Tuesday, October 9, 2012

သေမင်းတမန် အကျဉ်းသားဟောင်း စာရေးဆရာကြီး ကွယ်လွန်


 မစ္စတာ အိရစ် လိုမက်စ်၊ ဓာတ်ပုံ- express.co.uk
ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဖက်ဆစ်ဂျပန်တို့ရဲ့ သေမင်း တမန် ရထားလမ်းဖောက်လုပ်မှုမှာ အကျဉ်းသား သုံ့ပန်း ဖြစ်ခဲ့ရတဲ့ စကော့တလန်လူမျိုး စစ်ပြန်ကြီးဖြစ်တဲ့ မစ္စတာ အိရစ် လိုမက်စ် ( Mr. Eric Lomax) ဟာ ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က ကွယ် လွန် သွားပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၃ နှစ်ရှိပြီဖြစ်ပြီး သူ့ဘ၀ အကြောင်း ကိုယ်တိုင်ရေးသားခဲ့လို့ ကမ္ဘာ့ ရောင်းရ အကောင်းဆုံး စာအုပ်ဖြစ်တဲ့ The Railway Man ဆိုတဲ့ စာအုပ်ဟာ အလွန် နာမည်ကြီး ခဲ့ပါတယ်။ 

အဲဒီစာအုပ်ကို ရုပ်ရှင်အဖြစ် နာမည်ကြီး သရုပ်ဆောင် တွေဖြစ်ကြတဲ့ Colin Firth နဲ့ Nicole Kidman တို့နဲ့ ပြန်လည် ရိုက်ကူးခဲ့ရာမှာ စတာလင်ပေါင် ၁၂ သန်း ၀င်ငွေစံချိန်ထိ ရခဲ့တာပါ။ 

မစ္စတာ Lomax ဟာ Edinburgh မှာ မွေးဖွားကြီးပြင်ခဲ့ပြီး ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလက ဘုရင့် ကြေးနန်း ဆက်သွယ်ရေး တပ်မှာ ဒု ဗိုလ်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် စင်ကာပူနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး အဲဒီ အချိန်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Shangi အကျဉ်းထောင်ကို အပို့ခံခဲ့ရတာပါ။ 


အဲဒီကနေ သူဟာ ထိုင်း-မြန်မာကို ဆက်သွယ်ဖို့ ဖောက်လုပ်တဲ့ ဂျပန်တွေရဲ့ သေမင်းတမန် ရထားလမ်း ဖောက် လုပ်မှုမှာ အကျဉ်းသားအဖြစ်နေခဲ့ရတာပါ။ 

အဲဒီလို သေမင်းတမန် ရထားလမ်းအကျဉ်းသားဘ၀မှာ နေစဉ် ရိုက်နှက်တာခံရတာ၊ ငှက်ဖျားမိတာ၊ ရက် ရက် စက်စက် နှိပ် စက်တာတွေကို ရင်ဆိုင်ခံစားခဲ့ရပြီး ဘ၀ကို အနိုင်ယူခဲ့သူပါ။ 

ထိုစဉ်က မစ္စတာ လိုမက်စ်ဟာ သူရောက်နေတဲ့ နေရာဒေသကို သူက အသေးစိပ် မြေပုံဆွဲထားခဲ့သူ လည်းဖြစ်ပါတယ်။ ရထားလမ်း အကျဉ်းသားဘ၀မှာ ကမ္ဘာစစ်ကြီး ဘယ်လို ဆက်ဖြစ်နေလဲ ဆိုတာ သိနိုင်ဖို့ ရေဒီယို တလုံးကိုလည်း  ၁၉၄၃ ခု သြဂုတ်လ ၂၉ ရက်နေ့မှာ တွေ့ခဲ့ရပြီး အဲဒါကို ဂျပန်တွေက သိသွားခဲ့ပြီတော့ သူ့ ကို သေလု မျောပါး နှိပ်စက်မှုတွေ လုပ်တာခံခဲ့ရပါတယ်။ 

ဒီအကြောင်းတွေနဲ့ အဲဒီတုန်းက သူ့ကိုယ်တွေ့တွေကို The Railway Man ဆိုတဲ့ စာအုပ်မှာ အသေး စိပ် ရေးသားခဲ့တာပါ။ ဒါကို ရုပ်ရှင်ပြန်လည် ရိုက်ကူးရာမှာလည်း ကမ္ဘာကျော်ခဲ့တာပါ။ 
 
From- ဧရာဝတီ

No comments:

Post a Comment