သောင်းကျန်းသူဟု ယူဆရသူ များသည် ပတ္တနီမြို့တစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ချိန်ကိုက်ဗုံး ခုနစ်လုံး ထောင်ခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ပေါက်ကွဲမှုမရှိသေးသည့် အခြားဗုံးလေးလုံးကိုလည်း စနက်တံများ ဖြုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုကြောင့် ဒေသတွင်းရှိ ဈေးဆိုင်များ ပျက်စီး ခဲ့ရကြောင်း သိရသည်။
မူဆလင် အများစု နေထိုင်လျက်ရှိသော ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ ပြည်နယ်များတွင် ၂ဝဝ၄ ခုနှစ် ကတည်းက စတင်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၅ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
http://bit.ly/W7jdvm
မြ၀တီ
No comments:
Post a Comment