ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့်
တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည်
စီးဆင်းမှု အဆင်ပြေချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်း များအတွက်
ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန်
ခဲ့သည်။
Edit This Menu
Tuesday, February 19, 2013
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်
ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင်
သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို
ချုပ်ဆို မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ တို့၏
ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ်
ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက
သိမ်းဆည်းပေးထားသော ဘဏ်ငွေ စာရင်းများ၊ ခရက်ဒစ်ကတ်များနှင့်
ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ
ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။
Subscribe to:
Posts (Atom)