Monday, March 4, 2013

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ


ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက်ချီတက်နေကြပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy

Photo: နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy
Monday, March 4, 2013

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက်ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်ယ။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီး အပေါ်မှာ Solar ပြား ပါရှိပါတယ်။ နေ့ဘက်မှာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Globoy လို့ အမည်ပေးထားတဲ့ Solar nightlight ဖြစ်ပြီး ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ ဝန်းကျင် ရှိကြောင်း သိရပါတယ်။
--
Ref: gaggets
ရိုးရာလေး နည်းပညာ
YoYarLay

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက် ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီးအပေါ်မှာ Solar ပြား ပါရှိပါ တယ်။ နေ့ဘက်မှာပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေး နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ
Monday, March 4, 2013

သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်း သူများအား ကူညီထောက်ပံ့
ပေးနိုင်သည့် ဂျပန်နိုင်ငံ ထုတ် စက်ရုပ် ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား
ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ 

The Hybrid Assistive Limb (HAL) ဟု အမည်ပေး ထားသော အားသွင်း စက်ရုပ် ခြေထောက်ဝတ်စုံအား ဂျပန်စက်ရုပ် ထုတ်လုပ်သည့် ဆိုင်ဘာဒင်း ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူ စက်ရုပ် လက်ဝတ်စုံ ကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အရည်အသွေး အာမခံချက် အား အပြည်ပြည် ဆိုင်ရာ လူသား
အသုံးပြု စက်ရုပ်များ၏ လုံခြုံ စိတ်ချရမှု အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ် ကုန်ပိုင်းတွင် ပေးအပ် သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ
ပြောကြားခဲ့ သည်။

ဘက်ထရီ အသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာ ကိုယ်လှုပ်ရှားမှုနှင့် လိုက်လျော ညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့် သက်ကြီး ရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ် ကတည်း ကပင် ငှားရမ်းခဲ့ပြီး တစ်နှစ် ငှားရမ်းခမှာ တစ်စုံ လျှင် ယန်း ၁၇၈ဝဝဝ (အမေရိကန် ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် စက်ရုံသုံး စက်ရုပ်များ သုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ် ဝတ်စုံများအား ဆေးရုံများနှင့် ဘိုးဘွား ရိပ်သာများတွင် တဖြည်းဖြည်း သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

http://bit.ly/Zffr55
မြ၀တီ
သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကူညီထောက် ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံထုတ်စက်ရုပ် ခြေထောက်ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာလုံခြုံစိတ်ချရမှု အသိအမှတ်ပြု လက်မှတ် အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို
Monday, March 4, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းသို့
ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

ရော်နယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာပြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ အင်္ဂါနေ့ညတွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း ဂျာစီနှင့် မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ပထမဆုံးအကြိမ် ရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားမည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် လူငယ်ဘဝက စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် (၂၀၀၈)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူး ရယူနိုင်သည်အထိ အောင်မြင်မှု ကြီးမားလာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင်မူ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ 
ရောက်ရှိသွားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ယခုရာသီ အစောပိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ယခုတစ်ဖန် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာချိန်တွင်လည်း မန်ယူသို့ ရာသီကုန်တွင် ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အားကောင်းလာသည်။

ဖာဂူဆန်ကမူ လာမည့်နွေရာသီတွင် မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဖွင့်ဟခဲ့သည်။ "ရော်နယ်လ်ဒိုကို မဖြစ်မနေ ပြန်ခေါ်
လာနိုင်မယ်လို့ ကျွန်တော့်စိတ်ကို တွန်းအားပေးမယ့် အရာမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုဟာ လက်ရှိ ကစားပုံ ကောင်းမွန်နေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ ရီးယဲလ်မှာပဲ သက်တမ်းတိုး စာချုပ်ဖို့ ဆွေးနွေးမယ်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။

၎င်းက "ခုကိစ္စမှာ သူ့အေးဂျင့်က တစ်ခုခု ခြယ်လှယ် သတင်းဖြန့်နေ
တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ မျှော်လင့်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူကို ပြန်လာချိန်မှာ အသင်းက သူ့ကို ကောင်းကောင်း ကြိုဆိုမှာပါ။ ကျွန်တော်တို့ အသင်းဟာ ကစားသမားဟောင်းတွေကို အလေးအနက် ကြိုလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းအပေါ် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ကူညီခဲ့သူတွေကို ဆိုပါတော့"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း သို့ ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း တရုတ် စစ်သင်္ဘောများ ၀င်ရောက်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း 
တရုတ် စစ်သင်္ဘောများ ၀င်ရောက်
Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေး
လေ့ကျင့်ခန်း ပြုလုပ်ရန် အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါ အတွင်း ကိုရီးယား လေကြောင်း ရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိ စစ်ဆင်ရေး ဧရိယာ (AO) အတွင်း ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရင်းအမြစ် များက ပြောကြားခဲ့ ပါသည်။ စစ်ဆင်ရေး ဧရိယာ (AO) အတွင်းသို့ ပြည်ပ ရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု
ပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

http://bit.ly/XDXBth

မြ၀တီ
တရုတ် စစ်သင်္ဘောများသည် ကြိုတင် အကြောင်းကြားမှုမရှိဘဲ ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေး ဇုန် ဖြစ်သော ရေပိုင်နက်အတွင်း ကင်းလှည့်မှုပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး
Monday, March 4, 2013
   
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန်အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရခိုင်ပြည်သူတွေ အလိုရှိတဲ့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျွန်တော်တို့
ဘက်က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်။ ရခိုင်မှာလုပ်ခဲ့တဲ့ ရသေ့တောင် လူထုစည်းဝေးပွဲမှာ ကျွန်တော်တို့ပါတီနှစ်ခု ပူးပေါင်းဖို့ကို အားလုံးက တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာ ပူးပေါင်းဖို့ကို တရားဝင်ဆွေးနွေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပါတီနှစ်ခု ပူးပေါင်းပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကမဆို ပါဝင်သွားမှာပါ'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ''ကျွန်တော်တို့ပါတီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ကော်မတီတစ်ရပ် ဖွဲ့ထားပါတယ်။ သူတို့ဘက်ကနေ အလွတ်သဘောမျိုး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီနှစ်ခု ပူးပေါင်းရေးကို တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးတာမျိုးတွေကို လုပ်ချင်တယ်။ ခုထိတော့ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး'' ဟု ပြောသည်။

အလားတူပင် ''၁၉၉ဝ ရွေးကောက်ပွဲ စစ်တွေမဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသား ပါတီနှစ်ခု ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘဲ လူမျိုးခြားပါတီတစ်ခုက ရွေးကောက်ပွဲ အနိုင်ရသွားခဲ့တဲ့ သာဓကတစ်ခုလည်း ရှိခဲ့တယ်'' ဟု ဦးဦးလှစော က ပြောသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် လာမည့်မတ်လ မကုန်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ထိုသို့ ချင်းပါတီနှစ်ခု ပူးပေါင်းရန် ၂ဝ၁၂ ခုနှစ် မေလကတည်းက ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပူးပေါင်းရန် ၇ဝ ရာခိုင်နှုန်းခန့် အဆင်ပြေနေပြီဖြစ်၍ မတ်လမကုန်မီ အပြီးသတ် ပူးပေါင်းသွားမည်ဖြစ်သည်။

ပါတီအမည်ကို 'ချင်း အမျိုးသား တိုးတက်ရေးပါတီ' ဟု ရည်ရွယ်
ထားကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Eleven Media Group

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန် အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်
Monday, March 4, 2013

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဆာအဲလက် ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ယခုပွဲမတိုင်ခင် နော်ဝစ် အသင်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ကစားထားပြီး အောင်မြင်မှုကို ဆာလောင်နေကြောင်း ပြသထားပါတယ်။ 

အလားတူပဲ မော်ရင်ညိုရဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ဘာစီလိုနာ အသင်းအား ၄ ရက်အတွင်းမှာတင် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး အကောင်းဆုံး ခြေစွမ်းရရှိနေကြောင်း ပြသထားပြန်ပါတယ်။

ပထမ အကျော့မှာတုန်းကတော့ ရီးယဲလ်-မန်ယူ ပွဲရလဒ်ဟာ ၁-၁ နဲ့ ပြီးဆုံးခဲ့ပြီး ဒန်နီ ၀ဲဘက်ရဲ့ ဦးဆောင်ဂိုးကို ရော်နယ်ဒိုက လိုက်လံချေပခဲ့ပြီး ဘာနေဘောင်း ကွင်းထဲရှိ ပရိသတ် ၇ သောင်းကျော်ဟာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကြိုသတင်း

ဒီပွဲမှာ မန်ယူပရိသတ်တွေ မျှော်လင့်နေတဲ့ ဖေးလ် ဂျုန်း ဒဏ်ရာမှ သက်လာလာပြီး ပြန်လည် ကန်နိုင်ဖို့က အသင်းနိုင်ပွဲအတွက် အရေးကြီးနေပါတယ်။ တဖက်အသင်းရဲ့ တိုက်စစ်ကို လိုက်ဖျက်ရာမှာ ထူးချွန်တဲ့ ဂျုန်းစ်ဟာ ပထမပွဲစဉ်တုန်းက ရော်နယ်ဒိုကို အသေကပ် ကစားခဲ့ပြီး လှုပ်မရအောင် လိုက်ကစားခဲ့ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်ရဲ့ အဆိုအရ ဂျုန်းစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်လာပြီး ၀င်ကစားနိုင်လိမ့်မယ်လို့ ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျုန်းစ် မကန်နိုင်လျှင် ဖြစ်နိုင်ချေ ရှိတာကတော့ ပေါ စခိုးလ်၊ အန်ဒါဆင်၊ တွမ် ကလေဗာလေတို့ ၃ ယောက်ထဲမှ တယောက် ၀င်ကန်ရဖွယ် ရှိနေပါတယ်။ အန်ဒါဆင် ခြေစွမ်းဟာ နော်ဝစ်နဲ့ ပွဲစဉ်မှာ အတော်ညံ့နေခဲ့တာကြောင့် ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာဖွယ်မရှိဘဲ ရုန်းအားကောင်းတဲ့ ကလေဗာလေ နေရာ ရဖို့ ရှိနေပါတယ်။ ပေါစခိုးလ် ကတော့ ရီးယဲလ်လို
ပြင်းထန်တဲ့ပြိုင်ဖက်နဲ့ ပွဲစဉ်မျိုးမှာ ပါဝင်လာဖွယ်မရှိဘဲ ပထမ ပွဲတုန်းကလို အရန်မှာတောင် ပါဝင်လာဖွယ် မရှိပါဘူး။

ဖာဂူဆန်ဟာ အလှည့်ကျ စနစ်နဲ့ ကစားသမားတိုင်းကို အခွင့်အရေး
ပေးနေပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေဟာ အဓိက ပွဲစဉ်တွေမှာ ပါဝင်လာတတ်ပါတယ်။ ပထမအကျော့မှာတုန်းက ဘာမှမလုပ်နိုင်ခဲ့တဲ့ ကာဂါဝါဟာ ပရီးမီးယား လိဂ်မှာတော့ ခြေစွမ်းထက်နေပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ
နော်ဝစ် အသင်းကို ၃ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြထား
နိုင်တာကြောင့် ပထမ လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပြန်ပါတယ်။

ပထမအကျော့ လူစာရင်းမှာ အံ့သြဖွယ် ပါဝင်လာခဲ့တဲ့ ဒန်နီ ၀ဲဘက်ဟာ ယခုပွဲမှာပါလည်း ဖာဂူဆန်ရဲ့ နည်းဗျုဟာအရ လိုအပ်နေတာကြောင့်
ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့်လို့
တောင်ပံမှာလည်း အဖျက်နဲ့ တိုက်စစ်ကို ကြံ့ခိုင်မှုအားကိုးပြီး ကစားတတ်တာကြောင့် ဖာဂူဆန်ရဲ့ ၀ှက်ဖဲတချပ် ဖြစ်လာဖွယ်ရှိပြီး ဗလင်စီယာနဲ့ ယန်းတို့ကို ကျော်ဖြတ်ပြီး အရွေးခံရဖို့ များနေပါတယ်။

နော်ဝစ်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး နောက်တန်းမှာ ရာဖေးလ်နဲ့ ဖာဒီနန်တို့ ပြန်လည် ပါဝင်လာဖွယ်ရှိပြီး ဗီဒစ်ဟာ အရန်မှာသာ ပါဝင်လာဖို့ များနေပါတယ်။ ဖာဂူဆန်ရဲ့ အဆိုအရ ဖာဒီနန်နဲ့ ဗီဒစ်တို့ ၂ ဦးကို ယှဉ်တွဲပြီး အသုံးမပြုဘူးလို့ သိရပြီး ဖာဒီနန်အနေနဲ့ ပထမ အကျော့မှာတုန်းက
ခြေစွမ်းပြထားနိုင်တာကြောင့် ဒီပွဲမှာလည်း ပွဲဦးထွက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

(ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ၀ဲယ်ဘက်၊ ကာရစ်၊ ဂျုန်းစ်၊ ကာဂါဝါ၊ ရွန်းနီ၊ ဗန်ပါစီ

ရီးယဲလ် မက်ဒရစ်ရဲ့ ပွဲကြိုသတင်း

ရီးယဲလ် မက်ဒရစ် အသင်းအတွက် အခုအချိန်ဟာ စိတ်ဓာတ် တက်ကြွမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိနေခိုက် ဖြစ်ပါတယ်။ အဓိကပြိုင်ဘက် ဘာစီလိုနာကို ၄ ရက်အတွင်း ၂ ကြိမ်ဆက်တိုက် အနိုင်ရလိုက်မှုဟာ အသင်းသားတွေရဲ့ အနိုင်ရလိုစိတ် ဘယ်လောက် ပြင်းထန်နေသလဲ
ဆိုတာ ပြသလိုက်သလိုပါပဲ။ ကိုပါဒယ်ရေး ဒုတိအကျော့ ပွဲစဉ်ကို ဘာကာကွင်းမှာ ကစားခဲ့ရပေမယ့် ၃ ဂိုး သွင်းယူနိုင်ခဲ့လို လာလီဂါမှာလည်း အိမ်ကွင်း ဘာနေဗျူး မှာ အဓိက ကစားသမားတွေကို အနားပေးပြီး ၂-၁ ဖြင့် အနိုင်ယူထားပါတယ်။

ဒီပွဲမှာ ရီးယဲလ် အသင်းခေါင်းဆောင် ကာဆီးလက် ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အင်္ဂလန်သို့ လာမယ့်လူစာရင်းမှာ ပြန်လည်
ပါဝင်လာပါတယ်။ ဒါပေမယ့် ဇန်န၀ါရီတုန်းက အရေးပေါ် ခေါ်ယူထားတဲ့ ဒီယေဂို လိုးပက် ဟာ လက်မှန်နေတာကြောင့် မော်ရင်ညိုအနေနဲ့ 
ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါ့အပြင် ဘရာဇီးကစားသမား မာဆယ်လို ဟာလည်း ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အားအနိုင်ယူခဲ့တဲ့ အသင်းထဲက ကာကာ၊ အက်ဆီယန်၊ မော်ဒရစ်၊ ပီပီ၊ ကယ်လီဟွန်၊ မိုရာတာတို့ အားလုံးဟာ
အရန်ခုံမှာသာ ထိုင်ရဖွယ်ရှိနေပြီး အနားရထားတဲ့ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ဒီမာရီယာ၊ အိုဇေးလ်နဲ့ ရော်နယ်ဒိုတို့ အားလုံးဟာ ပထမ လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာပါ။

၂ ဖက်အသင်း ဘယ်လိုနည်းဗျူဟာတွေ သုံးမလဲ

လက်ရှိအချိန်မှာ ခြေစွမ်းအကောင်းဆုံး ရရှိနေတဲ့ ရီးယဲလ် အသင်းဟာ ခံစစ်ကို အားပြုကစားပြီး ကောင်တာနဲ့ ထိုးဖောက် တိုက်စစ်ဆင်ကာ ဘာစီလိုနာ အသင်းအား အနိုင်ယူထားတဲ့ နည်းဗျူဟာကိုသာ ဆက်လက် အသုံးပြုဖွယ်ရှိနေပြီး မန်ယူအသင်းရဲ့ အားနည်းတဲ့ တောင်ပံ ခံစစ်တွေကို
ရော်နယ်ဒိုနဲ့ ဒီမာရီယာရဲ့ လျှင်မြန်မှုတွေနဲ့ ထိုးဖောက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းမှာလည်း တလုံးဆိုတလုံး ဂိုးသွင်းသေချာတဲ့ ဗန်ပါစီ ရှိနေခြင်းဟာ အားသာချက်ဖြစ်နေပြီး ဒုတိယပိုင်းမှာ လူစားလဲ ၀င်လာနိုင်တဲ့ ဂစ်နဲ့ ယန်းတို့ရဲ့ တိုက်စစ်ဟာလည်း ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မန်ယူ အသင်းရဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ပိုမိုထက်မြက်လေ့ရှိတာကြောင့် မန်ယူအသင်းဟာ နောက်တဆင့်
တက်ဖို့ နှာတဖျားသာနေပါတယ်။ 

အလားတူ ဂိုးသွင်းအား တက်နေတဲ့ ရီးယဲလ်အသင်းဟာလည်း မော်ရင်ညိုရဲ့ မထင်မှတ်တဲ့ နည်းဗျုဟာတွေနဲ့ ချန်ပီယံလိဂ်ကို အတင်းအားသွန် ကစားနေတာကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေသာမက
ဘောလုံးပရိသတ် အားလုံး နှစ်ခြိုက်မယ့် ပွဲစဉ်တခု ဖြစ်စေမှာပါ။

ပွဲချိန်

မန်ယူ – ရီးယဲလ် မက်ဒရစ်
မြန်မာစံတော်ချိန် မတ် ၅ ရက် အင်္ဂါနေ့ည (၂း၁၅)

ဆောင်းဦးလင်း
ဧရာဝတီ

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

နှစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အိတ်ခ်ျအိုင်ဗွီကို ပထမဆုံးအကြိမ် ကုသပျောက်ကင်းခဲ့ကြောင်း သုတေသန ပညာရှင်များ ပြောကြား




အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်
Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ပထမနှစ် မိုဘိုင်းလေးသန်းတိုးချဲ့စီမံကိန်းပြည့်မှီဖို့အတွက် လူတိုင်းလက်လှမ်းမှီနိုင်မယ့် ဈေးနှုန်းနဲ့မိုဘိုင်းဖုန်းတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်။ ဈေးနှုန်းကတော့ အတိအကျအတည်မပြုရသေးတဲ့အတွက် လောလောဆယ် ပြောလို့မရသေးပါဘူး။ သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့အတိုင်း ဧပြီ ၁ ရက်ကို ရောင်းချနိုင်ဖို့ မှန်းထားပါတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

မိုဘိုင်း တိုးချဲ့ စီမံကိန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်း တာဝါတိုင်စခန်းပေါင်း ၁၅၀၀ ကျော်တည်ဆောက်ပြီးပြီလို့ဆိုပါတယ်။ ပထမနှစ်စီမံကိန်းအတွက် လက်ရှိမှာ မိုဘိုင်းတိုးချဲ့အလုံးရေ ၂.၃ သန်းအထိ ချပေးထားပြီး ဖြစ်တယ်လို့ဆိုတယ်။ ထပ်မံရောင်းချပေးမယ့် မိုဘိုင်းဖုန်းတွေကတော့ သရီးဂျီမိုဘိုင်းအမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းဆင်းကတ်အရောင်းကို ခေတ္တရပ်နားထားတယ်
လို့သိရပါတယ်။

The Modern News Journal

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်း ချပေး မယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ဖင်လန်က မြန်မာဖွံ့ဖြိုးရေးအတွက် ယူရို ၆ သန်းခွဲ ကူညီမည်


တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၆သန်းခွဲ (အမေရိကန်ဒေါ် လာ ၈ သန်းခွဲခန့်) အကူအညီပေးသွားမည်ဟု ဖင်လန်နိုင်ငံ သမ္မတ က ပြောကြားလိုက်သည်။

လယ်ယာမြေများအား မတ်လကုန် နောက်ဆုံးထား မှတ်ပုံတင်ရမည်ဟု သတ်မှတ်ခြင်းမှာ ကုမ္ပဏီကြီးများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းဟု ဝေဖန်မှုများ ရှိလာပြီးနောက် သတ်မှတ်ကာလတိုးမြှင့်




လယ်ယာမြေသိမ်းယူမှု ပြဿနာများအား ဖြေရှင်းမှုမပြုနိုင်မီ လယ်ယာမြေမှတ်ပုံတင် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မတ်လကုန်အပြီးမှတ်ပုံတင်စေခြင်းမှာ သိမ်းယူထားသည့်ကုမ္ပဏီကြီးများအား ပိုင်ဆိုင် ခွင့် ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် လယ်ယာမြေ မှတ်ပုံတင်ကာလအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်အထိ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့က သိရှိရသည်။

မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို

Photo: မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု 
ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို
Monday, March 4, 2013

ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ်
ဆရီက မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆု
ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

အာထစ်ဆရီ သည် မြန်မာ၏ပြုပြင်ပြောင်းလဲရေးသမ္မတ
ဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ်ဆင်ကီတွင် တွေ့ ဆုံ
ခဲ့ပြီးနောက် ဤသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် ဟယ်ဆင်ကီသို့ ရောက်ရှိစဉ် ဖင်လန် အစိုးရက မြန်မာအားဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို
၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။

ယခင်က ဖင်လန်သမ္မတအဖြစ်လည်း တာဝန်ယူခဲ့သူ
နိုဗယ်ဆုရှင် မစ္စတာအာထစ်ဆရီ က မြန်မာအစိုးရသည်
၎င်းတို့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမို ကရေစီအသွင်ကူးပြောင်းရေးများ ပြီးပြည့်စုံအောင်မြင် သွားပါက နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အရေးပါသည့်
ဆန်ကာတင်စာရင်းဝင် ဆုရှင်ဖြစ်လာနိုင်သည်ဟု ယုံကြည်
ကြောင်း ပြောသည်။

အာထစ်ဆရီ ကိုယ်တိုင်လည်း ၂၀၀၈ အတွက် ငြိမ်ချမ်းရေးနိုဗယ်ဆုကို နိုင်ငံတကာပဋိပက္ခများစွာ၌ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် ခဲ့မှုကြောင့်
ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက မြန်မာအစိုးရသည် သမ္မတဦးသိန်းစိန်၏ လက်
အောက်၌ “ဥပမာအားဖြင့် ကြားဖြတ်အစိုးရ တစ်ရပ်က လုပ်ဆောင်သည်ထက် ပိုမြန် သည့် ရလဒ်များကို
လျင်မြန်စွာရခဲ့ကြောင်း ” အသိအမှတ်ပြုပြောကြားသည်။

ယင်းပြင်၎င်းက သမ္မတ ဦးသိန်းစိန်အားလည်း တိုင်းပြည်ကို အသွင်ပြောင်းလဲရေး အားထုတ်မှုများ ဆက်လက်လုပ်ဆောင်
သွားရန်နှင့် အပြောင်းအလဲသည် အတွင်းမှသာလာကြောင်း
ပြောဆိုခဲ့သည်။

ဖင်လန်သမ္မတ ဆော်လီ နင်နစ္စတိုသည် မြန်မာသမ္မတနှင့်
သောကြာနေ့ က တွေ့ ဆုံခဲ့ပြီးနောက် မြန်မာသို့ ဖွံ့ ဖြိုးရေး
အကူအညီ ယူရို ၆ ဒဿမ ၅ သန်းပေးရန် ကြေငြာခဲ့သည်။

ယင်းနောက် မြန်မာသမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲ၌ ၎င်းက “ဖင်လန်ဟာ မြန်မာကို ပူးပေါင်းသွားဖို့ 
ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေး တိုးတက်ဖို့ ခြေလှမ်းတွေလည်း စတင်ခဲ့ပါပြီ”ဟု ပြောကြားသည်။

သံတမန်ရင်းမြစ်များ၏ အဆိုအရ ဖင်လန်၏ထောက်ပံ့ရေး အကူအညီများသည် မြန်မာသို့ ၂၀၁၄ မှ ၂၀၁၆ အတွင်း
ပေးအပ်သွားမည်ဟု သိရသည်။

Ref: AFP
The Myanma Age


ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆုဆွတ်ခူးနိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE
------------------------------------------------

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။

အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သား နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက် အလက်တွေကို အလိုအလျောက် ဖျက်ဆီး သွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။

ဒါကြောင့် myIDkey ကို ကမ္ဘာ့ အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ် လိုက်ကြောင်း သိရပါတယ်။

Ref: gadgets
From : Yoyarlay

http://bit.ly/15qhmry

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။
အသံနဲ့မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ ရတာ မျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေ ရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမကခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလို အလျောက်ဖျက်ဆီးသွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ 

မတ် ၄ ရက်၊ ၂၀၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ဒေါ်လာ သန်း ၄၅၀ ပေးမယ့် အစီအစီအစဉ်ထဲက ဒေါ်လာသန်း ၁၉၀ ကို အမေရိကန်က ချက်ချင်းပေးမှာဖြစ်တယ်လို့ အီဂျစ်ကို
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးရောက်ရှိခဲ့တဲ့ ဝန်ကြီး ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက စွန့်ဦးတီထွင်သူတွေနဲ့ လူငယ်တွေကို အားပေးကူညီဖို့ အမေရိကန်အစိုးရ က နောက်ထပ် သန်း ၆၀ ထောက်ပံ့မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ ဘဘောထားကွဲမှုတွေ ကြီးကြီးမားမားရှိနေတဲ့ အီဂျစ်နိုင်ငံ တည်ငြိမ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပါမယ်လို့ သမ္မတမော်စီက အာမခံခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ ၄.၈ ဘီလျံ အကူအညီပေးရေးအတွက် လနဲ့ချီ သဘောတူမှု မရနိုင်သေးတာကို အပြီးသတ် သဘောတူညီမှုရရှိအောင်လုပ်ပါမယ်လို့လည်း အီဂျစ်သမ္မတ မော်စီက ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းတုန်းကတော့ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား အထိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ Port Said မြို့မှာလည်း အလားတူ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီ အာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

မတ် ၄ ရက်၊ ၂၀၁၃

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိ သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့ မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

Sunday, March 3, 2013

စစ်တွေ အိုးတန်း ရပ်ကွက်မှ တိုက် အိမ် ပိုင်ရှင် ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြ ခံရ

Photo: စစ်တွေ အိုးတန်းရပ်ကွက်မှ တိုက်အိမ် ပိုင်ရှင် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ ခံရ
March 2, 2013

စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

sittwe“ သူတို့ အိမ်ရှေ့ကို ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး သွားဆန္ဒပြကြတယ်။ ၂ ကြိမ်ပြပါတယ် ခင်ဗျား။ ပြရတဲ့ အကြောင်းက အိုအိုင်စီ လက်အောက်ခံ အဖွဲ့တွေကို သူတို့ပိုင်တဲ့ လေးထပ်တိုက် အဆောက်အဦးကို ဌားရမ်းတဲ့ အပေါ် မကျေနပ်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ဆန္ဒပြခံရသည့် တိုက်ပိုင်ရှင်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေသာလမ်းမှ ဦးစံရွှေအောင် ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူ လူ ၁၀ ဦးခန့်သည် ဖေဖေါ်ဝါရီလ ၂၈ ရက် ညနေ ၇ နာရီခန့်တွင် ဦးစံရွှေအောင် တိုက်ရှေ့သို့ သွားရောက်ပြီး စုဝေး ဆန္ဒပြခဲ့ကြပြီး အိုအိုင်စီ လက်အောက်ခံ တူရကီ အန်ဂျီအို တစ်ခုအား ဦးစံရွှေအောင်ပိုင် လေးထပ်တိုက်အား ဌားရမ်းမူကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက်ကလည်း ရဟန်းသံဃာတော်များ အပါအ၀င် လူပေါင်း ၅၀ ခန့်က အဆိုပါ တိုက်ရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး တူရကီ နိုင်ငံမှ အန်ဂျီအိုအား တိုက်ဌားရမ်းထားခြင်းကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

“ တိုက်ပိုင်ရှင် ပြောတာကတော့ ဆက်မဌားတော့ဘူး။ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုမူကို နံနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ ရုတ်သိမ်းလိုက်ပါတယ်” ဟု ဆိုသည်။

ယခုအခါ အနောက်နိုင်ငံ အန်ဂျီအိုများ အပါအ၀င် အိုအိုင်စီ အဖွဲ့ဝင် နိုင်များ ဖြစ်ကြသော တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှ အန်ဂျီအို များသည် ရခိုင်ပဋိပက္ခ အလွန်ကာလတွင် လူ့အခွင့်အရေးဆိုင်ရာ စာနာမူ အကူအညီများ ပေးအပ်ရန် ဟု အကြောင်းပြကာ ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်နေကြသည်ဟု ဆိုသည်။

ထိုအထဲမှ အန်ဂျီအို တချို့မှာ လူ့အခွင့်အရေးကို အကြောင်းပြပြီး နောက်ကွယ်တွင် နိုင်ငံရေး ပယောဂ မကင်းသော အလုပ်များကို ဆောင်ရွက်နေသည့် အပြင် ဘက်လိုက်မူများ ရှိနေသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှ အဆိုပါ နိုင်ငံခြားမှ အန်ဂျီအိုများကို ရခိုင်ပြည်နယ်ထဲတွင် ရပ်တည်ခွင့် ပြုရန် မလိုလားကြဟု သိရသည်။
နိရဉ္စရာစစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

Saturday, March 2, 2013

တောင်သူ လယ် သမားနေ့ ပြောင်းလဲ သတ်မှတ်နိုင်ရေး တောင်းဆိုမည်

Photo: တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်
saturday, March 2, 2013

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုရခြင်းမှာ လက်ရှိသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ မတ်လ ၂ ရက်နေ့သည် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနိုင်ငံအား အာဏာသိမ်း သည့်နေ့ဖြစ်သည့်အတွက် ယင်းမတ်လ ၂ ရက်နေ့အစား ဆရာစံဦးဆောင်သော တပ်ဖွဲ့ဝင်များ အင်္ဂလိပ်အား တိုက်ခိုက် အောင်နိုင်သည့်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ် မှတ်ပေးဖို့အတွက် တောင်းဆို သွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်အောင် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက်၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့သားကောင်း မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေး အတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့ချုပ် က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

တရုတ် နယ်စပ် က ကိုယ်ထူ ကိုယ်ထ အမျိုး သမီးများ

Photo: တရုတ်နယ်စပ်က ကိုယ်ထူကိုယ်ထ အမျိုးသမီးများ

Saturday, March 2, 2013


တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့က ဆေးစွဲနေကြသဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်။

နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ဒေသဖြစ်သည်။ 

အမျိုးသားတို့က မူးယစ်ဆေးမျိုးစုံကို စွဲလန်းသည့် အဆင့်ရောက်သွားပြီးနောက် ခိုးဝှက်မူ တနေ့တခြား များပြားလာခြင်းကို မခံနိုင်သည့် မိခင်များ စုပေါင်းကာ မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအသင်းကို လွန်ခဲ့သည့် ၇ လက ဖွဲ့စည်းခဲ့သည်။

“အင်တိုက်အားတိုက် လုပ်လာတာ .... ခုဆိုရင် တော်တော်လျော့ပါးသွားပါပြီ။ ၆၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု အဖွဲ့အတွင်းရေးမှူး ဒေါ်အက်စတာက ပြောသည်။

ပေါ်ပေါက်လာသည့် အမေများ၊ အစ်မများအဖွဲ့သည် အုပ်စုလိုက် ရွာစဉ်လှည့်ပြီး ဆေးသုံးစွဲသူများ၊ ရောင်းချသူများကို ရှာဖွေကာ မူးယစ်ဆေး သိမ်းယူခြင်း၊ ပညာပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပထမအဆင့် ပညာပေးခြင်း၊ ဒုတိယအဆင့် သတိပေးခြင်း စသည့် နည်းများ အသုံးပြုကာ ဆောင်ရွက်နေကြပြီး တတိယအဆင့်မှာ အာဏာပိုင်တို့၏ ဖမ်းဆီး အရေးယူခြင်း ဖြစ်သည်။

၂၀၁၂ - ၂၀၁၅ အတွင်း မုံးပေါ်ဇုံ တ၀ိုက်တွင် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြောင်း၊ 
သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မုံးပေါ်ဈေးအနီး လူမြင်ကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ပညာပေးမှု အစီအစဉ်တွင် ပြဇာတ်၊ သီချင်း သီဆိုကပြသည့် နည်းလမ်းကိုလည်း အသုံးပြုသည်ဟု ဆိုသည်။ 

အောင်မြင်မှုများ ရှိသော်လည်း အားမရသည့်အပိုင်းလည်း ရှိသည်ဟု အမျိုးသမီးများက ပြောသည်။

ယင်းမှာ ယခုနှစ်အတွင်း ဒေသခံ ပြည်သူစစ်တို့ ပူးပေါင်း ဆောင်ရွက်လိုမှု နည်းပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပြည်သူ့စစ် ဆိုသည်မှာ အာဏာပိုင်တို့ အသိအမှတ်ပြုထားသော ဒေသခံ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

“မနှစ်တုန်းကလောက် တက်တက်ကြွကြွ မရှိကြတော့ဘူး။ သူများအိမ်တွေ ၀င်ရှာရတာ ဆိုတော သူတို့ပါတော့ အဟန့်ကောင်းတယ် ” ဟု 
မူးယစ်ဆေး တိုက်ဖျက်ရေးအသင်းတွင် ပါဝင်သူတဦးက ပြောသည်။



လဖိုင် တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့ က ဆေးစွဲနေကြ သဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ် ထ ဆောင်ရွက်နေကြသည်။

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ

Photo: ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ
Saturday, March 2, 2013

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော်ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ 
၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ပြသခြင်းဖြစ်ပြီး ဂျပန်၊ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့်
အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မှု ဖြင့် 
် ပြုလုပ်ခြင်းဖြစ်သည်။ 

Popular Myanmar News Journal
ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော် ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ ၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန် လည် ပြသ ခြင်းဖြစ်ပြီး ဂျပန်၊ ထိုင်း၊ တရုတ်၊ တောင်ကို ရီးယား၊ အိန္ဒိယနှင့် အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် မှု ဖြင့်  ပြုလုပ်ခြင်းဖြစ် သည်။

Popular Myanmar News Journal

MLTR အဖွဲ့၏ဖျော်ဖြေပွဲကို ယခု ၃၁ ရက်တွင် ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်၌ပြုလုပ်မည်

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ MLTR အဖွဲ့၏ တေးသီချင်းများကို ကိုယ်တိုင်သီဆို၊ ကခုန်ကာ ဆဲလ်ဖုန်းသို့မဟုတ် ဒစ်ဂျစ်တယ်ကင်မရာဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုများဖြင့် အခမဲ့လက်မှတ်အပါအ၀င် အခြားသော ကံစမ်းမဲများကို ကံစမ်းခွင့်ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Friday, March 1, 2013

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

မတ် ၁ ရက်၊ ၂၀၁၃

          အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်း ကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်” ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာ မည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ ကို ဆောင် ရွက်မည်ဖြစ်သည်။

From :  popular

အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

မတ်လ ၁ ရက်၊ ၂၀၁၃

KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး  ဒီကနေ့  မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ICRC အဖွဲ့ဟာ လိုင်ဇာမြို့မှာရှိတဲ့ ဆေးရုံနှစ်ရုံကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းလေးခုရှိပြီး ဒုက္ခသည် ၂ သောင်းကျော်ရှိပါတယ်။

အခုခရီးစဉ်မှာ အဓိကအားဖြင့် ဆေးပစ္စည်း အကူအညီတွေပေးခဲ့တယ်လို့ ရန်ကုန် ICRC ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်အုန်းက ပြောပါတယ်။

"ဒီနေ့မှ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်ခွာလာတာပါခင်ဗျ၊ ICRC အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒဏ်ရာရတဲ့သူ၊ ဖျားနာတဲ့သူတွေကို ကုပေးနေတဲ့ဆေးရုံတွေကို ခွဲစိတ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲလိုဖြန့်ဝေတဲ့နေရာမှာ အစိုးရဆေးရုံတွေရော KIA နယ်ထဲမှာရှိတဲ့ ဆေးရုံတွေပါ ဖြန့်ဝေပေးခဲ့ပါတယ်"

အဲဒီအဖွဲ့မှာ ဘယ်ဂျီယမ်နိုင်ငံသား မစ္စတာ Dominate R Bun ခေါင်းဆောင်ပြီး နိုင်ငံခြားသား ၄ ဦး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၉ ဦး လိုက်ပါသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်လာခဲ့ပြီး မြို့အဝင် မိုးနဲချောင်းဘေးမှာ နေရာယူထားတဲ့ အစိုးရစစ်တပ်က လုံခြုံရေး တာဝန် မယူနိုင်ဘူးလို့ ပြောဆိုတာကြောင့် လှည့်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ လိုင်ဇာမြို့ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

RFA
KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

Thursday, February 28, 2013

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် 
ကာလအတွင်း အသံချဲ့စက်များ မဖွင့်ရန် ညွှန်ကြားချက်ထုတ်ပြန်
Thursday, February 28, 2013
    
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန်ထားသည်ဟု ရန်ကုန်တိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့် အချိန်ကာလအတွင်းစာမေးပွဲ
ဖြေဆိုမည့်ကျောင်းသားများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အသံချဲ့စက်များဖွင့်ခြင်းနှင့် ဆူညံခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ယင်းညွှန်ကြားချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့ အကြောင်းကြားထားပြီးဖြစ်ပြီး မြို့နယ်မှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်များသို့ အကြောင်းကြားမည်
ဖြစ်ကာ လိုက်နာမှုမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ မတ်လ ၁၃ ရက်နေ့တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအတွင်း၌ အသံချဲ့စက်များ မဖွင့်ရန်နှင့် ဆူညံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်ကို ယခင်နှစ်ကအတိုင်း ထုတ်ပြန် ထားသည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာ သူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

ရက်ပေါင်း ၅၀၀ ကျော် ကြာမြင့်မည့် ယင်းသမိုင်းဝင် ခရီးစဉ်အား ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားပြီး အသက် ၇၂ နှစ် ရှိနေပြီဖြစ်သည့် သူကြွယ်ကြီးသည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားရောက်ရန် နာဆာမှ စီစဉ်ထားသည့် ၂၀၃၀ အထိ အသက်ရှည်ပြီး ကိုယ်တိုင်မြင်တွေ့ခွင့် မရရှိမည်ကို စိုးရိမ်သဖြင့် ယင်း၏ ကုမ္ပဏီ Inspiration Mars က ဤခရီးစဉ်အား စီစဉ်နေခြင်းဖြစ်သည်။ 

ယခုခရီးစဉ်သည် “return fly-by” ခေါ် အနီးကပ် ပျံသန်းမှုသာ ပါဝင်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည် မဟုတ်ပေ။ ထို့အပြင် ခရီးစဉ်တွင် လိုက်ပါမည့် ဇနီးမောင်နှံသည် ရက်ပေါင်း ၅၀၀ ခန့်အား ၁၄ ပေ x ၁၂ ပေ သာ ကျယ်ဝန်းသည့် Dragon အာကသယာဉ်ထဲ၌ အတူအကွ အချိန်ဖြုန်းရမည် ဖြစ်သည်။ ယင်းတို့ ၂ ဦးအတွက် အစာရေစာနှင့် ရိက္ခာ ၁ တန်ကျော် သယ်ဆောင်သွားမည်ဖြစ်သည်။

Mr. Tito က “ဇနီးမောင်နှံ စုံတွဲကို စေလွှတ်ဖို့ ရည်ရွယ်ရတာကတော့ ဒီလိုရှည်လျားပြီး ခက်ခဲကြမ်းတမ်းတဲ့ အာကာသ ခရီးစဉ်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ပိုင်း၊ လူပိုင်း အထောက်အပံ့ ပေးနိုင်မှာမို့လို့ပါ။ လင်မယားဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ နားလည်နိုင်မှာပေါ့ဗျာ။” ဟု ဆိုခဲ့သည်။ 

ယခုခရီးစဉ်အတွက် ကုန်ကျစရိန်မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိနိုင်ပြီး ရန်ပုံငွေအား တီဗီလိုင်စင် အခကြေးငွေများနှင့် နာဆာသို့ အချက်အလက် ရောင်းချခြင်းတို့မှ တစ်စိတ်တစ်ပိုင်း ရှာဖွေမည်ဖြစ်ပြီး ကျန်ကုန်ကျစရိတ်အား Mr. Tito က ကျခံမည်ဖြစ်သည်။ 
---
Illustration: Inspiration Mars. All Rights Reserved.

၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော အာကာသခရီးသည်အဖြစ် မှတ်တိုင်ထူခဲ့သည့် မီလီယံနာသူကြွယ်ကြီး Dennis Tito သည် အင်္ဂါဂြိုဟ်သို့ ပထမဆုံးသော လူသားခရီးစဉ်အဖြစ် သွားရောက်ရန် ဇနီးမောင်နှံ စုံတွဲတစ်တွဲအား ရှာဖွေလျက်ရှိသည်ဟု သိရှိရသည်။

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို

KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ကချင်ခေါင်းဆောင်များမှ ပပျောက်စေလို
Thursday, February 28, 2013

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်
ပြောဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များအကြား သေဒဏ်ပေးမှုကို ယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်ကာလအတွင်း အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်  ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင်(၄၂)ဦး ကို သေဒဏ်အပြစ် ပေးရန် ဆုံးဖြတ်ထားကြောင်း လိုင်ဇာမှ လာသည့် သတင်းများအရ သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ် စစ်ဆင်ရေးအစည်းအဝေး၌ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း  KIA အရာရှိ တစ်ဦးမှ
ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ် မကြာခဏ ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလည်း လိုင်ဇာဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ရ၀မ်လူမျိုး(၂)ဦးအား အစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင် ရန် အခြားတပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့ကြောင်းကိုလည်း သိရသည်။

KIA  တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ပေးနေခြင်းနှင့်
ပတ်သက်၍ ကချင် တိုင်းရင်း သား လူမျိုးစု ခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်း သိရှိရသည်။

KIA တပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သော လဂျားယန်ဒေသ
စစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊  လိုင်ဇာမြို့အား ထိန်းချုပ်ထားနိုင်သော အရေးကြီးတောင်ကုန်းများမှာ အစိုးရစစ်တပ်
လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့်ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းကာ အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့်ဖြစ်စဉ် အများအပြား
ရှိလာကြောင်းကိုလည်း သိရသည်။

နော်ဒင်-လိုင်ဇာ
Myit Makha Mediagroup

ကချင်လူမျိုးများအတွက် အရေးကြီးနေချိန် ပြင်းထန်သော ပြစ်ဒဏ်များ မပေးသင့်ကြောင်း ကချင်ခေါင်းဆောင်အချို့မှ ၀ိုင်ဝန်းကန့်ကွက်  ပြော ဆိုခဲ့ကြသဖြင့် KIA အဖွဲ့ဝင်များ အကြား သေဒဏ်ပေး မှုကို ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

မြန်မာနိုင်ငံအတွက် ပထမဆုံးကိုယ်ပိုင် ဂြိုလ်တု လွတ်တင်ဖို့ ဂျပန်ကူညီ

27 February 2013

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အများကြီးအထောက် အကူဖြစ်လာမှာပါ 

Earth Observation Satellite လို့ခေါ်တဲ့ ကမ္ဘာမြေပြင် လေ့လာရေးဂြိုလ်တု လွှတ်တင်ပြီးရင် အရင်လို အခြားနိုင်ငံ ဂြိုလ်တုတွေကနေ တဆင့်ခံ သုံးစရာမလိုတော့ဘဲ သတင်း အချက် အလက်တွေကို အဲ့ဒီဂြိုလ်တု က တိုက်ရိုက်ယူပြီး အသုံးချနိုင်မှာဖြစ် ပါ တယ်။

ဒီဂြိုလ်တုကိုမြန်မာနိုင်ငံက အားလုံးပိုင်မှာ မဟုတ်ပေမယ့် မြန် မာနိုင်ငံ အတွက် ပထမဆုံးတိုက်ရိုက် သုံးနိုင်တဲ့ ဂြိုလ်တု ဖြစ်ပါတယ်။

 မြန်မာနိုင်ငံက လိုအပ်ချက်တွေကို ထောက်လှမ်းဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဂြိုလ်တုထဲမှာ ထည့်ပြီးမှ လွှတ်တင် မှာဖြစ်လို့  ဒီဂြိုလ်တုကနေ မိုးလေ၀သ အပြင် အခြားသတင်းအချက် အလတ်တွေပါ ရနိုင်တယ်လို့ ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနဲ ဇလဗေဒ ဌာနဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ရှင်းပြပါတယ်။

အခုဂျပန်ကျွမ်းကျင်သူတွေ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ပြီး လေ့လာ မှုတွေ ဆောင် ရွက်ပြီး ပါပြီ။ မြန်မာနိုင်ငံက ၀န်ထမ်းတွေကို ဒီဂြိုလ်တု အသုံးပြုပုံနှင့် ပတ်သက်ပြီး ဂျပန်ကိုခေါ်ပြီး သတင်းပို့ချပေးဖို့ ရှိပါတယ်။ 

ဒီဂြိုလ်တု အသုံးပြုကို ခုလာမယ့် ဘဏ္ဏာနှစ်သစ် အတွင်း လွှတ်တင်မှာ ဖြစ် တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနမှ သတင်းရရှိပါသည်။

Posted From Royal Hero Media

ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာမြေပြင် လေ့ လာရေး ဂြိုလ်တု တခု ၂၀၁၃-၂၀၁၄ မှာ လွှတ်တင်ဖို့ စပြင်နေပါ တယ်။ ဂြိုလ်တုလွှတ် တင်ပြီးရင် မြန်မာနိုင်ရဲ့ စိုက်ပျိုးရေး၊ ဓာတ်သတ္တု ရှာဖွေရေး အပြင် သစ်တော့ပြုန်းတီးမှု လေ့လာတာနဲ့ ဆောက်လုပ်ရေး

ရေဘားလို အသုံးပြု ရမည့် USB TAP

ရေဘားလို အသုံးပြု ရမည့် USB TAP

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံး ဘယ်ပစ္စည်း မျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေ လိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်း ရမယ် ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲ လှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏ ကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထား တာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

Ref: enGadget
Aung Kham (TSJ team)
From : Techspace

http://bit.ly/YyTNqq

i Tap လို့ခေါ် ပါတယ်။ မီးခုလုတ်ထဲ ထိုးလို့အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုးသုံးဘယ်ပစ္စည်း မျိုးကို မဆိုအားသွင်းလို့ရမှာ ဖြစ်ပါတယ်။

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ရေကာတာ လုံးဝမရှိသေးသော သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဟု သိရ

ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၃

သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါစီမံကိန်းများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်ခန့် အကွာတွင် အထက်သံလွင် (ကွမ်းလုံ) ၁၄၀၀ မဂ္ဂါဝပ်စီမံကိန်း၊ တန့်ယန်းမြို့နယ် တာဆန်းလျှံကျေးရွာ အနီးတွင် နောင်ဖ ၁၀၀၀ မဂ္ဂါဝပ် စီမံကိန်း၊ မိုင်းမောမြို့နယ် မန်တောင်ကျေးရွာ အနီးတွင် မန်တောင် ၂၀၀ မဂ္ဂါဝပ်စီမံကိန်း၊ ရှမ်းပြည်နယ်တောင် ပိုင်းမိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အကြားတွင် အထက်သံလွင် (မိုင်းတုံ) ၇၁၁၀ မဂ္ဂါဝပ်စီမံကိန်း၊ ကယားပြည်နယ် ဘော်လခဲမြို့ ရွာသစ်ကျေးရွာအနီးတွင် ရွာသစ် ၄၀၀၀ မဂ္ဂါဝပ်စီမံကိန်းနှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏အောက်ဘက် ၂၉ မိုင်အကွာတွင် ဟတ်ကြီး ၁၃၆၀ မဂ္ဂါဝပ်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း ခြောက်ခုစလုံးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ ၅ ခုနှင့် တိုင်းရင်းသားကုမ္ပဏီများဖြစ်သော Goldwater Resoures Ltd.၊ International Group of Entrepreneurs Co., Ltd.(IGOEC)၊ Shwe Taung Hydropower Co.,Ltd တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အထက်သံလွင် (မိုင်းတုံ)နှင့် ဟတ်ကြီးစီမံကိန်းတို့တွင် တရုတ်ကုမ္ပဏီများအပြင် ထိုင်းနိုင်ငံမှ EGAT International (EGATi) မှလည်း ပါဝင်မည်ဖြစ်သည်။

အထက်သံလွင် (ကွမ်းလုံ) နှင့် ဟတ်ကြီးစီမံကိန်းတို့သည် MOU/MOA ရေးထိုးထားပြီး EIA/SIA Report များ ဆောင်ရွက်ထားကြောင်း၊ ကျန်စီမံကိန်းများမှာ MOU ရေးထိုးထားကာ စီမံကိန်းဆိုင်ရာ EIA/SIA လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် JVA အဆင့်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ အနည်းဆုံးဖြစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊ စီမံကိန်းအပေါ် ဒေသခံပြည်သူတို့၏ သဘောဆန္ဒများ ရယူ၍ နားလည်လက်ခံမှု၊ ပူးပေါင်းပါဝင်မှုများဖြင့် စီမံကိန်း အကောင်အထည်ဖော်ခြင်း၊ သဘောဆန္ဒနှင့်အညီ ပြောင်းရွှေ့နေရာချထားခြင်း စသည့်အချက်များအား ဆောင်ရွက်ရန် သဘောထားမှတ်ချက် ပြုထားသည်။

သံလွင်မြစ်မှာ ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုရှုခင်းအဖြစ် သတ်မှတ်ထားသည့် ရေကာတာမရှိသေးသော မြစ်တစ်စင်းလည်း ဖြစ်သည်။

 http://www.news-eleven.com/
သံလွင်မြစ်ပေါ်တွင် B.O.T စနစ်ဖြင့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ် ခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

Wednesday, February 27, 2013

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား

Photo: မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ပြောကြား
Wednesday, February 27, 2013

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

"ရဲတပ်ဖွဲ့တွေအနေနဲ့ ရာဘာဒုတ်နဲ့ ခုခံကာကွယ်ခဲ့ တဲ့အတွက် တပ်ဖွဲ့ဝင်တွေ ဒဏ်ရာ အများအပြား ရရှိခဲ့တယ်။ဒေသခံတွေက အရမ်း ကြမ်းလာတဲ့ အတွက် လက်နက်သုံးခဲ့တယ် ဆိုပေမယ့် ရာဘာကျည်
လေးတောင့်နဲ့ ခဲကျည် တစ်တောင့်သာ အသုံးပြု ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပစ်တဲ့ ခဲသီးက တစ်ယောက်ရဲ့ ပါးစပ်မှန်ပြီး နောက် တစ်ယောက် လက်မောင်းကို မှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြတယ်။ ဒေသခံများ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရင် ခြောက်လှန့် ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှ မပြုလုပ်ပါဘူး" ဟု ဦးထွန်းမင်းက ပြောပါသည်။

"ဒီဒေသခံတွေက ငါးကန်တွေကို ဖောက်ချတယ်။ ငါးတွေဖမ်းတယ်။ 
ကုမ္ပဏီ ၀န်ထမ်း တွေကို ရန်ရှာတဲ့ အတွက် ကုမ္ပဏီ ၀န်ထမ်းတွေ 
ထွက်ပြေး ကြရတယ်။ ဖေဖော်ဝါရီလ ၂၅ရက်နေ့က အရမ်း ကြမ်းလာတဲ့ အတွက် ဖေဖော်ဝါရီလ ၂၆ရက်နေ့ မွန်းလွဲ တစ်နာရီမှာ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရခြင်း ဖြစ်တယ်။ အဲဒီလို ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပေ မယ့်
ဒေသခံတွေက လိုက်နာခြင်း မရှိတဲ့အတွက် သက်မှတ်ထားတဲ့ နေရာက ဖယ်ပေးဖို့ နှစ်ကြိမ် သတိပေးခဲ့တယ်။ ဒေသခံရွာ သူ ရွာသား တွေကို လည်း ခေါ်ပြီး ညှိနှိုင်းခဲ့ပေမယ့် သူတို့ရဲ့ တောင်းဆိုချက်က လယ်မြေတွေကို ခုချက်ခြင်း ပြန်ပေးပါဆိုတဲ့အတွက် ဘယ်လိုမှ လိုက်လျော မပေးနိုင်တဲ့ အတွက်ကြောင့် ဒေသခံတွေက ဒုတ်တွေ ဓားတွေ နဲ့ ဂျင်ကလိတွေ ကိုင်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ၀င်ရောက် အကြမ်းဖက်ခဲ့တယ်”ဟု ဦထွန်းမင်းက ဆိုပါသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက်
ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ 
နံနက် ၉ နာရီအချိန်က သေဆုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးရုံကို ရောက်လာတဲ့ လူနာအားလုံးကို ဆေးကုသ
ပေးပါတယ်။ အဲဒီဘက်မှာ ဖြစ်တဲ့ ကိစ္စတွေကို ကြားကတည်းက ဆေးရုံမှာ လူအင်အားစုပြီး တပ်လှန့်ထားပါတယ်။ ဓာတ်ခွဲခန်းတွေ ခွဲစိတ်ခန်းတွေ အဆင်သင့် ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေး အဖွဲ့တစ်ဖွဲ့နဲ့ အရေးပေါ် လူနာတင်ယာဉ် ကားတစ်စီးကိုလည်း အခင်းဖြစ်တဲ့ နေရာ
ကိုသွားပြီး အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်စေ ပါတယ်။
ဆေးရုံမှာရှိတဲ့ ဆရာဝန် ဆရာမ အင်အားတွေနဲ့ ကုသပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဦးခေါင်းခွံရိုး အက်သွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးခဲ့ပါတယ်” ဟု မအူပင်
ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီးက ပြောသည်။

လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ လာသူများအနက် ပြင်ပ လူနာဌာနတွင် ကုသပေးပြီး ဆေးရုံမှ ပြန်လည်စေလွှတ်ခဲ့သူ ၁၆ဦး
ရှိခဲ့ပြီး ကျန်ရှိသူများမှာ ဒဏ်ရာမပြင်းထန်ကြောင်း မအူပင်ဆေးရုံအုပ်ကြီး
က ပြောကြားခဲ့သည်။

ယင်းပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူများအား ဆေးရုံသို့ရောက်ရှိ
လာရေးအ တွက် မအူပင်မြို့နယ်ရှိ လူမှုအဖွဲ့အစည်းများကလည်း အကူအညီများပေးခဲ့ကြောင်းနှင့် ကျေးရွာများတွင် ဖမ်းဆီးထိမ်းသိမ်း
ခံရမည်ကို ကြောက်ရွှံ့သောကြောင့် ဒဏ်ရာရရှိသော်လည်း
ရှောင်ပုန်းနေသူများလည်းရှိကြောင်း မအူပင်မြို့နယ်ရှိ ပျိုးခင်းသစ် လူမှုကူညီရေးအဖွဲ့မှ ကိုထိုက်ထိုက်က ပြောပြခဲ့သည်။

''ရွာသားတွေက ဒီမြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ကုမ္ပဏီက ငါးကန် တာဘောင်ငါးခုကို ဖောက်ချလိုက်တယ်။ အဲဒါကို မဖောက်ချဖို့ မလက်တို ရွာသားတွေကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ပြောပေမယ့် လူစုမကွဲဘူး။ ညနေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပြဿနာ
ဖြစ်တယ်။ နှစ်ဖက်စလုံး ဒဏ်ရာရတာတွေ့ရတယ်'' ဟု ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပက်သက်ပြီး Orchard စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုမ္ပဏီမှ ဦးငယ်လေးက ပြောပါသည်။

''လယ် သမားတွေက လယ်ပြန်ရဖို့ တောင်းဆိုတာ ခြောက်ရက်လောက် ရှိပါပြီ။ ဒီနေ့ နေ့လည်တစ်နာရီမှာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သိရတယ်။ လယ်သမားတွေကို လူစုခွဲခိုင်းတယ်။ လူစုက ကွဲမသွားဘူး။ ညနေခြောက်နာရီလောက်မှာ လယ်သမားတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ကြတယ်''ဟု ကိုထိုက်ထိုက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ပြောပါသည်။

လက်ရှိ အချိန်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့ ညနေပိုင်းက ပဋိပက္ခ ဖြစ်ပွားသည့် နေရာတွင် ဒေသခံများ ဆက်လက် ရှိနေပြီး ရပ်တပ်ဖွဲ့ဝင်များကလည်း လူစုခွဲရန်နှင့် လူစုမခွဲပါက အရေးယူ
မှုများဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဓာတ်ပုံ - မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေး
တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က
တွေ့ရစဉ်

Eleven Media Group

လယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေးရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ်ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းတိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကို မေးမြန်းထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
မရနိုင်သေးပါ။

အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည်ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာသား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ဆုံကာ ပြသနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

“တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

“ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းကသိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

7Day News Journal

"photo  Maythit Sar

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက်ကာရေဖွင့်ချ၍ ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန် ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာ ရှင်တို့ လေ့ လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုးတစ်ချက်ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက် အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။

မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး ရောင်းချမည်ဖြစ်သော်လည်း ဈေးနှုန်းထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိ

လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း  ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်း ဝန်းကျင် တန်ဖိုးနည်း ဖုန်းများကို ရောင်းချပေး နိုင်ရန် စီစဉ် ထားသော်လည်း နိုင်ငံတော် သမ္မတမှ ယင်းဈေးနှုန်း ထက် လျော့နည်း သည့် နှုန်းထားဖြင့် ရောင်းချစေရန် ညွှန်ကြား ခဲ့သောကြောင့် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ရကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ရောင်းချမယ့် မိုဘိုင်းဖုန်းဈေး တွေကိုတော့ သတ်မှတ် ပြီးပါပြီ။ ဘယ်လောက် ဆိုတာတော့ ပြောခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ အများပြည် သူ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းတော့ ဖြစ်မှာပါ” ဟု ပြောသည်။

 ဧပြီ ၁ ရက်တွင် မိုဘိုင်းဖုန်း လိုင်းတစ်သန်း ကျော်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချ ပေးတော့မည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကိုမူ အတိအကျ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ရတနာပုံ တယ်လီပို့မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက “မိုဘိုင်းဖုန်း ရောင်းချဖို့ ကိုတော့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေပါတယ်။ ရောင်းချဖို့ နောက်ကျရတဲ့ အကြောင်းက ဈေးနှုန်းတွေ ပြင်ဆင်သတ်မှတ် နေရလို့ပါ။ ရောင်းမယ့်ဈေး ကိုတော့ ပြောခွင့် မရှိသေးပါဘူး” ဟု ပြောသည်။ ဆက်သွယ်ရေး ကဏ္ဍ၌ ကျေးလက်နေ ပြည်သူများ အတွက် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့ တပ်ဆင်ပေး နိုင်သည်နှင့် အမျှ နိုင်ငံတော ကဏ္ဍ အသီးသီး၏ တိုးတက် ဖွံ့ဖြိုးရေးတွင် အထောက် အကူ ဖြစ်လာ နိုင်သည်ဟု သိရသည်။

မိုဘိုင်းဖုန်း ဖြန့်ဖြူးမည့် အစီအစဉ်နှင့် ပတ်သက်၍ Elite Tech မှ တာဝန်ရှိသူ တစ်ဦးက “အခုချပေးမယ့် လိုင်းတစ်သန်းကျော် ဆိုတာက များတဲ့ ပမာဏပါ။ ဖုန်းတွေကို အပြင်ဆိုင် တွေမှာပါ လွတ်လွတ် လပ်လပ် ဝယ်လို့ ရမှာပါ။ ဖြန့်ဖြူးမယ့် အပိုင်းကိုတော့ ကုမ္ပဏီ ၁၃ ခုက တာဝန် ယူထားတယ်” ဟု ပြောသည်။ မြန်မာ နိုင်ငံတွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လေးသန်းခန့်သာ မိုဘိုင်းဖုန်း သုံးစွဲနိုင်ပြီး မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် သုံးစွဲသူ နှစ်သိန်းကျော် ရှိကာ ၂၀၁၄-၁၅ ခုနှစ်တွင် ဆက်သွယ်ရေး ကဏ္ဍကို ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့် ရန် မျှော်မှန်း ထားကြောင်း သိရသည်။

ဖူးပွင့်သော်

From : Yatanarpon
လာမည့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ သန်း ၆၀ နီးပါးရှိသည့် အနက် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင် ရန် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် မင်းတပ်မြို့နယ် တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ “လာမယ့် ၂၀၁၅ ခုနှစ်မှာ လူဦးရေ ရာခိုင်နှုန်း ၅၀ လောက်ကို မိုဘိုင်းဖုန်း ကိုင်နိုင်အောင် လုပ်ပေး သွားမယ်” ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်းဖုန်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း 
ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း
Wednesday, February 27, 2013

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့
ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်းရန်
ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံ
ဆွေးနွေးခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း
ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

“ဒီပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေးအတွက် သမ္မတကို သူတင်ပြပါမယ်တဲ့။ ဥပဒေရှိနေတော့ သမ္မတမှာ လုပ်ရကိုင်ရ ခက်နေတယ်။ ဒါကြောင့် မစ္စတာအိုဘားမားအနေနဲ့ ဥပဒေကို ပြုပြင်ဖို့ တင်ပြပေးမယ်လို့ သူ
(မစ္စတာ Carlos) က ပြောသွားပါတယ်။ ဒါကလည်း ကော်မတီအနေနဲ့ ဒီလွှတ်တော်မှာ တိုက်တွန်းခဲ့မှုရဲ့ ရလဒ်ပဲလို့ သုံးသပ်ပါတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့စသည့် သယံဇာတများကို လာရောက်လုပ်ကိုင်လိုပြီး နည်းပညာ အထောက်အပံ့များလည်းပေးလိုကာ အထူးသဖြင့် ပိုက်လိုင်း
ဆက်သွယ်ခြင်းနှင့် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းစေမည့် နည်းပညာများ ထောက်ပံ့လိုကြောင်း မစ္စတာ
Carlos က ပြောခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်လည်း အမေရိကန်ကုမ္ပဏီများ လာရောက်လုပ်ကိုင် ခြင်းမပြုမီ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းပေးရန် ကော်မတီက တိုက်တွန်းခဲ့ကြောင်း ဦးလှဆွေက ပြောသည်။ ယင်းပိတ်ဆို့မှုကြောင့် ကျောက်မျက်နှင့် သတ္တုလုပ်ငန်းများ၊ ဘိန်းစိုက်ပျိုးမှုဆီ ကူးပြောင်းသွားခြင်းဖြစ်ကြောင်း၊
ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးလာလျှင် ဘိန်းစိုက်ပျိုးမှု လျော့နည်း
သွားနိုင်ကြောင်း ၎င်းက ဆိုသည်။

မစ္စတာ Carlos ကလည်း ပိတ်ဆို့မှု ရုပ်သိမ်းရန်အတွက် လုပ်ငန်း
အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ကာ ဥပဒေအရ ကြေညာရန် တစ်ခုလောက်သာ ကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနေ၀င်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပိတ်ဆို့ထားမှုများ ရှိနေသော်လည်း မြန်မာ့ကျောက်စိမ်း၊
ကျောက်မျက်များသည် မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့်
ပြည်ပရောက်ကာ "Made in China, Made in Thailand" ဟူသည့် တံဆိပ်များဖြင့် ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနေရသည်။

ယနေ့ လာရောက်သော အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ 
မစ္စတာ Carlos Pascual သည် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ 
ရောက်လာမည်ဖြစ်ပြီး ကော်မတီနှင့် ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကော်မတီအဖွဲ့ဝင်များကိုလည်း အမေရိကန်သို့ လေ့လာရေး
ခရီးအဖြစ် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရမှ ကျောက်မျက်ထွက်ကုန်များ ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် မြန်မာ့ကျောက်မျက်အသင်းထိပ်ပိုင်းတွင် တာဝန်ယူထားသော ခရိုနီများ ရာထူးစွန့်လွှတ်သင့်ကြောင်း တိုက်တွန်းသည့် အဆိုကို ဦးလှဆွေ (ကော်မတီအတွင်းရေးမှူး) က ယခုဆဋ္ဌမအကြိမ် အမျိုးသားလွှတ်တော် ပထမနေ့တွင် တင်သွင်းခဲ့သည်။

7Day News Journal


မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင်ထားမှုကို ရုပ်သိမ်း ရန်ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသား လွှတ်တော် သတ္တုနှင့်သယံဇာတရေးရာ ကော် မတီနှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Tuesday, February 26, 2013

အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်သစ် ဘယ်သူတွေဖြစ်လာလဲ

နိုင်ငံတော် သမ္မတရုံးက လစ်လပ်လျှက်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးအဖွဲ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
=================================
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။

Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။

credit - Oppositeyes
-------------------------------------------------------------------
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီး ခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။