“အခက်အခဲတွေကို ဒီလိုဆွေးနွေးပွဲမျိုးမှာ လွတ်လွတ် လပ်လပ်ပြောဆို ဆွေးနွေးခွင့်ရှိတဲ့အတွက် ကောင်း ပါ တယ်။ ဒီလိုပွဲမျိုးမရှိရင် စက်ရုံထဲမှာပဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘာမှသိရမှာ မဟုတ်ဘူး။ အခု အလုပ် သမားအဖွဲ့အစည်းတွေ အချင်းချင်း တွေ့ဆုံဆွေးနွေးရတော့ ကိုယ်မသိတာတွေလည်း သိရပါတယ် ” ဟု လှိုင်သာယာမြို့နယ်၊ ဖိနပ်စက်ရုံ အလုပ် အမှုဆောင် ဥက္ကဌက ပြောကြားသည်။
တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့၏ဥက္ကဌ မမိုးဝေက “ အလုပ်သမားအခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုပေမယ့် လက်ရှိဥပဒမှာ ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေးဆိုတာ အရမ်းနည်းပါတယ်။ အလုပ်သမားတွေဟာ အဲလိုနည်းပါးတဲ့ ဥပဒေပါ အခွင့်အရေးလေးတွေ ကိုတောင် ပြည့်ပြည့် ၀၀ ခံစားခွင့် မရကြဘူးဆိုတာ သိရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ မြို့နယ်
ညှိနှိုင်းရေးမှူးတို့၊ ခုံသမာဓိတို့ဆိုတာတွေကလည်း ဥပဒေနှင့်အညီ မရပ်တည်ဘူးဆိုတာတွေကိုသိ ခွင့်ရလိုက်ပါတယ် ” ဟု ဆွေးနွေးပွဲတွင် ၎င်း၏အမြင်ကို သုံးသပ်ပြသည်။
"အစ်မတို့အနေနှင့် အလုပ်သမားရေးရာနှင့်ပတ်သက်ပြီး အားနည်းနေတဲ့ဥပဒေ တွေကို ပြုပြင်နိုင်ပြီး အားကောင်းတဲ့ ဥပဒေတွေ ဖြစ်လာဖို့အထိ ကြိုးစားသွားမှာပါ ” ဟု မသက်သက်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံ အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှအလုပ်ရုံအမျိုးမျိုး၏အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ် စားလှယ်များ အပါအ၀င် အင်အား (၁၅၀)ခန့် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
The Myanma Age
No comments:
Post a Comment