Edit This Menu
Tuesday, October 9, 2012
ချောင်းသာ အမှတ်၆၅ မူလွန်ကျောင်းဆရာမလုံလောက်မှုပြဿနာ ကြုံတွေ့နေရ
ချောင်းသာရှိမူလတန်းလွန်ကျောင်း တွင် အစိုးရမှ တရားဝင်ချ ထားပေးေ သာ ဆရာအင် အားနှင့် ကျောင်းသားအင်အားနည်းနေရသည်ဟု ဆရာ ဦးအောင်နိုင် သူကပြောသည်။
“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မ စစ်နိုင် နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြား ရတာလဲအခန်းမှာ ကလေးတွေပြည့် ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာေ ကျးရွာ အမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။ အဆိုပါကျောင်းတွင် တရားဝင်ချထားပေးသည့် ကျောင်းအုပ်အပါအ၀င် ဆရာ ၆ဦးနှင့် ကျောင်း အကျိုးတော်ဆောင်အသင်းနှင့်
ကျောင်းသားမိဘ များမှ ပူးပေါင်းကာ ဆရာ ၄ဦးဌား၍
ကလေးများ၏ ပညာရေးအားအားဖြည့် လျှက်ရှိသည်။ယခုပညာသင်နှစ် တွင်
ကျောင်းသားအင်အား ၄၇၃ဦးနှင့် ဆရာအင်အားမျှ တမှုရှိသော်လည်း
လာမည့်စာသင်နှစ်တွင် တိုးလာမည့်ကျောင်း သားဦးရေနှင့် ဆရာအင်အား မလောက် ဌ ကြောင်း ၄င်းကပြောသည်။
ချောင်းသာရှိမူလတန်းလွန်ကျောင်း တွင် အစိုးရမှ တရားဝင်ချ ထားပေးေ သာ ဆရာအင် အားနှင့် ကျောင်းသားအင်အားနည်းနေရသည်ဟု ဆရာ ဦးအောင်နိုင် သူကပြောသည်။
“ရှိသင့်တဲ့အင်အားနဲ့ရှိနေတဲ့ ဆရာအင်အားမမျှတော့ လေ့ကျင့်ခန်းတွေလဲ ပြန်မ စစ်နိုင် နဲ့ ပညာရေးပိုင်းအားနည်းတယ်။သင်ကြား ရတာလဲအခန်းမှာ ကလေးတွေပြည့် ကျပ်နေတော့အာရုံမစိုက်နိုင်တော့ဘူး” ဟုချောင်းသာေ ကျးရွာ အမှတ် ၆၅ မူလွန်ကျောင်းမှ ဆရာဦးအောင်နိုင်သူကပြောသည်။ အဆိုပါကျောင်းတွင် တရားဝင်ချထားပေးသည့် ကျောင်းအုပ်အပါအ၀င် ဆရာ ၆ဦးနှင့် ကျောင်း အကျိုးတော်ဆောင်အသင်းနှင့်
ကျောင်းသားမိဘ များမှ ပူးပေါင်းကာ ဆရာ ၄ဦးဌား၍
ကလေးများ၏ ပညာရေးအားအားဖြည့် လျှက်ရှိသည်။ယခုပညာသင်နှစ် တွင်
ကျောင်းသားအင်အား ၄၇၃ဦးနှင့် ဆရာအင်အားမျှ တမှုရှိသော်လည်း
လာမည့်စာသင်နှစ်တွင် တိုးလာမည့်ကျောင်း သားဦးရေနှင့် ဆရာအင်အား မလောက် ဌ ကြောင်း ၄င်းကပြောသည်။
၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ
အမေရိကန်ပြည်ထောင်စုကို
လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ
ထိုးနိုင်တဲ့အချိန် တခေါက်ရောက် လာပြန်ပါပြီ။ DV Lottery Diversity Visa
အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ
သုံးရက်နေ့ မှာ လျှောက် လွှာ ပိတ် မှာ ဖြစ် ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့
ဗွီအိုအေ ပါရှန်းဌာန ကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း
စပ်ပြီး မအေးသန္တာကျော် က တင်ပြပေး ထားပါတယ်။
မြန်မာ ကြွေးမည် ပြဿနာ ADB ကူညီမည်
မြန်မာနိုင်ငံ၏ ကြွေးမည် ပြဿနာ ဖြေရှင်းရေးအတွက် အာရှ ဖွံ့ဖြိုးရေး
ဘဏ်(ADB)က အကူအညီ ပေးရန် ရှိကြောင်း သိရသည်။ ပဏာမ အစီအစဉ်အနေနှင့်
ငွေကြေးဆိုင်ရာ နည်းနာပိုင်း အကူအညီပေးမည်ဖြစ်ကြောင်း ADB အကြီးအကဲ
Haruhiko Kuroda ကို ကိုးကား၍ Reuters သတင်းတွင် ရေးသားထားသည်။ Kuroda သည်
ယခုအပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ မည့် နိုင်ငံ တကာ
ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး တက်ရောက်ရန်ရှိပြီး
မြန်မာနိုင်ငံအကူအညီ အစီအစဉ်ကို မကြာ ခင် စတင်နိုင် ရန်
မျှော် လင့် ထားသည်ဟုလည်း သတင်းထောက်များကို ပြောကြားကြောင်း သိရသည်။
From- ဧရာဝတီ
ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်
ယနေ့နေ့လည်
၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း
(စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍
ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့  တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
ဒုံးကျည်ပစ်ခတ်နိုင်သည့် အကွာအဝေးတိုးမြှင့်မည့်ဟု တောင်ကိုရီးယားကြေညာ
မိမိတို့ နိုင်ငံမှ ပစ်ခတ်နိုင်သော ဒုံးကျည်
အကွာအဝေးကို တိုးမြှင့် မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြု
ကြေညာ ခဲ့သည်။ တောင်ကိုရီးယား အစိုးရသည် မိမိတို့၏ ကာကွယ်ရေး ကဏ္ဍအတွက်
တပ်ဆင်ထားသော ဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေး ကန့်သတ်ချက်ကို
(၁၈၅)မိုင်သာ ထားရှိမှုအား ပယ်ဖျက်ရန် သဘောတူညီခဲ့သည်။
အမေရိကန်နှင့် အခြားသော နိုင်ငံများနှင့် ဆွေးနွေးပြီးနောက်
တောင်ကိုရီးယားသည် ဒုံးကျည် ရောက်ရှိနိုင်မှု နယ်ပယ်ကို မြှင့်တင်ရန်
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သမ္မတ
Suzuki ကုမ္ပဏီ မြန်မာတွင် ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စား
ဂျပန် Suzuki Motor Corp ကားထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ
ရန်ကုန်မြို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းရသည်။ Suzuki ကုမ္ပဏီ အနေဖြင့် ၂၀၁၅
ခုနှစ်ခန့်တွင် ဖွံ့ဖြိုးလာမည့် မြန်မာ့ စီးပွားရေး ဈေးကွက် ကို
ခန့်မှန်း၍ ကား အစိတ်အပိုင်းများ အပါအ၀င် တနှစ်လျှင် ကား အစီးရေ ၂၀၀၀၀ မှ
၃၀၀၀၀ အထိ ထုတ် လုပ်သွားနိုင်ရန် မျှော်လင့်ပြီး စက်ရုံတည်ဆောက်၍
ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု Reuters သတင်း၌ ဖော်ပြထား
သည်။ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးကြောင်း Suzuki
ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟုလည်း ဆိုသည်။
From- ဧရာဝတီ
နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ
၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ ပတ်သက်တဲ့
သုတေသန လုပ်ငန်းတွေကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့
ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူး သွားပါ တယ်။ဆုရသူတွေကို ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်စ်မြို့မှာ တနင်္လာနေ့ က ကြေညာခဲ့တာပါ။
Adult cell လို့ခေါ်တဲ့ ဆဲလ်တွေကနေ ဘယ်လို တစ်ရှုးပုံသဏ္ဌာန်မျိုးကိုမဆို
ဖွဲ့စည်းဖြစ်ပေါ်စေဖို့ အသုံးပြုနိုင်မယ့် stem cell တွေ
ဖွဲ့စည်ြး ဖစ်ပေါ်စေမယ့် နျူကလီးယားအစီအစဉ်ပြန်လုပ်တဲ့ လုပ်ငန်းစဉ်တရပ်ကို
သုတေသနပြုခဲ့ကြတဲ့အတွက် အဲဒီသိပ္ပံပညာ ရှင် နှစ်ဦးကို နိုဘဲလ်ဆု
ချီးမြှင့်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ် သွားရန်ရှိ
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာလ လယ်ပိုင်း၌ အိန္ဒိယ
နိုင်ငံသို့ သွားရောက် ရန်ရှိကြောင်း သတင်းရသည်။ ခရီးစဉ်၏ အသေးစိတ်
အစီအစဉ်ကိုမူ အတိအကျ မသိရှိ ရသေးကြောင်း NLD အသိုင်းအ၀ိုင်းက ပြောသည်။ ၎င်းကို
ယနေ့တွင် ရန်ကုန်အခြေစိုက် အိန္ဒိယ သံရုံးက ညစာစားပွဲ ဖိတ်ထားကြောင်း
သိရသည်။ အောက်တိုဘာ ၁၀ ရက်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ရန်ကုန် တိုင်း
ကော့မှူးမြို့နယ်သို့ သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မြို့နယ် ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ်
ဖြစ်သည်။
From- ဧရာဝတီ
တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး
ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ
ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း
ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း
ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊
တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ
တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း
တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။
From- ဧရာဝတီ
ဖက်ဒရာယ်စနစ် အကောင်အထည် ဖော်ရန် ဒီမို ၁၀ ပါတီ သဘောတူ
ဖက်ဒရာယ် ပြည်ထောင်စု စနစ် အကောင်အထည် ဖော်ရန် မဟာမိတ် ဒီမိုကရေစီ ၁၀ ပါတီ
သဘောတူညီမှု ရရှိကြောင်း သတင်းရသည်။ ယမန်နေ့က ရန်ကုန်မြို့၌ ကျင်းပသော
အစည်းအဝေးတွင် ဒေသတခုချင်းအလိုက်၊ တိုင်းရင်းသား ပြည်နယ်များ အလိုက်
စီမံခန့်ခွဲခွင့် အပြည့်ရရှိမည့် စနစ်ကို အကောင်အထည်ဖော်ရန် သဘောတူကြခြင်း
ဖြစ်ကြောင်း သိရသည်။ ဒီမိုကရေစီ ၁၀ ပါတီ၌ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့်
တိုင်းရင်းသား ပါတီများအပြင် NDF ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊
ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး စသည့်
ပါတီများလည်း ပါဝင်သည်။
From- ဧရာဝတီ
ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့်
ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့်
မုန်ဂိုးဒေသမှ KIA စစ်သားများ။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မုန်ဂိုးဒေသမှ KIA စစ်သားများ။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်
ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။
မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊
ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်းအတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊
ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ်
နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည်
မသိလူ (၁) ဦး၊ နေအိမ်
Subscribe to:
Posts (Atom)