Friday, February 8, 2013

ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ်စေရန် တရား သူကြီးများ ကျမ်း သစ္စာဆို

ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ်စေရန် 
တရား သူကြီးများ ကျမ်း သစ္စာဆို
Friday, February 08, 2013

ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု တရား လွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော်များ၊ ခရိုင် တရားရုံး များ၏ စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာကြသော ခရိုင်တရား သူကြီးများနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်မှ တရားရေး အရာရှိများ၏ ကျမ်းသစ္စာ ဆိုပွဲတွင် တရားသူကြီး များသည် တရား စီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေးတွင် အဓိက တာဝန်ရှိ သူများဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး ဖြစ်ပေါ် စေရန် အတွက် တရား သူကြီးများအား ကျမ်းသစ္စာ ဆိုစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူအများ ယုံကြည်
မျှော်လင့်နေသော အကျင့်သိက္ခာ၊ ပညာ၊ သမာဓိနှင့် ပြည့်စုံသော တရားသူကြီး ကောင်းများ ဖြစ်ပေါ် စေရေးအတွက် တရား သူကြီးများ ကျမ်းသစ္စာ ဆိုရန် လိုအပ် ပါ ကြောင်းဖြင့် ပြောကြား ခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ်က ဆက်လက် ပြောကြားရာတွင် 
၁၉၄၇ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ အဆင့် အမြင့်ဆုံး တရား လွှတ်တော်ချုပ်မှာ တာဝန် ထမ်းဆောင် ခဲ့ကြသည့် တရားသူကြီး များသည် ကျမ်းသစ္စာ ဆိုခဲ့ကြ သည်ကို လေ့လာ တွေ့ရှိရကြောင်း၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် တာဝန် ပေးအပ်ခြင်း ခံရသော ပြည်ထောင်စု တရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး တရား လွှတ်တော်နှင့် ပြည်နယ်တရား လွှတ်တော်တို့တွင် တာဝန်ပေးအပ်ခြင်း ခံရသော တရားလွှတ်တော် တရားသူကြီး ချုပ်များနှင့် တရားလွှတ်တော် တရား သူကြီးများ အနေဖြင့် တရားသူကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးစဉ်က နိုင်ငံတော် သမ္မတနှင့် သက်ဆိုင် ရာ လွှတ်တော် အသီးသီးတွင် ကျမ်းသစ္စာ ဆိုခဲ့ကြပြီ ဖြစ်ကြောင်း၊ တရားရုံး အဆင့်ဆင့်တွင် တရား စီရင်ရေး ဆောင်ရွက်လျက် ရှိကြသော တရား သူကြီးများသည် ကျမ်းသစ္စာပါ အတိုင်း တစ်သဝေ မတိမ်း လိုက်နာကြပြီး တရားစီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာရေး၊ ပြည်သူအများ ယုံကြည် ကိုးစားသော တရား စီရင်ရေး စနစ် ဖြစ်ပေါ်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ် ပါကြောင်းဖြင့် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် ခရိုင် တရားသူကြီး ၆၈ဦး၊
ပြည်ထောင်စု တရား လွှတ်တော် ချုပ်မှ တရားရေး အရာရှိ ၆၃ဦး စုစုပေါင်း ၁၃၁ ဦးတို့က ပြည်ထောင်စု တရား သူကြီးချုပ်၏ ရှေ့မှောက်၌ ကျမ်းသစ္စာ ဆိုကြကြောင်း သိရ သည်။


http://bit.ly/XrZPZG
မြ၀တီ
ပြည်ထောင်စု တရား သူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၏

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို

Photo: မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆို
Friday, February 08, 2013

မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ လမ်းညွှန်ချက် များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက် များအား အာဏာရ အလုပ်သမား ပါတီ အစည်းအဝေး တစ်ရပ်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်းနှင့် အဆိုပါ လမ်းညွှန်ချက် များမှာ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု တစ်ရပ်ကို အချိန်မရွေး လုပ်ဆောင်ရန် အသင့် ရှိသည်ဟူသော အရိပ် လက္ခဏာ ပြသလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာန က ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ထုတ်ပြန် ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။ 

ကင်ဂျုံအွန်သည် အလုပ်သမား ပါတီ၏ ဗဟို စစ်ကော်မရှင် အစည်းအဝေး တစ်ရပ်တွင် အဆိုပါ မိန့်ခွန်းကို ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည့် နေ့ရက် အချိန်ကိုမူ ၎င်းသတင်း ဌာနက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။ 

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပါတီနှင့် စစ်ဘက် အဆင့်မြင့် ခေါင်းဆောင်များသည် ကင်ဂျုံအွန်က ချမှတ်ပေးသော စစ်ရေး တာဝန်များအား တိတိကျကျ လိုက်နာ အကောင်အထည်ဖော်
ဆောင်ရွက်သွားမည့် ၎င်းတို့၏ ရပ်တည်ချက် သဘောထား များကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း KCNA သတင်း ဌာနက ပြောကြား ခဲ့ပါသည်။

ကင်ဂျုံအွန်၏ အဆိုပါ လမ်းညွှန်ချက် များမှာ နျူကလီးယား စမ်းသပ်ရေးကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် မြောက်ကိုရီးယား အနေဖြင့် မကြာမီ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရေး ပြင်ဆင် ဆောင်ရွက်မှု အဆင့်များ အပြီးသတ် ဆောင်ရွက် သွားနိုင်ဖွယ် ရှိကြောင်း
တောင်ကိုရီးယား နိုင်ငံ ပုဂ္ဂလိကပိုင် Sejong တက္ကသိုလ်မှ သုတေသီ 
Hong Hyun-ik က ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် အလုပ်သမား ပါတီ အစည်းအဝေး ကျင်းပခြင်းမှာ အနောက် အုပ်စုကို ဖိအား ပေးရန်နှင့် ၎င်း၏ ပြည်သူများကို စည်းရုံးရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း Hongက ပြောကြား 
ခဲ့သည်ဟု သိရှိရ ပါသည်။

http://bit.ly/14WGWoE
မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် စစ်အင်အား တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန် ချက်များကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် သည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရေးနှင့် စစ်အင်အား တိုးမြှင့်ရေး ဆိုင်ရာ အရေးပါသည့် လမ်းညွှန်ချက်များအားအာဏာရ အလုပ်သမား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ တရားမ၀င်သစ်များဖမ်းဆီးရမိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန် Express ပေါ်မှ
တရားမ၀င်သစ်များဖမ်းဆီးရမိ
Friday, February 08, 2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ်၊သစ်တော  
ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်းတို့သည်
ဖေဖော်ဝါရီ(၄)ရက်၊ နံနက်  (၈)နာရီတွင် ရန်ကုန်-မန္တလေး 
အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန်   ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့်
နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။

ဟိန်းသစ္စာExpress သည်  အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီး
နောက်ယောက်ခံလိုက်ခံရသော ကားမှာ ခရီးသွားကားများ ရှုပ်ထွေးလျက်  ရှိသောကြောင့် အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊  သစ်တော်ဦးစီးဌာန၊လက်ထောက်  ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့် ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာန၊   ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့် ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ်  အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊
ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး မှူး၊
ဦးစီးအရာရှိတို့ ဦးဆောင်သော   အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ်   ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅) အချိန်တွင် အမြန်လမ်းမကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိပြီး (၁၅)မိနစ်ခန့် အကြာတွင် ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေး  မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်
အဖွဲ့အား ညွှန်ကြားခဲ့သည်။ 

အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်းတာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန် 
အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိသော   ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား   ထားကြောင်းသိရှိရသည်။

မောင်ဘုန်း(ဥပဒေ)
The Hot News

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တော ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ဝင်းမှ တောအုပ်ကြီးဦးလှသန်း တို့သည် ဖေဖော်ဝါရီ(၄)ရက်၊ နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့်

ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ

Photo: ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ
Friday, February 08, 2013

ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းနှင့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလအတွင်း ဆင်ဦးခေါင်းဖြတ် မှုများ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးရိုးမအတွင်း
ဖြစ်ပွားခဲ့ရာ စုံစမ်းဖော် ထုတ်မှုများအရ ဖမ်း ဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ 

”မလုပ်လို့လည်း မရဘူး။ အခုတလော ဆင်ဦးခေါင်း ဖြတ် ခံရတာတွေ တော်တော်များများ ဖြစ်နေတယ်”ဟု ဒုတိယဝန်ကြီး က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး ငပုတောတွင် ၃ ဦးနှင့် ပဲခူးရိုးမ တွင် ၁ ဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ၄င်းကဆို သည်။ 

”ကျွန်တော်တို့ကို မျိုးသုဉ်း ပျောက်ကွယ်တော့မယ့်တိရစ္ဆာန် တွေ ထိန်းသိမ်းတဲ့ ကမ္ဘာ့အဖွဲ့ တွေကလည်း ထောက်ပြနေ တယ်။ နောက်ပြီး ကျွန်တော် တို့ နိုင်ငံမှာလည်း ဒီဆင်က ရှားပါး တိရစ္ဆာန်စာရင်းထဲမှာ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖိဖိစီးစီးလုပ်နေတယ်။ စာရင်းတွေသာ မထုတ်ပြန်တာ။ ကျွန်တော်တို့ လုပ်နေ တယ်”ဟု ဒုတိယဝန်ကြီး က ဆက်ပြောသည်။

ဆင်များကို ဖမ်းဆီးသတ် ဖြတ်၍ အစွယ် ကို မှောင်ခိုတင်ပို့ နေမှုအား ဝန်ကြီးဌာနအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဟု ဒုတိယဝန်ကြီး ဦးအေးမြင့် မောင်က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်တို့က တိုင်းဒေသကြီးအတွင်း ဆင်ဦးခေါင်းဖြတ်
ခံနေရမှုအပေါ် အဖြစ် မှန်စုံစမ်း၍ တိုင်းဒေသကြီးလွှတ် တော်တွင် တင်ပြရန်စီစဉ်နေ သည်ဟုလည်း သိရှိရသည်။

စီးပွား/ကူးသန်း ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်းမီဒီယာ များနှင့် တွေ့ ဆုံရာ တွင် မြန်မာနိုင်ငံ၏မှောင်ခို ဈေးကွက်မှာ ကျယ်ပြန့်နေပြီး ကြီးမားသည့် ဆင်ကိုပင်လျှင် မှောင်ခိုလုပ်နေသည်ဟု ဖွင့်ဟ ပြောဆို
ခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် တောဆင် (ဓာတ်ပုံ – ဧရာဝတီ)

PN-051
Popular Myanmar News Journal
ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြော သည်။

ဆက်သွယ်ရေး ၀န်ကြီး အဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးမည်


ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ်ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ခန့်အပ် တာဝန်ပေးနိုင် ရန်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို စစ်ဘက် ရာထူးပြန်လည် ထမ်းဆောင်ရန်နှင့် နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖြင့် အစားထိုး တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ရောင်းချ

ထိုင်းနယ်စပ်အနီးက မြဝတီမြို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ထိုင်း မြန်မာနယ်စပ်မဲဆောက်မြို့ကတဆင့် ရရှိမယ့်လျှပ်စစ်ဓါတ်အားကို မြဝတီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ် ရဲ့ National Grip Line ကုမ္ပဏီ က မြဝတီမြို့ မှာ ဖြန့်ဖြူးရောင်းချ မှာဖြစ်ပါတယ်။

သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်

Photo: သူရဘွဲ့ ၃ ဦး နှင့် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး သမ္မတ ချီးမြှင့်
Friday, February 08, 2013

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန်တမ်း
ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်း
မှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း
ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

Opposite Eye
၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီပြန် တမ်း ဖော်ပြချက်အရ သိရပါတယ်။
စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်း သူရိယ၊ သီဟသူရဘွဲ့တံဆိပ်ရသူမရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။