Friday, February 8, 2013

ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ

Photo: ဆင်ခေါင်းဖြတ် မှောင်ခိုသမားဟု ယူဆရသူ ၄ ဦးအား ဖမ်းဆီးမိ
Friday, February 08, 2013

ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းနှင့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလအတွင်း ဆင်ဦးခေါင်းဖြတ် မှုများ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးရိုးမအတွင်း
ဖြစ်ပွားခဲ့ရာ စုံစမ်းဖော် ထုတ်မှုများအရ ဖမ်း ဆီးမိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ 

”မလုပ်လို့လည်း မရဘူး။ အခုတလော ဆင်ဦးခေါင်း ဖြတ် ခံရတာတွေ တော်တော်များများ ဖြစ်နေတယ်”ဟု ဒုတိယဝန်ကြီး က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး ငပုတောတွင် ၃ ဦးနှင့် ပဲခူးရိုးမ တွင် ၁ ဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ၄င်းကဆို သည်။ 

”ကျွန်တော်တို့ကို မျိုးသုဉ်း ပျောက်ကွယ်တော့မယ့်တိရစ္ဆာန် တွေ ထိန်းသိမ်းတဲ့ ကမ္ဘာ့အဖွဲ့ တွေကလည်း ထောက်ပြနေ တယ်။ နောက်ပြီး ကျွန်တော် တို့ နိုင်ငံမှာလည်း ဒီဆင်က ရှားပါး တိရစ္ဆာန်စာရင်းထဲမှာ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဖိဖိစီးစီးလုပ်နေတယ်။ စာရင်းတွေသာ မထုတ်ပြန်တာ။ ကျွန်တော်တို့ လုပ်နေ တယ်”ဟု ဒုတိယဝန်ကြီး က ဆက်ပြောသည်။

ဆင်များကို ဖမ်းဆီးသတ် ဖြတ်၍ အစွယ် ကို မှောင်ခိုတင်ပို့ နေမှုအား ဝန်ကြီးဌာနအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဟု ဒုတိယဝန်ကြီး ဦးအေးမြင့် မောင်က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်တို့က တိုင်းဒေသကြီးအတွင်း ဆင်ဦးခေါင်းဖြတ်
ခံနေရမှုအပေါ် အဖြစ် မှန်စုံစမ်း၍ တိုင်းဒေသကြီးလွှတ် တော်တွင် တင်ပြရန်စီစဉ်နေ သည်ဟုလည်း သိရှိရသည်။

စီးပွား/ကူးသန်း ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်းမီဒီယာ များနှင့် တွေ့ ဆုံရာ တွင် မြန်မာနိုင်ငံ၏မှောင်ခို ဈေးကွက်မှာ ကျယ်ပြန့်နေပြီး ကြီးမားသည့် ဆင်ကိုပင်လျှင် မှောင်ခိုလုပ်နေသည်ဟု ဖွင့်ဟ ပြောဆို
ခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် တောဆင် (ဓာတ်ပုံ – ဧရာဝတီ)

PN-051
Popular Myanmar News Journal
ဆင်ဦးခေါင်း ဖြတ်၍ မှောင်ခိုလုပ်ကိုင်နေသည်ဟု ယူဆရသူ ၄ ဦးအား ရက်ပိုင်းအတွင်း ဖမ်းဆီးမိပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် က ပြော သည်။
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းနှင့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလအတွင်း ဆင်ဦးခေါင်းဖြတ် မှုများ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးရိုးမ အတွင်းဖြစ် ပွားခဲ့ရာ စုံစမ်းဖော်ထုတ်မှုများအရ ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည် ဟုသိရသည်။

”မလုပ်လို့လည်းမရဘူး။ အခုတလော ဆင်ဦးခေါင်း ဖြတ်ခံရတာတွေ တော်တော်များများ ဖြစ်နေတယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ဧရာဝတီတိုင်းဒေသကြီး ငပုတောတွင် ၃ ဦးနှင့် ပဲခူးရိုးမ တွင် ၁ ဦးကို ဖမ်းဆီး ထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ၄င်းကဆို သည်။

”ကျွန်တော်တို့ကို မျိုးသုဉ်း ပျောက်ကွယ်တော့မယ့်တိရစ္ဆာန် တွေ ထိန်းသိမ်းတဲ့ ကမ္ဘာ့ အဖွဲ့ တွေက လည်း ထောက်ပြနေတယ်။ နောက်ပြီး ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီဆင်က ရှားပါးတိရစ္ဆာန်စာရင်းထဲမှာ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဖိဖိစီးစီးလုပ်နေတယ်။ စာရင်းတွေသာမထုတ်ပြန်တာ။ ကျွန်တော်တို့ လုပ်နေ တယ်”ဟု ဒုတိယဝန်ကြီး က ဆက်ပြောသည်။

ဆင်များကို ဖမ်းဆီးသတ် ဖြတ်၍အစွယ်ကို မှောင်ခိုတင်ပို့ နေမှုအား ဝန်ကြီးဌာနအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဟု ဒုတိယဝန်ကြီးဦးအေးမြင့် မောင်က ပြောသည်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်တို့က တိုင်းဒေသကြီးအတွင်း ဆင်ဦးခေါင်းဖြတ်ခံနေရမှုအပေါ်အဖြစ် မှန်စုံစမ်း၍ တိုင်းဒေသ ကြီးလွှတ် တော်တွင်တင်ပြရန်စီစဉ်နေ သည်ဟုလည်း သိရှိရသည်။

စီးပွား/ကူးသန်း ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်းမီဒီယာ များနှင့် တွေ့ ဆုံရာ တွင် မြန်မာနိုင်ငံ ၏မှောင်ခို ဈေးကွက်မှာ ကျယ်ပြန့်နေပြီး ကြီးမားသည့်ဆင်ကိုပင်လျှင် မှောင်ခိုလုပ်နေသည်ဟု ဖွင့် ဟ ပြော ဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့က အစွယ်ဖြတ် အသတ်ခံ ထားရသည့် တောဆင် (ဓာတ်ပုံ – ဧရာဝတီ)

PN-051
Popular Myanmar News Journal

No comments:

Post a Comment