"လက်မှတ် မထိုးရသေးတာဘဲ ရှိတယ်။ နှစ်ဖက်လုံးက စကားလုံးအသွားအလာကို ကြည့်ရင် အပစ်ရပ် လိုက်တော့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ၀ိုင်းပြီး အကောင်အထည် ဖော်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ စာရွက်ပေါ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ မလိုက်နာဘူးဆိုရင်လည်း အပစ်အခတ် ရပ်စဲမှုက ပျက်မှာပဲ။ နှစ်ဖက်လုံး က အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်။ အားလုံးဝိုင်းပြီး အောက်ခြေမှာဖြစ်အောင် အကောင် အထည်ဖော်ကြမယ် ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိမှာပါ" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြား ခဲ့သည်။
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရတပ်နှင့် တွေ့ဆုံဆွေးနွေးမှု လုပ်နေစဉ် အတွင်း ရှေ့တန်း သို့ ရောက်ရှိနေသည့် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။
"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရခြင်း မရှိပေမယ့် လွန်ခဲ့တဲ့ နှစ် ပတ်ကျော်လောက်နဲ့ စာရင် အလားအလာ အများကြီး ကောင်းပါတယ်။ တပ်မတော်ဘက်ကလည်း သမ္မတကြီးက မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ပြောထားတာရှိတယ်။ လက်ရှိအခြေအနေမှာ တပ်မတော်ဘက်ရော KIA ဘက်က ပါ နှစ်ဖက် ထိတွေ့မှုတွေ မဖြစ်အောင် ရှောင်ရှားတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသော်လည်း ထိတွေ့မှုတွေ မဖြစ်တော့ပါဘူး" ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
အစိုးရနှင့် (KIO) တို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စနစ်တကျ ဖြစ်ပေါ်လာရေး၊ ပဋိပက္ခ ဖြစ် ပွားနေသည့် နေရာများတွင် လေ့လာစောင့်ကြည့်ရေး စနစ်ထားရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင် ရန် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီတွင် တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့ကြသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေး အစိုးရနှင့် (KIO) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များသို့ ပေးပို့သည့် စာတွင် ဖော်ပြပါရှိသည့်အတိုင်း KIO ဗဟိုကော်မတီမှလည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး ကာ အဖြေရှာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က KIO မှ ပြည်သူလူထုထံသို့ အသိပေး ကြေညာ ထားသည်။
From : Eleven Media Group
No comments:
Post a Comment