Thursday, February 21, 2013

သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော် လည်း ၀ယ်လို အားကောင်း

Photo: သစ်မွှေးစိုက်ပျိုးချိန် မဟုတ်သော်လည်း ၀ယ်လိုအားကောင်း
Thursday, February 21, 2013

မြန်မာနိုင်ငံ အနှံ့အပြား တွင် သစ်မွှေး စိုက်ပျိုးသူ များပြားလာပြီး
မြန်မာနိုင်ငံ၏ ဆောင်းကုန် နွေအကူး ဖေဖော်ဝါရီ တတိယပတ် အတွင်း သစ်မွှေး စိုက်ပျိုးချိန် မဟုတ် သော်လည်း ၀ယ်လိုအား ကောင်းမွန် မှုကြောင့် မြစ်ကြီးနားမြို့ မှ မျိုးကောင်း သစ်မွှေး ပျိုးပင်များမှာ ရောင်းအား
ကောင်းသကဲ့သို့ ဈေးကောင်း ရရှိလျက် ရှိကြောင်း သိရသည်။

မြစ်ကြီးနား မြို့တွင် သစ်မွှေးကို မိသားစု တစ်ပိုင်တစ်နိုင် မှ CF အသင်းအဖွဲ့ ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ကြီးများအထိ ပျိုးထောင်ခြင်း ၊ စိုက်ပျိုးခြင်း များရှိပြီး ၂၀၁၂ ခုနှစ် မိုးရာသီ ကာလက ပျိုးပင် ပေါက်ဈေးမှာ အမြင့် ၁၈ လက်မ ခန့်ရှိ သစ်မွှေး ပင်ပေါက် တစ်ပင်လျှင် ကျပ် ၃၀၀ နှုန်းခန့်သာ ရောင်းချခွင့် ရခဲ့သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် နှင့် အခြား တိုင်းဒေသကြီး များနှင့်
ပြည်နယ်များက မြစ်ကြီးနား ဒေသထွက် သစ်မွှေးကို ၀ယ်လိုအား
ကောင်းမွန်မှု ကြောင့် အမြင့် ၁၈ လက်မ အထက် ပျိုးပင် များကို တစ်ပင်လျှင် ငွေကျပ် ၆၀၀ နှုန်းအထက် ဈေးကောင်းရ ရောင်းချရပြီး သစ်သား သေတ္တာပုံး များအတွင်း စီရီရိုက်ထည့်၍ နယ်မြို့များသို့ ကုန်တင် ရထားတွဲ များဖြင့် နေ့စဉ် တင်ပို့ ရလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily
မြန်မာနိုင်ငံအနှံ့အပြားတွင် သစ်မွှေး စိုက်ပျိုးသူ များပြားလာပြီး မြန်မာနိုင်ငံ ၏ ဆောင်းကုန် နွေအကူး ဖေဖော်ဝါရီ တတိယပတ်အတွင်း သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော်လည်း ၀ယ်လိုအား ကောင်းမွန် မှုကြောင့် မြစ်ကြီးနားမြို့မှ မျိုးကောင်း သစ်မွှေးပျိုးပင်များမှာ ရောင်း အား ကောင်းသကဲ့သို့ ဈေးကောင်း ရရှိလျက် ရှိကြောင်း သိရသည်။

မည်သို့ပင် ဆိုစေ . . . .


Photo: မည်သို့ပင်ဆိုစေ . . . .
Thursday, February 21, 2013

မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။
ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။

မြန်မာ့ထုံးတမ်း အစဉ်အလာအရ အငြင်းပွား ဖွယ်ရာ ကောင်းသည့် လူမှုပုံစံ တစ်ခုဖြစ်သည့် Living Together သည် မိသားစု နှုန်းစံမြင့်မားဆဲ ဖြစ်သည့်၊ အစဉ်အလာ ယဉ်ကျေးမှု နှုန်းစံများ မြင့်မားဆဲဖြစ်သည့် မြန်မာ့လူမှု နယ်ပယ်တွင် ပေါ်ပေါ် ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှ ရှိသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မိသားစု နှင့်အဝေး၊ ယဉ်ကျေးမှု နှုန်းစံများနှင့် အဝေးဖြစ် သည့် ပြည်ပ နိုင်ငံများ သို့
ရောက်သွားသည့်အခါ Living Together ဟူသည့် အသံသည် 
ပိုကျယ်လာ သည်။ ထင်သာမြင်သာ ရှိလာသည်။

ကိုထွန်းဦးသည် လုပ်သားပေါင်း ၁၀၀၀ ကျော်ရှိသည့် စင်ကာပူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့ သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ ပြန် အခြေချနေသူ ဖြစ်သည်။ သူ့အဆိုအရ Living Together နေထိုင်သူ များသည် ပထမအဆင့် အွန်လိုင်းတွင် တွေ့၊ နောက်မှ အပြင်မှာ ချိန်းတွေ့ ကြပြီးမှ နေထိုင်ကြသည်က များသည်။
"ဒီနိုင်ငံမှာက တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှု မရှိဘူး။ အဲဒါက Living Together နေဖြစ်ဖို့ကို တွန်းအားပေးတယ်" ဟု ကိုထွန်းဦးက သူ့အမြင်ကို ဆိုသည်။

ထို့အတူ စင်ကာပူတွင် ကျောင်းတက်နေ သည့် အသက် ၁၈ မှ ၂၀ အရွယ် မြန်မာကျောင်း သားများ သည်လည်း Living Together နေထိုင်သူ အများအပြား ရှိပြီး အလုပ်လုပ်နေသူများ ထက်ပင် များနိုင်ကြောင်း ကိုလှိုင်စိုးက ဆိုသည်။

မိဘနှင့် ဝေးနေခြင်း၊ အချိန်အား များခြင်း၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် ရခြင်း၊ ပိုက်ဆံကို အလွယ်တကူ ရနိုင်ခြင်းနှင့် အင်တာနက် တို့ကြောင့် Living Together နေသူ ကျောင်းသားကျောင်းသူ ပိုများကြောင်း စင်ကာပူ နိုင်ငံတွင် ၂ နှစ်ကြာ ပညာ သင်ကြားခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်စိုးက ဆိုသည်။

ကိုထွန်းဦး အဆိုအရ Living Together နေထိုင်ဖြစ်ရန် ငွေကြေးအရ ၄၀ ရာခိုင်နှုန်း၊ လူမှုရေး အရ ၃၀ ရာခိုင်နှုန်း၊ သွေးသားဆန္ဒအရ ၃၀ ရာခိုင်နှုန်း တွန်းပို့သည်။
ငွေကြေးအရ အကူအညီ တောင်းရင်း Living Together နေဖြစ် သွားသည်များ ရှိသလို ရောမရောက် ရောမလို ကျင့်ဟူသည် ပတ်ဝန်းကျင်ကြောင့် နေဖြစ် သွားသည်များလည်း ရှိကြောင်း ကိုထွန်းဦးက ဆိုသည်။

ကိုလှိုင်စိုး၏အဆိုအရ ငှားနေသည့် အိမ်သည် မြန်မာအိမ် ဆိုလျှင် Living Together နေဖြစ်ရန် နည်းသည်။ အိမ်ရှင်က စင်ကာပူ ဖြစ်နေလျှင် Living Together နေဖြစ်သွားသည်က များသည်။
စင်ကာပူ ကဲ့သို့ပင် မလေးရှား တွင်လည်း Living Together နေသည့် မြန်မာ အများအပြား ရှိသည်ဟု ကိုခန့်မင်းက ဆိုသည်။
"တော်တော်များများက မလေးရောက်ပြီး မကြာခင်မှာ ရည်းစားတွေ ရကြပြီး Living Together နေသွားကြတာ များတယ်"ဟု သူမြင် တွေ့နေရသည့် အခြေအနေကို ပြောပြသည်။
သူအမြင်အရ လက်ထပ်မည်ဟု လေးလေး နက်နက် စဉ်းစားပြီး Living Together နေလျှင် ကောင်းသည်။ သို့သော် မလေးရောက် မြန်မာများသည် တခြားငွေကြေးနှင့် သွေးသားဆန္ဒ အပေါ်တွင် အခြေ တည်ပြီး နေသည်က များသည်။ ယင်းသို့နေထိုင်မှု နှင့်ပတ်သက်၍ ကိုခန့်မင်းက "ကိုယ်ကောင်းတယ် ထင်ရင်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ" ဟုဆိုသည်။

စိတ်ပညာရှင် Dr. Scott Stanley က ဘယ် အချိန်၊ ဘယ်နေရာမှာ၊ ဘာကြောင့် Living Together နေတယ် ဆိုတာအပေါ် အုပ်စုအမျိုးမျိုး ကွဲပြား သွားကြသည်မှာ စိတ်ဝင်စားဖွယ် အတော် ကောင်းသည်ဟု မှတ်ချက်ပြုသည်ကို USA Today တွင်ဖော်ပြသည်။

Living Together ကို လက်ခံသူများသည် "လက်ထပ်ပြီးကာမှ မှားမှန်းသိရက် နောက်ဆုတ် ရခက်သည်ထက် စာလျှင် လက်မထပ်ဘဲ အတူတူ နေပြီး တစ်ယောက်ကို တစ်ယောက် လေ့လာပြီး ကာမှ လက်ထပ်သည်က ပိုကောင်းသည်" ဟူသည့် အယူအဆ ရှိကြသည်။

ယင်းအယူအဆကို လက်ခံသူများ ထဲတွင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် စီးပွားရေး ပညာ သင်ယူနေသည့် အသက် ၂၇ နှစ်အရွယ် မဝင်းမော်အေးလည်း အပါအဝင် ဖြစ်သည်။ သူမက လက်ထပ် ထိမ်းမြားခြင်းမှာ အလွန်တရာ ရှုပ်ထွေး ပြီး တရားဝင် လိင် ဆက်ဆံခွင့် ပြုလိုက်ခြင်းသက် သက် မဟုတ်။ လူနှစ်ဦး အတူနေတာလည်း မဟုတ်။ မိသားစုဆွေမျိုး အသိုင်းအဝိုင်းနှစ်ခု ပေါင်းစည်း ခြင်း ဖြစ်ကြောင်း ဆိုသည်။
သူမအနေဖြင့် ဓလေ့ထုံးတမ်း စဉ်လာ ဘာသာတရား ကျင့်ဝတ်များဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားတာမျိုး မဟုတ်လျှင် နေမည်။ ထိုင်းတွင်လည်း Living Together နေသူ များစွာရှိသည်ဟု ဆိုသည်။ ရာခိုင်နှုန်း တစ်ခုခု ကိုမူ သူမ မခန့်မှန်း ပေးနိုင်ပေ။

မိမိချစ်သူနှင့် အတူ Living Together ခြောက်လ နေခဲ့သည့် သတင်းထောက် တစ်ဦးဖြစ်သူ ကိုဆန်းမောင် အမြင်မှာ Living Together သည် အိမ်ထောင်ရေး မူကြိုဖြစ်သည့် အတွက် နေသင့် သည်။ မြန်မာ့ လူ့အဖွဲ့အစည်း အတွက်ဆိုလျှင် Living Together နေထိုင်ခြင်း သည် ဖောင်ဖျက် လိုက်သည်နှင့် တူသည်ဟု သူကဆိုသည်။

ကိုဆန်းမောင်၏ အမြင်နှင့် ကွဲပြားသည်မှာ စက်မှုအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုစိုးအောင် ဖြစ်သည်။ သူ့အမြင်အရ တကယ်လို့သာ နှစ်ဖက် စလုံး၏ မိဘနှင့် သားသမီးကြားတွင် ပွင့်လင်းမှု ရှိလျှင် Living Together နေစရာ မလိုဘဲ လေ့လာ နိုင်သည်ဟု ဆိုသည်။ သို့သော် စင်ကာပူ ကဲ့သို့သော ပြည်ပနိုင်ငံ သို့ ရောက်လျှင် Living Together နေဖြစ် သွားလိမ့်မည်ဟု ဆိုသည်။
သူ့အကြောင်းပြချက် မှာ "ဂုဏ်သိက္ခာ ဆိုတာ လူ့အဖွဲ့အစည်းက တိုင်းတဲ့ ပေတံပါ။ ကိုယ်ကျင့်တရား ကတော့ ကိုယ့် ရင်ထဲက ပေတံ၊ ကိုယ့်ဟာကိုယ် တိုင်းတဲ့ပေတံ"

University of Denver ရှိ The Center for Marital and Family Studies ၏ တွဲဖက် ဒါရိုက်တာ ဖြစ်သူ စိတ်ပညာရှင် Dr. Scott Stanley က Living Together နေထိုင်ခြင်းသည် ရေရှည် ဆက်ဆံရေး အတွက် မည်သည့် ကောင်းကျိုးမျှ မရှိဟု ဆိုသည်။ သူ့အဆိုအရ Living Together နေထိုင်ခြင်းသည် အိမ်ထောင်ရေးတွင် ကောင်းမွန် သည့် ဆက်ဆံရေးကို မဖြစ်စေခြင်း၊ အိမ်ထောင်မှု ဘဝအပေါ် စိတ်ကျေနပ်မှု နိမ့်ပါးခြင်း၊ အိမ်ထောင်ရေး မငြိမ်မသက်မှု များခြင်း၊ အမျိုးသားများ ခင်ပွန်း ဖြစ်မှုနည်းခြင်း၊ အိမ်ထောင်ပြိုကွဲမှု အတွက် အလားအလာ များခြင်း တို့ကို ဖြစ်စေသည်။

ကိုလံဘီယာ တက္ကသိုလ်၏ လူပေါင်း ၁၃,၀၀၀ ကို မေးမြန်း ခဲ့သည့် လေ့လာမှု အရ Living Together နေသူ အမျိုးသား ၁၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၆ ရာခိုင်နှုန်း သာလျှင် သူတို့ Living Together နေသူနှင့် လက်ထပ်ဖြစ်ကြကြောင်း www.leaderu.com တွင် ဖော်ပြသည်။

၁၉၉၄ ခုနှစ်ထုတ် သင့်ဘဝ မဂ္ဂဇင်းပါ မောင်ရဲသူ(မဟာဥပဒေ) ၏ လက်မထပ်ဘဲ အတူ နေခြင်းနှင့် ပတ်သက်၍ ဆောင်းပါးတွင် Living Together နေသူများသည် တစ်ဦးကို တစ်ဦး ပိုသိ သည့်အတွက် ကွာရှင်းပြတ်စဲရန် အခွင့်အလမ်း နည်းသည်ဟု ထင်ကြ သော်လည်း Living Together နေပြီးမှ လက်ထပ်သူ များသည်၊ ရိုးရိုး လက်ထပ်သူများ ထက် ကွာရှင်းပြတ်စဲရန် ၃၃ ရာခိုင်နှုန်း ပိုများသည်ဟု ဆိုသည်။

သို့သော် စိတ်ရှုပ်ထွေးစရာ ကောင်းသည်မှာ သုသေတနပြုသူများ ကြားတွင်လည်း ဝိဝါဒကွဲပြား စရာ ရလဒ်များ၊ အမြင်များ အမျိုးမျိုး ရှိကြသည်။ USA Today တွင်ဖော်ပြထားသည့် ၂၀၁၀ ပြည့် နှစ်အတွင်း ထွက်လာသည့် စာတမ်း တစ်စောင်က Living Together သည် အိမ်ထောင်ရေး အတွက် အနည်းငယ် အထောက်အပံ့ဖြစ်သည် ဟူ၏။ ယင်း အပေါ်တွင်လည်း ပညာရှင်များက အငြင်းပွားချက် များစွာ ထုတ်ပြန် ထားကြသည်။

လက်ရှိတွင် ဖခင်လောင်းတစ်ဦး ဖြစ်နေ သည့် ကိုထွန်းဦးက Living Together နေမည် မဟုတ်ဟု ဆိုသည်။ "နှမချင်း စာနာလို့၊ ကိုယ်ချင်းစာလို့"ဟု ၄င်းက ဆိုသည်။
Living Together နေထိုင်ခြင်းသည် မည် သည့် တုပ်နှောင်မှုမှ မရှိသည့် အတွက် Living Together နေသည့် သက်တမ်းကြာလေ လက်မထပ်ဖြစ်ဖို့ ရာခိုင်နှုန်း များလေဟု ကိုထွန်းဦးက သူ့အတွေ့အကြုံနှင့် ယှဉ်၍ ဆိုသည်။

ယင်းသို့ Living Together နေရာတွင် အကြီးမားဆုံး ရင်ဆိုင် ရနိုင်သည်မှာ ကလေးပြဿနာ ဖြစ်သည်ဟု ကိုထွန်းဦးကဆိုသည်။ Living Together နေရင်း ကလေး ရလာသည့်အခါ ငွေကြေး နှင့် မိမိရောက်နေ သည့် နိုင်ငံ၏ ကလေးဖျက်ချခွင့် ရှိ၊ မရှိအပေါ် မူတည်၍ အဆင်ပြေသည့် နည်း လမ်းဖြင့် ဝိုင်းဖျက်ကြပြီး တချို့မှာ ကလေးရချိန် တွင် ပစ်သွားသည် များလည်းရှိကြောင်း ကိုထွန်းဦး က စင်ကာပူရောက် မြန်မာများ၏ အခြေအနေကို ပြောပြသည်။

ဆရာမြသန်းတင့် ဘာသာပြန်သည့် မိန်းမ တို့အကြောင်း (မူရင်း - The Second Sex, Written by Simone de Beauvior) စာအုပ်တွင် "အမျိုးသမီး များနှင့် ရင်းနှီးစွာ နေထိုင်ခြင်းသည် အမျိုးသား များ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည်။ နေ့စဉ် ပေါင်းသင်း ဆက်ဆံရာတွင်ဖြစ်စေ၊ ပထမဆုံးနမ်း ပြီးသည့် နောက်တွင်ဖြစ်စေ၊ မင်္ဂလာဦးည လွန်မြောက် သွားပြီးသည့် အခါဖြစ်စေ ယောက်ျား၏ ဂုဏ်သိက္ခာ ပြိုကျသွားလေ့ ရှိသည်ဟု သုံးသပ် ဖော်ပြသည်။

ယင်းမှာ အမျိုးသမီးများ၏ ရှုထောင့်မှ ဖော်ပြထားခြင်း ဖြစ်ပြီး အမျိုးသားများ၏ ရှုထောင့်မှာ လည်း ယင်းနှင့် မခြား ရှိသည်ကို မေးမြန်းမှုများ အရ သိရသည်။

ယင်းကဲ့သို့ Living Together နေခြင်းတွင် များပြား လှစွာသော အားနည်းချက် များကို တွေ့ ရသည့်အခါ အားသာချက်များကော မရှိဘူးလား ဟု တွေးစရာ ပေါ်လာသည်။ အားလုံး တညီတညွတ် တည်း ပြောကြ သည်မှာ လက်ထပ်ပြီးမှ ကွဲသွား တာထက် စာရင် ကောင်းတယ်။

တခြားကော ...
ပြည်ပရောက် မြန်မာများတွင် လူပျိုလူလွတ် များက Living Together များ ရှိသလို မိမိ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ မြန်မာပြည်တွင် ကျန် ခဲ့သည့် အိမ်ထောင်သည် များလည်း Living Together နေထိုင်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ အိမ်ထောင် ရှိသူများ Living Together နေထိုင်ခြင်းသည် ဗုဒ္ဓဘာသာ၏ သိက္ခာ ပုဒ်အရ ကာမဂုဏ်များ ဖောက်လွဲ ဖောက်ပြန်ပြု ခြင်း မှ ရှောင်ကြဉ်ခြင်း ဖြစ်သည့် ကာမေသုမိစ္ဆာ သိက္ခာပုဒ်ကို ကျူးလွန်ရာ ရောက်ကြောင်း အရှင် ဝိစိတ္တ(မနာပဒါယီ) ၏ Living Together နှင့် ကာမေသုမိစ္ဆာစာရ ဆောင်းပါးတွင် ရေးသား ထားသည်။ ယင်းကို ပါရာဇိကဏ် အဌာကထာ တွင် ဖွင့် ထားသည်။
ယင်း သိက္ခာပုဒ်သည် တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားခြင်း ဖြစ်ပြီး မိမိ၏ လင်ယောက်ျား၊ မိမိဇနီးမယားမှ လွဲ၍ မည်သူ့ကိုမျှ၊ မည်သည့် အကြောင်းကြောင့် မျှ ဖောက်လွဲဖောက်ပြန် မပြုရဟု တားမြစ်ထားခြင်း ဖြစ်ပါသည်။

အိမ်ထောင်သည် ယောက်ျားများ အတွက် ဖောက်လွဲဖောက်ပြန် မပြုအပ်သည့် မိန်းမ၊ မသွား လာအပ်သည့် မိန်းမ (အဂမနီယ) (၂၀) ရှိပြီး ပထမရှစ်ဦးမှာ ကာမပိုင် မရှိသည့် အပျိုစင်များ ဖြစ် ကာ ဒုတိယ ၁၂ မျိုးမှာ ကာမပိုင် ယောက်ျားရှိ သည့် မိန်းမများဖြစ်သည်။

ပထမရှစ်မျိုးနှင့် ဖောက်လွဲဖောက်ပြန် ပြုလျှင် ဖောက်ပြန်သူ ယောက်ျား က ကာမေသုမိစ္ဆာစာရ ကံထိုက်ပြီး၊ အမျိုးသမီးများ မိမိကာမ မိမိသာ ပိုင်သည့်အတွက် ကံမထိုက်ပေ။

ဒုတိယ ၁၂ မျိုးသည် ကာမပိုင် ရှိသည့်အတွက် ယောက်ျား တွင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်သလို မိန်းမ သည်လည်း မိမိ ကာမပိုင်မဟုတ် သည့် အခြား ယောက်ျားနှင့် ဖောက်ပြန်သည့် အတွက် ကာမေသုမိစ္ဆာစာရ ကံ မြောက်ပေသည်။

သို့သော် ကာမေသုမိစ္ဆာစာရကံ မြောက်စေသည့် အချက်များနှင့် ကိုက်ညီမှသာ ယင်းကံ ထိုက်သည်ကို မမေ့အပ်ပေ။ ယင်းကံကိုထိုက်စေ သည့် အင်္ဂါရပ်တစ်ခုခု ချွတ်ယွင်း နေလျှင် ကာမေ သုမိစ္ဆာစာရကံ မထိုက်ပေ။ အထူး သတိထားရ မည်မှာ ယောက်ျားလေး ကလည်း တရားဝင် ကာမပိုင် ရှိနေနိုင်သလို၊ မိန်းကလေး မှာလည်း တရားဝင်ကာမပိုင် ရှိနေနိုင်သည့် အတွက် မိမိ Living Together သည် ကာမေသုမိစ္ဆာစာရကံ ထိုက် မထိုက်ကို အထူးဆင်ခြင် သတိပြုသင့်ပေ သည်ဟု အရှင်ဝိစိတ္တ၏ Living Together နှင့် ကာမသုမိစ္ဆာစာရ ဆောင်းပါးတွင် ဖော်ပြထားသည်။

အားလုံးကို ခြုံကြည့်လျှင် ပညာရှင်များ ကြား တွင်လည်း အငြင်း ပွားစရာ ဖြစ်နေသည့် နေထိုင်မှု ပုံစံ တစ်ခုဖြစ်သော Living Together နေထိုင်သူ များသည် မိမိ၏ လက်တွဲဖော် ဖြစ်ရန် သင့် မသင့် စဉ်းစားချက်များဖြင့် နေသည်များ ရှိသလို၊ ငွေကြေး အခြေပြု၊ သွေးသားဆန္ဒ အခြေပြု နေထိုင်သူများ လည်းရှိသည်။ အားလုံးတစ်သံတည်း ထွက်သည် မှာ လက်ထပ်ပြီးမှ မှားမှန်း သိတာထက် စာရင်တော့ ကောင်းသည်။ သို့သော် ကိုယ်တွေ့ကြုံရသူများ၊ သုသေတနပညာရှင် များ၏ အဆိုအရ ပြဿနာ များစွာ ရှိနေသည်။ ဘာသာရေး အရလည်း စည်းကျိုးမှုများ ဖြစ်နိုင်သည်။

ရုပ်ရှင်ရိုက်သည့်အခါ အစမ်း သရုပ်ဆောင်ကြည့်ခြင်း ရှိသည်။ သူ့တွင် ဖလင်သာ ကုန်၍ ကျန်သည့်ပြဿနာ မရှိပေ။ သို့သော် လူ့ဖြစ်တည်မှု အရေးကြီးဆုံး များထဲတွင် တစ်ခုဖြစ်သည့် အိမ်ရာ ထူထောင်ခြင်းတွင် အစမ်း ပြုလုပ် သင့်ပါသလား။ ပြဿနာများစွာ ရှိသည်မှာ အသေအချာ ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်တော် တို့ အစမ်း အိမ်ထောင့်ပြုသင့် ပါသလား။

ဆောင်းပါးပါ အမည်များကို ကာယကံရှင် များ၏ဆန္ဒ အရ ပြောင်းလဲ ထားပါသည်။

(ဟန်ထက်)
The Voice Weeklyမြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။

သတင်းအချက်အလက်ဆိုင်ရာအခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ

Photo: င်္မီဒီယာဥပဒေနှင့်သတင်းအချက်အလက်ဆိုင်ရာအခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ရန်ကုန်-ဖေဖော်ဝါရီ၂၁ င်္မီဒီယာဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ၂၁ရက်နံနက်က မီကာဆာ ဟိုတယ်၌ကျင်းရာ ကနေဒါအခြေဆိုက်နိင်ငံတကာ လူ့အခွင့်ရေး NGO ဖြစ်သည့်Centre for Law and Democracy (CLD) မှ အမှုဆောင်ဒါရိုက်တာ Mr Toby Mendel ဦးဆောင်ဆွေးနွေးနေကြောင်းသိရသည်။ (CLD) မှ အမှုဆောင်ဒါရိုက်တာMr Toby Mendel က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်မီဒီယာအားထိန်းချုပ်ခြင်း၊မြန်မာမီဒီယာသမားများအတွက် အားကောင်းသော သတင်းမီဒီယာဥပဒေတရပ်ဖော်ဆောင်ရေးတို့ကို မြန်မာမီဒီယာသမားများနှင့်အတူ ဆွေးနွေးနေကြောင်း အဆိုပါအလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူ တစ်ဦးကပြောသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မဇ္ဈိမမီဒီယာနှင့်ဒီမိုကရေစီနှင့် ဥပဒေရေးရာစင်တာတို့ မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

Thet
Popular Myanmar News Journal
င်္မီဒီယာဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ရန်ကုန်-ဖေဖော်ဝါရီ၂၁ င်္မီဒီယာဥပဒေနှင့် သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၁ ရက်နံနက်က မီကာဆာ ဟိုတယ်၌ကျင်းရာ

နည်းပညာသစ်တွေနဲ့  ထွက်လာတဲ့ HTC Onနည်းပညာ သစ်တွေနဲ့  ထွက်လာ တဲ့ HTC One စမတ် ဖုန်းe စမတ်ဖုန်း


Photo: နည်းပညာသစ်တွေနဲ့  ထွက်လာတဲ့ HTC One စမတ်ဖုန်း
Thursday, February 21, 2013 

လန်ဒန် နဲ့ နယူးယောက် မြို့ ကြီးတွေမှာ တဆက်တည်းဆိုသလို မိတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့တဲ HTC ဟာ သူ့ရဲ့ နောက်ဆုံးအဆင့်မြင့် စမတ်ဖုန်းဖြစ်တဲ့ HTC One ကို ထုတ်ဖော်ပြသလိုက်ပါပြီ။ 

နာမည်ကြီး မိုဘိုင်းကုမ္မဏီ  HTC ရဲ့ ဒီဖုန်းဟာ iPhone 5 နဲ့ Samsung Galaxy S III တို့လို စမတ်ဖုန်းတွေနဲ့ အပြိုင် ဈေးကွက်လုယူဖို့ ရှိနေပါတယ်။

Andriod 4.2 Jelly Bean ကို အသုံးပြုထားတဲ့ ဒီဖုန်းဟာ 4.7 လက်မ ရှိပြီး ၊ ဖုန်းရဲ့ ဖန်သားပြင်ဟာလည်း 1080p HD screen ဖြစ်တာကြောင့်
ပိုမိုကြည်လင်နေသလို Gorilla Glass Display လို့ ခေါ်တဲ့ နည်းပညာ
အသစ်ကိုလည်း အသုံးပြုထားပါတယ်။

ထူးခြားတာကတော့ ဖုန်းတခုလုံးကို အလူမီနီယမ်နဲ့ ပြုလုပ်ထားတာပါ။ လက်ထဲမှာ တခြားဖုန်းတွေနဲ့ မတူတဲ့အရသာကို ခံစားရဖို့ ရှိပါတယ်။

ဒါ့အပြင် ဖုန်းရဲ့အထူအပါးဟာ 4mm ရှိတာကြောင့် ဖုန်းခပ်ပါးပါး ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

quad-core Snapdragon 600 processor, 2GB of RAM တို့ကို သုံးထားတာကြောင့် ဖုန်းရဲ့ အလုပ် လုပ်ကိုင်မှုစွမ်းရည်ဟာလည်း အတော်ကိုမြန်ပါလိမ့်မယ်။ 

အနက် နဲ့ ငွေရောင် ၂ မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး မတ်လထဲမှာ စတင် ဖြန့်ချီသွားမယ်လို့ သိရပါတယ်။

 ဈေးနှုန်းကိုတော့ HTC က ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။

HTC One မှာ ဘာတွေ ဆန်းသစ်ထားသလဲ ~

HTC ကတော့ ဒီဖုန်းမှာ ထူးခြားဆန်းသစ်တဲ့ ကင်မရာ တပ်ဆင်
ထားတယ်လို့ ပြောဆိုသွားပြီး အလင်းနည်းတဲ့နေရာမှာလည်း
ကောင်းမွန်တဲ့ ဓာတ်ပုံ တစ်ပုံ ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။
Image Sensor ကောင်းမွန်တဲ့အတွက် ဓာတ်ပုံရိုက်တာနှစ်ခြိုက်တဲ့
သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။

ဒါ့အပြင် HTC Zoe လို့ ခေါ်တဲ့ နည်းပညာတစ်မျိုးဟာ ဒီဖုန်းမှာ ပါဝင်လာပြီး ဒီနည်းပညာအရဆိုရင် HD Video နဲ့ ဓာတ်ပုံတွေကို တချိန်တည်းမှာ ဖမ်းယူရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ ဒီနည်းပညာဟာ BlackBerry ရဲ့ StoryMaker နဲ့ အတော့်ကို ဆင်ပါတယ်။

သီချင်းနားထောင်မလား ၊ အသံဖမ်းယူမလား ~

ဖုန်းရဲ့ ရှေ့မျက်နှာပြင် အပေါ်ဘက် နဲ့ အောက်ဘက်တွေမှာ Stereo Speaker ၂ ခု ပါရှိလာတာကြောင့် သီချင်းကြိုက်သူတွေနှစ်သက်ကြမှာပါ။
နားကြပ် နဲ့ နားမထောင်ချင်တဲ့အခါ ဖုန်းရဲ့ စပီကာ နဲ့ ကောင်းကောင်း နားထောင်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်က အင်တာနက်ထဲကနေဆင့် သီချင်းနားထောင်
တဲ့အခါ သီချင်းစာသားတွေတခါတည်းပေါ်နိုင်အောင် လုပ်ထားတယ် ဆိုတာပါပဲ။ အသံဖမ်းတဲ့အခါမှာကြည်လင်စေမယ့် မိုက်ခရိုဖုန်း ၂ ခု
လည်းပါရှိတယ်။

နောက်ဆုံးပေါ် ဘယ်တီဗွီကို မဆို ချယ်နယ် ပြောင်းချင်တယ်ဆို ဖုန်းကနေလှမ်းပြီး ပြောင်းနိုင်တဲ့ နည်းပညာလည်းပါဝင်ပါတယ်။

HTC One ဟာ မတ်လမှာ ထွက်ရှိလာမယ့် Samsung Galaxy S 4 နဲ့ ဈေးကွက်လုရဖို့ ရှိပြီး ဒီဖုန်းရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး နာမည်ကျော်ဖုန်းတွေကို အဓိက စိန်ခေါ်နိုင်လိမ့်မယ်လို့ နည်းပညာ
ကျွမ်းကျင်သူတွေကဆိုနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက HTC One X စမတ်ဖုန်းဟာလည်း နာမည် အတော်
အသင့်ရခဲ့ပေမယ့် ရောင်းအားမှာတော့ ထင်သလောက်ပဲဖြစ်ခဲ့တာကြောင့် ဒီတခါမှာတော့ HTC ဟာ သူရဲ့ဖုန်းအသစ်ကိုလူကြိုက်များစေဖို့ 
အစွမ်းကုန်ကြိုးပမ်းလျက်ရှိနေပါတယ်။

မြန်မာ ပရိသတ် နဲ့ မစိမ်းတဲ့ HTC စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့လက
မြန်မာပြည်မှာ တရားဝင် စတင်ရောင်းချခဲ့သလို၊ မြန်မာစာစနစ်
ပထမဦးဆုံး ထည့်သွင်းတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ 

Peter Chou လို့ လူသိများတဲ့ မန္တလေး ဇာတိ ၊ တိုင်ဝမ်အခြေစိုက် HTC  သူဌေးကြီးဟာ အိုင်တီပစ္စည်းသုံးသူမြန်မာလူငယ်တွေကြားမှာ
ရေပန်းစားနေတဲ့ အထင်ကရ အိုင်တီ ပညာရှင်ကြီးတဦးလည်း ဖြစ်ပါတယ်။

Source:

    http://mashable.com/2013/02/19/htc-one-smartphone/
    http://reviews.cnet.com/htc-one/

ဆောင်းဦးလင်း 
ဧရာဝတီ လန်ဒန် နဲ့ နယူးယောက် မြို့ ကြီးတွေမှာ တဆက်တည်းဆိုသလို မိတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့တဲ HTC ဟာ သူ့ရဲ့ နောက်ဆုံးအဆင့်မြင့် စမတ်ဖုန်းဖြစ်တဲ့ HTC One ကို ထုတ်ဖော်ပြသလိုက်ပါပြီ။

Wednesday, February 20, 2013

ဖားကန့် စစ်ပြေး ဒုက္ခသည် စခန်းတွေ အတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ

Photo: ဖားကန့် စစ်ပြေးဒုက္ခသည် စခန်းတွေအတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ
Wednesday, February 20, 2013

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း
ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ
အတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။

အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ်တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို အခုလိုပြောပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခ ကာလအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်
နေသူတွေက ပြောပါတယ်။

RFA
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာပါတယ်။ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် ပေးအပ်လှူဒါန်း တာဖြစ်ပါတယ်။

စင်ကာပူ Marina One အဆောက်အအုံများ ၂၀၁၇ ခုနှစ်တွင် နေထိုင်ရန်အသင့်ဖြစ်မည်

Photo: စင်ကာပူ Marina One အဆောက်အအုံများ ၂၀၁၇ ခုနှစ်တွင်
နေထိုင်ရန်အသင့်ဖြစ်မည်
Wednesday, February 20, 2013

စင်္ကာပူနိုင်ငံ၏ ကုန်သွယ်ရေး အချက်အချာ နေရာ၌ တည်ဆောက်မည့် Marina One အိမ်ရာစီမံကိန်း၏ ဒီဇိုင်းပုံစံကို စတင် ပြသလိုက်ပြီ ဖြစ်သည်။ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ အိမ်ခန်းများ ပါဝင်မည့် အဆိုပါ စီမံကိန်းကို Khazanah Nasionalနှင့် Temasek Holdingsတို့က (၆၀)ရာခိုင်နှုန်းနှင့် (၄၀)ရာခိုင်နှုန်းစီ ခွဲဝေ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။

အင်္ဂါနေ့က စီမံကိန်း၏ ပုံစံငယ်ကို စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဂ်က
ပြသခဲ့ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်လည်း ဒီဇိုင်းဖွင့်လှစ် ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

စင်ကာပူနှင့် မလေးရှားတို့သည် နှစ်နိုင်ငံကြား မြန်နှုန်းမြင့် မီးရထားလမ်း ဆက်သွယ်ဖောက်လုပ်ရန် သဘောတူညီချက်ကိုလည်း ထုတ်ပြန်ကြေညာ
ခဲ့သည်။

Planet Myanmar Network
စင်္ကာပူနိုင်ငံ၏ ကုန်သွယ်ရေး အချက်အချာ နေရာ၌ တည်ဆောက်မည့် Marina One အိမ်ရာစီမံကိန်း၏ ဒီဇိုင်းပုံစံကို စတင် ပြသလိုက်ပြီ ဖြစ်သည်။ ရုံးခန်းများ၊ ဆိုင်ခန်းများ၊ အိမ်ခန်းများ ပါဝင်မည့် အဆိုပါ စီမံကိန်းကို Khazanah Nasionalနှင့် Temasek Holdingsတို့က (၆၀)ရာခိုင်နှုန်းနှင့် (၄၀)ရာခိုင်နှုန်းစီ ခွဲဝေ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။အင်္ဂါနေ့က စီမံကိန်း၏ ပုံစံငယ်ကို စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဂ်က ပြသခဲ့ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်လည်း ဒီဇိုင်းဖွင့်လှစ် ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မွမ်းမံနေရတဲ့ နယ်စပ်တံတား

Photo: မွမ်းမံနေရတဲ့ နယ်စပ်တံတား
Wednesday, February 20, 2013 

နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် မဲဆောက်-မြ၀တီတံတား ကြံ့ခိုင်ရေးကျဆင်းနေသည့် အတွက်  ဘတ်သန်း ၄၀ အကုန်ခံ မွမ်းမံလျက်ရှိသည်။

    (ခန့်မှန်းတွက်ချက်မှု ~ ဘတ်သန်း ၄၀ = ဒေါ်လာ ၁၄ သိန်း သို့မဟုတ် ကျပ် သန်း ၁,၀၀၀)

ကုန်တန်ချိန် ၁၂ တန်အောက်ယာဉ်များသာ သွားလာနိုင်တော့သည့် တံတားကို  တန်ချိန် ၃၀ ယာဉ်များ သွားလာနိုင်ရန်အတွက် မွမ်းမံခြင်း
ဖြစ်သည်ဟု လုပ်ငန်းခွင်ရှိ ထိုင်းအင်ဂျင်နီယာတဦးက ဆိုသည်။

၎င်းက “ ဒီတံတား ပြင်ပြီးသွားရင်တော့ လက်ရှိထက်ကို နှစ်ဆခွဲလောက် ခံနိုင်ရည်ရှိလာမှာ။ အခုသွားနေတာတွေက ၁၂ တန်အောက်ယာဉ်တွေပဲ” ဟုပြောသည်။

ယခင်က ဤတံတားပေါ်တွင် တန် ၅၀ ရှိ ကုန်တင်ကားများ ဖြတ်သန်း သွားလာခဲ့သည်။

၂၀၀၆ နောက်ပိုင်း တံတား ခံနိုင်ရည် ကျဆင်းခဲ့ပြီးနောက် ယာဉ်ငယ်များ
ဖြင့်သာ ကုန်ပစ္စည်းများ သယ်ဆောင်ရသည့်အတွက် ကုန်စည် စီးဆင်းမှုကို
နှောင့်နှေးလာသည်ဟု ထိုင်းနှင့်မြန်မာကုန်သည်များက ပြောသည်။

မွန်းမံမှု လုပ်ငန်းခွင်ကို ယခုလဆန်းပိုင်းတွင် စတင်ခဲ့ပြီး တံတားကြံ့ခိုင်မှု
ကျဆင်းခြင်းကို အဓိကဖြစ်စေသည့် ထိုင်းဘက်ပိုင်း တိုင်အမှတ် ၈၊ မြန်မာဘက်ပိုင်း တိုင်အမှတ် ၆ တို့ကို ပြင်ဆင်လျက်ရှိသည်။

ထိုင်းနိုင်ငံက တည်ဆောက်ခဲ့သော ဤချစ်ကြည်ရေးတံတားကို  ၁၉၉၇  သြဂုတ် ၁၅ တွင် ဖွင့်လှစ်ခဲ့သည်။

ထိုင်းသည် ၂၀၁၅ ခုနှစ်တွင် ဒေသအတွင်း ပေါ်လာမည့် အာဆီယံ
စီးပွားရေးအသိုက်အ၀န်း (AEC) အတွက် ကြိုတင်ပြင်ဆင်နေပြီး အိမ်နီးခြင်းနိုင်ငံများနှင့် ကုန်သွယ်မှု  တိုးမြှင့်မည့် အစီအစဉ်များကို စတင် ဆောင်ရွက်လျက်ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ
အသင်းက ပြောသည်။

မဲဆောက်မြို့အနီး အထူးစီးပွားရေးဇုန်စီမံကိန်းကို AEC အကောင်အထည် မပေါ်မီ  အပြီး တည်ဆောက်သွားမည်ဟု ထိုင်းအစိုးရက ပြောထားသည်။

ထိုစီမံကိန်းတွင် တံတားသစ်တခု တည်ဆောက်ရေးလည်း ပါဝင်သဖြင့် မဲဆောက်ဒေသတွင် နယ်စပ် တံတား ၂ ခု ကို တွေ့မြင်ရတော့မည်ဖြစ်သည်။

ပြည်တော်မြင့် 
ဧရာဝတီနယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသည့် မဲဆောက်-မြ၀တီတံတား ကြံ့ခိုင်ရေး ကျဆင်းနေသည့်အတွက် ဘတ်သန်း ၄၀ အကုန်ခံ မွမ်းမံ လျက်ရှိသည်။

အရှင် ဆန္ဒာဓိကရဲ့  ဆုံးမ စာလေးပါ

Photo: အရှင်ဆန္ဒာဓိကရဲ့  ဆုံးမစာလေးပါ
Wednesday, February 20, 2013

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်း
ရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာ
အမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင်
နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့
အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှု
ခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊
ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်
ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်
တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း
မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာတစ်ကယ်တော့ လောက
သဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊
နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကို
သဘောမပေါက်လို့ဖြစ်ပါတယ်။ 

တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊
ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကို
ရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူ
များရဲ့လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။

တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့
နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။
နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား
ဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

အရှင်ဆန္ဒာဓိက

Credit To : We Love True
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။ ဆဲဆိုတာသူ့အလုပ် သည်းခံတာ ကိုယ့်တာဝန်၊ ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာ ကိုယ့်တာဝန်၊ ချစ်စရာကောင်းတာ သူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊ မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။ စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှ မချစ်ပါနဲ့၊ စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။ ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီး တယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်း ရှိရမယ်။

မိုဘိုင်းလ်ဖုန်းဖြင့် e-Government ခေတ်ပြောင်းမည်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးဆို

Photo: မိုဘိုင်းလ်ဖုန်းဖြင့် e-Government ခေတ်ပြောင်းမည်ဟု ဆက်သွယ်ရေး ဒုဝန်ကြီးဆို
Tuesday, February 19, 2013

ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် 3G နှင့်အထက် မိုဘိုင်းလ်ဖုန်းစနစ်များကို အဆင့်မြှင့်တင်ပြီး e-Government အပါအ၀င် အွန်လိုင်းစနစ် အခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပုံစံ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီးဦးဝင်းသန်းက ပြောဆိုလိုက်သည်။

ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ အမျိုးသားစီမံကိန်းများအကြောင်း ရှင်းလင်းပြောဆိုစဉ် ဦးဝင်းသန်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနက မူဝါဒသစ် ၂ ချက်နှင့် ရည်မှန်းချက် ၁ ချက် ထပ်မံ ထည့်သွင်း အကောင်အထည်ဖော်သွားရန်ရှိပြီး မူဝါဒနှစ်ချက်မှာ မြန်မာတနိုင်ငံ
လုံးတွင် နိုင်ငံတကာအဆင့်မီ 3Gနှင့်အထက် မိုဘိုင်းလ်တယ်လီဖုန်းများ သုံးစွဲနိုင်ရေးနှင့် အွန်လိုင်းအခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုများ ပေါ်ထွန်းရေးဖြစ်ကြောင်း ဦးဝင်းသန်းက ဆိုသည်။

“မူဝါဒပိုင်းဆိုင်ရာ မိုဘိုင်းလ်တယ်လီဖုန်းများကို တပ်ဆင်အသုံးပြုရမှာ
နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အသုံးပြုနိုင်တဲ့ စနစ်ဖြစ်တဲ့ 3G 
နဲ့အထက် သုံးစွဲနိုင်ဖို့ သတ်မှတ်ထားရှိမယ်။ 3G မိုဘိုင်းလ်နဲ့ အင်တာနက် အသုံးပြုနိုင်မယ့်ကိစ္စအပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်တဲ့ ICT eco system ဖြစ်တဲ့ e-government, e-visa, e-procurement, e-payment, online billing system အစရှိတာတွေကိုလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်
သွားမှာဖြစ်ကြောင်း ထပ်မံဖြည့်စွက်လိုပါတယ်” ဟု ဦးဝင်းသန်းက
ပြောသည်။

ဆက်သွယ်ရေးဒုဝန်ကြီးက ထိုသို့ပြောဆိုသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ အခြေခံအဆောက်အဦ မကောင်းမွန်ဘဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှ လွန်စွာနှေးကွေးနေသည့်အတွက် လက်တွေ့ဖြစ်လာရန် ခက်ခဲသည်ဟု
ဝေဖန်မှုများရှိသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ နည်းပညာပညာရှင်တဦးလည်းဖြစ်သူ ဦးရဲမြတ်သူက အစိုးရအနေဖြင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် စက်အစုတ်များ ၀ယ်ယူအသုံးပြုထားသဖြင့် မူဝါဒများ အကောင်အထည်ဖော်ရန် လွယ်ကူမည်မဟုတ်ဟု သုံးသပ်သည်။

“ကျနော်တို့ဘက်က ကြည့်တော့ ဒါတွေက သူတို့မလုပ်နိုင်ဘူးဆိုတာက မကောင်းတဲ့ဟာတွေနဲ့ လုပ်ထားလို့လေ။ ကောင်းတဲ့ဟာတွေနဲ့ လုပ်ထားရှိရင် အဲဒါတွေကမဖြစ်ဘူးလေ။ လွယ်လွယ်လေးပဲလေ။ Land cruiser ကားအရည်အသွေးလိုချင်ရင်  Land cruiser လုပ်တတ်စရာမှ မလိုတာ။ ၀ယ်စီးလိုက်ရုံပဲ။ Land cruiser ၀ယ်မစီးဘဲ ထော်လာဂျီဝယ်စီးရင်
ထော်လာဂျီ အရည်အသွေးပဲရမှာပေါ့။ အဲဒါပြသနာမဟုတ်ဘူး။ သူတို့ဘာလို့ အစုတ်တွေ ဖြစ်နေတာလဲ ဆိုတော့ အစုတ်ကောင်တွေဆီက အစုတ်တွေဝယ်ထားလို့ ဖြစ်နေတာလေ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

နိုင်ငံတ၀န်းတွင် 3Gနှင့် အထက် မိုဘိုင်းလ်ဖုန်းစနစ် အကောင်အထည်
ဖော်ရန်မှာမူ အကုန်အကျ များပြားမည်ဟု ၎င်းက ဆိုသည်။

“3G နဲ့ အထက်ဆိုတာက  4 G တို့ကို ပြောတာ။အဲဒါကတော့ မြို့တွေပေါ်မှာ ဖြစ်နိုင်တယ်။ နယ်တွေမှာတော့ မဖြစ်နိုင်ဘူး။ သူက Frequency များလာမှ High Speed တက်တာလေ။ အဲဒီ ရင်းနှီးမြုပ်နှံမှုက များတယ်။ လူတွေများရင် ကျပ်ရင် အဲဒီရင်းနှီးမြုပ်နှံမှုက ကာမိတယ်။ လူတွေနေတာ ကျဲတယ်ဆိုရင် အဲဒီရင်းနှီးမြုပ်နှံမှုက မကိုက်ဘူး။
နိုင်ငံတကာမှာသုံးတဲ့ 3 G တို့ 4 G တို့က သိပ်သည်းဆမြင့်မှ သုံးလို့ရတာ” ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

အွန်လိုင်းစနစ်ကိုအခြေခံသော e-Government အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး လုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်
မှာလည်း ဆိုက်ဘာဥပဒေ ကောင်းကောင်းလိုအပ်သည့်အပြင် အစိုးရပိုင်းကလည်း တိကျရေရာသော ဥပဒေနှင့် မူဝါဒများချမှတ်ရန် အလွန်အရေးကြီးကြောင်း၊ ယခင်စစ်အစိုးရခေတ်ကလည်း ဥပဒေနှင့် မူဝါဒ ကောင်းကောင်းမရှိဘဲ လွဲမှားစွာ ပြုလုပ်ခဲ့ကြောင်း ဦးရဲမြတ်သူက ဆိုသည်။

“e-government၊ e-commerce တွေ ဘာတွေ ဖြစ်ဖို့ဆိုတာကတော့ 
cyber Law ကောင်းကောင်းလိုတယ်။ အခုလက်ရှိ ရှိနေတဲ့ ဥပဒေနဲ့တော့ အဆင်မပြေလောက်ဘူး။ အဲဒါကြီးက အမြင်ကတ်ပုဒ်မလို ဖြစ်နေတယ်။ အွန်လိုင်းစနစ်ကို အခြေခံလုပ်ဖို့ဆိုရင်တော့ ဥပဒေအခြေခံအဆောက်အဦ
တွေနဲ့ နည်းပညာအခြေခံအဆောက်အဦတွေ ဆောက်မှကို ရမယ်၊ တောင့်မှ ရမယ်။ အရင်တုန်းကလည်း လျှောက်လုပ်ပြီးတော့ လွဲခဲ့တာတွေကလည်း အဲဒါတွေကြောင့်ပဲ”

“e-government အတွက် အစိုးရပိုင်းမှာ စနစ်ရှိဖို့လိုတယ်။ အရည်အသွေး ရှိဖို့လိုတယ်။ အစိုးရ လုပ်ချင်တဲ့ စနစ်၊ တည်ဆောက်ပုံ၊ လုပ်ပိုင်ခွင့်တွေ အကုန်လုံးက တိတိကျကျ မရှိဘူးဆိုလို့ရှိရင် အွန်လိုင်းပေါ်တက်လို့မရဘူး။ အခုက လူပေါ်မှာ မူတည်ဆုံးဖြတ်တာကနေ မူပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တဲ့ ဌာနဆိုင်ရာ လုပ်ငန်းတွေဖြစ်အောင်လုပ်ဖို့ လိုတယ်။ ခုနပြောတာတွေ လုပ်မရဘဲ အွန်လိုင်းပေါ်မတက်ဘဲနဲ့ ဗျူရိုကရက်တွေနဲ့ တွေ့နေသမျှ
ကာလပတ်လုံး အကျင့်ပျက် ခြစားမှုကလည်း ပျောက်မှာမဟုတ်ဘူး။ ဆင်းရဲမွဲတေမှုကလည်း ကျမှာမဟုတ်ဘူး။ စရိတ်တွေလည်း တက်နေမှာပဲ။ အဲဒါတွေက အစိုးရလုပ်မှရမှာလေ။ အပြင်က လုပ်လို့မရဘူး”ဟု ဦးရဲမြတ်သူက ရှင်းပြသည်။

ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများဝင်ရောက်
လာရေးမှာလုပ်ပိုင်ခွင့် အာမခံချက်များ ရှိရေး အဓိကကျကြောင်းလည်း 
၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် နိုင်ငံတကာပုံစံ ဈေးသက်သော မိုဘိုင်းလ်ဖုန်းများ လူတိုင်းအသုံးပြုနိုင်ရေးအတွက် ငါးနှစ်အတွင်း မိုဘိုင်းလ် ဖုန်းသန်း ၃၀ ချထားပေးမည့် စီမံကိန်းတရပ်ကို ရေးဆွဲ အကောင်အထည်
ဖော်လျက်ရှိသည်။

ဓာတ်ပုံ - ဖုန်းပြောနေသည့် အမျိုးသမီးငယ်တစ်ဦး ( ဂျေပိုင် / ဧရာဝတီ)

သာလွန်ဇောင်းထက်
ဧရာဝတီဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် 3G နှင့်အထက် မိုဘိုင်းလ်ဖုန်းစနစ်များကို အဆင့်မြှင့်တင်ပြီး e-Government အပါ အ၀င် အွန်လိုင်းစနစ် အခြေခံသော အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးပုံစံ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီးဦးဝင်းသန်းက ပြောဆိုလိုက်သည်။

Tuesday, February 19, 2013

ပူတာအို ဒေသနှင့် ဆွမ်ပရာ ဘွမ်သို့ တပ်မတော်မှ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးပို့၊ ဆက်လက် ပေးပို့လျက်ရှိ

Photo: ပူတာအို ဒေသနှင့် ဆွမ်ပရာ ဘွမ်သို့ တပ်မတော်မှ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးပို့၊ ဆက်လက် ပေးပို့လျက်ရှိ
Tuesday, February 19, 2013

ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန် အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ် ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်း ဆက်သွယ်မှု လွယ်ကူပြီး ကုန်စည် စီးဆင်းမှု အဆင်ပြေ ချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်းများ အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန် ခဲ့သည်။

တပ်မတော် အနေဖြင့် ပူတာအို ဒေသရှိ ဒေသခံ တိုင်းရင်းသား များနှင့် အစိုးရ ဝန်ထမ်းများ အတွက် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား 
ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ တပ်မတော် လေယာဉ် များဖြင့် ထောက်ပံ့ ပို့ဆောင် ပေးခဲ့ရာ တပ်မတော် (လေ) Y- 8 လေယာဉ်ဖြင့် မြစ်ကြီးနား- ပူတာအို ခရီးစဉ် အတိုင်း ဆန် ၇၃ဝ အိတ်၊ စားသုံးဆီ လေးပီပါ၊ ဆား ၂၅ဝ ပိဿာ၊ ကြက်သွန် ၈ဝဝ ပိဿာ အပါအဝင် စားသောက်ကုန် ပစ္စည်းများ၊ စာရေး ကိရိယာ များနှင့် အခြား လူမှုရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပို့ဆောင် ပေးခဲ့ကြောင်း သိရှိ ရသည်။

ထို့အပြင် နိုင်ငံတော် အစိုးရသည် ပြည်သူ လူထု၏ အခက်အခဲ များနှင့် တင်ပြချက် များကို အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက် ပေးလျက် ရှိပြီး ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီ ၇ ရက် နံနက် ၉ နာရီ ၁၈ မိနစ်က ရန်ကုန်မှ
ပူတာအိုသို့ တပ် မတော် လေယာဉ်ဖြင့် ဆန်၂၅ ကီလိုဝင် အိတ်၂၄ဝ အိတ်၊ ဆီ၁ဝ ပိဿာဝင် ပုံး ၃ဝ ပုံးနှင့်၊ ဆား ၂၅ ပိဿာဝင် အိတ် ၁၂ အိတ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၅ သိန်း ၄ သောင်း အား ပေးပို့ လှူဒါန်းခဲ့ရာ ပူတာအို လေဆိပ်သို့ မွန်းလွဲ ၁ နာရီ၂၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

ရောက်ရှိလာသော ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ပြည်သူလူထု ထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်း နယ်မြေခံ လူထုထံမှ သိရှိရပါသည်။

ထို့နောက် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ အတွင်း တပ်မတော် ယာဉ်တန်းများဖြင့် ပူတာအိုနှင့် ဆွမ်ပရာဘွမ် မြို့များသို့ စားနပ် ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ ထိုသို့ ရောက်ရှိလာသည့် အတွက် ကုန်ဈေးနှုန်း ကျဆင်းမှုအား အထောက်အကူ ပြုကြောင်း၊ စစ်ယာဉ်တန်း နှင့်အတူ အရပ်ယာဉ် ၅၀ ကျော်ပါရှိပြီး စုစုပေါင်း ယာဉ် ၂၀၀ ကျော် ရှိကြောင်း၊ ပေးပို့မှုအား ၂ ခေါက် ဆောင်ရွက်ခဲ့ကြောင်း 
သတင်း ရရှိပါသည်။

ထို့အပြင် မိုးတွင်း ကာလအတွင်း စားသုံးနိုင်ရန် အတွက် တပ်မတော်မှ ဆက်လက်ပြီး ပေးပို့ သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဓါတ်ပုံများ ကြည့်ရှုရန် ၊ http://bit.ly/Y0QxHT

မြ၀တီကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်း များအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန် ခဲ့သည်။

တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်

Photo: တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်
Tuesday, February 19, 2013

တိုင်းရင်းဆေးခန်းဖြင့်ဆေးကုရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ
ဆေးကုသသူများကို ယခင်  သတ်မှတ်ထားသည့်ဒဏ်ကြေး  ထက်(၁၀)ဆတိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း 
တိုင်းရင်းဆေးကောင်စီမှသိရသည်။

ဆေးကုသခွင့်မရှိဘဲ ဆေး ကုသသူများကို ယခင်ကပေးဆောင်   ရသောဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ယခုအခါ တိုင်းရင်းဆေး   ကုသခွင့်မှတ်ပုံတင်မရှိဘဲ ဆေးဝါး    ကုသူမှုများပပျောက်စေရေး
အတွက်  ဆေးကောင်စီဥပဒေကိုပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ရာ 
ယခင် ဒဏ်ကြေးကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ 
ထုတ်ပြန်ချက် အရသိရသည်။

ယင်းသို့တိုင်းရင်းသားဆေး ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံခြားတိုင်းပြည်
တစ်ခုခုမှ တိုင်းရင်း ရိုးရာဆေးပညာအား အသုံးပြု ကုသသည့်
ဆေးဆရာများကို  ကုသခွင့်မှတ်ပုံတင်ထုတ်ပေးရာတွင် တိုင်းရင်းရိုးရာဆေးပညာ အတွက်လိုအပ်သည့်လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည် အချင်းများကို တိုင်းရင်းဆေး ပညာဦးစီးဌာနကစိစစ်၍ကျန်းမာ ရေးဝန်ကြီးဌာနသို့တင်ပြပြီး 
ထောက်ခံချက်ပေးခြင်းပြီးမှသာထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း
ချက်အား(၂၀၁၃)ခုနှစ်၊ဇန်န၀ါရီတတိယ အပတ်တွင်ထုတ်ပြန်
ကြေငြာထားခြင်းဖြစ်ကြောင်းသိရ သည်။

ဓာတ်ပုံ - (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံကို
နေပြည်တော်တွင် ကျင်းပရာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မိန့်ခွန်း
ပြောကြားနေပုံ

ယဉ်ပပထွန်း
The Hot Newsတိုင်းရင်းဆေးခန်းဖြင့်ဆေးကုရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ ဆေး ကုသသူများကို ယခင်သတ်မှတ်ထားသည့်ဒဏ်ကြေး ထက်(၁၀)ဆ တိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း တိုင်းရင်းဆေးကောင်စီ မှ သိရသည်။

နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကာဇက်စတန်နှင့် ဂျပန်ကုမ္ပဏီများ သဘောတူစာချုပ်ချုပ်ဆို

Photo: နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ကာဇက်စတန်နှင့် ဂျပန်ကုမ္ပဏီများ သဘောတူစာချုပ်ချုပ်ဆို
Tuesday, February 19, 2013

ဂျပန်နိုင်ငံမှ Japan Atomic Power ကုမ္ပဏီနှင့် Marubeni ကော်ပရိုရှင်း
တို့သည် ကာဇက်စတန်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်ရန် ကာဇက်စတန်အစိုးရနှင့် သဘောတူစာချုပ်ကို ဖေဖေါ်ဝါရီ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗဟိုအာရှဒေသတွင် ယူရေနီယံ ပေါကြွယ်ဝသည့် ကာဇက်စတန်က ၂၀၂၀ ပြည့်နှစ်များတွင် နိုင်ငံအတွင်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း AJW by the Asahi Shimbun သတင်းတွင် ဖော်ပြသည်။

(ပုံတွင် ကာဇက်စတန် သဲကန္တာရတစ်နေရာရှိ ယူရေနီယံ ထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် စစ်ဆေးမှုပြုလုပ်နေသာ ဝန်ထမ်းများကို တွေ့ရသည်)

Planet Myanmar Networkဂျပန်နိုင်ငံမှ Japan Atomic Power ကုမ္ပဏီနှင့် Marubeni ကော် ပရိုရှင်းတို့သည် ကာဇက်စတန်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်ရန် ကာဇက်စတန် အစိုးရနှင့် သဘောတူစာချုပ်ကို ဖေဖေါ်ဝါရီ ၁၈ ရက်က လက်မှတ်ရေး ထိုးခဲ့ကြသည်။

ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံး ပွဲ တိုက်ရိုက် ထုတ်လွှင့် ပြသခွင့် Sky Net ရုပ်သံလိုင်း ရရှိ

Photo: ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် Sky Net ရုပ်သံလိုင်း ရရှိ
Tuesday, February 19, 2013

ပြည်တွင်းရုပ်သံလိုင်းတခုဖြစ်တဲ့ Sky Net ချန်နယ်ကနေ ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲအပြင် FIFAက ပြုလုပ်မယ့် အခြားဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိသွားပါတယ်။

FIFAက ပြုလုပ်မယ့်ဘောလုံးပွဲတွေကို ပြသခွင့်ရဖို့ ပြည်တွင်းရုပ်သံလိုင်းတွေ အပြိုင်ကြိုးစားခဲ့ကြပြီး Sky Net က အခုလို ပြသခွင့်ရရှိခဲ့တာလို့ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အခုလို ပြသခွင့်ရရှိတဲ့အတွက် လာမယ့်ကမ္ဘာဖလားဘောလုံးပွဲ ၆၄ ပွဲနဲ့ အခြား FIFAက ပြုလုပ်မယ့် ၂၀၁၃ FIFA U20 နဲ့ U17 စတဲ့ ကမ္ဘာ့
ဖလားပွဲစဉ်တွေကိုလည်း တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲထဲက အနည်းဆုံး ၂၂ ပွဲကို အခမဲ့ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ်လို့လည်း ဆိုပါတယ်။

အခုလို FIFAက ပြုလုပ်တဲ့ပွဲစဉ်တွေ ထုတ်လွှင့်ပြသခွင့်ရဖို့ သုံးစွဲခဲ့တဲ့
ငွေကြေးပမာဏကိုတော့ နှစ်ဖက်သဘောတူညီထားချက်တွေအရ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပါဘူး။

DVB TV News ပြည်တွင်းရုပ်သံလိုင်းတခုဖြစ်တဲ့ Sky Net ချန်နယ်ကနေ ဘရာဇီးနိုင်ငံ မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲအပြင် FIFA က ပြုလုပ် မယ့် အခြားဘောလုံးပွဲတွေကို တိုက်ရိုက်ထုတ်လွှင့် ပြသခွင့် ရရှိသွားပါ တယ်။

ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်း အိမ်ရာနှစ်ခု အတွက် အစိုးရက ငွေဘီလီယံ ၆၀ ကျော် စိုက်ထုတ်သုံးစွဲမည်

Photo: ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်း အိမ်ရာနှစ်ခု အတွက် အစိုးရက ငွေဘီလီယံ ၆၀ ကျော် စိုက်ထုတ်သုံးစွဲမည်
Tuesday, February 19, 2013

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အစိုးရတန်ဖိုးနည်း အိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခု အတွက်
ငွေကျပ်ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွားမည်
ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို လိုက်သည်။ 

ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက် ၁ သောင်းမှ ၃ သောင်း အထိလိုအပ်ချက်ရှိနေပြီး အစိုးရက ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာများကို ၀င်ငွေနည်း ပြည်သူများ လက်လှမ်းမီနိုင်စေရေး ထပ်မံဆောင်ရွက်မည်
ဖြစ်ကြောင်း၊ လက်ရှိ တည်ဆောက်မည့် အိမ်ရာများသည် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မည့် စီမံကိန်းအိမ်ရာ ဖြစ်ပြီး နိုင်ငံတ၀န်း မြို့ကြီးများတွင် တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း 
၎င်း၏ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။

ဧရာဝတီရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အစိုးရတန်ဖိုးနည်း အိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခု အတွက် ငွေ ကျပ် ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွား မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို လိုက်သည်။

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမေည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု

Photo: ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု
Tuesday, February 19, 2013

ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကတိပြုပြောဆို လိုက်သည်။ 

လာမည့် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျမည် ဖြစ်သော်လည်း ဓာတ်ငွေ့လျှပ်စစ်တာဘိုင်များ တပ်ဆင်ထား ခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀ ခန့်သာ လျော့ကျမည် ဖြစ်ပြီး ယခင် နှစ်များကဲ့သို့ ဆိုးရွားသော မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ဓာတ်အား ပြတ်တောက်မှု မဆိုးရွားဟု ဆိုသော်လည်း ၂၄ နာရီ 
မီးပေးမည်၊ မပေးမည်ကို တိကျသေချာစွာ ရှင်းလင်းသွားခြင်း မရှိပေ။

ဧရာဝတီ ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကတိပြုပြောဆို လိုက်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွား လုံခြုံရေး သုံးဦး သေဆုံး

Photo: ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွား လုံခြုံရေး သုံးဦး သေဆုံး
Tuesday, February 19, 2013

မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီမြို့ လယ်ကောင်၌
ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပျော်တမ်း လုံခြုံရေး ဝန်ထမ်း သုံးဦး သေဆုံး ခဲ့ပြီး အရပ်သားများ အပါအဝင် ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက် ကွဲမှုသည် နရာသီဝပ် ပြည်နယ်ရှိ စစ်အခြေစိုက် စခန်း တစ်ခုအား လွန်ခဲ့သည့် သီတင်းပတ် အတွင်း ပြုလုပ်ခဲ့သည့် အောင်မြင်မှု မရှိခဲ့သော တိုက်ခိုက်မှုနှင့် ဆက်စပ်လျက် ရှိကြောင်း နိုင်ငံ လုံခြုံရေး
ကောင်စီမှ အတွင်းရေး မှူးချုပ် ပါရာဒွန်ပတ် တနာသာအူ က ပြောကြားခဲ့သည်။

သောင်းကျန်းသူဟု ယူဆရသူ များသည် ပတ္တနီမြို့တစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ချိန်ကိုက်ဗုံး ခုနစ်လုံး ထောင်ခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က
ပေါက်ကွဲမှု မရှိသေးသည့် အခြားဗုံး လေးလုံးကိုလည်း စနက်တံများ
ဖြုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုကြောင့်
ဒေသတွင်းရှိ ဈေးဆိုင်များ ပျက်စီး ခဲ့ရကြောင်း သိရသည်။

မူဆလင် အများစု နေထိုင်လျက်ရှိသော ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ
ပြည်နယ်များတွင် ၂ဝဝ၄ ခုနှစ် ကတည်းက စတင်၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ဒေသခံ ၅ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

http://bit.ly/W7jdvm

မြ၀တီမငြိမ်မသက်ဖြစ်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီမြို့ လယ်ကောင် ၌ ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အပျော် တမ်း လုံခြုံရေး ဝန်ထမ်း သုံးဦး သေဆုံး ခဲ့ပြီး အရပ်သားများ အပါအဝင် ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း

Photo: အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း
Tuesday, February 19, 2013

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင် သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာတို့၏ ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ် ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက သိမ်း ဆည်းပေးထားသော ဘဏ်ငွေစာရင်းများ၊ ခရက်ဒစ်ကတ်များနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွန်ဘိုင်းသို့ ရောက်ရှိနေပြီး အိန္ဒိယနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်ဖြစ်ရာ ယင်းသည် အိန္ဒိယနိုင်ငံနှင့် အထူးဆက်ဆံရေး ကဏ္ဍသစ်တစ်ရပ်၏ အခြေခံအုတ်မြစ်ကို ဖွဲ့စည်းဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးသည် စီးပွားရေးမြို့တော် မွန်ဘိုင်းနှင့် နည်းပညာဆိုင်ရာ မြို့တစ်မြို့ဖြစ်သော ဘန်ဂလိုအကြား ဆက်သွယ်မည့် မိုင် ၆၀၀ ရှည်လျားသည့် လမ်းဖောက် လုပ်မှုအတွက်လည်း အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီရေး စာချုပ်တွင် ဗြိတိန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် တရုတ်နိုင်ငံမှ ပြုလုပ်နေသော ဆိုက်ဘာ
တိုက်ခိုက်မှုများနှင့် လုပ်ငန်းဆိုင်ရာ ဟက်ကင်းပြုလုပ်နေမှုများကို ယှဉ်ပြိုင် နိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သဘောတူညီချက် ပါဝင်သည်။ ဆိုက်ဘာပြစ်မှုများကြောင့် ဗြိတိန်နိုင်ငံသည် နှစ်စဉ် ငွေကြေး စတာလင်ပေါင် ၂၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ ဘီလျံ) ဆုံးရှုံးနေရပြီး မိသားတစ်စုလျှင် ဆုံးရှုံးရမှု တန်ဖိုးသည် စတာလင်ပေါင် ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၀၀) ရှိကြောင်း သိရသည်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုအဖြစ် အိန္ဒိယမှ ကွန်ပျူတာ ပညာရှင်များကို ဗြိတိန်နိုင်ငံတွင် လေ့ကျင့်ပေးမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ ဆိုက်ဘာကျွမ်းကျင် ပညာရှင်များသည် ဧပြီလတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ကာ ဗြိတိန်နိုင်ငံသားများ၏ အချက်အလက်များကို ကာကွယ်ရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ၄င်းအပြင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့သည်လည်း ကျွမ်းကျင်မှုချင်း ဖလှယ်ကြမည် ဖြစ်သည်။

ဒေးဗစ်ကင်မရွန်းက မွန်ဘိုင်းမြို့ရှိ Unlever ကုမ္ပဏီဝန်ထမ်းများအား
တွေ့ဆုံကာ ဗြိတိန်နှင့် အိန္ဒိယတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ၂၁ ရာစု
အတွက် အမှန်တကယ်ပင် အထူးဆက်ဆံရေးတစ်ရပ် ဖြစ်စေလိုကြောင်း
ပြောကြားခဲ့သည်။

ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာပင် ဒေလီမြို့သို့ သွားရောက်
ကာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ သူသည် ထုတ်လုပ်ရေး၌ ဗြိတိန်နိုင်ငံ အနေဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင်သော Eurofighter Typhoon ဂျက်လေယာဉ်များကို အိန္ဒိယနိုင်ငံမှ တိုးမြှင့်ဝယ်ယူစေရေးကို ဆွေးနွေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ယင်းဂျက်လေယာဉ်များကို ဗြိတိန်၊ ဂျာမနီ၊ စပိန်နှင့် အီတလီနိုင်ငံများက ပူးတွဲထုတ်လုပ်ခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လွန်းဒ်သည် အပြီးသတ်စာချုပ် ချုပ်ဆို
နိုင်ခဲ့ခြင်း မရှိဘဲ အိန္ဒိယနိုင်ငံမှ ပြန်လာခဲ့ရပြီးနောက် ဗြိတိန်နိုင်ငံသည် ၄င်းအနေဖြင့် ရှယ်ယာ စတာလင်ပေါင် ၆ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလျံ) ရရှိမည့် အိန္ဒိယနိုင်ငံ လေတပ်သို့ တိုက်လေယာဉ် ၁၂၆ စင်း ဖြည့်တင်းပေးရေး စာချုပ်ကို ပြန်လည် အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Ref: Daily mail
Eleven Media Groupဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင် သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆို မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ တို့၏ ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ် ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက သိမ်းဆည်းပေးထားသော ဘဏ်ငွေ စာရင်းများ၊ ခရက်ဒစ်ကတ်များနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။

“စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ Mr.David J.Cundall ပြောကြား

Photo: “စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ 
ဖိတ်ခေါ်ပါတယ်” လို့ Mr.David J.Cundall ပြောကြား
Tuesday, February 19, 2013

မြေပေါ်မြေအောက် ထောက်လှမ်းရှာဖွေရေး စက်ကိရိယာကို ပြည်ပမှ ဌားရမ်းထားသည့်အတွက် နှစ်ပတ်သုံးပတ်နေလျှင် စဖစ်ဖိုင်းယား လေယာဉ် ပျံများနှင့် ပတ်သက်သည့် သတင်းကောင်းပေးနိုင်မည်ဟု Mr.David J.Cundall က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

စဖစ်ဖိုင်းယား လေယာဉ်ပျံများ မင်္ဂလာဒုံ လေဆိပ်ဝင်းအတွင်း မြှုပ်နှံ ထားခြင်း ရှိမရှိနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ သတင်းများ ထွက်ပေါ်နေရာ ၎င်း အနေဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် များအား ခေါ်ယူ၍ အထက်ပါစကားကို သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စဖစ်ဖိုင်းယားလေယာဉ်တွေ ထွက်လာရင် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ၎င်းကပြောသည်။

ယခုတွင် ၎င်းတို့အနေဖြင့် စူးစမ်းရှာဖွေရေး လုပ်ငန်းအပိုင်းကို
ဆောင်ရွက်နေကြောင်း၊ သို့သော် မပြီးပြတ်သေးသည့် အတွက်ကြောင့် အဖြေကို ထုတ်ပေး၍ မရကြောင်း ဆက်ပြောကာ မရှိဘူးဟု ပြောနေ ကြသည့်အပေါ် မမြင်ရသေးလို့ဘဲ ဖြစ်မည်ဟု ၎င်းက ထပ်လောင်းဆို သည်။ ရွှေတောင်ပေါ် ကုမ္ပဏီများအုပ်စု၏ ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကျော်က “စဖစ်ဖိုင်းယား သတင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန် မှုကို ကျွန်တော်တို့ကသာ ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုထား ပြီး ဖြစ်ပါတယ်။ အခုထွက်ပေါ်နေကြတဲ့ သတင်းတွေ အပေါ်မှာ ကျွန်တော်တို့ ဘာမှ မှတ်ချက်တော့ မပေးလိုပါဘူး”ဟု ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ က စဖစ်ဖိုင်းယားများ မြန်မာနိုင်ငံ တွင် မြှုပ်နှံ ခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောဆိုမှုကို အခြေခံကာ တူးဖော် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ အောက်တိုဘာလ တွင် နိုင်ငံတော်အစိုးရက တရားဝင်ရှာဖွေခွင့် ပြုပေးခဲ့သည်။

PN 051
Popular Myanmar News Journalမြေပေါ်မြေအောက် ထောက်လှမ်းရှာဖွေရေး စက်ကိရိယာကို ပြည်ပမှ ဌားရမ်းထားသည့်အတွက် နှစ်ပတ်သုံးပတ်နေလျှင် စဖစ်ဖိုင်းယား လေ ယာဉ် ပျံများနှင့်ပတ်သက်သည့် သတင်းကောင်းပေးနိုင်မည်ဟု Mr.David J.Cundall က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့မည်၊ ကိုရီးယားနိုင်ငံသို့လည်း လုံးတီးဆန် တင်ပို့သွားရန်စီစဉ်နေ

Photo: ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့မည်၊ ကိုရီးယားနိုင်ငံသို့လည်း လုံးတီးဆန် တင်ပို့သွားရန်စီစဉ်နေ
Tuesday, February 19, 2013
    
မြန်မာနိုင်ငံမှ ဧည့်မထဆန် တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း(Myanmar Agribusiness Public Corporation Limited-MAPCO) မှ ဒေါက်တာ စိုးထွန်းက ပြောသည်။

''ဂျပန်ကမှာယူတဲ့ ဧည့်မထဆန်ကို လာမယ့် မေလဆန်းမှာ စပို့မယ်။ တန်ချိန် ၅၀၀၀ ပါ။ နောက်ပြီး ကိုရီးယားကို လုံးတီးဆန် တင်ဖို့ကိုလည်း
လောလောဆယ် တင်ဒါမအောင်သေးလို့ တိတိကျ ကျ မသိရသေးဘူး။ ညှိနှိုင်း ဆောင်ရွက်နေဆဲပါပဲ'' ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။

မြန်မာ့ဆန်ကို ဥရောပနိုင်ငံများ၊ စင်ကာပူနိုင်ငံနှင့် သြစတြေးလျ နိုင်ငံများသို့ တင်ပို့လျက်ရှိရာ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံများမှ ၂၀၁၃ ခုနှစ်အတွင်း ထပ်မံကမ်းလှမ်းခဲ့ရာ ယခု ဂျပန်နိုင်ငံသို့ တင်ပို့တော့မည်
ဖြစ်သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဆန်တန်ချိန် ငါးသိန်းရောင်းချရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သိရသည်။

မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းအနေဖြင့် 
၂၀၁၂ ခုနှစ်၊ဒီဇင်ဘာလအတွင်းက ဧည့်မထဆန် တန်ချိန် ၂၂၀၀၀ ကို အာဖရိကတိုက်၊ အနောက်အာဖရိကရှိ အိုင်ဗရီကို့စ်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ၀ါးတန်း ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူ
တစ်ဦးကလည်း ''ဧည့်မထဆန်ဈေး ဆက်တိုက်မြင့်နေပါတယ်။ တရုတ်နှစ်ကူးတုန်းက တရုတ်ဘက်က အ၀ယ်နည်းသွားခဲ့ပေမယ့် ထိုင်းကိုရော အိန္ဒိယကိုပါ နယ်စပ်ကသွားတယ်။ အခုရက်ပိုင်း တရုတ်ဘက်လည်း အ၀ယ်ပြန်လိုက်လာပါတယ်။ ဇန်န၀ါရီလဆန်းပိုင်းက ဧည့်မထ (ထိပ်စ) တစ်အိတ်ကို ကျပ် ၁၆၅၀၀ ရှိရာကနေ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ကျပ် ၁၇၀၀၀ ဖြစ်လာတယ်''ဟု ပြောသည်။

Eleven Media Group မြန်မာနိုင်ငံမှ ဧည့်မထဆန် တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလဆန်းအတွင်း စတင် တင်ပို့တော့မည်ဖြစ်ကြောင်း မြန် မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း(Myanmar Agribusiness Public Corporation Limited-MAPCO) မှ ဒေါက်တာ စိုးထွန်းက ပြောသည်။

ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မှာ တွေ့ဆုံဆွေးနွေး

Photo: ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ 
မှာ တွေ့ဆုံဆွေးနွေး
Tuesday, February 19, 2013

ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

မနက်ဖန် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC တို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာဖို့အတွက် အကြို
ညှိနှိုင်းပွဲကို စတင်မှာ ဖြစ်ပါတယ်။

Photo: Nyo Ohn Myint
DVB TV Newsဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်

Photo: တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်
Tuesday, February 19, 2013

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဧပြီလမှစ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ  အကျင့်ပျက် ရဲဝန်ထမ်းအဖြစ် သက်မှတ်ခံရပြီး ထုတ်ပယ်ခဲ့သည့် ရဲဝန်ထမ်းများတွင် ရဲအရာရှိ ၉၀၇ ဦးပါဝင်ပြီး အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃၆၃ ဦး ပါဝင်သည်။ ရာထူးချခံရသည့် ရဲအရာရှိ ၁၄၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၂၁ ဦး တို့ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထုတ်ပယ်ခြင်းနှင့် ရာထူးချခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လာဘ် ငွေ တောင်းခံရယူမှု၊တရားခံ သေဆုံးမှု၊ အမှုကြန့်ကြာမှု၊ 
မူးယစ် စည်းကမ်းဖောက်ဖျက်မှု၊တာဝန် ပေါ့လျော့/ပျက်ကွက်မှု၊ လူမှုရေး ဖောက်ပြန်မှု၊ အထက်အရာရှိအား အနိုင်အထက်ပြုမှု၊ တရားခံထွက်ပြေးမှု၊ ပြည်သူအား ညှဉ်းပန်းနှိပ်စက်မှု၊ အမှုမဖွင့် ပေးမှု၊ လုပ်ထုံးလုပ်နည်းနှင့် မညီဆောင်ရွက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲလုပ်ငန်း အားနည်းမှု၊ လက်အောက်ငယ်သားအား ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးကြပ်မှု အားနည်းမှု၊ ခိုးမှုနှင့် ရဲပြေးမှု အစရှိသည့် ပြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။

ထို့ပြင် သတိပေးစာ ထုတ်ပေးထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေပြီး ထပ်မံကျူးလွန်ပါက အကျဉ်းနည်းနှင့် ရဲတရားရုံးများတွင် စစ်ဆေးပြီး
ပြစ်ဒဏ်များ ချမှတ်သွားမည်ကြောင်း ထုတ်ပြန်ဖြေကြားချက်တွင် ပါဝင်သည်။ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သော ပြစ်ဒဏ်များမှာ ရဲအချုပ်တွင် ထောင်ဒဏ်သုံးလ၊ ၀န်ထမ်းမှ ထုတ်ပယ်ခြင်း၊ ရာထူးမှ ရပ်စဲခြင်း၊ ရာထူးအဆင့် လျော့ချခြင်း၊ လစာနှုန်းအတွင်း လစာလျော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့် လစာပေးလျော်စေခြင်းတို့ ဖြစ်သည်။

ထို့ပြင် ရဲတရားရုံးတွင် စစ်ဆေးပြီး ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်များ၊ ၀န်ထမ်းအဖြစ် ထုတ်ပယ်ဒဏ်၊ ရာထူးအဆင့်လျော့ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်လျော့ဒဏ်နှင့် လစာမှ ပေးလျော်ဒဏ်တို့ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများရှိတပ်ဖွဲ့၊ တပ်ရင်းနှင့်
ကျောင်းများမှ ပြစ်မှုကျူးလွန်၍ ထုတ်ပယ်ခံရသူ  ၁၄၄ ဦး၊ သတိပေးခံရသူ ၁၅၉၅ ဦး၊ ရာထူးတစ်ဆင့် လျော့ချခံ ၄၆၅ ဦးတို့ ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းတာဝန်ဆောင်ရွက်
ရာတွင် ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် ရှိသည်ဟု သိရသည်။

Eleven Media Group တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရား ခံသေဆုံးမှုအပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေ မှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦးပါ ၀င်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရ သည်။

မိုဘိုင်းဆင်းကတ် ပျောက်ဆုံးခြင်းအတွက် ဆောင်ရွက်ရာတွင် နယ်မြို့များ၌ အချိန်ကြန့်ကြာမှုများ ရှိနေ

Photo: မိုဘိုင်းဆင်းကတ် ပျောက်ဆုံးခြင်းအတွက် ဆောင်ရွက်ရာတွင် 
နယ်မြို့များ၌ အချိန်ကြန့်ကြာမှုများ ရှိနေ
Tuesday, February 19, 2013
 
မိုဘိုင်းဖုန်းဆင်းကတ် ပျောက်ဆုံးသူများအနေဖြင့် ဆင်းကတ်အသစ်
ပြန်လည်လျှောက်ထားရာတွင် နယ်မြို့များ၌ ကြန့်ကြာမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

''ကျွန်တော့်ဆင်းကတ် ပျောက်သွားတာ အသစ်ပြန်ရဖို့ တစ်လနီးပါး
လောက်ထိ စောင့်လိုက်ရတယ်။ဆင်းကတ်ပျောက်ရင် ကျပ်နှစ်သောင်းလို့ သတ်မှတ်ထားပေမယ့် ကျပ်သုံးသောင်းလောက် ကုန်ကျသွားပါတယ်။
ဒီတစ်လလောက်အတွင်းမှာ ဖုန်းဆက်သွယ်မှု လုပ်လို့မရတော့ တော်
တော် အခက်တွေ့ပါတယ်''ဟု သထုံမြို့နယ်မှ သုံးစွဲသူတစ်ဦးက ကြုံတွေ့ခဲ့ရပုံကို ပြောပြခဲ့သည်။

''ဖုန်းပျောက်သွားလို့ ရွှေဂုံတိုင်ရုံးမှာ ကိုယ်တိုင်သွားလုပ်ဖြစ်တယ်။
ဖုန်းဆင်းကတ်အသစ်ပြန်ထုတ်ပေးတာရော၊အင်တာနက် လျှောက်တာ
အတွက်ပါ နေ့ချင်းပြီး အမြန်စနစ် ဖြစ်လာတယ်။ရက်အကြာကြီး မစောင့်ရတော့လို့ အဆင်ပြေတယ်။ဆင်းကတ်ပျောက်တာအတွက်လည်း သတ်မှတ်ထားတဲ့အတိုင်း ကျပ်နှစ်သောင်းပေးရတယ်''ဟု ရန်ကုန်မြို့တွင် ဆင်းကတ်ပျောက်၍ သွားရောက်ခဲ့ရသူတစ်ဦးက ပြန်လည်ပြောပြခဲ့သည်။

လက်ရှိ သတ်မှတ်ထားသော နှုန်းထားအရ မိုဘိုင်းဖုန်းဆင်းကတ် ပျက်စီးခြင်းများအတွက် အခမဲ့ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်းများ
အတွက်မူ ကျပ်နှစ်သောင်း သတ်မှတ်ထားသည်။မကြာမီကာလအတွင်း ဖုန်းဆင်းကတ်များကို ဈေးနှုန်းလျှော့ချ၍ ရောင်းချရန် စီစဉ်လျက်ရှိရာ ယခုသတ်မှတ်ထားသော နှုန်းထားများမှာ ပြန်လည် ပြင်ဆင်ဖွယ်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - mmtimes.com 
Eleven Media Groupမိုဘိုင်းဖုန်းဆင်းကတ် ပျောက်ဆုံးသူများအနေဖြင့် ဆင်းကတ် အသစ် ပြန်လည်လျှောက်ထားရာတွင် နယ်မြို့များ၌ ကြန့်ကြာမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

Monday, February 18, 2013

တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့

Photo: တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့
Monday, February 18, 2013 

ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့
ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်
ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။ 

အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေးချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံ
တံတား၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အား
ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေးစက်ရုံသို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့
အထိ သယ်ယူပို့ဆောင်ကာ နှစ်စုံတပ်ဆင်ပြီးပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ 

TMA
The Myanma Age ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း သို့ ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့် တွင် အေးရှားဝေါလ် ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ် အားပေး စက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးမင်းအောင် ၏ပြောကြားချက် အရ သိရသည်။

Vatican တနင်္ဂနွေ ဝတ်ပြုပွဲ လူအများအပြား လာရောက်

Photo: Vatican တနင်္ဂနွေဝတ်ပြုပွဲ လူအများအပြားလာရောက်
Monday, February 18, 2013 

ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။
 
ပြည့်နှက်နေတဲ့ ဝတ်ပြုသူတွေကို သူ့အတွက်ရော၊ သူ့နေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီး အတွက်ကိုပါ ဆက်ပြီး ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Benedict က ပန်ကြားခဲ့ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးရွယ်ပွဲကို အရင် စီစဉ်ထားတာထက်စောပြီး ကျင်းပဖို့ စဉ်းစားနေတယ်လို့ ဗာတီကန် က စနေနေ့က ပြောကြားခဲ့ပါတယ်။ လက်ရှိဗာတီကန်ရဲ့ သတ်မှတ်ချက်အရ Cardinal ဘုန်းတော်ကြီးတွေက ပုပ်ရဟန်းမင်းကြီးအသစ်ကို မတ်လ ၁၅ ရက်နေ့ မတိုင်ခင်ရွေးချယ်လို့ မရပါဘူး။ ဒါဟာ ပုပ်ရဟန်းမင်းကြီး Benedict တာဝန်က အနားယူပြီး ၁၅ ရက်ကြာမှ ဖြစ်ပါတယ်။ ဒါပေမဲ့ Cardinal ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီး ဘယ်နေ့ အနားယူမယ်ဆိုတဲ့ရက် အတိအကျကို သိထားပြီးဖြစ်လို့စီစဉ်ထားတာထက်စောပြီး Rome ကိုလာနိုင်အောင်
စီစဉ်လို့ရတယ်လို့ ဗာတီကန် ပြောခွင့်ရသူက ပြောပါတယ်။
 
Easter ပွဲတော်သီတင်းပတ်မစခင်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို တာဝန်ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ရိုမန်ကက်သလစ် အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဗွီအိုအေ ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်း မင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ ကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လကုန်တွင် ထွက်ရှိမည်

Photo: ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လကုန်တွင် ထွက်ရှိမည်
Monday, February 18, 2013 
   
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

“အခုလောလောဆယ် ကြားဖြတ်အစီရင်ခံစာ တင်ပြီးသွားပြီ။ အပြီးသတ် အစီအရင်ခံစာကိုတော့ မတ်လနောက်ဆုံးပတ်လောက်မှာ ထွက်ရှိနိုင်အောင် ကြိုးပမ်းနေပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ကော်မရှင်၏ အစီရင်ခံစာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမတထံသို့ အပြီးသတ် တင်သွင်း
ရမည်ဖြစ်သော်လည်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ် အစီအရင်ခံစာ တင်ရမည့်ရက်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်
တောင်းဆိုခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေနိုင်သော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ ပဋိပက္ခဖြစ်ပွားမှုကြောင့်
သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှု များ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး
ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတိုရေရှည်
ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသောဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာအကြံပြုချက်များကို သုံးသပ်ချက်နှင့်တကွ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Groupရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ရခိုင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည်

Photo: ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည် 
Monday, February 18, 2013 

ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ
ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့
ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ
မြန်မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိအမှတ်ပြုလာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန် ဒီးပါ့က် အော့ဘ်ရိုင်း (Deepak Obhrai) ဦးဆောင်တဲ့ ကနေဒါနိုင်ငံရေး ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံဆီ လာရောက်မယ့်
အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဖေဖော်ဝါရီလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါဟာ မြန်မာနဲ့ကနေဒါ နှစ်နိုင်ငံ လွှတ်တော်တွေအကြား အပြန်အလှန်
ဖလှယ်ရေးဆိုင်ရာ အစီအစဉ်တခုရဲ့ ပထမခရီးဖြစ်တယ် လို့လည်း ဆိုပါတယ်။ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတဲ့
အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး RNDP ပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကနေဒါက ရောက်နေတဲ့ လွှတ်တော်အဖွဲ့ဟာ ကျနော်တို့ RNDP အပါအ၀င်ပေါ့လေ၊ တိုင်းရင်းသားဒီမိုကရေစီပါတီတွေနဲ့ မနက်ဖြန် ၃ နာရီကနေ ၅ နာရီ ပါ့က်ရွိုင်ရယ် ဟိုတယ်မှာ တွေ့ဖို့ဆိုပြီး ကျနော်တို့ကို ချိန်းထားပါတယ်။ အဲဒီကနေ သူတို့က သွားပြီးတော့ နေပြည်တော်ရောက်လို့ ရှိရင် နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေနဲ့လည်း တွေ့ဖို့အစီအစဉ် ရှိပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း တွေ့မှာပေါ့လေ။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက
မြန်မာနိုင်ငံဆီ လာရောက်ခဲ့ချိန် အတွင်း အခု အစီအစဉ်ကို အဆိုပြုခဲ့တာ
ဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေအပေါ် သူတို့ရဲ့အတွေ့အကြုံတွေ နဲ့ အမြင်တွေကို
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသူတွေနဲ့ မျှဝေနိုင်ဖို့ ဒီလိုအစီအစဉ်မျိုးကို အဆိုပြုခဲ့တာဖြစ် တယ်လို့ ဂျွန် ဘာ့ဒ်ကပြောပါတယ်။

နိုင်ငံတကာကနေ မြန်မာနိုင်ငံဆီ လာရောက်ကြတဲ့ ကိုယ်စားလှယ်
အဖွဲ့တွေက တိုင်းရင်းသားပါတီတွေနဲ့ သီးခြား တွေ့လာကြ တယ်ဆိုတာဟာ ဒီပါတီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အလေးထားလာကြပုံရတာကြောင့်
ဖြစ်ဖွယ်ရှိတယ်လို့ ဦးဦးလှစောက သုံးသပ်ပါတယ်။

“ကျနော် ထင်တာကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးမှာ တိုင်းရင်းသား
ပါတီတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပြဿနာ ဆိုတာလည်း မြန်မာပြည် ဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းကြီးတရပ်လို့ ယူဆပုံ ရပါတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို တွေ့စရာမလိုဘူးဆိုတဲ့ သဘောထားမျိုး ရှိတာပေါ့။ ခုတော့ အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ နိုင်ငံတကာက လာတဲ့အဖွဲ့အစည်း အတော်များများ၊ NGO ပဲဖြစ်ဖြစ်၊ အီးယူကပဲ ဖြစ်ဖြစ်၊ တခြား ပါတီတွေကပဲ ဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ပြီး သဘောထားပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးသဘောထား၊ လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောထား၊ ဒီမိုကရေစီ
ပြုပြင် ပြောင်းလဲရေး သဘောထားတွေကို သူတို့ မေးမြန်းတာတွေ၊
ဆွေးနွေးတာတွေတော့ ရှိပါတယ်။”

ကနေဒါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာ့နိုင်ငံရေးပါတီ
အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၀န်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်လာခဲ့တဲ့ အပြောင်းအလဲတွေဟာ
မြန်ဆန်ပြီး အားတက်ဖွယ်ကောင်းတဲ့အကြောင်း၊ ကနေဒါနိုင်ငံရဲ့
အတွေ့အကြုံအရ ဘယ်ကိစ္စတွေဟာ အလုပ်ဖြစ်ပြီး ဘယ်လိုကိစ္စတွေက အလုပ်မဖြစ်ဘူးဆိုတာကို မျှဝေတာဟာ မြန်မာလူထု ကာလရှည်ကြာ
တောင့်တလာခဲ့ကြတဲ့ စစ်မှန်တဲ့ကိုယ်စားပြုမှုနဲ့ ဒီမိုကရေစီနည်းကျ အစိုးရ ပေါ်ထွန်းရေး လုပ်ငန်းစဉ် လျင်မြန်စေ ဖို့အတွက် အကူအညီ
ဖြစ်စေလိမ့်မယ်လို့ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Obhrai ကပြောပါတယ်။

အခု ကနေဒါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ပြီးတဲ့နောက်
မြန်မာလွှတ်တော် ကိုယ်စားလှယ် တဖွဲ့ဟာလည်း ဒီနှစ် နှောင်းပိုင်းမှာ အပြန်အလှန် ခရီးစဉ်တစ်ခုအနေနဲ့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကနေဒါနိုင်ငံရေးပါတီစုံက အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ကြာမြင့်မှာ
ဖြစ်ပါတယ်။

ဗွီအိုအေ ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ
ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့
ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ မြန် မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိ အမှတ်ပြု လာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ငွေလဲနှုန်း မပြိုင်ဆိုင် ဘဲ ဈေးကွက် ဖွင့်ထားဖို့ G-20 ဆုံးဖြတ်

Photo: ငွေလဲနှုန်း မပြိုင်ဆိုင်ဘဲ ဈေးကွက်ဖွင့်ထားဖို့ G-20 ဆုံးဖြတ်
Monday, February 18, 2013 

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့
ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

ငွေကြေးဈေးကွက်ကို ဆက်ပြီး ဖွင့်ထားဖို့နဲ့ အပြိုင်အဆိုင် ငွေတန်ဖိုး
လျော့ချတာမျိုးတွေ မလုပ်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ G-20 အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းအဝေးက စနေနေ့ကထုတ်ပြန်တဲ့ ပူးတွဲ
ကျေညာချက်မှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်
ညွှန်ကြားရေးမှူး Christine Lagarde က ထပ်ပြီးဖော်ပြလိုက်တာဖြစ်ပါတယ်။
 
တချို့နိုင်ငံတွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ငွေကြေးတန်ဖိုး
လျော့ချဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့နဂိုကတည်းက ကျဆင်းနေတဲ့ စီးပွားရေး နာလန်ထူဖို့အရေးမှာ လမ်းလွဲသွားနိုင်တယ် လို့ နိုင်ငံရေး
ခေါင်းဆောင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်တွေ ရှိနေကြပါတယ်။

နိုင်ငံရဲ့ စီးပွားရေး တိုးတက်ပြီး တခြားနိုင်ငံတွေထက် အသာစီးရအောင် တွန်းအားပေးနိုင်ဖို့ အတွက် ငွေတန်ဖိုး လျော့ချခဲ့တဲ့ ဂျပန်နိုင်ငံ မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 
 
မကြာသေးခင်က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေကလည်း ထိပ်သီးစီးပွားရေး ကုမ္ပဏီကြီးတွေ အခွန်အနည်းဆုံး ပေးဆောင်ဖို့ ကြိုးပမ်းနေတာတွေကို တားမြစ်ပြီး ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်မှု ရှိဖို့ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်သစ်ကို စတင်ခဲ့ပါတယ်။ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်နိုင်ငံကြီးတွေမှာ အခွန်နည်း နိုင်သမျှနည်းအောင်ပေးဖို့ ကြိုးပမ်းမှုကို ဆန်းစစ်ခဲ့တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့ OECD ရဲ့ လေ့လာမှုတွေပေါ် အခြေခံပြီး အဲဒီအစီအစဉ်သစ်ကို စတင် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓာတ်ပုံ - နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde

ဗွီအိုအေကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေ ကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့ ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

Photo: မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?
Monday, February 18, 2013 

နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီး ဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း 
ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ
နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ
နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ
နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ 
Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။

http://bit.ly/VYoWsS

မြ၀တီ နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံးအစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စား သင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

Photo: ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
Sunday, February 17, 2013 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကန့်ကွက်စာကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်မှ ယာဉ်ရောင်းဝယ်ရေးစခန်းကို မပြောင်းရွှေ့ပါကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းကို မူလလုပ်ငန်းများ ရှိတဲ့နေရာတွင် အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သွားဖြစ်ကြောင်း၊ စီမံကိန်းလုပ်သည့် အချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းထဲရှိ ကားနှင့်ဈေးဆိုင်များကို ဘေးတွင်ရွှေ့ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးသွားပါက နေရာများကို တန်ရာတန်ကြေးနှင့် ပြန်ပေးမည်ဟု ကတိပေးစကား ပြောထားကြောင်း ၄င်းက ဆက်လက်ပြောပါသည်။

“၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်းကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်
ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ” ဟု မပြောင်းရွှေ့ရေး
ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။

သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့်အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက် ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာ ပါရှိပါတယ်။
မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားပါသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်းရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။

Eleven Media Group ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော် မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်း ၀ယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော် မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ

Photo: ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ
Sunday, February 17, 2013 

ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်းကစားဝိုင်းများ
ရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း 
သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်
သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများဆုံးဖြစ်ပေါ်
နေကြောင်း အဆိုပါမြို့နယ်နေသူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏
ပြောကြားချက်များအရသိရသည်။  

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကို
လျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မ
ပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေ
သိထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ
တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာ
လည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့
မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့
ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေး
ကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ 
CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုး
ဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်း
အနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်
အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍  ငွေကြေးများ
ရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot Newsရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကား မှတ်တိုင်များအနီး လမ်းဘေးတွင် လောင်းကစားဝိုင်းများ ရှိနေသည် မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကို စိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း သိရ သည်။

Sky Net DTH ၏ ၂ နှစ်ပြည့် အထိမ်း အမှတ် ကံထူးရှင်ရွှေးချယ်ပွဲ ကျင်းပ

Photo: Sky Net DTH ၏ ၂ နှစ်ပြည့် အထိမ်းအမှတ်ကံထူးရှင်ရွှေးချယ်ပွဲ ကျင်းပ
Sunday, February 17, 2013 

Sky Net DTH ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံထူးရှင် ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ParkRoyal Hotel တွင် ကျင်းပခဲ့သည်။

ဆုမဲများအဖြစ် ပထမဆု Honda Fit ကား ဒုတိယဆု Ipad 4 (15) လုံး၊ တတိယဆု Iphone 5 (15) နှင့် အခြား ဆုမဲပေါင်း ၈၀ ကို မဲဖောက်
ပေးခဲ့သည်။

ကံထူးရှင်ရွေးချယ်ပွဲတွင် ပထမဆုဖြစ်သည့် Honda Fitကားကို မင်္ဂလာဒုံမှ မအိမွန်သဲက ရရှိခဲ့သည်။

ရန်နိုင်
Popular Myanmar News Journal Sky Net DTH ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံထူးရှင် ရွေးချယ်ပွဲ ကို ယနေ့နံနက် ၁၀ နာရီက ParkRoyal Hotel တွင် ကျင်းပခဲ့သည်။

အသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့်လမှစတင်၍ ရန်ကုန်တွင် ရောက်ရှိ

Photo: ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၇။

အသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့်လမှစတင်၍ ရန်ကုန်ရှိ ၎င်း၏တူမနေအိမ်သို့ အလည်ရောက်ရှိကာ ဖေဖော်ဝါရီ ၁၇ရက်နေ့ နံနက်ပိုင်း၌ စာရေးဆရာများနှင့် တွေ့ဆုံပြီး ယင်းနေ့ မွန်းလွဲ ၂နာရီတွင် အောင်ပန်းမြို့နယ်သို့ ပြန်သွားကြောင်း သိရသည်။

The Myanma Ageအသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့် လမှစတင်၍ ရန်ကုန်ရှိ ၎င်း၏တူမနေအိမ်သို့ အလည်ရောက်ရှိ

မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်

Photo: မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်
Sunday, February 17, 2013

၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး  အစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတွင်
ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းထံမှ သိရှိရသည်။

မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်(Coordinated Mekong Ministerial Initiative against Trafficking-COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် UNIAP ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊
မြန်မာနိုင်ငံအခြေစိုက် World Vision Myanmar ၊ Save the Children ၊ IOM နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများ၊ လုပ်အားအတွက် လူကုန်ကူးမှု ဖြစ်ပွားနေမှုအား တား ဆီးကာကွယ်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာဖော်ထုတ်ချက်များအား တင်ပြခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ လူကုန်ကူးမှု တားဆီးရေးတွင် ပူးပေါင်းပါဝင်လာမှုများကို နိုင်ငံအလိုက် တင်ပြခြင်း၊ တရားစီရင်ရေးတွင် 
ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးတွင်
တွေ့ရှိချက်များ တင်ပြခြင်းများကို အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ရဲမှူးကြီးဝင်းနိုင်ထွန်းက ''အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်
ကြမလဲဆိုတာရယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်ပါတယ်။
နှစ်နိုင်ငံ အစည်းအဝေးငယ်တွေလည်း  ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်၊ထိုင်းနိုင်ငံတို့နဲ့ သီးခြား တွေ့ဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ရရင်တော့ လာအိုနိုင်ငံနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားသည့် လုပ်ငန်းစဉ်များ၊
နှစ်နိုင်ငံ တတိယမြောက် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံနှင့် တွေ့ဆုံစဉ်  နှစ်နိုင်ငံ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုရေး လုပ်ငန်းစဉ်များ ထိရောက်မှု ရှိစေရေး၊ မြ၀တီနှင့် မဲဆောက်တွင် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တွေ့ဆုံဖြစ်ပါက လာအိုနိုင်ငံတွင်း ၀င်၍ ကာဆီနို လောင်းကစားလုပ်ငန်းများတွင် တရားမ၀င် သွားရောက်အလုပ်လုပ်နေကြသူများအနေဖြင့် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန်အတွက် မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊တရုတ်၊ထိုင်း၊ လာအို၊
ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ဖြင့် (Coordinated Mekong 
Ministerial Initiative against Trafficking-COMMIT) ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီ အစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ