Monday, April 1, 2013

ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း

Photo: ရခိုင်စုံစမ်းရေး အစီရင်ခံစာ ထုတ်ပြန်ရက်ရွှေ့ဆိုင်း
Monday, April 1, 2013
 



ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက်ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကြေညာလိုက်ပါတယ်။ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာအပေါ် နောက်ဆုံးအကြိမ် ပြန်လည်စိစစ်သုံးသပ်ဖို့ အချိန်ယူတာနဲ့အမျှ  အချက်အလက် မှန်ကန်တဲ့ ဒီအစီရင်ခံစာ ထွက်ပေါ်လာမယ့်လို့ မျှော်လင့်တဲ့ အကြောင်း ဒေသခံ ပြည်သူ့လွှတ်တော် အမတ်တွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။
 
မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီ အပြီးသတ် တင်သွင်းရမယ့် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာပါတဲ့ သတင်းမှတ်တမ်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး  ပြန်လည် စိစစ်သုံးသပ်ဖို့ လိုသေးတဲ့အတွက် ဖြစ်တယ်ဆိုပြီး ဧပြီလ ၂၄ ရက်နေ့ကို ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ ကော်မရှင်က ကြေညာလိုက်ပါတယ်။
 
နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေတင်မကဘဲ နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာမယ့် အစီရင်ခံစာ ဖြစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ အချက်အလက်တွေ မပါဝင်အောင် စနစ်တကျ လုပ်ဆောင်ဖို့ ကြိုးစားနေကြတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။
 
“ဒါနဲ့ပတ်သက်လို့ ထပ်ဖြည့်နိုင်တာလေးတွေပေါ့နော်၊ နောက် ဘယ်လိုဆောင်ရွက်ရင်
ကောင်းမလဲဆိုတာလေးတွေ သူတို့ ဒီဘက်မှာရှိတဲ့ အသွင်အပြင် မတူတဲ့ မျိုးနွယ်စု နှစ်ခု ဟာ တဦးကိုတဦး ယုံကြည်မှုထက် ဖြစ်လာနိုင်တဲ့ တခြားအကြမ်းဖက်မှုလေးတွေကို စိုးရိမ်တဲ့အခါကျတော့ အတူယှဉ်တွဲနေထိုင်ရေးထက်လေ ယုံကြည်မှု တည်ဆောက်ရေး ကာလရှည်တခုကို ဖြတ်ဖို့ လိုမယ်ဆိုတဲ့ သဘော ရှိနေကြတယ်လို့ သုံးသပ်ပါတယ်။”

အခုလမှာ ထွက်ရှိမယ့် အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးလည်း ကော်မတီ၊
ကော်မရှင်ပါ အဖွဲ့ဝင်တွေအနေနဲ့လည်း အစီရင်ခံစာ တင်ပြနိုင်အောင် အချိန်နဲ့တပြေးညီ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့သင့်တယ်လို့လည်း ဒေါက်တာ
အေးမောင်က ပြောပါတယ်။
 
“အမှန် အချိန်က တော်တော်နည်းပါတယ်။ အကုန်လုံး စုစည်းဖို့ကလည်း လိုချင်မှ လိုမယ်လေ။ ဒါပေမဲ့လည်း ကော်မတီ သို့မဟုတ် ကော်မရှင်ရဲ့ ပုံမှန်လုပ်ငန်း လုပ်ဖို့အတွက်တော့ သူ့မှာ ခိုင်မာတဲ့ report တခု မပြီးခင်မှာ ကျနော်တို့ကို ပြန်ပြီး ဥပမာ final report မထွက်ခင် ၃ ပတ်လောက် ကြိုပြီး တွေ့ဆုံညှိနှိုင်းဖို့ သင့်တယ်။ တွေ့ရှိချက် အပေါ်မှာလည်းပဲ အပြန်အလှန် သုံးသပ် ဝေဖန် ဆွေးနွေးကြတဲ့ အဆင့်လည်း ရှိသင့်တာပေါ့လေ။”
 
နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် အပြီးသတ် အစီရင်ခံစာထဲမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ အခြေခံအကြောင်းအရင်း၊ အဓိကအကြောင်းအရင်း၊ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေ အပါအဝင်၊ ဒုက္ခသည်တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့  ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင် ဖို့နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သင့်တဲ့ အချက်များ၊ မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းတွေနဲ့ နယ်မြေတွင်း ပြန်လည် ထူထောင်ရမယ့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မှာဖြစ်ပါတယ်။
 
အခုလို သမ္မတ ဦးသိန်းစိန်ဆီကို အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ရက်ရွှေ့ဆိုင်းလိုက်ပြီး  ဧပြီလကုန်ပိုင်းလောက်မှာ ထွက်လာမယ့် အစီရင်ခံစာပါ မှတ်တမ်း အချက်အလက်တွေဟာ မှန်ကန်မှုရှိဖို့ လိုအပ်ပြီး၊ အငြင်းပွားဖွယ်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းတွေ၊ ဘက်ပေါင်းစုံက လေ့လာ စုံစမ်းမှု စုံစုံလင်လင်နဲ့ ထွက်ရှိသင့်ပြီး ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့လည်း အချက်အလက် စုဆောင်းရေးမှာ ပါဝင်ကူညီခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်အမတ် ဦးရွှေမောင်း က ထောက်ပြ ပြောဆိုလိုက်ပါတယ်။
 
“ဒီလကုန်မတိုင်ခင် ထွက်ရမယ်လို့၊ တင်မယ်လို့ အဲ့လို ကြားခဲ့တာ။ အဲ့ဒါက နိုင်ငံတော် သမ္မတဆီကို တင်မှာပေါ့နော်။ တင်ပြီးလို့ရှိရင် နိုင်ငံတော် သမ္မတကနေ ဒါကို လူသိရှင်ကြားဖြစ်အောင် ကြေ ညာမယ်။ အဲ့လိုမျိုး အကြမ်းဖျင်းသိရတယ်။ ကျနော်တို့ကလည်း တောက်လျှောက် သူတို့ကို လိုအပ်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ ပေးထားတာရှိတယ်။ ဒီရခိုင်စုံစမ်းရေးကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတဆီကို တင်သွင်းတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လို စုံစမ်းလို့ ရခဲ့တယ်ဆိုတာကို အလေးအနက် ထားပြီးမှ ပါစေချင်တယ်ခင်ဗျ။”

ကော်မရှင်အနေနဲ့ အပြီးသတ် အစီရင်ခံစာ တင်သွင်းမယ့်ရက်ကို အချိန်ယူပြီး ပြန် သုံးသပ်ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း မိုးရာသီအမှီ နေစရာ အခက်အခဲ ဖြစ်နေတဲ့အပေါ် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့  ဘူးသီးတောင်အမတ် ဦးရွှေမောင်း က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
 
“အခုက မိုးရာသီက လာတော့မယ်။ ဇွန်လဆိုရင်ပေါ့နော်။ တချို့ဆိုရင် မေလ အလယ်လောက်မှာ မိုးရွာတာပဲ။ ဆိုတော့ အခုအချိန်ထိ အိမ်တွေ ဆောက်ဖို့အတွက်ကို အဆင်မပြေသေးဘူး။ လိုအပ်တဲ့ အစီအမံတွေကိုလည်း ဆောင်ရွက်ပေးရမယ်။ လုံခြုံရေးကိစ္စတွေကိုလည်း သူတို့က ၀င်ပြီး လုပ်ပေးလိမ့်မယ်။”
 
ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် နိုင်ငံတော် သမ္မတဆီကို တင်သွင်းခဲ့ပြီး၊ အပြီးသတ် အစီရင်ခံစာ တင်သွင်း မယ့်ရက်ကို ၂၀၁၃ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံကို တိုက်ရိုက်အစီရင်ခံ တင်ပြရမယ်လို့ သမ္မတက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)ရခိုင်မှာဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း လုံထိန်းရဲက လုံခြုံရေး ယူထားစဉ် (၂၇ အောက်တိုဘာ ၂၀၁၂)
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီကို မတ်လ နောက် ဆုံးရက်မှာ အပြီးသတ် တင်သွင်းရမယ့် အစီရင်ခံစာကို ဧပြီလလယ်ပိုင်းအထိ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကြေညာလိုက်ပါတယ်။

ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ

Photo: ညွှန်ချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး အငြိမ်းစားပေးခံရ
Monday, April 1, 2013

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် 
၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာ
နပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသို့ အငြိမ်းစားပေးခြင်းနှင့် ဌာနပြောင်း အရေးယူမှုများကို ပြုလုပ်ခံ
ရသော အစိုးရအရာရှိများသည် လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံ
ရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ
နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းကြောင့် ထိုသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သော သ
တင်းရပ်ကွက် ထံမှ သိရှိရသည်။

အငြိမ်းစား ပေးခံလိုက်ရသော အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ၅ ဦးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး
ဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေး
မှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့်သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်ကြောင်း သိရှိရသည်။

“ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ တက္ကသိုလ် ပါမောက္ခချုပ်ရာထူး တာဝန်က ညွှန်ကြားရေးမှူးချုပ်နဲ့ အဆင့်တူညီတယ်။ အခု အငြိမ်းစား ပေးခံလိုက်ရ
တဲ့ ညွှန်ကြားရေးမှူးချုပ်တွေမှာ ဦးစံသောင်း၊ ဦးမြတ်မော်၊ ဦးကျော်ထူးနဲ့ ဦးအောင်မင်းတို့က အရင် တပ်က လာတဲ့ အငြိမ်းစား ဗိုလ်မှူးကြီးတွေ။ 

သူတို့ကို အဓိက အရေးယူတာကတော့ တိုင်စာတွေကို စိစစ်ရာက တ
ကယ် လာဘ်ပေးလာဘ်ယူမှု တွေရှိတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း ကလည်း
 တိုင်စာ ကြောင့်ပဲလို့ သိရပါတယ်။

ခြုံငုံပြောရရင်တော့ တိုင်စာတွေ စိစစ်တဲ့အခါမှာ တကယ်ကျူးလွန်
ကြောင်းတွေ့ရတာ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ နောက်ကြောင်း ပြန်လှည့်
ချင်တာ” ဟု သမ္မတရုံးနှင့် နီးစပ်သူ တဦးက အတည်ပြုပြောသည်။

အစိုးရထိပ်တန်း အရာရှိကြီး ၆ ဦး ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးလိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရအရာရှိများ ၄၀ ကိုလည်း ဌာနပြောင်း အရေးယူမှုများ ပြုလုပ်ကြောင်း သိရှိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒု
တိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် အဖြစ်
လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်
 ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကို ကို ပညာရေး
ဝန်ကြီးဌာန၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ညွှန်ကြားရေးမှူးအဆင့် 
အရာရှိ အများအပြား ကိုလည်း ဌာနပြောင်းရွှေ့ခြင်း များလုပ်ဆောင်
ကြောင်း သိရှိရသည်။

“စီးပွားကူးသန်း ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေး
မှူး ခြောက်ဦးဆိုရင် သမ၀ါယမ ၀န်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ အ
လုပ်သမား နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန တွေကို ပို့ပစ်တယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးတွေလည်း ဌာနပြောင်းခံရတယ်။ တော်တော် များတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ
တွေလည်းပါတယ်။ အားလုံးပေါင်း ၄၀ ရှိတယ်” ဟု နိုင်ငံတော်သမ္မတရုံး အရာရှိတဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီမှ အဖွဲ့ဝင်တဦးကမူ “ကျနော် သိထား သလောက်တော့ သမ္မတက Reform Process ရဲ့ အစိတ်အပိုင်းတခုအဖြစ် ဒါကို လုပ်တယ်။ နောက်ပြီး သမ္မတရုံး ၂ ကလည်း ပြည်သူတွေဆီကလာတဲ့ တိုင်စာတွေအပေါ်မှာ စိစစ်အရေးယူ
မှု တွေလုပ်တယ်။ ဒီအရေးယူမှုက သမ္မတ လက်ထက်မှာ ကြီးမားတဲ့အရေး
ယူမှုတခုပါပဲ” ဟု သုံးသပ်သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အစိုးရအနေဖြင့် အစိုးရအရာရှိကြီးများကို ဖယ်ရှား ရှင်းလင်း ရာတွင် ပွင့်လင်းမြင်သာမှု အလွန်အရေးကြီး ကြောင်း ဆိုသည်။

“ဆက်သွယ်ရေးအရာရှိတွေ ဖမ်းတယ်၊ စစ်ဆေးတယ်။ ပြန်လွှတ်တယ်။ ၀န်ကြီးကို ဖြုတ်ပစ်တယ်။ ဘာကြောင့် ဘယ်လို အရေးယူမလဲ ဘာမှ
သေသေချာချာ ရေရေရာရာ မရှိဘူး။ အခုလည်း ညွှန်ချုပ်တွေ ဖြုတ်တယ်၊ အငြိမ်းစား ပေးခံရတယ် ဆိုတာ သတင်းသမား တွေက လိုက်စုံစမ်းလို့သာ သိရတာ။ တကယ်တမ်းက အစိုးရက ဒါမျိုးတွေ ထုတ်ပြန်ပေးရမှာ။ 

ဒါမှ နောက်ဖြစ် လာမယ့် အစိုးရအရာရှိတွေ မလုပ်ရဲဖြစ်မှာ။ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် ဆက်သွယ်ရေး အရာရှိအချို့ကို လာဘ်ပေးလာဘ်ယူဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်၊ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ – သမ္မတရုံး)
ဧရာဝတီ
သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ညွှန်ကြား ရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦးကို မယူမနေရ အငြိမ်းစားပေးလိုက်ပြီး အစိုးရအရာရှိ ၄၀ ကို ဌာနပြောင်း ရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Monday, April 1, 2013 

မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ
ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း
ဖော်ပြထားသည်။ 

အမေရိကန် စစ်အခြေစိုက် စခန်းများ တည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက်
လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီး
ယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။ 

"ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင်
တဲ့ အကွာအဝေး အတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။

ရိုဒွန်ဆင်မွန်းက "အမေရိကန်ဟာလည်း ထိခိုက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေတယ်။ နားလည်ထားရမှာက မြောက်
ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ ဆက်ဆံရေးဟာ ခုကတည်းက စစ်ပွဲဖြစ်နိုင်တဲ့ အဆင့်မှာ ရှိနေပြီ ဆိုတာပဲ"ဟုလည်း ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

မြောက်ကိုရီးယား ဝါဒဖြန့် ဝက်ဘ်ဆိုက်က "ကျွန်ုပ်တို့ဟာ ဂျပန်ကနေ ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ အားလုံးကိုလည်း ကြားဖြတ် ပစ်ချနိုင်တယ်"ဟုပါ ပြောကြားခဲ့သည်။ 

ဂျပန်ကို မြောက်ကိုရီးယားက ယခင်ကတည်းက ရန်ဘက်နိုင်ငံအဖြစ် စာရင်းသွင်းခဲ့သော်လည်း အဓိက ပစ်မှတ်အဖြစ် အလားအလာ သတ်မှတ်မှုမှာ ယခင်က အလွန်နည်းပါးခဲ့ကြောင်း သိရှိရသည်။

http://www.planet.com.mm/news/read.cfm/id/21319
Planet Myanmar Network
မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင်ကိုရီးယားနှင့် အမေ ရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်းဖော်ပြထားသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး

Photo: ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 ကြောင့် တရုတ်တွင် လူ ၂ ဦးသေဆုံး
Monday, April 1, 2013 

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် လူ(၂)ဦး သေဆုံးခဲ့ကြောင်း
နိုင်ငံ၏ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ တုပ်ကွေး
မျိုးကွဲသည် ယခင်က လူများတွင် ဖြစ်ပေါ်သည်ကို မတွေ့ရှိရသေးဟုလည်း ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ
ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ၎င်းတို့သည် ဖေဖော်ဝါရီလက စတင်နာမကျန်း ဖြစ်လာပြီးနောက် သီတင်းပတ် အနည်းငယ်မျှအကြာတွင် ကွယ်လွန်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသမီး တစ်ဦးမှာလည်း ထိုဗိုင်းရပ်စ်ကြောင့် အပြင်းအ
ထန် နာမကျန်း ဖြစ်နေကြောင်း သိရသည်။ သေဆုံးသူ အမျိုးသား နှစ်ဦးလုံး
မှာ ရှန်ဟိုင်းမှဖြစ်ပြီး နာမကျန်းဖြစ်နေသော အမျိုးသမီးမှာမူ အရှေ့ပိုင်းဒေသ အန်ဟွိုင်ရှိ ချန်ဇူးမှဟု သတင်းများက ဆိုသည်။ 

တရုတ် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံရေးရာ ကော်မရှင်က
 အဆိုပါ လူနာ(၃)ဦးလုံးသည် ဖျားနာလာပြီးနောက် ကိုယ်အပူချိန် မြင့်
တက်လာကာ ချောင်းလည်း ဆိုးလာခဲ့ကြောင်း၊ ထို့နောက်တွင် နမိုးနီး
ယား ဝေဒနာကို ဆိုးရွားစွာ ခံစားလာရကြောင်း ပြောကြားခဲ့ကြသည်။

နောက်ဆုံး ဖော်ထုတ် တွေ့ရှိချက်အရ အဆိုပါ တုပ်ကွေးသည် ယခင်က လူတွင် ကူးစက်ခြင်း မရှိသည့် ကြက်ငှက်တုပ်ကွေး အနွယ် H7N9 ဗိုင်း
ရပ်စ်ကြောင့်ဟု ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတုပ်ကွေး အနွယ်အတွက် တိကျသော ကာကွယ်ဆေး မရှိသေးဟုလည်း ကော်မရှင်က ဆိုသည်။ 

ကမ္ဘာပေါ်တွင် လူကို ကူးစက်မှု အများဆုံး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်
မှာ H5N1 မျိုးနွယ်ဖြစ်ပြီး (၂၀၀၃)ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် ယင်း
ဗိုင်းရပ်စ်ကြောင့် လူပေါင်း (၃၆၀)ကျော်နှင့် သန်းပေါင်းများစွာသော ကြက်ငှက်များ သေကြေပျက်စီးခဲ့ပြီး ဖြစ်သည်။

Source: BBC
Planet Myanmar Network
ကြက်ငှက်တုပ်ကွေးမျိုးနွယ်ဝင် H7N9 အမျိုးအစား တုပ်ကွေးကြောင့် အသက်(၂၇)နှစ်နှင့် (၈၇)နှစ်ရှိ အမျိုးသားနှစ်ဦး မတ်လအတွင်းက သေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

Photo: အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ
Monday, April 1, 2013 

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိတော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေးလိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။

`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက်နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြောတယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ်လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ထုံးစံအတိုင်း သင်္ကြန်မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့်တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကားလက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်းအထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့ သူတွေကတော့ သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ်လောက်တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင်လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ်ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲသည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။
မထသ မှာ တာဝန်ရှိသလား။ အရင်တုန်းကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ်သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊
အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား
ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)


အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက် လာပါပြီ။

နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃) နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်



Photo: နွမ်းပါးသက်ကြီးရွယ်အိုများကို နေအိမ်အရောက်ကူညီစောင့်ရှောက်ခြင်း(၃)
နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပမည်
Monday, April 1, 2013 

ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး
ရွယ်အိုများကို နေအိမ်အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်း
အမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်း
ပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြား
သည်။

ဟောပြောမည့် စာရေးဆရာများမှာ ဦးဘုန်း(ဓါတု)နှင့် ဆရာဦးလှသောင်း
(သဘာဝပတ်ဝန်းကျင်) တို့ဖြစ်ပြီး ကလေးမြို့၊ အောင်မင်္ဂလာဇာတ်ရုံ ရှေ့
တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှီခိုရာကင်းမဲ့ပြီး ဆင်းရဲနွမ်းပါးလွန်းလှသည့် သက်ကြီးရွယ်အိုများကို နေအိမ်
အရောက် ကူညီစောင့်ရှောက်ခြင်းအား “ကာယကံမေတ္တာ လူမှု ကူညီသူများ “က ၂၀၁၁ခုနှစ် မတ်လ ၈ရက် မှစပြီးဆောင်ရွက်ခဲ့ရာ ယခု  ၂၀၁၃၊မတ်လ
တွင် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ စောင့်ရှောက်ထား သည့် နွမ်းပါးသက်ကြီး
ရွယ်အို အယောက်(၂၀)ရှိကြောင်း၊ မျက်စိခွဲစိတ်ကုသမှုများ ပေးခဲ့ကြောင်း၊

လစဉ် ဆန်(၅)ပြည်၊ ဆီ(၅၀)သား၊ ဆား၊ ကြက်သွန် စသည့် မီးဖိုချောင်သုံးအ
စားအစာများ၊ ဆေးဝါးများ၊မှုန့်များကို လစဉ်လှူဒါန်းပေးခြင်း၊ အဖိုးအဖွားများ
၏ နေအိမ်အရောက် ကျန်း မာ ရေးစောင့်ရှောက်မှုများကို (၁၅)ရက်တစ်ကြိမ် သွားရောက် စစ်ဆေး ကုသပေးခြင်း၊ ရာသီဥတုနှင့် လုံခြုံမှုအရ နေထိုင်ရန် မသင့်တော့သည့် အဖိုးအဖွားတို့၏ နေအိမ်များကို အသစ်ပြုပြင်ဆောက်
လုပ်ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးများ
ကို ကာယ ကံမေတ္တာမှ အကျိုးဆောင်လူငယ်များက တစ်ပတ်တစ်ကြိမ် သွားရောက်ကုသိုလ်ယူပေးကြခြင်းတို့ဖြင့် (၃)နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိ
ရသည်။

” လူဆိုတာ အသက်အရွယ်အိုမင်းလာရင် ကိုယ်ကျင်လည်နေထိုင်ခဲ့တဲ့
 နေရာ၊ ပတ်ဝန်းကျင်မှာပဲ အသားကျပြီး နေထိုင်ချင်ကြတာ။ ဘိုးဘွား ရိပ်သာမှာထားတဲ့ သက်ကြီးတွေမှာ စိတ်အနာတရ ဖြစ်စေတတ်မှုတွေ ရှိတယ်လို့ လေ့လာသူတွေက ပြောတယ်။ ဒါကြောင့် သူတို့ အသားကျ ပြီးသား နေအိမ်လေးတွေမှာပဲ စိတ်ချမ်းသာအောင်နေနိုင်ဖို့ ကူညီစောင့်
ရှောက်နေတာပါ “ဟု ကာယကံမေတ္တာ လူမှုကူညီသူများ၏ ဦးဆောင် ဆရာတော်က မိန့်ကြားသည်။

အဖိုးအဖွားများကို လစဉ်အလှူရှင်များက မိမိတို့တတ်နိုင်သည့်ဖက်မှ ပါဝင်လှူဒါန်းလျက်ရှိသောကြောင့် ဆက်သွယ်လှူဒါန်းလိုပါက ကလေး
မြို့၊ ကာယကံမေတ္တာ လူမှုကူညီသူများရုံး၊ (ဖုန်း-၀၇၃-၂၁၀၉၄/ ၀၉- ၄၇၀၇၃၄၆၆/ ၀၉၄၀၀၄၅၈၁၉၉)သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age
http://themyanmaage.com
ကလေးမြို့၊ ” ကာယကံမေတ္တာ လူမှုကူညီသူများ “က ဆင်းရဲနွမ်းပါးသက်ကြီး ရွယ်အိုများကို နေအိမ် အရောက် ကူညီစောင့်ရှောက်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလ ၄ရက်နေ့နှင် ၅ရက်နေ့များတွင် စာပေဟောပြောပွဲ ကျင်းပမည်ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ရုံးမှ မသန်းသန်းက ပြောကြားသည်။

ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ


Photo: ယခုလမှစတင်၍ ဗီဇာကတ်များ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် အသုံးပြုနိုင်ပြီ
Monday, April 1, 2013 

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

CB ဘဏ်၏ POS ( ငွေချေစက် )နေရာ ၃၈ ခုတွင် အသုံးပြုနိုင်ပြီဖြစ်
ကာ အဆိုပါ POS များတွင် ဗီဇာကတ်အပြင် မာစကာ ကတ်များကိုပါ အသုံးပြုနိုင်နေပြီဖြစ်သည်။

CB ဘဏ်သည် နိုင်ငံတကာ ငွေချေကတ်များဖြစ်သာ မာစတာကတ် ၊ ဗီဇာကတ် ၊ချိုင်းနားယူနီကတ် နှင့် ပြည်တွင်းသုံး MPU ( ဈေးဝယ်ကတ် )များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး မကြာမီ ချိုင်းနားယူနီယမ် ပေး ကတ်များ ကိုလည်း POS တွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်
ဖြစ်ကြောင်း သိရသည်။

PN - 029
Popular Myanmar News Journal

ယခုလမှစတင်၍ CB ဘဏ် ၏ POS ( ငွေချေစက် )များတွင် ဗီဇာကတ်များပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာနာမှု အကူအညီရရေး UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်ဝန်ကြီးချူပ်သစ် အား သွားတွေ့မည်

ဂျပန်ဝန်ကြီးချူပ် အသစ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ၍ ဒုတိယအကြိမ် လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ဖို့ ဆွေးနွေးတင်ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထား မှုများကို ၁ဝ ရက်အတွင်း ထုတ်ပေး မည်

နိုင်ငံကူး လက်မှတ် (ပတ်စ်ပို့) လျှောက်ထားရာ၌ ဧပြီလမှ စတင်ကာ ၁ဝ ရက်အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် ငွေကျပ် ၂၃၂ဝဝ သာ ကုန်ကျ မည် ဖြစ်ကြာင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။ 

မိတ္ထီလာမှ စတင်သော ပဋိပက္ခများကြောင့် အဘိဓမ္မာ စာမေးပွဲဖြေ ရက်များ နောက်ဆုတ် လိုက်ရ

Photo: မိတ္ထီလာမှစတင်သောပဋိပက္ခများကြောင့်အဘိဓမ္မာစာမေးပွဲဖြေရက်များ နောက်ဆုတ်လိုက်ရ<br /><br />
Sunday, March 31, 2013</p><br />
<p>မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်<br /><br />
များတွင် ပုဒ်မ၁၄၄ ထုတ်လိုက်ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက်တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသော<br /><br />
ရွှေတိဂုံဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။</p><br />
<p>ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်းထုတ်ပြန်<br /><br />
ကြေညာထားသော်လည်း မိတ္ထီလာမှစတင်သော ပဋိပက္ခများကြာင့် ရက်အတိအကျမရှိ ရွှေ့ဆိုင်းထားကြောင်း စာဖြေရမည့် ဆရာသံ<br /><br />
ဃာတော်များက ပြောကြသည်။</p><br />
<p>ယင်းကိစ္စနှင့် ပတ်သက်၍ စာချသံဃာတော်တစ်ပါးက“ အရင်တုန်းက ဒီစာမေးပွဲတွေက တိုင်း/ပြည်နယ် ခွဲပြီး ဖြေကြရတာ။ ဒီနှစ်မှ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေမယ်ကြေညာခါမှ ခုလိုဖြစ်သွားပြန်တာ။ အရင်တုန်းက ဘုန်းကြီးတွေ အစုအစုတွေ ဖြစ်မှာကြောက်လို့ တစ်နယ်စီခွဲဖြေကြတာ။ ဗဟိုမှာ မေးခွန်းထုတ်တဲ့ဘုန်းကြီးတွေတော့ ကမ္ဘာအေးကနေ မလွှတ်<br /><br />
သေးတော့ ဖြေတော့ဖြေရမှာပါ ။ ဒါပေမဲ့ ဘယ်တော့မှန်းတော့ ဘုန်းကြီး<br /><br />
တို့ မသိဘူး။”ဟု မိန့်ကြားသည်။</p><br />
<p>အဘိဓမ္မာစာမေးပွဲများသည် အင်္ဂလိပ်လက်ထက်ကပင် တနိုင်ငံ<br /><br />
လုံး တပြိုင်နက် ဖြေကြားခဲ့ကြခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်၌ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲဖြေခဲ့ကြရကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံလုံးအနေအထား ပြန်လည်ဖြေကြားကြမည်ဟု ကြေ<br /><br />
ညာထားသော်လည်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလိုက်သော<br /><br />
ကြောင့် စာမေးပွဲဖြေကြားရက်များ နောက်ဆုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။</p><br />
<p>အောင်သိုက်<br /><br />
The Myanma Age<br /><br />
http://themyanmaage.com
မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်များတွင် ပုဒ်မ၁၄၄ ထုတ်လိုက် ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက် တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသောရွှေတိဂုံဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။

အထူးသတင်း


ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်း ဒေသကြီးဘက်ကို ထွက်ခွာသွားတဲ့ ရန်ကုန်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း ကို ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ်တစ်စီးသည် ဒီကနေ့ ည ၈ နာရီခွဲအချိန်လောက်တွင် ရန်ကုန်မြစ်ဝအထွက် တွံ့တေးဘက်တွင် ဆန်တင်သင်္ဘောနဲ့ တိုက်မိပြီး နစ်မြုပ်သွားကြောင်း သတင်းရရှိပါသည်။