
ဖိလစ်ပိုင်နိုင်ငံ ပန်ဂီစီနန်ဒေသအနီးတွင် ယနေ့နံနက် ၉ နာရီခန့် ၌
မြန်မာသင်္ဘောတစ်စီးနစ်မြုပ်သဖြင့် သင်္ဘောသားတစ်ဦး သေဆုံး ကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရ
ှိကြောင်း ဖိလစ်ပိုင်အခြေစိုက် GMA သတင်းတွင် ဖော်ပြထားသည်။
အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန်ဂစီနန်
ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး
ပြင်းထန်သော လှိုင်းလုံး များကြောင့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း
ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲတပ်ဖွဲ့က ပြောကြားကြောင်း ယင်းမီဒီယာ
တွင် ဖော်ပြ ထားသည်။
သင်္ဘောနစ်မြုပ်သည့် သတင်းရလျှင်ရချင်း
ဘိုလီနောဝ် အစိုးရအဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး
လုပ်ငန်းများ စတင်ခဲ့သည်ဟု ဆိပ်ကမ်းရဲများက ဆိုကြောင်း ယင်းသတင်း ဌာန တွင်
ဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး
ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းသတင်း အရ သိရသည်။
The Voice Weekly
No comments:
Post a Comment