Friday, February 15, 2013

ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်

Photo: ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်
Friday, February 15, 2013

Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ
ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက 
၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။ 

ဘန်ကောက်မြို့မှ Ekkachai နဲ့ Laksana Tiranarat စုံတွဲက ကြာသပတေးနေ့မှာ အကြာဆုံးအနမ်း စံချိန်တင်ခဲ့ပြီး Guinness World Records အဖွဲ့အစည်းကနေ အသိအမှတ်ပြုဖို့ စောင့်စားနေဆဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အင်္ဂါနေ့မှစတင်ခဲ့ပြီး အတွဲ ၉ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ပြိုင်ပွဲဝင်တဲ့စုံတွဲတွေက နှုတ်ခမ်းချင်းနမ်းကာ အဆက်မပြတ် ထိနေရပြီး၊ မထိုင်ရ၊ မအိပ်ရဘဲ အိမ်သာသုံးရင်တောင် အတူသွားရပြီး နှုတ်ခမ်းတွေ
မခွာရပါဘူး ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ကြောင်း သိရပါတယ်။ 

(Ref; Fox News, Feb 14, 2013, thai couple sets new record for longest kiss)

Myanmar1Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက ၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

Photo: ၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များအတွင်း
ကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်သူများလည်း
ရှေးအစဉ်အလာမပျက် လာရောက်လေ့ရှိကြောင်း သိရသည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်မှုတွေအတွက်
လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့   ဈေးသည်အချို့က အရှုံးပေါ်မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထားတာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု 
ရွှေစက်တော်ပွဲတော်တွင်   နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက်စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား 
တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့် ပတ်သက်၍လည်း
ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို ဆောက်သင့်ပါတယ်။ အခုတံတား
ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာ
ဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။
 
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့် ရွှေစက်တော်ပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှု
များရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်
ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်
ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ
ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)
Eleven Media Group
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့

Photo: မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက်
နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့
Friday, February 15, 2013

မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သူမသည် မျိုးရိုးဗီဇ အရ သူမ၏ မျက်နှာပြင်၌ အမွေး အမှင်များ
ပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။ 

သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင်
ပေါများသော သားတစ်ဦးကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင်
သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။ 

သူမ သေဆုံးပြီး နောက် သူမ၏ ရုပ်အလောင်းကို ခင်ပွန်း ဖြစ်သူက မပုပ် မသိုးအောင် ဆေးရည် စိမ်ခဲ့ပြီး ဥရောပ တစ်ဝန်းသို့ ဆယ်စုနှစ်ကြာ လှည့်လည် ပြသခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို နော်ဝေ နိုင်ငံရှိ ကုန်လှောင်ရုံ တစ်ခုထဲတွင် သိမ်းဆည်း ထားရာ ၁၉၇၆ ခုနှစ်တွင် ၎င်း ကုန်လှောင်ရုံ ထဲမှ ခိုးယူ ခံခဲ့ရကြောင်း နောင် နှစ်ပေါင်း များစွာ အကြာတွင် အပျက် အစီးများ ထားရှိရာ ဂိုဒေါင် တစ်ခု ထဲတွင် ပြန်လည် တွေ့ရှိ ခဲ့သည် ဟုသိရသည်။

ထို့နောက် သူမ၏ ရုပ် အလောင်းကို အော့စလို တက္ကသိုလ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထို တက္ကသိုလ်တွင် သူမ၏ ရုပ် အလောင်းကို ဆယ်စုနှစ်ပေါင်း များစွာ သိမ်ဆည်း ထားပြီးနောက် မက္ကဆီကို နိုင်ငံမှ အခွင့်အရေး လှုပ်ရှားသူ တစ်ဦး၏ တောင်းဆိုချက် အရ သူမ၏ မူလ နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံတွင် သူမ၏ ရုပ် အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်က မြှုပ်နှံ ခဲ့သည်ဟု သိရသည်။

http://bit.ly/12HG1Vl

မြ၀တီမက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု တည်ထောင်သွားမည်

Photo: ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု
တည်ထောင်သွားမည်
Friday, February 15, 2013

ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို
ရေးရှင်းသည် ကားလ်စဘာ့ဂ် ဘီယာကုမ္ပဏီနှင့်
ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်
မြန်မာတွင် ဘီယာချက် စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံ
ဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည်
ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်
အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်
အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏
ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစား
သွားမည်ဟု ဆိုသည်။

၎င်းက “ဒီနှစ်အတွင်း ထိုင်းနဲ့ အိမ်နီးချင်း အာဆီယံ
ဈေးကွက်တွေမှာ ကားလ်စ်ဘာ့ဂ်ဘီယာကို အရောင်း
မြှင့်တင်သွားဖို့ ကျွန်တော်တို့ ဘတ် သန်း ၂၀၀သုံး
သွားမှာ ဖြစ်ပါတယ်။ ပထမနှစ်အတွင်းမှာပဲ ကားလ်စ်
ဘာဂ်ဘီယာပမာဏ လီတာ ငါးသန်းရောင်းချရဖို့ မျှော်မှန်း ထားပြီး နောက် နှစ်တွေမှာတော့ တစ်နှစ်ကို ရောင်းအား
၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိတိုးဖို့ မှန်းထားပါတယ် ”ဟု ပြောကြားသည်။

ကားလ်စ်ဘာ့ဂ်ကုမ္ပဏီသည် အာဆီယံဒေသအတွင်း
စက်ရုံရှစ်ရုံရှိထားပြီး ဗီယက်နမ်တွင် လေးခု၊လာအိုတွင်
နှစ်ခု၊ မလေးရှားနှင့် ကမ္ဘောဒီး ယားတွင် တစ်ခုစီ တည်
ဆောက်ထားသည်။ယင်းစက်ရု့များမှ ထုတ်လုပ်နိုင်စွမ်းမှာ
တစ်နှစ် ဘီယာလီတာ ၁ ဒဿမ ၂၅ ဘီလီယံဖြစ်သည်။

ထိုင်းတွင်ရောင်းချမည့် ကားလ်စ်ဘာ့ဂ်ဘီယာများကို
မြန်မာနှင့်လာအိုရှိ ကုမ္ပဏီပိုင်စက်ရုံများမှ တင်သွင်း
ရောင်းချသွားမည်ဟု သိရသည်။ ခန့် မှန်းချက်များအရ
အာရှတွင် ဘီယာသောက်သုံးမှုနှုန်းများမှာ ၂၀၁၁ မှ
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟု
သိရသည်။

Ref: THE NATION
The Myanma Age ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို ရေးရှင်းသည် ကားလ် စဘာ့ဂ် ဘီယာကုမ္ပဏီနှင့် ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်
မြန်မာတွင် ဘီယာချက်စက်ရုံတစ်ခု တည်ထောင်သွားရန် ပြင် ဆင်နေကြောင်း သိရသည်။

လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ

Photo: လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ
Friday, February 15, 2013

၁၁.၁.၂၀၁၃ ရက်နေ့   ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင်  ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ
လမ်းထောင့်၊ မ/၃၈၇ ရှိ   ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး
ဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်
ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား
ယူဆောင်သွားသဖြင့် အရေးယူပေးပါရန် တရားလို ဧရာပါဝါ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်
အရ ဒဂုံတောင် ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး
ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း
ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား လမ်းညွှန်ကြီးကြပ်၍ တာဝန်ပေးအပ်ဖော်ထုတ်စေခဲ့ပါသည်။

ဤဖြစ်စဉ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေး ဌာနစုမှူး ဒုရဲမှူး အောင်ဝင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ရပ်စစ်ဆေး
တွေ့ရှိချက်များအပေါ် သုံးသပ်ကာ အဖွဲ့ဝင်များခွဲ၍ သတင်းစုံစမ်းခဲ့ရာ ၎င်းကုမ္မဏီဝန်ထမ်းဟောင်းများဖြစ်ခဲ့ဖူးသည့် အောင်ကျော်သိန်းနှင့် ကျော်ကျော်(ခ) ကျော်ကြီး တို့သည် ပြစ်မှုကျူးလွန်နိုင်ကြောင်း သဲလွန်စများ
ရရှိခဲ့ကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ကျော်ကျော်(ခ)ကျော်ကြီး၊ (၂၀) နှစ်၊
(ဘ) ဦးဝင်းမြင့်ထွန်း၊ ဒဂုံတောင်မြို့နယ်နေသူအား သမိုင်းလမ်းစုံ ကားမှတ်တိုင်တွင် ၇ခ/၇၉၂၅ ပါရမီ (၁၇၄) ယာဉ်လိုင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေး၍ ဖော်ထုတ်ချက်အရ အတူပါဝင်ကျူးလွန်သူများ
ဖြစ်သည့် အောင်မော်သိန်း၊ (၃၈)နှစ်၊ (ဘ) ဦးမဲလှိုင်သာယာမြို့နယ်၊ ဆန်းလင်းအောင် (ခ) အညာသား၊ (၂၁) နှစ်၊ (ဘ) ဦးအောင်ကြိုင်၊
တောင်ဥက္ကလာပမြို့နယ်၊ ၀င်းဖြိုး၊ (၂၄) နှစ်၊ ဦးဇော်ဝင်း၊ ဒဂုံတောင်မြို့နယ်၊ မျိုးသန့်၊ (၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဇင်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဖြိုးလှိုင်စိုး (ခ) ဖြိုးလှိုင် (၁၈)နှစ်၊ (ဘ)ဦးသန်းစိုး၊ ဒဂုံတောင်မြို့နယ်
နေသူနှင့်အောင်ထက်ဟိန်း(ခ) ဖိုးထက်၊ (၂၀)နှစ်၊ (ဘ) ဦးစောမြင့်၊ ဒဂုံတောင်မြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၄-၂-၂၀၁၃ ရက်နေ့တွင် ထက်အောင်ကျော်(ခ) ကိုထက်၊ (၁၇)နှစ်၊ (ဘ) ဦးအောင်မျိုးဇော်၊ ဒဂုံတောင်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိသည်။

Myanmar News Now ၁၁.၁.၂၀၁၃ ရက်နေ့ ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ လမ်းထောင့်၊ မ/၃၈၇ ရှိ ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Photo: ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Friday, February 15, 2013


Popular Myanmar News Journal

From : Popular Myanmar News Journal

တပ်မတော်နှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း

Photo: တပ်မတော်နှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း
Friday, February 15, 2013
    
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ
သေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြား
ထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။        

တပ်မတော်နှင့် KIA အကြား တိုက်ပွဲအခြေအနေများအား Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ
မင်းဇော်ဦးအား Eleven Media Group မှ မေးမြန်းရာ ဒေါက်တာ
မင်းဇော်ဦးက "တပ်မတော်နဲ့ KIA အကြား လက်ရှိအချိန်မှာ တိုက်ပွဲတွေလည်း တော်တော်ကြီး ရပ်သွားတယ်။ တိုက်ပွဲအကြီးကြီး
တွေဆိုတာ လုံးဝမရှိတော့ဘူး။ အနည်းငယ်ထိတွေ့တာမျိုးတောင် မကြားရတာ သုံးလေးရက်လောက် ရှိပြီ" ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

"လက်မှတ် မထိုးရသေးတာဘဲ ရှိတယ်။ နှစ်ဖက်လုံးက စကားလုံး အသွားအလာကို ကြည့်ရင် အပစ်ရပ်လိုက်တော့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ၀ိုင်းပြီး အကောင်အထည် ဖော်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ စာရွက်ပေါ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ မလိုက်နာဘူးဆိုရင်လည်း အပစ်အခတ် ရပ်စဲမှုက ပျက်မှာပဲ။ နှစ်ဖက်လုံးက အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်။ အားလုံးဝိုင်းပြီး အောက်ခြေမှာ
ဖြစ်အောင် အကောင်အထည်ဖော်ကြမယ် ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိမှာပါ" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြား
ခဲ့သည်။                

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရတပ်နှင့် တွေ့ဆုံ
ဆွေးနွေးမှု လုပ်နေစဉ်အတွင်း ရှေ့တန်းသို့ ရောက်ရှိနေသည့် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။            

"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရခြင်း မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်နဲ့စာရင် အလားအလာ အများကြီး
ကောင်းပါတယ်။ တပ်မတော်ဘက်ကလည်း သမ္မတကြီးက မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ပြောထားတာရှိတယ်။ လက်ရှိ အခြေအနေမှာ တပ်မတော်ဘက်ရော KIA ဘက်ကပါ နှစ်ဖက်ထိတွေ့မှုတွေ မဖြစ်အောင်
ရှောင်ရှားတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသော်လည်း ထိတွေ့မှုတွေ မဖြစ်တော့ပါဘူး" ဟု ဒေါက်တာ
မင်းဇော်ဦးက ပြောသည်။         

အစိုးရနှင့် (KIO) တို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စနစ်တကျ ဖြစ်ပေါ်လာရေး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများတွင်
လေ့လာစောင့်ကြည့်ရေး စနစ်ထားရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီတွင်
တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့ကြသည်။                

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေး အစိုးရနှင့် 
(KIO) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။                 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များသို့ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည့်အတိုင်း KIO ဗဟိုကော်မတီမှလည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က KIO မှ ပြည်သူလူထုထံသို့ အသိပေး ကြေညာထားသည်။

Eleven Media Groupမြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ သေးသော် လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။

တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ

Photo: တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ
Thursday, February 14, 2013

တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။

ထိုသို့ မီးရှို့ သက်သေ၍ ဆန္ဒပြ ခြင်းသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၁ဝဝ ဦး
မြောက် ဖြစ်ပါသည်။ ထိုသို့ မီးရှို့ သတ်သေခြင်း နှင့်ပတ်သက်၍ အိန္ဒိယရှိ တိဘက်ပြည်ပြေး အစိုးရက တရုတ် အစိုးရအပေါ် ပြစ်တင် ဝေဖန်မှု
ပြုလုပ်ခဲ့ပြီး ၎င်းကိစ္စရပ် အပေါ် နိုင်ငံတကာ အစိုးရ အသိုက်အဝန်းမှ အလေးထားရန် တောင်းဆိုမှု ပြုလုပ်ခဲ့ ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် မရှိခြင်း၊ သို့မဟုတ် ဆန္ဒပြခွင့် မရှိခြင်းကြောင့် တိဘက်များသည် မိမိကိုယ်ကို မီးရှို့ သတ်သေရန်
ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိဘက်ပြည်ပြေး အစိုးရ၏ ဝန်ကြီးချုပ် Lobsang Sangay က ပြောကြားခဲ့ ပါသည်။

http://bit.ly/12kBYTt

မြ၀တီ တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။

Thursday, February 14, 2013

တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန် တောင်ကိုရီးယား ဆောင်ရွက်မည်

Photo: တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်
တောင်ကိုရီးယား ဆောင်ရွက်မည်
Thursday, February 14, 2013

မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ် နျူကလီးယား စမ်းသပ်မှုအား တုံ့ပြန်ရန် အတွက် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအား ပစ်ခတ်နိုင်သော တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုကို အရှိန်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရ ကင်မင်စွန်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ အတွင်း က တောင်ကိုရီးယား ဒုံးပျံများအား ယခင် ထုတ်လုပ်သော ကီလိုမီတာ ၃ဝဝ မှနေ၍ အကွာအဝေး သုံးဆအထိ တိုးမြှင့် ပစ်ခတ်နိုင်သော ဒုံးပျံများ ထုတ်လုပ်ရန် အမေရိကန်နှင့် သဘော တူညီမှု ရရှိခဲ့ ပါသည်။ ယခင်က တောင်ကိုရီးယား ဒုံးပျံများအား ၃ဝဝ ကီလိုမီတာ အထိသာ ပစ်လွှတ်နိုင်ရန် ကန့်သတ်ထား ပါသည်။

http://bit.ly/VU5jC4

မြ၀တီမြောက်ကိုရီးယားနိုင်ငံ၏ တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုအား တုံ့ပြန်ရန်အတွက် မြောက်ကိုရီးယား တစ်နိုင်ငံလုံးအား ပစ်ခတ်နိုင်သော

အပစ်အခတ် ရပ်စဲထားသော ကရင် ပြည်နယ် အတွင်းရှိ ရွာပုန်းရွာရှောင်ဒုက္ခသည် များကိုပထမ ဦးစားပေးအနေဖြင့် အကူအညီများပေးမည်

Photo: အပစ်အခတ်ရပ်စဲထားသောကရင် ပြည်နယ် အတွင်းရှိ
ရွာပုန်းရွာရှောင်ဒုက္ခသည်များကိုပထမဦးစားပေးအနေဖြင့် အကူအညီများပေးမည်
Thursday, February 14, 2013

အပစ်အခတ် ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့
အစည်းများနှင့် အစိုးရတို့ပူးပေါင်းကာ ကရင်ပြည်နယ် အတွင်းရှိ ဖြစ်ပွားခဲ့သော စစ်ပွဲများကို ရှောင်ရှားခဲ့ကြသော ရွာပုန်းရွာရှောင်များအား ပထမဦးစားပေး အနေဖြင့် အကူအညီများ ပေးရန်စီစဉ်ထားကြောင်း သိရသည်။

ကရင်လက်နက်ကိုင်များနှင့် အစိုးရတို့ကြား နှစ်ပေါင်း
၆၀ကျော် ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကို
ရှောင်ရှားကာနေထိုင်ခဲ့ရသော ရွာပုန်းရွာရှောင်များအတွက်
ပထမဦးစားပေး အနေဖြင့် အကူအညီများ ပေးအပ်ပြီးမှသာ
နယ်စပ်ဒေသရှိ တစ်ဖက်နိုင်ငံများတွင် ရောက်ရှိနေသော ဒုက္ခသည်များကို နေရာချထားပေးရန် စီစဦထားကြောင်း
KNUအဖွဲ့ မှ ဦးစောရော်ဂျာခင်က ပြောကြားသည်။

“အခုကတော့ ပြည်တွင်းမှာရှိနေတဲ့ ရွာပုန်းရွာရှောင်တွေကို
ဦးစားပေးအနေနဲ့ အကူအညီပေးဖို့ဆွေးနွေးထားတယ်။
ဒီကလူတွေ အခြေတကျဖြစ်တော့မှ တစ်ဖက်နိုင်ငံက
ဒုက္ခသည်တွေကို ဆက်လက်ပြီးတော့ ပြန်လည်
တည်ထောင်ရေးတွေ လုပ်ပေးဖို့ ဆွေးနွေးထားတာတွေ
တော့ရှိပါတယ်” ဟုကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက
ပြောကြားသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းတွင် လမ်းပန်း
ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးနေ
သည်များကို သိသိသာသာ တွေ့ရှိရသော်လည်း အုပ်ချုပ်ရေး
ပိုင်းတွင်ရာနှုန်းပြည့်ရရှိပြီလို့ မပြောနိုင်သေးကြောင်း မြို့ နယ်
အုပ်ချုပ်ရေးမှုး ဦးစောဘထီးမိုး ကပြောကြားသည်။

ပြည်တွင်းရှိရွာပုန်းရွာရှောင် ဒုက္ခသည်များကို ဘ၀လုံခြုံရေး၊
စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး၊ ဘ၀ပြန်လည်
တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အကူအညီပေးရန်
ရှိကြောင်းထိုသို့လုပ်ဆောင်ပေးနိုင်ရန် အစိုးရတွင် အဓိက
တာဝန်၇ှိကြောင်း အစိုးရ၏ ခွင့်ပြုချက် ရရှိမှသာလျှင်
ထိထိရောက်ရောက် ကူညီနိုင်မည်ဖြစ်ကြောင်း KNUအဖွဲ့မှ
ဦးစောရော်ဂျာက ပြောကြားသည်။

ယခုအခါ ရွာပုန်းရွာရှောင် ဒုက္ခသည် ဦးရေနှစ်သိန်းတစ်သောင်း
လေးထောင်ရှိပြီး ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်
ဦးရေတစ်သိန်းလေးသောင်းရှိကာ နယ်စပ်ဒေသတစ်လျှောက် ဒုက္ခသည်စခန်း ခုနှစ်ခန်းရှိပြီး မယ်လဒုက္ခသည်စခန်းမှာ အကြီးဆုံးဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
အပစ်အခတ် ရပ်စဲထားသော ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ပူးပေါင်းကာ ကရင်ပြည်နယ် အတွင်းရှိ ဖြစ်ပွားခဲ့သော စစ်ပွဲများ ကို ရှောင်ရှားခဲ့ကြသော ရွာပုန်းရွာရှောင်များအား ပထမ ဦးစားပေး အနေဖြင့် အကူအညီများ ပေးရန်စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မဟုတ်မှန်ကြောင်း ရဲမှူးချုပ်ဇော်ဝင်းပြောဆို

သတင်းထွက်ပေါ်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၏ နေရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်စိုးသိန်းကို

တရားဝင် ဇနီးသည် ရှိလျက်နဲ့ ပလေးဘွိုင်း မော်ဒယ်နဲ့ ပွေရှုပ်သူ အီဗရာ

Photo: တရားဝင် ဇနီးသည် ရှိလျက်နဲ့ ပလေးဘွိုင်း မော်ဒယ်နဲ့ ပွေရှုပ်သူ အီဗရာ
Thursday, February 14, 2013

မန်ယူ နောက်ခံလူ ပက်ထရစ် အီဗရာဟာ တရားဝင် လက်ထပ်ထားတဲ့ ဇနီးသည် ရှိလျက်နဲ့ ပလေး ဘွိုင်း မော်ဒယ် တစ်ဦးနဲ့ ပွေရှုပ် ငြိစွန်း ခဲ့ကြောင်း ဗြိတိန် မီဒီယာတွေရဲ့ ရေးသား ဖော်ပြချက် အရ သိရ ပါတယ်။ 

အီဗရာဟာ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပလေးဘွိုင်း မော်ဒယ် ကာလာဟိုဝီနဲ့ ပါရီမြို့က ကြယ်ငါးပွင့် ဇိမ်ခံ ဟိုတယ် အခန်းထဲမှာ တူနှစ်ကိုယ် ဇာတ်လမ်း ခင်းခဲ့တာ ဖြစ်ပါတယ်။ 

အီဗရာဟာ ဗြိတိသျှ မော်ဒယ် ကာလာနဲ့ မယ်လီ ဆာဟိုဝီတို့ အမြွာညီအစ်မ အနက် ကာလာဟဝီနဲ့ ငြိစွန်းခဲ့တာပါ။ အဲဒီတုန်းက အကြောင်းတွေကို
မော်ဒယ် ကာလာက ယခုလို ပြန်ပြီး ဖောက်သည် ချပါတယ်။ 

''ဟိုတယ် ဓာတ်လှေကားထဲ ဝင်ပြီး ဓာတ်လှေကား တံခါး ပိတ်လိုက်တာနဲ့ သူ ဇာတ်လမ်း စတော့ တာပါပဲရှင်၊ အီဗရာ ရဲ့ ပုံစံကို ကြည့်ရတာဟာ ဟိုတယ် အခန်းထဲ ရောက်တဲ့အထိ မစောင့်နိုင် တော့တဲ့ ပုံပါပဲ''လို့ ကာလာက ပြောဆိုပါတယ်။ 

သူမရဲ့ အပြောအရ တစ်နာရီလောက် ကြာအောင် ချစ်တင်း နှောခဲ့ကြပြီး အီဗရာက ယူရို ၂ဝဝ မုန့်ဖိုး ပေးခဲ့တယ်လို့ ဆိုပါတယ်။ ''ယူရို ၂ဝဝဆိုတာ တက္ကစီခနဲ့ မနက်စာတော့ လုံလောက်တယ်လေ၊ နောက်ဆုံး ကျွန်မ သိသွားတာကတော့ သူဟာ ကျွန်မနဲ့ အိပ်စက်ချင်ရုံ သက်သက် ဆိုတာပါပဲ''လို့လည်း ကာလာက ပြောပါတယ်။

ဖြစ်စဉ်ဟာ ယမန်နှစ် နိုဝင်ဘာလ တုန်းက ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ် ဖေဖော်ဝါရီ ၆ ရက်က ပြင်သစ်နဲ့ ဂျာမနီ အသင်းတို့ ပါရီမြို့မှာ ခြေစမ်းပွဲ ကစားကြတော့လည်း အီဗရာက ကာလာကို သူနဲ့ အချိန်ဖြုန်းဖို့ လှမ်းပြီး ချိန်းဆို ခဲ့သေးတယ်လို့ သိရပါတယ်။ 

ပလေးဘွိုင်း မော်ဒယ် ကာလာက မိမိ အနေနဲ့ အီဗရာကို ချစ်မြတ်နိုး သွားမိကြောင်း၊ အီဗရာရဲ့ ဇနီးသည် အတွက်တော့ ဆိုးဆိုးရွားရွား ခံစားပေးမိ ပါကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။ 

အီဗရာရဲ့ ယခုလို လူမှုရေး ဖောက်ပြန်မှု သတင်းနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ ကစားသမား တွေဟာ စံပြ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ် ဆိုပြီး ပြောထားတဲ့ မန်ယူနည်းပြ ဖာဂူဆန်၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့်တို့ရဲ့ အရေးယူမှု ခံရနိုင်သလား၊ ဇနီးသည် ရဲ့ ငြိုငြင်မှုကို ခံရနိုင်သလား စောင့်မျှော်ကြည့်ရှု ရတော့မှာပဲ ဖြစ်ပါတယ်။

mwdsport မန်ယူ နောက်ခံလူ ပက်ထရစ် အီဗရာဟာ တရားဝင် လက်ထပ်ထားတဲ့ ဇနီးသည် ရှိလျက်နဲ့ ပလေးဘွိုင်း မော်ဒယ်တစ်ဦးနဲ့ ပွေရှုပ် ငြိစွန်း ခဲ့ကြောင်း ဗြိတိန် မီဒီယာတွေရဲ့ ရေးသား ဖော်ပြချက် အရ သိရ ပါတယ်။

လုံခြုံရေးအရ ကာမိုင်းစာစစ်ဌာန မြစ်ကြီးနားသို့ ပြောင်းရွှေ့

လုံခြုံရေးအခြေအနေကြောင့် ကာမိုင်းစာစစ်ဌာနကို မြစ်ကြီးနားသို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည်ဟု ပညာရေး ဝန်ကြီး ဌာနမှ သိရသည်။

ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ

Photo: ဆူဒန် နိုင်ငံတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိသည့် ပိရမစ်များ ရှေးဟောင်း သုတေသန ပညာရှင်များ တူးဖော်တွေ့ရှိ
Thursday, February 14, 2013

ဆူဒန် နိုင်ငံရှိ ဆီဒိန်ဂါ ဒေသတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်
ရှိသော ပိရမစ် ပုံစံငယ် ၃၅ ခုကို ဂူသင်္ချိုင်း များနှင့်အတူ ရှေးဟောင်း သုတေသန ပညာရှင်များ က တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ရှေးဟောင်း သုတေသန ပညာရှင်များ တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်းများသည် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်ရှိပြီး ထိုအချိန်က ဆူဒန် နိုင်ငံတွင် Kush ဘုရင် အုပ်ချုပ်ခဲ့ သည်ဟု သိရသည်။ 

Kush ဘုရင်သည် အီဂျစ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် လျက်ရှိသော နယ်ပယ် ဒေသများကို ကြီးစိုး အုပ်ချုပ် ခဲ့သောကြောင့် ၎င်းနယ်ပယ်များတွင် အီဂျစ်တို့၏ ဗိသုကာ လက်ရာများနှင့် ရိုးရာ အစဉ်အလာများ လွှမ်းမိုး ခဲ့သည်ဟု သိရသည်။

၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တွင် တူးဖော် တွေ့ရှိခဲ့သည့် ပိရမစ်ဂူ သင်္ချိုင်းများသည် အရွယ်အစား အမျိုးမျိုး ရှိကြပြီး အရွယ်အစား အကြီးဆုံးဂူ သင်္ချိုင်းသည် ၂၂ ပေအကျယ် ရှိကြောင်း၊ ကလေး တစ်ယောက်စာ
မြှုပ်နှံနိုင်သည့် အရွယ်အစား အသေးငယ်ဆုံး ဂူသင်္ချိုင်း ပင်လျှင် 
၃ဝလက်မ အရှည်ရှိကြောင်း ဆူဒန်နိုင်ငံ ထုတ် ဂျာနယ် တစ်စောင် တွင် ဖော်ပြထားသည်။ ပိရမစ်၏ မျက်နှာပြင် များသည် ထိစပ်နေခြင်း မရှိကြောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/Ysyrvh

မြ၀တီဆူဒန် နိုင်ငံရှိ ဆီဒိန်ဂါ ဒေသတွင် နှစ်ပေါင်း ၂ဝဝဝ သက်တမ်း ဝန်းကျင်
ရှိသော ပိရမစ် ပုံစံငယ် ၃၅ ခုကို ဂူသင်္ချိုင်း များနှင့်အတူ ရှေးဟောင်း သုတေသန ပညာရှင်များ က တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး

Photo: ထိုင်းတောင်ပိုင်းရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက် စစ်သွေးကြွ ၁၇ ဦးသေဆုံး
Thursday, February 14, 2013

မငြိမ်မသက် ဖြစ်နေသာ ထိုင်းနိုင်ငံ တောင်ပိုင်း အစွန်အဖျား နေရာရှိ စစ်ဘက် ဆိုင်ရာ အခြေစိုက် စခန်း တစ်ခုကို စစ်သွေးကြွ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး သေဆုံးခဲ့ ရသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြားသည်။

ဖြစ်ပွားပုံမှာ ထိုင်းနိုင်ငံ တောင်ပိုင်း နရာသီဝပ် ပြည်နယ် ဘာခိုခရိုင် အတွင်းရှိ မရိန်း တပ်သား ၆ဝ ခန့်ရှိသော စစ်အခြေစိုက် စခန်းကို လက်နက်များ ကိုင်ဆောင်ထားသည့် စစ်သွေးကြွ ၁ဝဝ ဦးက ဝင်ရောက် တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကြည်းတပ်မှ
ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမိုပရိုမင်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားသည်။ အပြန်အလှန် ပစ်ခတ်မှု များသည် ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲတွင် စတင် ဖြစ်ပွားခဲ့ပြီး မိနစ် ၂ဝ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၎င်းပြောကြားချက် အရ ယခု တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ပိုင်းရှိ ပြည်နယ် သုံးခုတွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်
မှုများ အကြီးကျယ်ဆုံး တိုက်ခိုက်မှု ဖြစ်ကြောင်း သိရသည်။

စခန်းကို မိမိတို့ အနေဖြင့် ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး မှာလည်း ဘေးကင်းမှု ရှိကြောင်း ဗိုလ်မှူးကြီးက ပြောကြားခဲ့ပြီး စစ်ဘက်မှ ပျက်စီးဆုံးရှုံးမှု စာရင်းကို မူ ဖော်ပြခြင်း မရှိဟု သိရသည်။

http://bit.ly/11HJnwI

မြ၀တီမငြိမ်မသက်ဖြစ်နေသာ ထိုင်းနိုင်ငံတောင်ပိုင်း အစွန်အဖျားနေရာရှိ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတစ်ခုကို စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၁၇ ဦး သေ ဆုံးခဲ့ရသည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ထိုင်းကြည်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တစ်ဦးက ပြောကြား သည်။

ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ

Photo: ဇန်နဝါလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ ခန့် ရှိလာ
Thursday, February 14, 2013

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင် လာရောက်လုပ်ကိုင်လာမှုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့် ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဇန်နဝါရီလ တလတည်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ဝင်ရောက်
လုပ်ကိုင်လာမှုက အမေရိကန်ဒေါ်လာ ၃၄၈ သန်း ရှိခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင် ကပြောသည်။

ဤလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ ဇန်နဝါရီ ၂ ရက်တွင် လုပ်ငန်း ၃ ခု၊ ဇန်နဝါရီ ၉ ရက်တွင် ၃ ခု၊ ဇန်နဝါရီ 
၁၆ ရက်တွင် ၁ ခု၊ ဇန်နဝါရီ ၂၃ ရက်တွင် ၄ ခုနှင့် ဇန်နဝါရီ ၃၀ ရက်တွင် 
၅ ခုဟူ၍ လုပ်ငန်းပေါင်း ၁၆ ခုအား ခွင့်ပြုခဲ့သည်။

“ဇန်နဝါရီလထဲမှာ ဝင်ရောက်လာတဲ့ လုပ်ငန်းတွေထဲမှာ ကဏ္ဍစုံလာတာ
တွေ့တယ်။ ဇန်နဝါရီလ တလထဲ ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဝင်ရောက်ထားတဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၉၄.၃၅၄ သန်းရဲ့ ၄၀ ရာခိုင်နှုန်းကျော် ရှိနေပါတယ်” ဟု ညွှန်ကြားရေးမှူးက ဆက်ပြောသည်။

ထိုသို့ ခွင့်ပြုချက်ရရှိခဲ့သည့် ကုမ္ပဏီများမှာ အဖျော်ယမကာ ထုတ်လုပ်ခြင်း
နှင့် ဖြန့်ဖြူးရောင်းချခြင်း ဖက်စပ်လုပ်ငန်းအတွက် Myanmar Distillery Company Limitetd နှင့် Beer Chan International Limited ၊ အိမ်သုံးနှင့်အိမ်အလှဆင် ပစ္စည်း စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Green Tech Industries Company Limited ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်သုံး ပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအတွက် Suzuki (Myanmar) Motor Co Ltd ၊ လက်ခစားစနစ်ဖြင့် သတို့သမီးဝတ်စုံ ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် Atelier E&M International Co Ltd ၊ စီးကရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုလုပ်ကိုင်
လျက်ရှိသည် IMU နှင့် ဖက်စပ်လုပ်ကိုင်ရန် British American Tobacco Myanmar Limited စသည်တို့အား ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ 

ခင်မျိုးသွယ်
Mizzima - News in Burmese ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင် လာရောက်လုပ်ကိုင်လာမှုမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၀ ခန့် ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော် မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် ဘယ်လ်ဂျီယံနှင့် သဘောတူလက်မှတ် ရေးထိုး

Photo: ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် ဘယ်လ်ဂျီယံနှင့် သဘောတူလက်မှတ် ရေးထိုး
Thursday, February 14, 2013
    
ဧရာဝတီမြစ်တွင် ရေတားတမံအနိမ့် (wire & lock) များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ
လေ့လာမှု ဆောင်ရွက်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co,Ltd တို့ သဘောတူလက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ယခု သဘောတူလက်မှတ် ရေးထိုးခြင်းသည် ဖြစ်နိုင်ခြေလေ့လာမှု
ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလေ့လာမှု ရလဒ်ထွက်ရှိလာပါက Conceptual design ပုံစံ တင်ပြမည်ဖြစ်ကာ စီမံကိန်းအား လုပ်ဆောင်ရန် သင့်-မသင့်ကို လွှတ်တော်သို့တင်ပြ၍ ဆန္ဒခံယူ ဆုံးဖြတ်သွားမည်ဖြစ်သည်။

"Feasibility study လုပ်ဖို့ အချိန်ခြောက်လ ယူမယ်။ ဒီ study မှာ EIA,SIA ပါ တစ်ခါတည်းလုပ်ပြီး Conceptual design ပုံစံကိုပါ တစ်ပါတည်း တင်ပြမယ်။ ဒီရလဒ်ကိုကြည့်ပြီးမှ လွှတ်တော်ကို တင်ပြပြီး လုပ်သင့်မသင့် ဆုံးဖြတ်သွားမှာပါ" ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့် (wire & lock) များ တည်ဆောက်ခြင်းဖြင့် ရေကြောင်းသွားလာမှု လွယ်ကူ အဆင်ပြေစေခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ခြင်းနှင့်
စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေ ရရှိနိုင်ခြင်း စသည့်
အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု သိရသည်။

SBE nv Engineering Co,Ltd သည် Feasibility study အား အဆင့်သုံးဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ပထမအဆင့် study ပြုလုပ်ခြင်းကို မတ် ၁ ရက်တွင် စတင်မည်ဖြစ်သည်။

"Feasibility study ကို အဆင့်သုံးဆင့် သတ်မှတ်ပြုလုပ်သွားမှာဖြစ်ပြီး ပထမအဆင့်ကို မတ် ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာပါ။ ဒီအဆင့်မှာ အချက်အလက် စုဆောင်းတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်မှာ ကနဦးဒီဇိုင်းကို ထုတ်ပြန်ပေးသွားမှာပါ။ တတိယအဆင့်မှာ ဒုတိယအဆင့်က ရလာတဲ့ ကနဦးဒီဇိုင်းကို ပြန်လည်မွမ်းမံပြီး Conceptual design ပုံစံ တင်ပြသွားမှာပါ" ဟု SBE nv Engineering Co,Ltd မှ Project Director Mr. Koen Thomas က ဖေဖော်ဝါရီ ၁၁ ရက်က ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကြပ်သော
နေရာ ၄၆ နေရာနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက် ရေကြောင်း
ကြပ်သော နေရာ ၃၇ နေရာရှိသည်။           

ယင်းနေရာများကို မြစ်ကြမ်းပြင် ပြုပြင်နည်းဖြင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရသဖြင့် ဒုတိယအဆင့် ပြုပြင်နည်းဖြစ်သော
ရေမျက်နှာပြင် ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်ရန် စတင်စီစဉ်ခြင်း ဖြစ်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက
ပြောကြားခဲ့သည်။

Eleven Media Group
ဧရာဝတီမြစ်တွင် ရေတားတမံအနိမ့် (wire & lock) များ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု ဆောင် ရွက် ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် SBE nv Engineering Co,Ltd တို့ သဘောတူ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာဟိုတယ် တွင် ပြုလုပ်ခဲ့သည်။ယခု သဘောတူလက်မှတ် ရေးထိုးခြင်း သည် ဖြစ်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါလေ့လာမှု ရလဒ်ထွက်ရှိလာပါက Conceptual design ပုံစံ တင်ပြမည်ဖြစ်ကာ စီမံကိန်းအား လုပ်ဆောင်ရန် သင့်-မသင့်ကို လွှတ်တော်သို့တင်ပြ၍ ဆန္ဒခံယူ ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသော ရခိုင်အမျိုးသား ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မူကို ခံခဲ့ရသော မောင်တောမြို့ နယ် မြောက်ပိုင်းမှ ရခိုင်အမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ လာကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ သိရသည်။

မြောက်ကိုရီးယား ကို တုံ့ပြန်ရန် တောင်ကိုရီးယား က တာဝေးပစ် ဒုံးခွင်ဒုံးစနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ

Photo: မြောက်ကိုရီးယားကို တုံ့ပြန်ရန် တောင်ကိုရီးယားက
တာဝေးပစ်ဒုံးခွင်ဒုံးစနစ် တပ်ဆင်မှု အရှိန်မြှင့်မည် ကြေငြာ
Thursday, February 14, 2013

မြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက်
နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည်
မြောက်ကိုးရီး ယားတစ်နိုင်ငံလုံးဘက်သို့ လွှမ်းခြုံပစ်ခတ်
နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာ
လိုက်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်
ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ
၈၀၀ (မိုင် ၅၀၀) အကွာ အဝေးအထိ ရောက်အောင် ကျွန်တော် တို့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

တောင်ကိုရီးယားသည် ယမန်နှစ် အောက်တိုဘာကစ၍ အမေရိကန်နှင့်သဘောတူညီချက်တစ်ရပ်ချုပ်ဆိုကာ မြောက်
ကိုရီးယား၏ နျူလက်နက်များ ရန်ကို ကာကွယ်ရန် ၎င်း၏ ဒုံးခွင်းဒုံးစနစ်များ၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးကို သုံးဆအထိ မြှင့်တင်ရန် ပြင်ဆင်ခဲ့သည် ။

အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ ဝင် ၂၈,၅၀၀
တပ်စွဲထားပြီး မည်သည့်နျူလက်နက်ဖြင့် တိုက်ခိုက်မှုမှမဆို
တောင်ကိုရီးယား ကို ကာကွယ်ပေးသွားရန် အာမခံပေးထားသည်။

ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က တောင်ကိုရီးယားသည် ၎င်း၏ကာကွယ်ရေးစနစ်တွင် မြောက်ကိုရီးယားဒုံး ကျည်များ
ကို ခြေရာခံခြင်း၊ ပစ် မှတ်ထားခြင်း ၊ဖျက်ဆီးခြင်းများကို လုပ်
ဆောင်နိုင်စွမ်းရှိရန် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ယမန်နေ့က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုပြီးနောက်
တောင်ကိုရီးးယားထောက်လှမ်းရေအကြီးအကဲက ပြုံယမ်းသည် လာမည့်အပတ် အတွင်း ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်ဖွယ်ရှိကြောင်း သတိပေးထားသည်။

ယခုအခါမြောက်ကိုရီးယား၏နျူစမ်းသပ်မှုကို အမေရိကန်
ပြည်ထောင်စုက ခိုင်မာသည့် အရေးယူမှုပြုလုပ်သွားမည်ဟု
ကြေငြာထားပြီး နိုင်ငံတကာကလည်း ရှုတ်ချထားသည်။

Ref: AFP
The Myanma Age
မြောက်ကိုရီးယား၏ ယမန်နေ့က တတိယအကြိမ်မြောက် နျူစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားသည် မြောက်ကိုးရီးယား တစ်နိုင်ငံလုံး ဘက်သို့ လွှမ်းခြုံပစ်ခတ်နိုင်သော ၎င်း၏တာဝေးပစ်ဒုံးခွင်းစနစ်တပ်ဆင်မှုကို အရှိန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကင်မ်မင်ဆွတ်က “ဒုံးခွင်းဒုံး တပ်ဆင်မှုစနစ်ကို ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) အကွာအဝေး အထိ ရောက်အောင် ကျွန်တော်တို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများတွေ့ဆုံ

Photo: ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ၈၈ မျိုးဆက်
ကျောင်းသားများတွေ့ဆုံ
Thursday, February 14, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Thomas Ojea Quintana နှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် ဖေဖော်ဝါရီလ
၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ UNDP ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပါဝင်ခဲ့သည်။

တွေ့ဆုံမှုတွင် ကချင်ပြည်နယ် အခြေအနေများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ၊ ရွှေ့ပြောင်းဒုက္ခသည် ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စများကို ဆွေးနွေးခဲ့သည်။

တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကိုဂျင်မီက "သူက နေပြည်တော်မှာ တာဝန်ရှိသူတွေနဲ့ တွေ့မယ်။ ကချင်ပြည်နယ်ကိုလည်း သွားဖို့ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေကို မေးတယ်။
နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ကိစ္စ၊ 
အဲဒီမှာ ကျွန်တော်တို့လည်း ပါမယ်။ နောက်နောင်ဖြစ်လာမယ့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားမလဲ။ အဲဒါတွေလည်း ဆွေးနွေးဖြစ်တယ်" ဟုပြောသည်။

ထို့နောက် ကိုဂျင်မီက ၎င်းတို့၏ သဘောထားကို ပြောကြားရာတွင် 
၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံသည် မစ္စတာကွင်တားနားကဲ့သို့ လူ့အခွင့်အရေး ကိုယ်စားလှယ်မျိုး လိုအပ်နေဆဲဖြစ်သည်ဟု ထင်ကြောင်း ပြောသည်။

Thomas Ojea Quintana သည် ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီ
လူမျိုးများနှင့် ဖေဖော်ဝါရီ ၁၂ ရက်က စစ်တွေမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ ဒေသခံ ဦးသန်းထွန်းက "အဓိက သူ့အနေနဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ပဲ တွေ့ဆုံမှုတွေ ရှိခဲ့ဖူးပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံတာ အခုက ပထမဆုံး
အကြိမ် ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ ထူးခြားတာတစ်ခုက အရင်က ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုပဲ သူတို့သုံးတယ်။ အခု ခါတိုင်းလိုမဟုတ်ဘဲ ဘင်္ဂါလီဆိုတာကိုပဲ သုံးသွားတယ်။ သူကတော့ လူမျိုးစုနှစ်စုကြားမှာ ဘယ်လိုနေထိုင်ကြမလဲ ဆိုတာကို ပြင်ပက ဘယ်နိုင်ငံ၊ အဖွဲ့အစည်းကမှ တိုက်တွန်းလို့ မဖြစ်ကြောင်း ပြောခဲ့တယ်" ဟု ပြောသည်။

ဓာတ်ပုံ - 88 Generation Students
Eleven Media Group
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Thomas Ojea Quintana နှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ UNDP ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။အဆိုပါတွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချိုနှင့် ကိုဌေးကြွယ်တို့ ပါဝင်ခဲ့သည်။ တွေ့ဆုံမှုတွင် ကချင်ပြည်နယ် အခြေအနေများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ များ၊ ရွှေ့ပြောင်းဒုက္ခသည် ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စများကို ဆွေးနွေးခဲ့သည်။

Wednesday, February 13, 2013

သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ

Photo: သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ
Wednesday, February 13, 2013

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပေးပို့သော ပေးစာအပေါ်
ကေအိုင်အေက အပြုသဘောဆောင်ကြိုဆို လိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီ ကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများအဖြေရှာ သွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ကေအိုင်အိုအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း စာတစောင်
ရေးသားပေးပို့ခဲ့သည်ဟု ကေအိုင်အို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဧရာဝတီ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပေးပို့သော ပေးစာ အပေါ် ကေအိုင်အေက အပြုသဘောဆောင်ကြိုဆို လိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများအဖြေရှာ သွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဆိုက်ဘာ တိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်

Photo: ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်
Wednesday, February 13, 2013

ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေး
အရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စု
အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး
ကော်မတီက ရေးသားသည်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှားရှားပါးပါး ထုတ်ပြန်ကြေညာချက်တရပ် ထုတ်ခဲ့ပြီး ကချင်ပဋိပက္ခ
အကြောင်း သတင်းမီဒီယာများ၊ သံရုံးများ၊ နိုင်ငံတကာ
အဖွဲ့အစည်းများက မမှန်သတင်းများ ထုတ်နေကြောင်း ပြောဆိုချက်က သက်သေဖြစ်နေခဲ့သည်” ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် မစ္စတာ ရှောင် ခရစ္စပင်က ရေးပြီး တိုက်ခိုက်သူများ၏ ရည်မှန်းချက်များသည် ကချင်စစ်ပွဲအပေါ် သတင်းရေးသား
ပေးပို့သူများ ဖြစ်ကြောင်းလည်း ထောက်ပြကာ “အကယ်၍ အနှောင့်အယှက်ပေးရာတွင် တပ်မတော်အရာရှိများ ပါဝင်နေပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရန် လုပ်ဆောင်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ပိုမို ကောင်းမွန်အောင် လုပ်နိုင်သည်” ဟု ရေးသားဖော်ပြခဲ့သည်။

ထို စိုးရိမ်ချက်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပြည်တွင်းပြည်ပရှိ Google mail ဂျီမေးလ် သုံးသော သတင်းထောက်နှင့် အယ်ဒီတာအချို့ထံ ဂူးဂဲလ်မှ ” သင့် ကွန်ပြူတာ သို့မဟုတ် အကောင့်ကို နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)က ဝင်ရောက်ရန် ကြိုးစားနေသည်ဟု မိမိတို့ ယုံကြည်သည်” ဟု ရေးသားထားသည့် သတိပေးစာ လက်ခံရရှိကြောင်း
ဖော်ပြခဲ့မှု နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ယင်း သတင်းတွင် ကမ္ဘာကျာ် အင်တာနက်အခြေပြု ရှာဖွေရေး၊
ဆော့ဖ်ဝဲနှင့် ကြော်ငြာကုမ္ပဏီကြီးက နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)ဟု ၎င်းတို့ မည်သို့ရှာဖွေ တွေ့ရှိသည်ကို မထုတ်ပြန်နိုင်ကြောင်း၊ ထုတ်ပြန်ကြေညာခဲ့လျှင် တိုက်ခိုက်သူများက ကုမ္ပဏီ၏ ရှာဖွေရေးစနစ်ကို သိရှိသွားနိုင်ကြောင်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဧရာဝတီက မေးမြန်းခဲ့ရာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ State-sponsored attackers ဟု မစွပ်စွဲသင့်ကြောင်းနှင့် အစိုးရတွင် ထိုသို့ တိုက်ခိုက်ရန် ပေါ်လစီ လုံးဝ မရှိကြောင်း ဆိုသည်။

“ ကျနော် ပြောနိုင်တာက နိုင်ငံတော်က မီဒီယာတွေရဲ့ WebSiteတွေ၊ E-mail တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စီမံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါမျိုး စကားကို လွယ်လွယ်မပြောသင့်ဘူး”ဟု ဦးရဲထွဋ်က ပြောသည်။  ထိုသို့ စကား လွယ်လွယ်ပြော၍ စွပ်စွဲမည်ဆိုပါက နိုင်ငံဂုဏ်သိက္ခာထက် ထိုသို့ပြောသောသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်
မည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သတင်းဝက်ဘ်ဆိုက်များ၊ သတင်းထောက်များ၏ အကောင့်များအား တိုက်ခိုက်မှုများကို နိုင်ငံတော်အစိုးရက ပြုလုပ်သည် ဆိုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်သည်
နိုင်ငံတော် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်  နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မည်မဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

Hacker များအား မည်သို့ထိန်းချုပ်ရမည်ကို မိမိအနေဖြင့် မသိသေးသော်လည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော် နည်းပညာအဆင့်အတန်းမြင့်လာပြီး၊ Cyber လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုရလာမည် ဆိုပါက ကာကွယ်နိုင်မည်ထင်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Cyber ဥပဒေ၊ Cyber လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဌ ဦးသီဟစောကလည်း  “State-sponsored attackers ဆိုတာ Google ကပြောတာ။ Google ကို သူများတွေ မေးတဲ့အခါမှာ ဘယ်သူ လုပ်တယ် ဆိုတာ မပြောဘူး။
ပြောလိုက်ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒါလုပ်တာ မြန်မာနိုင်ငံအစိုးရ ဟုတ်ချင်ဟုတ်မယ်။ တခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်။ Google က သိပေမယ့် အတိအကျ မပြောထားဘူး”ဟု ပြောဆိုပြီး အတိအကျ မပြောထားသည့်အတွက် မြန်မာအစိုးရက ပြုလုပ်နေခြင်းဖြစ်သည်ဟု  အတည်မပြောသင့်ကြောင်း ဆိုသည်။

သတင်းနည်းပညာနှင့် ဝက်ဘ်ဆိုက်ရေးရာ ကျွမ်းကျင်သူများကလည်း
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးအက်ဥပဒေ မရှိသေးသကဲ့သို့ နည်းပညာပိုင်း ကျွမ်းကျင်သည့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးအဖွဲ့များ မရှိသေးကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်လာပြီး ခေတ်မီတိုးတက်
လာသည်နှင့်အမျှ ယင်းကဏ္ဍ တိုးတက်ရေး လိုအပ်လာပြီဖြစ်ကြောင်း ဆိုကြသည်။

“ အခုက Website ကို တိုက်ခိုက်တာပဲ ရှိသေးတာ။ နောက်ကျရင် နည်းပညာကိုသုံးပြီး ဘဏ်အကောင့်တွေ လိမ်တာတို့၊ ငွေခိုးတာတို့၊ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးစော်ကားတာတို့၊ နည်းပညာနဲ့ ခြိမ်းခြောက်ပြီး လူကုန်ကူးတာတို့က နောက်ပိုင်းကြရင်
ဖြစ်လာမှာ။ ဒါတွေဖြစ်လာရင် အသုံးချလို့ရမယ့် Cyber law လည်း အခုချိန်ထိ မရှိသေးဘူး”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။

Hacking နှင့်ပတ်သက်သည့် ပညာရပ်များအား ပြည်တွင်း၌ တက်ရောက်သင်ကြားနိုင်ပြီး ၎င်းသည် White Hacker များအတွက် ဖြစ်ကြောင်း၊ Black Hacker များကမူ Online ၌ သွားရောက်လေ့လာသင်ကြားနိုင်ကြောင်းလည်း သိရသည်။

Hacker များတွင် အချို့သည် မိမိတတ်ကျွမ်းသည်များကို
ပြသချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး၊ အချို့မှာ သူတပါးအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သောသူများဖြစ်ကြောင်း၊ ယခုဖြစ်ရပ်တွင်မူ မီဒီယာဝက်ဘ်ဆိုက်များ၊ အကောင့်များကို hack လုပ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ Black Hacker များဖြစ်ကြောင်း ရန်ကုန်ရှိ Web Developer ကိုရန်ကုန်နိစ်က ပြောသည်။

“ဒါက သာမန်နည်းပညာပိုင်းကို လက်တည့်စမ်းချင်သူတွေကြောင့် မဟုတ်လောက်ဘူး။ သတင်းဌာနကို လုပ်တာကြတော့ ဘာအကျိုး
အမြတ်မှမရှိဘူး။ သတင်းဌာနကသာ ပျက်စီးဆုံးရှုံးမှုတွေရှိတာ။ သတင်းဌာနတွေကို Hack တာကြတော့ ကျနော်တို့ မသိတာတွေ 
အများကြီး ရှိနေဦးမှာပေါ့”ဟု ကိုရန်ကုန်နိစ်က ပြောသည်။

Google mail အကောင့်များ၊ ဝက်ဘ်များအား တိုက်ခိုက်မှုကို လုံးဝ ကာကွယ်တားဆီးရန် နည်းပညာများ မရှိသေးသော်လည်း လုံခြုံစိတ်ချရသည့် Application များကို အသုံးပြုသင့်ကြောင်း ကိုနေဘုန်းလတ်က ပြောသလို မရင်းနှီးသောသူများက ပေးပို့လာသော လင့်များကို မနှိပ်ခြင်း၊ သင်္ကာမကင်း ဖြစ်သည့် ဖိုင်များကို မဖွင့်ခြင်းများကလည်း များစွာ အထောက်အကူပြုကြောင်း ဂူးဂဲလ်က ထုတ်ပြန်ထားသည်။

ဧရာဝတီ ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်း ရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေး အရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ရေးသား သည်။

“ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး”

ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံတောင်ပိုင်းရှိ ဘာသာရေးအစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ်အခြေစိုက် စခန်းတစ်ခုကို အင်နှင့် အားနှင့် ဝင်ရောက်စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင် ခဲ့ကြောင်း ကြေညာသွားသည်။ မလေးရှားနှင့် နယ်စပ်အနီးရှိ နာရာသီဝပ် ဒေသတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သားများဘက်မှ အသေအပျောက် ရှိမရှိကိုမူ ထိုင်းစစ်တပ်က မကြေညာခဲ့ချေ။ ထိုင်းစစ်တပ်၏ ဖော်ပြချက်တွင် အခြေစိုက်စခန်းကို ဝင်စီးနင်းရန် ကြိုးပမ်းသူ စစ်သွေးကြွ အများအပြား ရှိခဲ့ပြီး အခြေအနေ မဟန်သည့်အခါ ဆုတ်ခွာသွားကြောင်း ပါရှိသည်။

တမူး တံတားဖောက်ခွဲမှု ကသည်း အဖွဲ့ UNLF တုံ့ပြန်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း (မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။

ချစ်သူများနေ့ ဆိုတာ

ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလ က ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။

ကြောက်တတ်သူများ မဖတ်ရ

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ ကြောက်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ လောက်က ခလရ(--- )က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရ

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ် အကောင့် များအား hack လုပ်ခံရကာ ၎င်းတို့အချင်းချင်းကြား ပေးပို့ထားသည့် အချက်အလက်အချို့ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ယခုအခါ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။

စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအဓိကလိုအပ်

Photo: စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအဓိကလိုအပ်
Wednesday, February 13, 2013

ကချင်စစ်ဘေးဒုက္ခသည်များအတွက် အဓိကလိုအပ်နေသော အကူအညီမှာ စားနပ်ရိက္ခာဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ် အကူအညီ
ပေးနေသူများထံမှ သိရသည်။

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့်ဖြစ်လာသည့် စစ်ဘေးဒုက္ခသည်များ
အား အကူအညီများကိုပေးရန် အစိုးရက ကုလသမဂ္ဂအဖွဲ့ကို မကြာမီ
ရက်ပိုင်းက ခွင့်ပြုပေးလိုက်သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ တစ်နှစ်နှင့်ရှစ်လ ကြာမြင့်ချိန်တွင် စစ်ဘေး
ဒုက္ခသည်ဦးရေမှာ တစ်သိန်းကျော်ရှိလာပြီး အစိုးရထိန်းချုပ်နယ်မြေ
တွင် လေးသောင်းကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်
နယ်မြေတွင် ခြောက်သောင်းကျော်ရှိသည်။

အကူအညီပေးနေသူများ အ ဆိုအရ အစိုးရထိန်းချုပ်နယ်မြေ အတွင်းမှ စစ်ဘေးဒုက္ခသည်များမှာ ကချင်နှစ်ခြင်းခရစ်ယာန်အ သင်းချုပ်နှင့် အခြားအဖွဲ့များဖြစ်သော ကရုဏာ၊ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့တို့၏ ကူညီမှုများဖြင့် အနည်းငယ် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း သွားလာရခက်ခဲပြီး ရောက်ရန်မလွယ်ကူသော မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ် တိုင်(၆)အနီးနှင့် မဂါ့ရန်၊ ပန်ဝါဒေသကဲ့သို့ နေရာမျိုးတွင် မည်သည့်အကူအညီမှမရဘဲ နေထိုင်နေရသော ဒုက္ခသည်များမှာ ပိုမိုဒုက္ခ ရောက်လျက်ရှိကြောင်း စစ်ဘေးဒုက္ခသည်များအား အကူအညီပေးနေသူများက ပြောကြားသည်။

“ဒုက္ခသည်တွေကို တကယ်ကူညီချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကူညီဖို့ပဲ အရေးကြီးပါတယ်” ဟု ကေအိုင်အို ဖွဲ့စည်းထားသည့် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆာက ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ဖြစ်ရာဒေသများသို့ နှစ်ဖက်
စလုံးမှ လုံခြုံရေးတာဝန်ယူရမည်ဟူသော အာမခံချက်ဖြင့် ခွင့်ပြုပေး
လိုက်သည်။ ထိုသို့ ကူညီသွားရာတွင် ဦးစွာလက်ရှိ အကူအညီပေးနေသော ကချင်လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ ထိရောက်သော အကူအညီများပေးစေလိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) နှင့် အခြားအဖွဲ့အစည်းအသီးသီးမှ ကူညီပေးနေသူများက အကြံပြုသည်။

“ကျွန်တော်တို့နဲ့ တွဲမလုပ်ရင်တောင် တိုင်ပင်ပြီး အကူအညီတွေ မရောက်သေးတဲ့ နေရာတွေ ကူညီစေချင်တယ်။ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ အကူအညီတွေ အမြန်ရောက်ရင် ကျေနပ်ပါတယ်” ဟု KBC ၏ စစ်ရှောင်စခန်းများ စောင့်ရှောက်ရေးကော်မတီ ဒုတိယ
အတွင်းရေးမှူး ဦးကွမ်ရှောင်ကပြောသည်။

ကချင်ပြည်နယ်အတွင်း ဝေးလံခေါင်သီသော နေရာဖြစ်သည့် နှင်းကျပြီး
အေးခဲသော ပန်ဝါဒေသတွင် နံနက်ခင်းရေခဲနေသည့် အတွက် ရေရရှိရန် သုံး၊ လေးနာရီ စောင့်ဆိုင်းရသည်များရှိပြီး ရေရရှိရေး အလွန်ခက်ခဲနေသည်။ မိုင်တိုင်(၆)ကဲ့သို့ နေရာများတွင် အမိုးအကာနှင့် နေစရာလုံလောက်ခြင်း
မရှိဘဲ ရာသီဥတုဆိုးဝါးလွန်းသဖြင့် စောင်နှင့်အ၀တ်အထည်များ အရေးပေါ်လိုအပ်နေသည်။ ထိုမှတ်တိုင် (၆) နေရာတွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေမလုံခြုံသဖြင့် အကူအညီများ မရောက်သလောက်ပင်ဖြစ်ကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

မြစ်ကြီးနား၊ ၀ိုင်းမော်နှင့် ဗန်းမော် စသည့် မြို့များတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် စုပေါင်းစားသောက်သည့် စနစ်ရှိသော်လည်း အများစုစခန်းများတွင် ကိုယ့်အိမ်ထောင်စုနှင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ပြီး အဖွဲ့အစည်းများမှ ပေးဝေသော ဆန်၊ ဆီ၊ဆားတို့နှင့် ဟင်းလျာကိုမူ ငွေကြေးရှိလျှင် ဈေးမှဝယ်ယူချက်စားပြီး
ငွေကြေးမရှိသူများမှာ နီးစပ်ရာမှ ဟင်းရွက်ကို ခူးကာ စားရေးသောက်ရေး
ဖြေရှင်းနေကြရကြောင်း အကူအညီပေးနေသည့် ကချင်လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။

လိုင်ဇာမြို့အနီး အကြီးဆုံး စစ်ဘေးဒုက္ခသည်စခန်းဖြစ်သည့် လူဦးရေရှစ်ထောင်ကျော်ရှိသော ဂျယန်းစခန်းမှ တာဝန်ခံ ဦးနော်ဂျာက စခန်း၏လိုအပ်ချက်ကို “အဓိကက အစားအသောက်အတွက်ပေါ့။ ပြီးတော့ ဆေးဝါးလည်း မလုံလောက်ဘူး။ ကျွန်တော်တို့စခန်းမှာ
ကျောင်းသားက နှစ်ထောင်ရှိတယ်။ ကျောင်းအဆောက်အအုံနဲ့ 
ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေဆဲပဲ။ စာမေးပွဲနီးပြီဆိုတော့
မေးခွန်းတွေကိုလက်နဲ့ရေးနေရတယ်” ဟု ဖုန်းဖြင့်ဖြေကြားသည်။

အစိုးရက အကူအညီများ ကူညီခွင့်ပြုလိုက်ပြီးနောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကူညီရန် ကြိုတင်စနည်းနာခြင်းများ၊ လေ့လာခြင်းများ ပြုလုပ်နေပြီး လက်ရှိကူညီနေသော ပြည်တွင်းကချင် လူမှုရေးအဖွဲ့အစည်းများကို ဆက်သွယ်လာခြင်းမရှိသေးကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။

“ကျွန်တော်တို့ ကူညီဖို့ တင်ပြထားတာ လ ၂၀ ကျော်သွားပါပြီ။
မကြာမီ အကူအညီပေးနိုင်ဖို့ လုပ်သွားမှာပါ” ဟု နည်စည်းမထား ဆရာဝန်များအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အာဂျန်ဟီဟန်တန်က
ပြောသည်။

ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများ ကချင်ပြည်နယ်သို့ လာရောက်
ကူညီမည်ကို ကြိုဆိုသော်လည်း ဒေသခံလူမှုအဖွဲ့အစည်းကို ပျက်ပြားစေမည့် ယဉ်ကျေးမှုကို ထိခိုက်သော အပြုအမူမျိုး
ရှောင်ကြဉ်စေလိုကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဆောင် လှုပ်ရှားသူ ကိုဂျော်ဂွန်းက ပြောကြားသည်။

“သီရိလင်္ကာတို့၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့မှာလို မဖြစ်စေချင်ဘူး။ စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ ဒေသခံတွေရဲ့ တန်ဖိုးထားမှု၊ လူမှုအဖွဲ့အစည်းကို ထိခိုက်ပျက်ယွင်းစေတာမျိုး ရှောင်စေချင်တယ်” ဟု ယင်းက အကြံပြုပြောကြားသည်။

စားနပ်ရိက္ခာ၊ နေထိုင်ရေးနှင့် အသုံးအဆောင်များ ထောက်ပံ့သလို စစ်ဘေးဒုက္ခသည်များကို စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေး သည့် အကူအညီများနှင့် နေရပ်ပြန်လျှင် အသုံးချနိုင်မည့် အတတ်ပညာများ သင်ကြားပေးနိုင်လျှင် ကောင်းမည်ဟု အကြံပြုသည်။

စစ်ဘေးဒုက္ခသည်များ လတ်တလောနေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးသည့်အတွက် အကူအညီပေးမည့်သူများအနေနှင့်
ပြန်လည်ထူထောင်ရေး အကူအညီကို ဦးစွာမလုပ်ဆောင်သင့်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ်ကူညီနေသူများက ဆိုသည်။

“စစ်ကြောင်းတွေ အခုထိ နေရာတကာရှိနေသေးတော့ အိမ်မပြန်ရဲကြသေးဘူး” ဟု KBC မှ စစ်ဘေးဒုက္ခသည် စောင့်ရှောက်ရေး
ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

“ယူအင်န်အနေနဲ့ လူသားချင်း စာနာမှုအကူအညီသာမကဘဲ
မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား လိုအပ်တဲ့ကြားဝင်ဖျန်ဖြေရေး
ပြဿနာစောင့်ကြည့်ရေးတွေမှာ ပါဝင်ဖို့ လိုပါတယ်” ဟု ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလဆန်းမှစကာ တိုက်ပွဲများ
လျော့နည်းသွားပြီဖြစ်သော်လည်း ဖားကန့်ဒေသတွင် တိုက်ပွဲအချို့ဖြစ်ပွားနေဆဲဖြစ်ပြီး ဖားကန့်ဒေသမှ စစ်ဘေးဒုက္ခသည်အသစ်များ တိုးလာသဖြင့် ဒုက္ခသည်ဦးရေမှာ တစ်သိန်းငါးသောင်းကျော်အထိ မြင့်တက်လာကြောင်း အကူအညီပေးသူများကခန့်မှန်းနေကြသည်။

7Day News Journalကချင်စစ်ဘေးဒုက္ခသည်များအတွက် အဓိက လိုအပ်နေသော အကူ အညီမှာ စားနပ်ရိက္ခာဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ် အကူအညီ ပေးနေသူများထံမှ သိရသည်။

ဖုန်းဆင်းကတ် ၅ဝဝဝ ကျပ် အိပ်မက်မပြယ်၊ ရွှေပြည်တံခွန်ကုမ္ပဏီ ဟန်းဆက်စက်ရုံ တည်မည်

Photo: ဖုန်းဆင်းကတ် ၅ဝဝဝ ကျပ် အိပ်မက်မပြယ်၊ ရွှေပြည်တံခွန်ကုမ္ပဏီ
ဟန်းဆက်စက်ရုံ တည်မည်
Wednesday, February 13, 2013

ဖုန်းဆင်းကတ် ကျပ်ငါးထောင်ဖြင့် ရောင်းချမည်ဟု ဆိုခဲ့သည့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ယခုနှစ်အတွင်း ဟန်းဆက်စက်ရုံတည်ထောင် တော့မည်ဟု သိရသည်။

''ငါးထောင်တန်ဖုန်းကတော့ အော်ပရေတာ လျှောက်ထားပါ တယ်။ လူကြီးတွေ ဆုံးဖြတ်ချက် အပေါ်ပဲမူတည်တယ်။ ဖုန်းစက်ရုံ ကတော့ ဒီနှစ်ထဲမှာပဲ ထုတ်လုပ် ရောင်းချနိုင်တဲ့အဆင့်အထိ ဆောင် ရွက်သွားမှာပါ''ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

ဟန်းဆက်များ ထုတ်လုပ်ရာ တွင် ကုမ္ပဏီပိုင် နည်းပညာအပြင် နိုင်ငံခြားမှ နည်းပညာရှင်များကိုပါ ဖိတ်ခေါ်၍ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

''ငါးထောင်တန် ဖုန်းထုတ် လုပ်ခွင့်ရခဲ့ရင်တော့ စက်ရုံအတွက် ပိုပြီး အဆင်ပြေမှာပါ။ ဒါပေမဲ့ လုပ်ခွင့် မရလည်း စက်ရုံတည် ထောင်မှာပါ။ လက်ရှိတော့ စက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာ နဲ့ နည်းပညာပိုင်းဆိုင်ရာကို လေ့ လာနေပါတယ်''ဟု ၄င်းက ဆက် ပြောသည်။

ဖုန်းစက်ရုံတည်ထောင်မည့် ရွှေပြည်တံခွန် ကုမ္ပဏီသည် ၂ဝ၁၂ ဇန်နဝါရီလတွင် ဖုန်းတစ်လုံးကို ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချပေးမည်ဟု တရားဝင်ထုတ်ပြန်ထားခဲ့ ပြီး ဖုန်းထုတ်လုပ် ရောင်းချခွင့်ကို နည်းပညာနှင့်ဥပဒေအရပါ ဖြစ်နိုင် ခြေမရှိကြောင်း မြန်မာ့ဆက်သွယ် ရေးမှ ထုတ်ပြန်ထားပြီးနောက် ငါးထောင်ဖုန်းသတင်းမှာ ပျောက်ကွယ်ခဲ့သည်။

လက်ရှိတွင် ရွှေပြည်တံခွန် ကုမ္ပဏီသည် ဆက်သွယ်ရေးကဏ္ဍအတွက် လုပ်ပိုင်ခွင့်တင်ဒါခေါ်ယူမှု ကို ဝင်လျှောက်ထားခဲ့ပြီး လုပ်ပိုင် ခွင့်ရရှိပါက ယခင် ထုတ်ပြန်ထား သည့်အတိုင်း ကျပ်ငါးထောင်နှုန်း ဖြင့် ဖုန်းများရောင်းချပေးမည်ဟု ယင်းကုမ္ပဏီမှသိရသည်။

အောင်ဇော်
Popular Myanmar News Journal ဖုန်းဆင်းကတ် ကျပ်ငါးထောင်ဖြင့် ရောင်းချမည်ဟု ဆိုခဲ့သည့် ရွှေပြည် တံခွန်ကုမ္ပဏီသည် ယခုနှစ်အတွင်း ဟန်းဆက်စက်ရုံ တည်ထောင် တော့မည်ဟု သိရသည်။

လုပ်ငန်းရှင် များ စီမံကိန်း အကြောင်းပြ မြေ အတောင်းကြမ်း တနင်္သာရီ တိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရာဘာ စိုက်ပျိုးရန် ဧက ကိုးသိန်း တောင်းသော်လည်း ဧကသုံးသိန်း ခန့်သာ လက်တွေ့စိုက်

Photo: လုပ်ငန်းရှင်များ စီမံကိန်းအကြောင်းပြ မြေအတောင်းကြမ်း
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရန် ဧကကိုးသိန်း တောင်းသော်လည်း ဧကသုံးသိန်းခန့်သာ လက်တွေ့စိုက်
Wednesday, February 13, 2013

လုပ်ငန်းရှင်များ စီမံကိန်းကို အပေါ်ယံပြပြီး မြေဧကသိန်းချီတောင်းယူမှု
များကို ကြုံတွေ့နေရကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃)
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သတင်းထောက်များနှင့်
တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး၊ မူဆယ်မြို့ဝန်းကျင်ရှိ
မြေဧက ခြောက်သိန်းကျော်ကို အပင်ခုတ်ပြီး ဘိုင်အိုဒီဇယ်ထုတ်ရန် လုပ်ငန်းရှင်တစ်ဦးက တောင်းထားသည်။

လားရှိုးမြို့ဝန်းကျင်တွင် ဧကငါးသိန်းကျော်သာ ရှိသည့်အတွက် လက်ရှိလုပ်ငန်းရှင် တောင်းဆိုမှုကို ခွင့်ပြုပါက ဒေသတစ်ခုလုံး ကုန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြသည်။

“လူတစ်ယောက်တည်းကို ဧကခြောက်သိန်းကျော်ပေးရရင် ကျွန်တော် အလုပ်ကထွက်ရုံပဲရှိတယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများကို မြေချထားပေးလိုသော်လည်း လုပ်ငန်းကို သတ်မှတ်နှစ်အတွင်း မဖော်ဆောင်ဘဲထားပါက အစိုးရသို့ ပြန်အပ်သင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့လုပ်တဲ့ အလုပ်တွေထဲမှာ မြေတောင်းတာတွေ ချပေးဖို့က အခက်အခဲဆုံးပဲ”ဟု ဦးစိုးသိန်းကဆိုသည်။

ထိုကြောင့် စီမံကိန်းပြပြီး စာချုပ်ပါ သတ်မှတ်ကာလအတွင်း အကောင်အထည်မဖော်ဆောင်သည့် မြေဦးထားမှုများကို ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်မည်ဟုလည်း ဆိုသည်။ ယခင်က တနင်္သာရီတိုင်းတွင် မြေဧကကိုးသိန်းကျော် ဆီအုန်း၊ ရာဘာ စသည်တို့ စိုက်ပျိုးရန် အစိုးရက ချပေးခဲ့သော်လည်း ဧကသုံးသိန်းနီးပါးသာ အကောင်အထည်ဖော်ပြီး ကျန်မြေဧကများကို နေရာဦးထားသကဲ့သို့
ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြသည်။

“သူတို့ကမစိုက်ဘဲ ဒီတိုင်းထားတော့ ကျွန်တော်တို့က မကောင်းဘူးဖြစ်နေတယ်”ဟု ဦးစိုးသိန်းကပြောကြားသည်။

ထို့အပြင် အခြေခံလူတန်းစား လယ်ယာမဲ့ အိမ်ထောင်စုများ
အတွက် နေထိုင်ရန် မြေချပေးရန် စီစဉ်နေသည်ဟု ဆိုသည်။ လယ်ယာမဲ့များကို မိသားစုအလိုက် ဦးစွာစာရင်းကောက်ပြီး သင့်လျော်ရာတွင် လယ်မြေအပိုင် ချထားပေးရန် စီစဉ်ပေးသည်ဟု အထက်ပါပုဂ္ဂိုလ်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

7Day News Journalလုပ်ငန်းရှင်များ စီမံကိန်းကို အပေါ်ယံပြပြီး မြေဧကသိန်းချီတောင်းယူမှု
များကို ကြုံတွေ့နေရကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းက သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြား သည်။

ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ

Photo: ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ
Wednesday, February 13, 2013

ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင်အကြောင်းကြား
မှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိသည်။

ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှင့် အခြားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် တရားမ၀င် တူးဖော်ခိုးထုတ်မှုများ ရှိနေသည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ရှေးဟောင်းပစ္စည်းများအား ထိန်းသိမ်းကာကွယ်ရန် ဒေသခံများအား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သတိပေးတားမြစ်ချက်များ ထည့်သွင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်
လျက်ရှိသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကိုလာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်း
ပစ္စည်းမဟုတ်ဘူးဆိုရင် ယူခွင့်ရှိတယ်။ အဲဒီမှာ မသမာသူတွေက လိမ်လည်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဒေါက်တာတိုးလှကပြောသည်။

၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အညီ
ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။

7Day News Journalရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင် အကြောင်းကြားမှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိသည်။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

Photo: ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်
Wednesday, February 13, 2013

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

''ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ''ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ...
ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
''မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ'' ဟု ဦးစိုးသိန်းက ဆက်ပြောသည်။

ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။

PN-051
Popular Myanmar News Journalဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လူမဆန်သူ များ၏ ပစ်မှတ်ဖြစ်လာသော ကလေး သူငယ်များ “ ၂၅ နာရီတိုင်း ကလေးငယ် တစ်ဦး မုဒိမ်းကျင့်ခံနေရ ”

Photo: လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ
“ ၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ ”
Wednesday, February 13, 2013

ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်းအရွယ် ကျောင်းသူ၊
ကျောင်းသားလေးများ ကျောင်းတံခါးပေါက်ဆီအော်ဟစ်ခုန်ပေါက်ပြိုဆင်း
လာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါး
ပေါက်ဆီ လှမ်းမျှော်ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန်
လမ်းလျှောက်နေသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်း
မဟုတ်သည့်အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြား
ခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာရှိသေးသည့်
ဒုတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက်
ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။ အကြမ်းဖျင်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်
တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းဖြစ်သည်။

ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်
ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မြန်မာနိုင်ငံတွင်ယင်းကဲ့သို့ မုဒိမ်း
မှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေးလုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက်တပ်လှန့်ရမည့်
အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။

“ဒီကလေးတွေကိစ္စက တော်တော်စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ ဒါဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ကို ကန့်ကွက်တားဆီး
ပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများကွန်ရက်မှ
တရားလွှတ်တော်ရှေ့နေဦးကိုနီကပြောသည်။

၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ်
အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင်
ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။

“ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့်ကလေးလေး တွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို
လုံးဝလက်ခံလို့ မရဘူး။ လက်ခံနေလို့မဖြစ်ဘူး” ဟု ရန်ကုန်ဆင်ခြေဖုံး
ရပ်ကွက်တစ်ခုတွင် ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အပြစ်ပေး
အရေးယူသည့်အပိုင်းထက် ကြိုတင်ကာကွယ်မှုကို ဆောင်ရွက်ရမည်
ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

“ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေးမိဘတွေ အတွက် ဟောပြောပွဲတွေ လုပ်ပြီး ဟောပြောရမယ်။ နောက်ပြီး ယောက်ျားလေးတွေအတွက်ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာပညာပေးမှုများမရှိသည့်အတွက် မိန်းကလေး
ငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာအားနည်းမှုများကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် (သို့မဟုတ်)လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား
လုပ်လိုသူများအတွက် အခွင့်ကောင်းဖြစ်နေသည်။

“တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ်လာပြီးတော့ ကျောင်းသားနှင့်ဆရာ
သပ်သပ်၊ ဆရာမနှင့်ကျောင်းသူသပ်သပ် လိင်ပညာပေးလာလုပ်တာ
မျိုးတော့ ရှိပါတယ်။ပုံမှန်သင်ကြားပေးတာမျိုးတော့မရှိဘူး” ဟု တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။

အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်းဆိုင်ရာ
အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေများကလည်း နည်းပါးနေသည်။
ပညာရေးဘက်တွင် အားနည်းချက်ရှိရုံသာမက စာပေ၊ အနုပညာ အပိုင်း
တွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုးတွယ်တာစေသော
စာပေအနုပညာမျိုးလည်း ရှားပါးလာသည်။

“မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်းနိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲရှိတော့တဲ့အတွက်စာပေအနုပညာနဲ့ပဲ ဒါတွေကို ပြန်ထိန်း
ရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။

ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်း
ဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီယို အပိုင်းအစများ၏ ပျံ့နှံ့မှုလွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်
စည်းမှုပိုင်းအားနည်းလာမှုစသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း ၏ အဓိက အခြေခံအကြောင်းအရင်း
များဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ်ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီးကြီးကြီးငယ်ငယ် ကိုယ့်သားသမီးကို ပြောပြထား
ရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထားရတော့မယ်။
ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ”ဟု ဦးကိုနီက အကြံပြုစကား
ဆိုသည်။

ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအားအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရပြီး
သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူများကိုသေဒဏ်စီရင်နိုင်သော ဥပဒေသစ်တစ်ရပ်
ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀နှစ်အထိသာ ချမှတ်နိုင်သည်။

လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူ
ကြီးများက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့မရှိကြောင်း တရားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

“ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ
ထောင်ဒဏ် ခုနစ်နှစ်ဝန်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ်တရားသူကြီးရုံး) က ဘယ်လောက်
လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ်ဖြစ်သွားတာမျိုးလည်း ရှိဖူးတယ်” ဟုမုဒိမ်းမှုများတွင် အများဆုံး
လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေး
က ပြောသည်။

အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာကြီးမားသော
မြန်မာနိုင်ငံအတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်း
အ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေးတစ်ယောက် အဓမ္မစော်ကားပြုကျင့်ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။

ဒုတိယတန်းကျောင်းသူလေးနည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်း
အတွက်လုံးဝလက်မခံနိုင်သော နောက်ဖြစ်ရပ်တစ်ခုကလည်း
ပြီးခဲ့သည့်နှစ်လခန့်ကပင်ဖြစ်ပွားခဲ့သေးသည်။

လမ်းပင်မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ်မသန်စွမ်းကလေးငယ်တစ်ဦးအား
စော်ကားပြုကျင့်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူအတွက် ယူကျုံး
မရဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ)က ထိုခါးသီးလွန်းတဲ့အဖြစ်
အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။

“ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေး
ပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲအကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင်
စကားဆိုသည်။

သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့
လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင် ထွန်းရင်ထဲတွင် မချိ။

“သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာ
မှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့
ပါနဲ့ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။

ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန်ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုစိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။

“ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့စိတ်ထဲက စိတ်ဒဏ်ရာကပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖြစ်
ဆောင်ရွက်နေသူ အမျိုးသမီးကသူ့အတွေ့အကြုံကို မျှဝေသည်။

တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာ
လည်းရှိနေနိုင်သေးသည်။

ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက်
ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။ ထို့ထက်လွန်
သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့မနာသာထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။

“ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာ
ချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်း
မလွယ်ဘူး” ဟုသမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက
စိတ်မသက်မသာ စကားဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာ
ကလည်း ရှိနိုင်သည်။

တစ်ရှက်က နှစ်ရှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွား
သည့် အမှုတွေကလည်း မည်မျှရှိနေမှန်းမသိနိုင်။ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင် လွတ်လွတ်လပ်လပ် ပြေးလွှားဆော့
ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေးလို စိတ်ပိုင်းဆိုင်ရာ

မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေမည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦးအဓမ္မပြုကျင့်ခံနေရခြင်းသည် အစိုးရနှင့် မြန်မာ့
လူ့အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်မည့် အရေးကြီးသော
ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။ ။

ရေးသားသူ- ငြိမ်းငြိမ်းနိုင်
7Day News Journalကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်း အရွယ် ကျောင်းသူ၊ ကျောင်းသားလေးများ ကျောင်းတံခါးပေါက် ဆီအော်ဟစ်ခုန်ပေါက်ပြိုဆင်း လာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ

Photo: ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ
Wednesday, February 13, 2013 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

အင်းဝမြို့ဟောင်း ကူးတို့ဆိပ်နှင့် တောင်တော်ဆိပ်ကမ်းကြား ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ ဧက ၂၀ ကျော်ခန့်ရှိသည့် လယ်မြေစိုက်ခင်းများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေခြင်းဖြစ်ပြီး ၃ ဧကခန့်သာ အရောင်းအ၀ယ်ဖြစ်ရန် ကျန်ရှိတော့ကြောင်း လယ်မြေရောင်းချလိုက်သည့် တောင်သူအချို့ကပြောသည်။

“မိဘလက်ငုတ်လက်ရင်းဆိုတော့ ရောင်းတော့မရောင်းချင်ဘူး။ 
ဒါပေမဲ့ မရောင်းရင်လည်း မြေပြိုလို့ကုန်မှာ။ ဒါကြောင့်
ရောင်းလိုက်ရတာ”ဟု မြေရောင်းချပြီးသူ အင်းဝမြို့ဟောင်း
လေဇာရွာမှ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျမှုဒဏ်ကြောင့် တစ်နှစ်လျှင် ဧကထက်ဝက်ခန့် ဆုံးရှုံးနေသောကြောင့် လာရောက်ဝယ်ယူနေစဉ် ရောင်းချ
လိုက်ခြင်းဖြစ်ကြောင်း ရောင်းချလိုက်သူအချို့ကဆိုသည်။
မြန်မာစကား ရည်မွန်စွာပြောတတ်သော တရုတ်လူမျိုးများ၊ အချို့မှာ မြန်မာစကားမပြောတတ်၍ စကားပြန်ဖြင့် လာရောက်သူများက ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရောင်းချခဲ့သည့် တောင်သူအချို့ကပြောသည်။ယင်းလယ်မြေများ ရောင်းချလိုက်သဖြင့် ဒေသခံလယ်ကူလီအချို့မှာ အခြားအလုပ်အကိုင်များ ပြောင်းလုပ်လာကြောင်း အင်းဝဒေသခံအချို့က
ဆိုသည်။

“အရင်ကတော့ လယ်ထဲဆင်းတယ်။ ခုတော့ လယ်တွေရောင်းပစ်
လိုက်ကြတော့ လုပ်စရာအလုပ်မရှိလို့ မြင်းလှည်းတက်မောင်းနေတယ်”ဟု အင်းဝမြို့ဟောင်း ကူးတို့ဆိပ်မှ အသက် ၃၅ ၀န်းကျင် မြင်းလှည်း
မောင်းနေသူ အမျိုးသားတစ်ဦးကပြောသည်။

ရောင်းချလိုက်သည့် လယ်ယာမြေများတွင် ပဲထောပတ်၊ ငှက်ပျော၊
ပြောင်းဖူးများ အဓိကစိုက်ပျိုးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အင်းဝမြို့ဟောင်းအနီးရှိ တံတားဦးမြို့တွင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။

ယင်းသတင်းကြောင့် ယမန်နှစ်ကတည်းက တံတားဦးနှင့် အင်းဝမြို့ဟောင်းအတွင်းရှိ လယ်မြေများ အရောင်းအ၀ယ်ဖြစ်ခဲ့ကြသည်။ ယင်းအရောင်းအ၀ယ်ဖြစ်နေသော လယ်မြေနေရာသည် အင်းဝကူးတို့ဆိပ်အနီး ဧရာဝတီမြစ်၊ စစ်ကိုင်းတံတားနှင့် စစ်ကိုင်းတောင်များကို လှမ်းမျှော်ကြည့်ရှုနိုင်သည့် မြင်ကွင်းကောင်းသော
နေရာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းပြုလုပ်ရန် ရည်ရွယ်၍ ၀ယ်ခြင်းဖြစ်နိုင်သည်ဟုလည်း အင်းဝဒေသခံအချို့က ခန့်မှန်းကြသည်။

ဓာတ်ပုံ- ညီညီဇော်
7Day News Journalမန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၇နာရီမှစ၍ သာကေတမြို့နယ်အတွင်းNLD လူငယ်များက စက်ဘီးစီးနင်းလှည့်လည်

ပြည်ထောင်စုနေ့ ညစာ စားပွဲ ကြည်နူးဖွယ် မြင်ကွင်းများ

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ

 မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု (၁၂၊၂၀၁၃) မြောက်ကို ရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ကို အောင်မြင် စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

အရက်ရောဆုံးသူဌေးစာရင်းမှာ Facebook တည်ထောင်သူ ပါဝင်

Facebook စတင်တည်ထောင်သူ မက် ဇက်ကာဘက် နဲ့ သူ့ရဲ့  ဇနီးဖြစ်သူ ချန်း တို့ ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၂ ရဲ့ အရက်ရောဆုံး အလှုရှင်စာရင်းထဲ ပါဝင်လာပါပြီ။

ဂေါ်ဖီထုပ်သုပ်စားရာမှ နှစ်ဦးသေ၊ ၃၀ ဦး ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများသည် ဖေဖော်ဝါရီ ၁၁ ရက်က ဂေါ်ဖီထုပ်သုပ်စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ၃၀ ဦးခန့် ဆေးရုံ တင်ထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ

Photo: လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ
Tuesday, February 12, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း
ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့်
ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ
စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

“အရင်ကဆို အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ တောင်းသွားတာ၊ အခုက ဆယ်ကျော်သက်ဆိုရင် ဘယ်နှစ်ယောက်ဖြစ်ဖြစ်ခေါ်တယ်၊ မိန်းကလေးဆိုရင် ပညာတတ်တဲ့ မိန်းကလေးကို အတင်းအကျပ်ခေါ်တတ်တယ်” ဟု လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှ
စ၍ တပ်သားစု ဆောင်ခြင်းကို   ပြုလုပ်လာခြင်းကြောင့် ဒေသခံ
ရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ  ခေးစောဝ်ဖ က ပြောသည်။

အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်း
အချို့ရှိသော်လည်း ဒေသခံများ အနေဖြင့် အခြားမြို့/ ရွာများသို့
ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်
လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို
ဒေသခံ ကျေးရွာအကြီး အကဲများနှင့် လိုက်နာခြင်း မရှိပါက အကြီးအကဲထံသို့ သေနတ်ကျည်ဆံအား စာအိတ်ဖြင့် ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာ တပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။

“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေအနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်း
တစ်ခုမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ
အတွင်းရှိ တောတွင်းလက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသလောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှ
တပ်သားစုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေ သခံ အချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စော စီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။