသည်။   

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သောသူများအနက် ကျည်ကုန်းရွာမှ အမျိုးသမီးတစ်ဦးသည် ယင်းနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင်
သေဆုံးသွားခဲ့ပြီး အလှူတွင် ကျွေးမွေးခဲ့သော ဟင်းများအား FDA မှ စစ်ဆေးရန်အတွက် နမူနာယူဆောင်သွားခဲ့ကြောင်း သိရသည်။

Eleven Media Groupမန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊
ကွေ့ကျည်ကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်းရွာများတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကအလှူမှကျွေးသော ထမင်း၊ဟင်းများအား စားသောက်ပြီး
လူ ၁၀၀၀ ကျော်ခန့် အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သွားနဲ့ခံတွင်း သန့်ရှင်းဖို့ ဘာကြောင့် အရေးကြီးသလဲ

Photo: သွားနဲ့ခံတွင်းသန့်ရှင်းဖို့ ဘာကြောင့်အရေးကြီးသလဲ 
Sunday, March 10, 2013 

မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ သွားနဲ့ခံတွင်း ကျန်းမာရေးနေ့ကို
မြန်မာနိုင်ငံမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။

အများပြည်သူတွေ သွား/ခံတွင်းဆိုင်ရာ ကျန်းမာရေး အကြောင်း ပိုမို သိရှိလာဖို့ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အမေးအဖြေတွေကို မီဒီယာတချို့မှာ မကြာခင် တွေ့ရတော့မှာပါ။

ဆရာဝန်ကြီးများကို မေးမြန်းထားသူတွေကတော့  Miss Myanmar 2012 နန်းခင်ဇေယျာ၊ ကိုးရီးယားက ပေးတဲ့ Asia New Star Model Award ရခဲ့တဲ့ ထွန်းကိုကို ဖြစ်ပါတယ်။ 

နန်းခင်ဇေယျာ

“ညီမတို့လို အခုခေတ်လူငယ်တွေ အများစုကလည်း သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ကြတာကို တွေ့ရတယ်။  အရင်တုန်းက
သွားပိုးစားတာကို သွားပိုးစားတယ်လို့ပဲ သတ်မှတ်ထားတယ်။
တကယ်က သွားပိုးစားတာလည်း ရောဂါတစ်ခုပဲပေါ့နော်။  
ဒီသွားပိုးစားတာကို အစကတည်းက ဂရုမစိုက်ရင်
ရေစီးကမ်းပြိုဖြစ်လာနိုင်တယ် ဆိုတာကိုလည်း အခု သိရတယ်။

တစ်ယောက်နဲ့တစ်ယောက် Communication ပြုလုပ်တဲ့အခါမှာ 
သွားဟာ အဓိက အရေးပါတယ်။ သွားတွေကျဲနေမယ်၊ သွားပိုးတွေ 
စားနေမယ်ဆိုရင် လူကိုရုပ်ဆိုးစေတယ်ပေါ့နော်။  

သွားတိုက်တံကလည်း တဖြောင့်တည်း ဖြစ်ရမယ်။
ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ချင်းနမ်းတာကနေလည်း 
သွားပိုး ကူးတာကိုလည်း သိရတယ်။  အဲဒီအချက်ကို မြန်မာပြည်သူ
တွေကို သိစေချင်တယ်။  လူတိုင်းလူတိုင်း တစ်ရက် နှစ်ကြိမ် သွားတိုက်သင့်တယ်လို့ပြောချင်တယ်”

 ထွန်းကိုကို

“ခံတွင်းကင်ဆာက ကျွန်တော်တို့မြန်မာပြည်မှာအဖြစ်များလာတယ် ၊ ကွမ်းစား ဆေးလိပ်သောက်ရင် ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။
 ကျွန်တော်နဲ့ နန်းခင်ဇေယျနဲ့က သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးတွေကို အင်တာဗျူးလုပ် ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ထုတ်လွှင့်တဲ့
အချိန်မှာ ပြည်သူတွေလည်း ပိုပြီး သိရှိလာမှာပါ”


ဒေါက်တာဘမြင့်

ပါမောက္ခဒေါက်တာဘမြင့်က သွားဘက်ဆိုင်ရာဆရာဝန်အသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ နယက ဖြစ်ပါတယ်။ သူက ခံတွင်း 
ကင်ဆာနဲ့ ပတ်သက်ပြီး လူတွေ သိပ်မသိကြသေးဘူး၊  ကွမ်းစားတဲ့သူ အများစုမှာ အဖြစ်များတယ်၊ သူတို့တွေက လုံးဝ မသိတာတော့ မဟုတ်ဘူး၊ သူတို့ ပိုပြီး သိလာအောင် ပညာပေးဖို့လိုပါတယ်လို့ ပြောပါတယ်။ 


မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေး အစီစဉ်တွေထဲမှာ ကွမ်းစား တာကြောင့်ဖြစ်တဲ့ ခံတွင်းကင်ဆာလို ရောဂါမျိုးအတွက် ပိုမိုထိရောက်တဲ့ ပညာပေးအစီစဉ်တွေ လိုအပ်နေသေးတာကတော့ အသေအချာပဲ
ဖြစ်ပါတယ်။ 

ရွက်စိမ်း 
ဧရာဝတီ မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့သွားနဲ့ခံတွင်း ကျန်းမာရေးနေ့ ကို မြန်မာနိုင်ငံမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။

ဘင်္ဂလား ပင်လယ်အော် အတွင်း အိန္ဒိယ -မြန်မာ ရေတပ် များ ပူးတွဲ စစ်ရေးလေ့ကျင့် မည်


Photo: ဘင်္ဂလားပင်လယ်အော်အတွင်း အိန္ဒိယ-မြန်မာ
ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်
Sunday, March 10, 2013

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရေးကို
ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စားစစ်သင်္ဘောတစ်စီး
တို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက်
ဖြန်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်
အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေး
ဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂ နိုဝင်ဘာနှင့် ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီး
ချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်
ခဲ့ကြသည်။

ယင်းနောက် အိန္ဒိယသည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့များအား အိန္ဒိယသို့ခေါ်ယူကာ
ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှင့် လေ့ကျင့်
ပေးရေးကိုလည်း သဘောတူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်း
ရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်းသုံး ရေတပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်
မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ်
သေနတ်များလည်းပါဝင်သည်။

ထို့ပြင် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက်
Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ
စနစ်များလည်း ဝယ်ယူရရှိ ထားကြောင်း သိရသည်။

ဓာတ်ပုံ - 1st India-Myanmar Naval Exercise (Myanmar NAVY)
Ref: Times of India
The Myanma Ageမြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သည့်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲ ကင်း လှည့်ရေးနှင့် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရေးကို ဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာတွင် စစ်အစိုးရက ကျူးလွန်ခဲ့သော အမှုများကို အစိုးရနှင့် အတိုက်အခံဘက်ကပါ ဖေါ်ထုတ်ရန် ဆန္ဒမရှိသေးကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ပြောကြား

Photo: မြန်မာတွင် စစ်အစိုးရက ကျူးလွန်ခဲ့သော အမှုများကို အစိုးရနှင့်
အတိုက်အခံဘက်ကပါ ဖေါ်ထုတ်ရန် ဆန္ဒမရှိသေးကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ပြောကြား
Sunday, March 10, 2013

မြန်မာသည် ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇဝတ်မှု
များကို ရှာဖွေဖေါ်ထုတ်သွားရမည်ဖြစ်ကြောင်း၊ သို့သာ် လက်ရှိ
အချိန်အထိ အရပ်သားတစ်ပိုင်းစစ်အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်သော အတိုက်အခံဘက်တို့ကမူ ထိုသို့
ဖေါ်ထုတ်ရန် စိတ်ဆန္ဒ မရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာ
နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်
အိုဟေး ကွင်တားနားက ပြောကြားလိုက်သည်။

ဂျီနီဗာတွင် မြန်မာ၌ ယခင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများအတွက် အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်
သို့ မဟုတ် တရားစွဲဆိုရေးကိစ္စများကို လုပ်နိုင်မည့်အလားအလာနှင့် ပတ်သက်၍မေးမြန်းခံရရာတွင် ကွင်တားနားက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းက “မြန်မာမှာ လက်ရှိဖြစ်နေတဲ့ အရှိတရားကတော့ ဒီကိစ္စဟာ ဘယ်နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်စရာ အာဂျင်ဒါစာရင်းထဲ မပါ သေးတာ တွေ့ ရပါတယ် ။ အစိုးရရဲ့ အာဂျင်ဒါထဲရော၊ အခြားးနိုင်ငံရေးပါတီတွေ နဲ့ လူနည်းစုတိုင်းရင်းသား အုပ်စုတွေ ထဲမှာတောင်မှ မပါသေး ပါဘူး” ဟု ပြောကြားသည်။

မစ္စတာကန်တားနားက “အချို့ အချက်တွေမှာတော့ ကျွန်တော် ယုံကြည်တာကတော့ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကုစားဖို့ 
လိုပါတယ်။ ဒါဟာ အတိတ်ကနေ သင်ခန်းစာယူပြီး ဘယ်အပြောင်း အလဲမှမဆို အောင်မြင်မှုရစေဖို့ အရေးပါတဲ့ အချက်လည်းပဲ ဖြစ်ပါ
တယ် ” ဟု ပြောကြားသည်။

မစ္စတာကန်တားနားသည် မြန်မာသို့ မကြာမီက လာရောက်
ခဲ့ပြီးနောက် ကုလသမဂ္ဂတွင် မြန်မာ့လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

အစီရင်ခံစာ၌ ၎င်းက ရခိုင်တွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအကျပ်အတည်းသည် ပြန့် ပွားနိုင်ပြီး၊ လက်ရှိလုပ်
ဆောင်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထောက်ပြထားသည်။

Ref: Reuters
The Myanma Ageမြန်မာသည် ယခင်စစ်အစိုးရက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ရှာဖွေဖေါ်ထုတ်သွားရမည်ဖြစ်ကြောင်း၊ သို့သာ် လက်ရှိအချိန်အထိ အရပ်သားတစ်ပိုင်းစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်   ခေါင်းဆောင်ေ သာ အတိုက်အခံဘက်တို့ကမူ ထိုသို့ ဖေါ်ထုတ်ရန် စိတ်ဆန္ဒ မရှိသေးကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တားနား က ပြောကြားလိုက်သည်။

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အခွန် အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား


Photo: လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အခွန် အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ နီးပါးရရှိရန် လျာထား
Sunday, March 10, 2013

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။

ထိုသို့ တိုးမြှင့်ထားသည့် လျာထားချက်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတို့ကသာ တိုးမြှင့်ကောက်ခံရန် လျာထားပြီး ရထားပို့ဆောင်ရေး၊ စီးပွား/ကူးသန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်/ဆည်ဝန်ကြီးဌာနတို့မှာ ယခင်နှစ် လျာထားချက်များအောက်
လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကော်မတီများအလိုက် စိစစ်ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လျာထားချက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနှင့် ကျပ်သန်းပေါင်း ၅၅၅၇၁၃ ဒသမ ၁၆၀ ကိုလည်းကောင်း၊
ပြည်ထဲရေး ၀န်ကြီးဌာနအနေနှင့် ကျပ်သန်းပေါင်း ၁၆၈၂၂ ဒသမ ၄၁၂ ကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း  ၃၃၂ ဒသမ ၈၀၁ တိုးတက် လျာထားခဲ့သော်လည်း ကျန်ဝန်ကြီးဌာနများမှ စီမံခန့်ခွဲ ကောက်ခံသည့် အခွန်များအနေနှင့် တိုးတက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အခွန်အကောက် အဖွဲ့အစည်းများတွင် ပါဝင်သည့် ကျန်အခွန် အကောက်များ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရသင့်ရထိုက်သည့် ပမာဏ အပြည့်အ၀ ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများအတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရန်အတွက် အခွန်စနစ်များကို ပြောင်းလဲကောက်ခံရန်၊ အခွန်ရှောင်သော ကုမ္ပဏီကြီးများကို စိစစ်ဖော်ထုတ်ရန်နှင့် အခွန်ထမ်းများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် အခွန်ဆောင်စေခြင်းများ ပြုလုပ်လာရန်အတွက် ပြုလုပ်
သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က Eleven Media Group သို့ ပြောကြားသည်။

ထို့အပြင် လစာအခွန်ဆောင်နေရသော ၀န်ထမ်းများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်အတွက်နှင့် ထိုက်သင့်သော အခွန်နှုန်းထားများ ဖြစ်ရေး
အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအေးမောက်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အခွန်အကောက် ဖွဲ့စည်းပုံမှာ ခေါင်းစဉ်ကြီး
လေးခုအောက်တွင် အခွန်အကောက် အမျိုးအစား ၁၄ မျိုး ခွဲခြားလျက် ပြည်ထောင်စုဝန်ကြီးဌာန ခုနစ်ဌာန၏ ဦးစီးဌာန
၁၁ ခုတို့မှ ဆိုင်ရာအခွန်ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်ကျင့်သုံး၍ ကောက်ခံလျက် ရှိသည်။ 

ဓာတ်ပုံ - ပြည်ပသို့ တင်ပို့မည့် သစ်လုံးများကို သီလ၀ါဆိပ်ကမ်းတွင် စစ်ဆေးမှုခံယူနေစဉ် (၀င်းမြင့်ကျော်)

Eleven Media Groupလာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် အခွန်အကောက်မှ ကျပ်သန်းပေါင်း ၂၄၀၀၀၀၀ ခန့် နီးပါး ပိုမိုရရှိရန် လျာထားကြောင်း သိရသည်။

ကမ္ဘာ့ညို့ အား အပြင်းဆုံး အမျိုးသမီး ဟက်ကာ

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ
Saturday, March 9, 2013

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
---
Ref: wiki
Aung Kham (TSJ team)

--
TechSpace Journalအသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါ တယ်။ ထောင်ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါ တယ်။

အမေရိကန်နိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက မတ်လ ၇ ရက်နေ့တွင် အခိုင်အမာ ပြောကြား

အမေရိကန်နိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက မတ်လ ၇ ရက်နေ့တွင် အခိုင်အမာ ပြောကြား

အမေရိကန်နိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း  မြောက်ကိုရီးယား နိုင်ငံက မတ်လ ၇ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့ ပါသည်။

မကြာသေးမီက ပြုလုပ် ခဲ့သော နျူကလီးယား စမ်းသပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေး အတွက် ကုလသမဂ္ဂ သံတမန်များ၏ မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ နာရီများစွာ အလိုတွင် မြောက်ကို ရီးယား၏ အထက်ပါ ခြိမ်းခြောက် ပြောကြားချက် ထွက်ပေါ် လာပါသည်။ 

အမေရိကန် နိုင်ငံသည် မြောက်ကိုရီးယား အပေါ် နျူကလီးယား စစ်ပွဲ စတင်ဆင်နွှဲရန် ကြိုးပမ်းလျက် ရှိသောကြောင့် မြောက်ကို ရီးယား အနေဖြင့် ကျူးကျော် ရန်လိုသူများ၏ အမာခံ နေရာများအား တိုက်ခိုက်ချေမှုန်းရန် အတွက် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူတိုက်ခိုက်မှု အခွင့်အလမ်းအား အသုံးချသွားမည် ဖြစ်ကြောင်း၊ မြောက်ကိုရီးယား ပြည်သူ ထောင်ပေါင်းများစွာသည် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်း များနှင့် အရေးယူ ပိတ်ဆို့မှုများ အပေါ် ဆန့်ကျင်သည့် အနေဖြင့် ကန့်ကွက် ဆန္ဒပြမှု များအား ပြုံယမ်း မြို့တော်၌ မတ်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြ ပါသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးပျံ အစီအစဉ်များအား အဟန့်အတား ဖြစ်စေရန် ကြိုးပမ်းမှု အဖြစ် မြောက်ကိုရီးယား အပေါ် စတုတ္ထ အကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုများ ချမှတ်သွားရန် စီစဉ်ထားကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/8789-2013-03-09-15-23-19
အမေရိကန်နိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် လက်ဦးမှု ရယူ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက မတ်လ ၇ ရက်နေ့တွင် အခိုင်အမာ ပြောကြားခဲ့ ပါသည်။