ထို့အပြင် နိုင်ငံတော် အစိုးရသည် ပြည်သူ လူထု၏ အခက်အခဲ များနှင့် တင်ပြချက် များကို အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက် ရှိပြီး ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီ ၇ ရက် နံနက် ၉ နာရီ ၁၈ မိနစ်က ရန်ကုန်မှ ပူတာအိုသို့ တပ် မတော် လေယာဉ်ဖြင့် ဆန်၂၅ ကီလိုဝင် အိတ်၂၄ဝ အိတ်၊ ဆီ၁ဝ ပိဿာဝင် ပုံး ၃ဝ ပုံးနှင့်၊ ဆား ၂၅ ပိဿာဝင် အိတ် ၁၂ အိတ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅ သိန်း ၄ သောင်း အား ပေးပို့ လှူဒါန်းခဲ့ရာ ပူတာအို လေဆိပ်သို့ မွန်းလွဲ ၁ နာရီ၂၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
ရောက်ရှိလာသော ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ပြည်သူလူထု ထံသို့ အမြန်ဆုံး ရောက် ရှိနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်း နယ်မြေခံ လူထုထံမှ သိရှိရပါသည်။
ထို့နောက် ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း တပ်မတော် ယာဉ်တန်းများဖြင့် ပူတာအိုနှင့် ဆွမ်ပရာဘွမ် မြို့များသို့ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ ထိုသို့ ရောက်ရှိလာသည့် အတွက် ကုန်ဈေးနှုန်း ကျဆင်းမှုအား အထောက်အကူ ပြုကြောင်း၊ စစ်ယာဉ်တန်း နှင့်အတူ အရပ်ယာဉ် ၅၀ ကျော်ပါရှိပြီး စုစုပေါင်း ယာဉ် ၂၀၀ ကျော် ရှိကြောင်း၊ ပေးပို့မှုအား ၂ ခေါက် ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ထို့အပြင် မိုးတွင်းကာလအတွင်း စားသုံးနိုင်ရန်အတွက် တပ်မတော်မှ ဆက်လက်ပြီး ပေးပို့သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဓါတ်ပုံများ ကြည့်ရှုရန် ၊ http://bit.ly/Y0QxHT
မြ၀တီ
No comments:
Post a Comment