Edit This Menu
Friday, February 22, 2013
ထိုင်းနှင့် မလေးသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမား တစ်ရာကျော် တရားဝင် လက်မှတ်ရေး ထိုးပွဲ ကျင်းပမည်
ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက် အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ အား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးသို့ သွားရောက်မည့် လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကိုလည်း တရားဝင် ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
SSA မြောက်ပိုင်း အဖွဲ့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက် များကို မလိုက်နာ သဖြင့် မြန်မာ စစ်တပ်နှင့် တိုက်ပွဲဖြစ် စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့ တပ်မတော်မှ အရာရှိကြီး တစ်ဦးပြောကြား
ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်း များအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်
ဝက်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ် အစောင့်ထောင်ကျ
ဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သော စာတမ်း များ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေ ယာဉ်တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက်
နယ်စပ် အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက
ထောင် ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။
အဆိုပါအစောင့်တပ်ဖွဲ့မှ တာ ၀န်ရှိသူကို အဆင့်မြင့်လုံခြုံရေးဆိုင်ရာ မွမ်းမံစခန်းတစ်ခု၌ ၎င်း ၏ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံစေမည်ဖြစ်ကြောင်း တရားရုံးချုပ်က ဆိုသည်။ ပြစ်ဒဏ်ချမှတ်ခံရသောတာဝန်ရှိသူ၏ အမည်နှင့် ရာထူး အ ဆင့် ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ
မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊တောင်လေးလုံးမရောက်မီ တီကောင်တောင်အကွေ့တွင် ကားဘရိတ်ပေါက်ပြီး တီကောင်တောင်အောက် ရှိ ချောက်ကမ်းပါး အတွင်းသို့ ကားတစ်စီးလုံးထိုးကျသွားခဲ့ကြော င်းသိရသည်။
မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား
ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး
ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာဘက်က ကော်မတီဖွဲ့ထားတဲ့ အကြောင်း နဲ့ မြန်မာနိုင်ငံ က ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံ ပြောပြပါမယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်
ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့
ပွင့်လင်းအစိုးရများ မဟာမိတ်အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံက
အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့
OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက်
ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက
ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့
ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး
အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း
ဗြိတိန် အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က
ပြောပြပေးမှာပါ။
Subscribe to:
Posts (Atom)