Monday, October 22, 2012

သမ္မတဦးသိန်းစိန် ဒု-သက်တမ်းအတွက် စဉ်းစားမည်

သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့
 သမ္မတ ဦးသိန်းစိန်က လိုအပ်ရင် နောက်ထပ် သမ္မတ သက်တမ်း တာဝန်
ထမ်းဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကနေ့ တိုင်းရင်းသား ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့၊ မကြာခင်ကပြန်လည် ရောက်ရှိလာတဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေ မးမြန်းခဲ့တာတွေကို လည်း ဖြေကြားခဲ့ပါတယ်။ မသိင်္ဂီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။

ထောက်လှမ်းရေးအရာရှိ သေဆုံးမှု ဘေရွတ်မှာ ဆန္ဒပြ

သောကြာနေ့ က လုပ်ကြံခံ ခဲ့ရတဲ့ လက်ဘနွန် ပြည်တွင်းထောက်လှမ်းရေး
အရာရှိချုပ် ဗိုလ်ချုပ်ပ်ကြီး ဝစ်ဆမ် အဲလ်ဟတ်ဆန်ရဲ့ ဈာပန အခမ်းအနားကို
လာရောက် ကြသူတွေဟာ ဒေါသ တကြီးနဲ့  ဘေရွတ်မြိုလယ်က အစိုးရရုံး ဌာနချုပ် ဆီကို ချီတက် ဆန္ဒပြဖို့   ကြိုးစားခဲ့ကြ ပါတယ်။

မောင်တောမြို့နယ် လူစုလူဝေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်  မိုးပေါ် ပစ်ဖောက်ပြီးလူစု  ခွဲလိုက်ရကြောင်း သိရှိရသည်။

ဆွီဒင် Scania ကားတွေ မြန်မာပြည်မှာ တင်သွင်းဖြန့််ဖြူးမယ်


ဆွီဒင်နိုင်ငံ Scania ကား ကုမ္ပဏီက ကားတွေ မြန်မာနိုင်ငံကို တင်သွင်းဖြန့်ဖြူးတော့ မှာဖြစ်ပါတယ်။ 

တိုင်းရင်းသား လူနည်းစုများအတွက် ဂျပန်က ကန်ဒေါ်လာ ၃ သန်း ပေးမယ်

UNFC နှင့် The Nippon Foundation ဆွေးနွေးပွဲ၊
ဂျပန်အစိုးရနဲ့ တွဲဖက်လုပ်နေတဲ့ အကျိုးမမျှော်အဖွဲ့ အစည်းတခုက မြန်မာနိုင်ငံက လက်နက်ကိုင် တိုင်းရင်းသား လူနည်းစု တွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ် လာ ၃ သန်းအကူအညီပေးမယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။