ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် စသော အချက်ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျောပေးခဲ့ကြောင်း သိရသည်။
"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။
"ပြေလည်သွားပါပြီ။ သူတို့တောင်းဆိုတာ ငါးချက် ရှိတယ်။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေး မယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်အဆင်မပြေမှုတွေ ရှိနိုင်တာကြောင့် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားမှာပါ" ဟု ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။
အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်းဝန်ထမ်းအိမ်ရာ မိသားစု များ နေထိုင်ကြကြောင်း သတင်းရရှိသည်။
From : 7Day News Journal
No comments:
Post a Comment