Thursday, December 20, 2012

အမျိုးသမီးအိမ်ထဲ ခိုးဝင်ပြီး မတော်တရော်ပြုခဲ့သူအား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ပေး

စင်္ကာပူနိုင်ငံတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရှေ့နေသင်တန်းဆင်းနေသူ အမျိုးသမီး တစ်ဦး၏အိမ်ထဲသို့ ခိုးဝင်ခဲ့ပြီး အိမ်ရှိအမျိုးသမီးအား မတော်တရော် ကိုယ်ထိလက်ရောက် ပြုမူ ခဲ့သောကြောင့် ထောင်ဒဏ် နှစ်နှစ်ခွဲနှင့် ကြိမ်ဒဏ်လေးချက် ကျခံစေရန် တရားရုံးက ပြစ်ဒဏ်ချခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

Photo: ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး  
Thursday, 20 December 2012

၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ 
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ဆုံ
ဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ
ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာ
ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြား
လာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက
ပြောကြားခဲ့သည်။

Eleven Media Group ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ

မီဒီယာတွေနှာစေးနေကြတယ် ဒါမျိုး


KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊

မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ

Photo: မန်ယူတွင် အသုံးပြုနေသည့် GP Sport စက်ကို ရန်ကုန်ယူနိုက်တက်လည်း အသုံးပြုနေ
Wednesday, 19 December 2012

ဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည် အာရုံခံအဖြေထုတ်စက် GP Sports စက်ကို   Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

ကစားနည်းမျိုးစုံမှ ကစားသမားများ အသုံးပြု၍ရသည့် အဆိုပါစက်အား Yangon UTD Fc မှ မလေးရှားလူမျိုးကြံ့ခိုင်ရေးနည်းပြ ဆရာက ယူဆောင်လာခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ကစားသမားများကို ထိုစက်ဖြင့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်တော့ အသင်းမှာ စမ်းသပ် အသုံးပြုနေတုန်းပါ အသင်းအတွက်နဲ့ ကစားသမား တွေ အတွက်ပါ၊ အကျိုးရှိမယ်ဆိုရင် ၀ယ်ယူမှာပါ  ”ဟု Yangon UTD Fc  သတင်းနှင့်ပြန်ကြားရေးမှ ကိုထွန်းထွန်းဝင်းက ပြောသည်။

ကစားသမားတစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်း၊ လုပ်အားနှုန်း ၊စွမ်းဆောင်ရည်၊ အားနည်းချက်၊ အားသာချက်များအား  GP Sports မှ အသေးစိတ်
အချက်အလက်ဖြင့် ဖေါ်ပြပေးမည်ဖြစ်ပြီး ဘောလုံး အားကစားနည်း သာမက အခြားအားကစားနည်းများတွင်လည်း အဆိုပါစက်ဖြင့် ကစားသမား၏ စွမ်းဆောင်ရည် များအား စစ်ဆေးနိုင်ကြောင်း သိရသည်။

“ ကစားသမားရဲ့ စွမ်းဆောင်ရည်စစ်ဆေးတဲ့ စက်ပါ၊ ကစားသမားတွေရဲ့
နှလုံးခုန်နှုန်းကအစ ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆုံး စစ်ဆေးတဲ့စက်ပါ စက်က တော်တော် ကောင်းတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့
လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အတည်ပြု ပြောကြား သည်။

အဆိုပါစက်မှ ကစားသမားစွမ်းဆောင်ရည်၊လုပ်အားနှုန်းနှင့် ပတ်သက်၍ အဓိကသတ်မှတ်ပေးနိုင်ကြောင်းကိုလည်း သိရသည်။

ကြည်လင်းမှာ Goal.com မှ ချီးမြင့်သည့် အာရှအကောင်းဆုံး
ကစားသမားစာရင်းတွင် တစ်ကြီမ်ပါ ၀င်ခဲ့သူဖြစ်သည်။

၎င်းစက်ပစ္စည်းကို ၀ယ်ယူဖြစ်ပါက Yangon UTD Fc အသင်းအနေဖြင့် Myanmar National League တွင် ပထမဆုံးဝယ်ယူအသုံးပြုမည့်ု
မြန်မာနေရှင်နယ်လိဂ် ဘောလုံးကလပ်အသင်းဖြစ်လာမည်။

အဆိုပါစက်အား လက်ရှိတွင် ဥရောပထိပ်သီးဘောလုံးကလပ်
အသင်းများဖြစ်သည့် မန်ယူ၊ ချယ်ဆီး၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ရိးရဲယ်မက်းဒရစ်၊ အေစီမီလန်အစရှိသော အသင်းများတွင် အသုံးပြုလျှက် ရှိသည်။

မင်းဟိန်းထက်(မြစ်မခ)
Myit Makha Mediagroupဥရောပ ထိပ်သီးဘောလုံးကလပ်အသင်းများတွင်အသုံးပြုနေသည့် ကစားသမား စွမ်းဆောင်ရည်အာရုံခံအဖြေထုတ်စက် GP Sports စက်ကို Yangon UTD Fc အသင်းမှလည်း အသုံးပြုနေပြီ ဖြစ်သည်။

မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော

၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ် သည် ပြည်ထောင်စု ငြိမ်း ချမ်းရေး  ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့

Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်

Photo: Nokia ကိုကျော်လွန်၍ Samsung က ကမ္ဘာ့နံပါတ်တစ် မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ်လာတော့မည်
Wednesday, 19 December 2012

Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ယမန်နှစ် ၂၀၁၁ မှာတုန်းကျတော့ နိုကီယာက ၃၀ ရာခိုင်နှုန်း၊ Samsung က ၂၄ ရာခိုင်နှုန်းနဲ့ ကွာခြားနေတာ ဖြစ်ပါတယ်။ ယခုတော့ ပြောင်းလဲ သွားပြီး Samsung က ဗိုလ်ဆွဲတော့မှာ ဖြစ်ပါတယ်။ Apple ကတော့ ဈေး ကွက် ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရသေးပြီး တတိယ နေရာ မှာပဲ ရှိနေ ပါသေးတယ်။
မော်ဒယ် Brand နဲ့ အလုံးရေ ထုတ်လုပ်မှုကလည်း Samsung နဲ့ Nokia တို့လောက်မများပြားလို့ ဖြစ်ပါတယ်။

Samsung ကတော့ တစ်နှစ်ထဲမှာကို မော်ဒယ်အမျိုးမျိုး တစ်ခုပြီးတစ်ခု ထုတ်လုပ်ရောင်းချပြီး ဈေးကွက်ကို အသာစီးရယူခဲ့ပါတယ်။ နောက်ထပ် အားသာချက် တစ်ခုကလည်း ဈေးနှုန်းသက်သာခြင်း ဖြစ်ပြီး အရေအတွက် များပေမယ့် အရည်အသွေး အပိုင်းလည်း ကျဆင်းသွားမှု မရှိခြင်း ကလည်း နောက်ထပ် အောင်မြင်ရခြင်း တစ်ခု ဖြစ်ပါတယ်။

၂၀၁၂ နောက်ဆုံး လေးလတာ ကာလ စစ်တမ်းအရ Samsung မှ မိုဘိုင်းဖုန်း အလုံးရေ ၉၈ သန်း ရောင်းချရပြီး ၅၅ သန်းက စမတ်ဖုန်း ဖြစ် ပါတယ်။ Nokia ကျတော့ အလုံးရေ ၈၂ သန်းရောင်း ချရပြီး စမတ်ဖုန်း ကျတော့ ၇.၂ သန်းပဲ ရှိပါတယ်။ ဒါကလည်း အဓိက ကွာခြားသွားခြင်း ဖြစ် ပါတယ်။

သမိုင်းတစ်လျှောက် ယူလာတဲ့ နံပါတ် ၁ နေရာကို ဖယ်ပေးရတော့မယ့် Nokia အနေနဲ့ အနာဂတ်မှာ စိုးရိမ်စရာရှိကြောင်း ဝေဖန်ထားကြပါတယ်။ Lumia စမတ်ဖုန်း ရောင်းအားတက်ပေမယ့် မျော်မှန်းထား သလောက် ဖြစ် မလာသေးပါဘူး။ ဒါကြောင့် အနာဂတ်မှာ နံပါတ် ၂ ကနေတောင် ဆင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။

RIM နဲ့ HTC ကတော့ မိုဘိုင်းဈေးကွက် ၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး အတူတူ ရပ်တည်နေကြောင်း သိရပါတယ်။
--
Ref: techrader.
Aung Kham (TSJ team)
TechSpace JournalNokia က ဆယ်စုနှစ်တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။

ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း

Photo: ကျန်းမာရေးအတွက် လမ်းလျှောက်ရန် လိုအပ်ခြင်း
Wednesday, 19 December 2012

လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေတယ်လို့ ဆိုပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပါတယ်။ ခြေဖဝါးနှိပ်နယ်ခြင်း (Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေ ကို ပြေပျောက်စေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကျိုးပေးတယ်လို့ လေ့လာသိရှိနိုင် မှာ ဖြစ်ပါတယ်။ (ဥပမာ-လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်မှု အား ကောင်းစေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ အဆုတ်အား စသည်ဖြင့်......)

ယင်းနှင့်ပက်သက်ပြီး အကျယ်တစ်ပွင့်ရှင်းလင်းချက်ကို Acupressure studies / textbooks တို့အပြင် အခြားအခြားသော ဆေးပညာစာအုပ်တွေ မှာ ပါ လေ့လာဖတ်ရှုနိုင်ပါ တယ်။

Ref: medic facts
International news for myanmar
လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ရရှိတဲ့ အကျိုးကျေးဇူး ကတော့ ပြောမကုန်အောင် များပြားပါတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ (အာရုံခံ အကြောများ) Sensor

ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ

Photo: ရာသီစာမုန့်ညှင်းချဉ်ဖောက်ရာ၌ အမျိုးသမီးလုပ်သား အသုံးပြုမှုများနေ
Wednesday, 19 December 2012

ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ဒေသများတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး
လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။

ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း
အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော
အိမ်များတွင် အချဉ်တည်သည့် အလုပ်အား လုပ်ကိုင်ကြရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ အချဉ်တည်သောအိမ်အများစုမှာ တရုတ်လူမျိုးများ၏ နေအိမ်များဖြစ်ကြောင်း နှင့်  တရုတ်လူမျိုးများ၏ အိမ်တိုင်းလိုလို မုန့်ညှင်းချဉ် အပါအ၀င် အချဉ်တည်ကြောင်းသိရသည်။

အချဉ်တည်ရာတွင်အမျိုးသမီးများအားအဓိကအားထားနေရခြင်းမှာ မုန်ညင်းများအား အရွက်ဖျင်ခြင်း၊မုန်လာဥများအား လေးခြမ်းခွဲခြင်း စသည့် လုပ်ငန်းများ၌ အမျိုးသမီးများက ပို၍ ကျွမ်းကျင် သောကြောင့်ဖြစ်သည်ဟု အချဉ်တည်သည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လောဘကြီးတယ်တော့မဟုတ်ပါဘူး၊ ကျွန်မတို့လည်း ရှာနိုင်တဲ့အချိန်လေး ရှာထားရတာ၊ ယောက်ျား လုပ်စာတစ်ခုထဲနဲ့ဆို သိပ်မချောင်လည်ဘူး”ဟု အသက် ၄၀ အရွယ်ခန့်အချဉ်တည် အမျိုးသမီး လုပ်သား တစ်ဦးက
ပြောသည်။

၎င်းတို့၏ တစ်ရက်တာဝင်ငွေမှာ မနက်ပိုင်း နှစ်နာရီအတွက် တစ်ထောင်ကျပ်ရှိကြပြီး အချဉ်တည်သောအိမ်တွင် တစ်နေကုန်   လုပ်ခအတွက် နှစ်ထောင်ကျပ်ရရှိကြောင်းနှင့်  အချိန်ပိုဆင်းနေ့ဖြစ်လျှင် ကျပ်သုံးထောင် အထိရရှိ သောကြောင့် တစ်နေ့လျှင် သုံးထောင်မှ
လေးထောင်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါဒေသများ၌ အမျိုးသားများမှာ တစ်ရက်လျှင် မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ခြုံရှင်းမြေပေါက်၊ ရေလောင်းအစရှိသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ရပြီး လုပ်အားခမှာ သုံးထောင်မှ သုံးထောင့်ငါးရာကျပ်အထိ ရရှိကြောင်းကိုလည်း သိရသည်။

မုန်ညင်းချဉ်အနီတည်ရာတွင် မုန်ညင်းအား အရွက်ဖျင်ပြီးလျှင် အရိုးများအား နှစ်ရက်ခန့်နေလှန်းရပြီး၊အနည်းငယ် ဖန့်သွားသောအခါ အရိုးအား လှီးဖြတ်ခြင်း ရေဆေးခြင်းနှင့် ဆားအချိုမှုန့်၊ မဆလာ၊
ကြံသကာတို့ဖြင့် နယ်ရကာ တစ်ပါတ်ခန့်အိုးထဲတွင် အချဉ်တည်ထားပြီးလျှင်
ရောင်း၍ရသည့် အခြေအနေသို့ ရောက်ရှိကြောင်း နောင်ချိုမြို့မှ စားသောက်ကုန် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အဖြူမှာမူ အရွက်ဖျဉ်စရာမလိုပဲ တစ်ခါတည်းလှီး၍၊ ဆားနယ်ကာ၊ ထမင်းအနည်းငယ်ထည့်၍ အချဉ်တည်လျှင် တစ်ပါတ်ခန့်ကြာလျှင် စားး၍ရကြောင်းကိုလည်း သိရသည်။

“မုန့်ညှင်းချဉ်ကတော့ ခေါက်ဆွဲနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ဒီဒေသမှာတော့ ထုတ်လုပ်မှုက လောက်တယ် မရှိဘူး၊ အချဉ်တည်သမျှ ရောင်းရတယ်”ဟု ပြင်ဦးလွင်မှ မုန့်ညှင်းချဉ်
ထုတ်လုပ် ရောင်းချနေသည့် လူမျိုးခြားတစ်ဦးက ပြောသည်။

မုန်ညင်းချဉ်အနီ(ရှမ်းချဉ်)နှင့် မုန်လာဥချဉ်တို့မှာ တစ်ပိဿာ
နှစ်ထောင်ကျပ် ဈေးရှိပြီး၊ မုန်ညင်းချဉ် အဖြူ (ဗမာချဉ်)မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ်ဝန်းကျင်ဈေးရှိကြောင်း ပြင်ဦးလွင် မြို့မဈေး အတွင်းက သိရသည်။

မုန်ညှင်းချဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မပါမဖြစ်စားသုံးလေ့ရှိသည့် အရန်ဟင်းဖြစ်သည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroupပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသ များတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ

မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား  တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
‎ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင် မှုများ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍

Photo: ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍
မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု ထုတ်ပြန်  
Wednesday, 19 December 2012

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ
စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press 
က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

KDDI အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲဖွင့်လှစ်ဖြစ်ပါက
ပြည်ပနိုင်ငံများတွင် KDDI ၏ ၁၀၀ ခုမြောက် ရုံးခွဲဖြစ်လာမည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ၏ အိုင်တီ အခြေခံအဆောက်အအုံနှင့် ထိန်းသိမ်းခြင်း၊ Operation ပိုင်းကို အဓိက ၀န်ဆောင်မှုပေးမည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း၌ KDDI Myanmar Business Center အမည်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်၏ ဒုတိယဘဏ္ဍာရေးနှစ်တွင် ဆက်တိုက်မြှုပ်နှံလာခဲ့ပြီး လတ်တလောတွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် စက်ရုံများ အဓိက
ဝင်ရောက် မြှုပ်နှံနေပြီး ကုမ္ပဏီကြီး အများစုမှာမူ နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် စီမံကိန်းကြီးများတွင် ၀င်ရောက်ရန်အတွက် အဓိက ပြင်ဆင်နေသည်။

မြန်မာနိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ဂျပန်နိုင်ငံ အနေဖြင့် ကုန်လမ်းပို့ဆောင်ရေး ဌာနနှင့် ပူးပေါင်းကာ စတင်မြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ယခုအချိန်အထိ များစွာနည်းပါးနေပြီး အမေရိကန်ဒေါ်လာ ၂၄၆ သန်းကျော်သာ ရှိနေသည်။

မြန်မာနိုင်ငံတွင် မြှုပ်နှံရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခြင်း၊ အကြိမ်ကြိမ် လာရောက်ဆွေးနွေးခြင်းများ ပြုလုပ်နေသော်လည်း ဆွေးနွေးသည့် အဆင့်တွင်သာ ရပ်နေခဲ့ပြီး အမှန်တကယ်မြှုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ရှိခဲ့သည်။ ယခုနောက်ပိုင်း ဆက်တိုက်မြှုပ်နှံသည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး အမေရိကန်၏ နာမည်ကြီး ကုမ္ပဏီကြီးများကိုယ်တိုင် လက်တွေ့မြှုပ်နှံ လာသကဲ့သို့ မြှုပ်နှံမှုမှာလည်း မြန်ဆန်လျက်ရှိကြောင်း သိရသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် ယခုလက်ရှိ ဆွေးနွေးခြင်း၊ ၎င်းတို့ ကိုယ်တိုင်လာရောက် လေ့လာခြင်းများ ပြုလုပ်ထားသည့် ကဏ္ဍများတွင်သာ အမှန်တကယ် ဆက်တိုက်မြှုပ်နှံခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ပမာဏများစွာ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းထားကြသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ ခုနှစ်တွင် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအဖွဲ့တို့မှ စတင်အကောင်အထည်ေ ဖ်ာမည်ဖြစ်ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလျံချီကာ တိုးလာနိုင်သည်ဟု သိရသည်။

KDDI မ၀င်ရောက်မီ ဒီဇင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ၏ ပြည်ပမိုဘိုင်း ရင်းနှီးမြှုပ်နှံမှုဌာန (China Mobile Oversea Investment Department) မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကာ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့
ဆက်သွယ်ရေး ကဏ္ဍတွင် တရုတ်နိုင်ငံဖြင့် အများဆုံး ဆက်သွယ်
လုပ်ကိုင် နေရသည်။

Eleven Media Groupဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ KDDI မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီရုံး ဖွင့်လှစ်မည်ဟု The Japan Daily Press က ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် ဂျက်ကီချန်း

Photo: အချစ် ဇာတ်လမ်းတွေမှာ သရုပ်ဆောင်မည်ဟု ဆိုလာသည့် 
ဂျက်ကီချန်း
Wednesday, December 19, 2012

ကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင် ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် CZ12 ရုပ်ရှင်ကား အရောင်း မြှင့်တင်ရန် အတွက် မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့သို့
ရောက်ရှိ နေကြောင်း သိရသည်။

ဂျက်ကီချန်းနှင့် အတူ တိုက်ကွမ်ဒို ကျွမ်းကျင်သည့် သရုပ်ဆောင် ကျန်းလန်ရှင်းနှင့် ရောင်ရှင်းတုန် တို့လည်း လိုက်ပါ လာကြောင်း သိရသည်။

ဂျက်ကီင်္ချန်းသည် ပြီးခဲ့သော အက်ရှင် ဇာတ်ကားများတွင် ကိုယ်တိုင် အနာခံကာ သရုပ်ဆောင် ခဲ့သော်လည်း နာကျင်မှုကို မခံနိုင်တော့သည့် အတွက် နောက် ပိုင်းတွင် ရိုက်ကူးမည့် ဇာတ်ကားများ၌ ကွန်ပျူတာ effects များကို အသုံးပြု သွားမည် ဖြစ်ကြောင်း CZ12 ရုပ်ရှင်ကားနှင့် စပ်လျဉ်း၍ ပြု လုပ်သည့် သတင်း စာ ရှင်းလင်း ပွဲတွင် ပြောကြား ခဲ့သည်။ ဂျက်ကီချန်းက အက်ရှင် ဇာတ်ကားများ အပြင် အချစ် ဇာတ်လမ်း တွဲများတွင်လည်း သရုပ်ဆောင် သွား မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။

CZ12 ဇာတ်ကားအား ၇ နှစ်ကြာ အချိန်ယူ ရိုက်ကူးခဲ့ပြီး မလေးရင်းဂစ် သန်း ၁၅ဝ အကုန်အ ကျခံ ရိုက်ကူးထားကြောင်း သိရသည်။ အဆိုပါ ဇာတ်ကား တွင် ကိုရီးယား နိုင်ငံမှ ထိပ်တန်း မင်းသား တစ်လက် ဖြစ်သည့် ကွမ်ဆန်ဝူး ပါဝင် သရုပ်ဆောင် ထားသည်ဟု သိရသည်။

မြ၀တီကမ္ဘာကျော် အက်ရှင် မင်းသားကြီး ဂျက်ကီချန်းသည ၎င်းပါဝင် သရုပ်ဆောင်ထားသော ၁ဝ၁ ကားမြောက် ရုပ်ရှင် ဇာတ်ကား ဖြစ်သည့် CZ12 ရုပ်ရှင်ကား အရောင်း မြှင့်တင်ရန် အတွက် မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့သို့ ရောက်ရှိ နေကြောင်း သိရသည်။

လွှတ်တော် ပြန်စတော့မည်

Photo: လွှတ်တော် ပြန်စတော့မည်
Wednesday, December 19, 2012

ပထမ အကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး များကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေး များကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကြာသပတေးနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို လည်းကောင်း စတင် ကျင်းပရန် ခေါ်ယူထားရာ အဆိုပါ အစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ် များထံသို့ ပေးပို့ထား ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေး ဖိတ်စာ လက်ခံ ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ) လွှတ်တော်ရုံးသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်ထက်မစော ၈ ရက်ထက် နောက်မကျစေဘဲ သတင်းပို့ ကြရန်နှင့် ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာနှင့် ကိုယ်စားလှယ် စိစစ်ရေး ကတ်ပြားတို့ကို ယူဆောင် လာကြရန် ဖြစ်ကြောင်း သတင်း ရရှိသည်။ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး များ ကို နေပြည်တော် ရှိ လွှတ်တော် အစည်းအဝေး ခန်းမများ၌ ၂ဝ၁၃ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

Photo: ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား  
Wednesday, 19 December 2012 

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား
ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့် ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်း
သိရှိရသည်။

“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ် ဆိုပြီးတော့ ယေဘုယျ လာတင်ထားတဲ့ သဘောပါ၊၊ ဘာမှ အတိအကျ မလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး မပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား တည်ရှိနေကာ ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်၏
ရေအရောင်သည် အမျိုးမျိုး ကွဲပြားခြားနားကြောင်း၊ ရေမှာ အလွန်ကြည်လင်
ကာ  ရေအောက် ၁၀ ပေအနက်အထိ ထိုးဖောက်မြင်တွေ့နိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ နှစ် ဆန်းပိုင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ကောက်ယူခဲ့သော ကိုကိုးကျွန်းအား
လေ့လာမှု အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းအတွက် သဘာဝ အခြေခံနေရာ တစ်ခုဖြစ်ပြီး ယခင် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက ကိုကိုးကျွန်း ခရီးစဉ်ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း မကြာမီရပ်နားခဲ့သည်။

ကိုကိုးကျွန်းသည် အက်ဒမန် ကျွန်းစုနှင့် ဆက်စပ်လျက်ရှိပြီး ၁၇ ရာစု အစပိုင်း ရခိုင်ရာဇ၀င်အရ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာ လက်ထက် ၁၆၀၀-၁၆၁၃ တွင် ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီမှ ကူးသန်းရောင်းဝယ်
ရေးနှင့် သံတမန်ရေးရာ ကိစ္စများ ဆောင်ရွက်ရန် အက်ဒမန်ကျွန်းတွင် တစ်ထောက် နားခွင့်ပြုရန် တောင်းဆိုခဲ့ရာ ရခိုင်ဘုရင်မှ ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်တို့မှ အိန္ဒိယနိုင်ငံအား သိမ်းပိုက်စဉ် အက်ဒမန်
ကျွန်းအားလုံးမှာ အင်္ဂလိပ်လက်ထဲသို့ ကျရောက်ခဲ့ပြီး ၁၉၃၅ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် မြန်မာ- အိန္ဒိယ တွဲရေးခွဲရေး မဲခွဲဆုံးဖြတ်ခဲ့ရာ ခွဲရေးအနိုင်ရရှိသဖြင့် မြန်မာနိုင်ငံမှ ကျွန်းအား သီးခြားအုပ်ချုပ်ခွင့် ရရှိခဲ့သည်။

ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုကြောင်း လာရောက်တင်ပြသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ဟု
သိရသည်။

Eleven Media Group ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လာရောက်တင်ပြထားကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို

Photo: ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသား ဖြစ်လာသည့် ဂျပန်နိုင်ငံမှ အဘိုးအို
Wednesday, December 19, 2012

အမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီးသည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

မစ္စတာ ကီမူရာသည် ၁၈၉၇ ခုနှစ် ဧပြီ ၁၉ ရက်တွင် မွေးဖွားခဲ့ပြီး ကွယ်လွန် ခဲ့သော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးထက် ၁၅ ရက်သာ ငယ်ကြောင်း သိရသည်။ ဒီနာမန်ဖရီဒီနီ အမည်ရှိ အဆိုပါ အမျိုးသမီးသည် အမေရိကန်
ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ်၌ သေဆုံး ခဲ့ကြောင်း သိရသည်။

ကီမူရာသည် စာပို့လုလင်ဟောင်း တစ်ဦးဖြစ်ပြီး ၎င်းတွင် မြေး ၁၄ ယောက်၊ မြစ် ၂၅ ယောက် နှင့် တီ ၁၃ ယောက် ရှိပြီး ၎င်း၏သားဖြစ်သူ မိသားစုနှင့်အတူ နေထိုင်ကြောင်း သိရသည်။

မြ၀တီအမေရိကန် နိုင်ငံမှ ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီးကြီးသည် ဒီဇင်ဘာ ၁၇ ရက်က ကွယ်လွန် ခဲ့ပြီးနောက် ယခုအခါ ဂျပန်နိုင်ငံမှ ဂျီရိုအီမွန်ကီမူရာ အမည်ရှိ အသက် ၁၁၅ နှစ် အရွယ် အမျိုးသားကြီး သည် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသား ဖြစ်လာခဲ့ ကြောင်း သိရသည်။

ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်

Photo: ကျန်းမာ/စီမံ MBA (သြစတြေးလျ)ပညာသင်ထောက်ပံ့ကြေး စတင်လျှောက်ထားနိင်
Wednesday, December 19, 2012

ကျန်းမာရေးစီမံခန့်ခွဲမှုအသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါMBA(Health Services Management) ဘာသာရပ်ကို သြစတြေးလျထိပ်တန်းတက္ကသိုလ် University of Ballaratမှ အသိအမှတ်ပြုပေးအပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အချင်း
ပြည့်မှီသူများအတွက် တစ်စိတ် တစ်ပိုင်းပညာ သင်ထောက်ပံ့ကြေး
အဖြစ် စင်္ကာပူဒေါ်လာ (၃၀၀၀)ပေးအပ်သွားမည်ဖြစ်သည်။

“ မြန်မာနိုင်ငံက MBBS, Pham ဘွဲ့ ရတွေအတွက် ပိုပြီးသင့်တော်တဲ့  ပရိုဂရမ်တစ်ခုဖြစ်တယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ အကြံပြုပြောကြားသည်၊၊

ဝင်ခွင့်လိုအပ်ချက်အနေဖြင့်ဘွဲ့တခုခုရရှိထားသူများ၊ သက်ဆိုင်ရာ
လုပ်ငန်းအတွေ့အကြုံ(၂)နှစ်ရှိထားသူများ လျှောက် ထားနိုင်ကြောင်းနှင့် အင်္ဂလိပ်စာလိုအပ်ချက်အနေဖြင့်IELTS 6 (သို့) TOEFL 550 ရှိထားရမည် ဖြစ်ပြီး ကျောင်းဝင် ခွင့်လမှာ မတ်၊ ဇူလိုင်နှင့်
နိုဝင်ဘာလတို့ ဖြစ်သည်။ သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပြီး
ကျောင်းလခ စင်ကာပူဒေါ်လာ (၂၂၈၀၀) ကုန်ကျမည်ဖြစ်သည်။

ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ကျမ်းမာရေးဝန်ဆောင်မှု MBA သင်တန်း အကြောင်း ယခုကဲ့သို့ ဆိုသည်။

 “အရင်တုန်းက MBA ဆိုရင် စီးပွားရေးဘာသာရပ်အားလုံးကို General သဘောမျိုးသင်ယူရတာပါ။ အခုနောက်ပိုင်းMBA ဆိုရင် Marketing ၊ Accounting & Finance ၊ HR Management အစရှိတဲ့အထူးပြုမေဂျာတွေ ပါဝင်လာပါတယ်။ ဒီ MBA (Health Services Management) အထူးပြုကစီးပွားရေးစီမံခန့်ခွဲမူ့နဲ့ပတ်သက်တဲ့မော်ဂျူး(၈) ခု နဲ့ Health Service Management မော်ဂျုး(၄)ခု ပါဝင်တယ်။ Health Service Management အထူးပြု MBA ပို့ချတဲ့ ကျောင်း နိုင်ငံတကာမှာ အရေအတွက်နည်းနည်းပဲရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ MBA သင်ယူသူများအနေဖြင့်  Social Responsibility ၊ Ethical နှင့် Sustainable Business နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့်
နားလည်သဘောပေါက်နိုင်ကြောင်းကိုလည်း ၄င်းထံမှ သိရသည်။

Good Teaching ၊ Positive graduate outcome နှင့် Generic Skills တို့တွင်ကြယ်ငါးပွင့်ရရှိ၍ ACU ခေါ် Association of Common wealth Universityအဖွဲ့ဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် လက်တွေ့အသုံးတည့်သော ဘာသာရပ်များကို ပို့ချပေးနေသည့် တက္ကသိုလ်လည်းဖြစ်သည်။

MBA(Health Service Management) ဘာသာရပ်တွင် စုစုပေါင်းမော်ဂျူး
(၁၂)ခုကိုသင်ယူရမည်ဖြစ်ပြီး Accounting and Finance ၊ HR Management ၊ Marketing ၊ Business Economics  ၊ Contemporary Issures in Health Services Management ၊ Policy in Health Services Management Leadership in HSM နှင့် Evidence-based Practice in HSM တို့ကိုသင်ယူရမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် lectures ၊ tutorials ၊ workshops ၊ seminars နှင့်presentation ပုံစံတို့ဖြင့်သင်ယူနိုင်ပါသည်။

University of Ballarat ကို ၁၈၇၀တွင် တည်ထောင်ခဲ့ပြီးသြစတြေးလျ
အစိုးရ ရန်ပုံငွေကြေးထောက်ပံ့မူ့ ရရှိထားသော ကျောင်းသား
ကျောင်းသူပေါင်း (၂၅၀၀၀)ကျော် ပညာသင်ကြားနေသည့် တက္ကသိုလ်ဖြစ်သည်။

အသေးစိတ်သိလိုသူများအနေဖြင့်  CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့သို့ဆက်သွယ် စုံစမ်းနိုင်သည်။

မြစ်မခ
Myit Makha Mediagroup ကျန်းမာရေးစီမံခန့်ခွဲမှု အသက်မွေးဝမ်းကျောင်းဘာသာရပ်များကို စိတ်ဝင်စားသောသူများနေဖြင့် Health Services Management အထူးပြု MBA ဘာသာရပ်ကို Nanyang Institute of Management တွင် ၀င်ခွင့် များ လျှောက်ထားနိုင်ကြောင်း သိရသည်။

A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ

Photo: A.B.S.D.F ခေါင်းဆောင်အချို့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များနှင့် တွေ့ဆုံ
Wednesday, December 19, 2012

မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသောA.B.S.D.F ခေါင်းဆောင်အချို့
သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင် ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ ဖြစ်ကြသောကိုကိုကြီး၊ကိုမင်းဇေယျ၊ကိုဌေးကြွယ်၊
ကိုမြအေး၊ကိုပြုံးချိုတို့ကိုလာရောက်တွေ့ဆုံခဲ့ကြသည်။၊

A.B.S.D.F မှ ကိုသံခဲ၊ကိုဆလိုင်းယောအောင်နှင့်ကိုမြင့်စိုး၊ကိုဆန်နီ တို့ဦးဆောင်ကာအဖွဲ့ဝင်(၉)ဦးပါဝင်ကြောင်းသိရသည်။ 

သတင်းနှင့်ဓါတ်ပုံ- ၈၈မျိုးဆက်ကျောင်းသားများ
Popular Myanmar News Journal
မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသော A.B.S.D.F ခေါင်းဆောင် အချို့သည် ယနေ့၊နံနက် ၁ဝးဝဝ နာရီတွင်ရန်ကုန်မြို့ ၊ဝေဇယန္တာ လမ်းရှိ

သံတွဲနှင့်မြောက်ဦးတွင် WCDMA ဖုန်း အသုံးပြုနိုင်တော့မည်

ကမ္ဘာလှည့် ခရီးသွားများလာရောက် လည်ပတ်မှုများသည့် သံတွဲ  မြောက်ဦး မြို့ နယ် တို့တွင် WCDMAဖုန်း များကို

ဘာသာစကား ၃၂ မျိုးကိုဘာသာပြန်ပေးနိုင်မယ့် COMET Talking Translator ပြည်တွင်းသို့ရောက်ရှိလာပြီ

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော COMET အမှတ် တံဆိပ် Talking Translator ပြည်တွင်း သို့ရောက်ရှိလာပါပြီ။ ၄င်း Translator သည်  မြန်မာ၊ မလေးရှား၊ တရုတ်၊ စပိန်၊ ကိုရီးယား၊ ဂျပန်၊ ရုရှား၊

မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS

Photo: မြန်မာပြည်လမ်းပေါ်က အမေရိကန် ဇိမ်ခံကား Cadillac CTS
Wednesday, December 19, 2012

General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား
ရေပန်းစားကား များ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။
ရောက်လာနိုင်ငံ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေး ကနေ နဲ့ အေးဂျင့်မှာ မှာယူးပေးမှု ဖြစ် ပါတယ်။

ဂျပန်လေလံကနေ လာတာဆိုရင် သာမန် ဂျပန်ကနေ User car ဝယ်တဲ့ထုံးစံအတိုင်း ပဲ ဖြစ်ပါ တယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါက ၂၀၀၉ မော်ဒယ် ဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၃ထောင်ကျော်မှာ ရှိတဲ့အတွက် မြန်မာပြည်အရောက် အခွန် များနဲ့ တွက်လိုက်ရင် သိန်း ၁ထောင်ထက်တော့ မပိုပါဘူး။ သိန်း ၈၀၀ ကတော့ အနည်းဆုံး ဖြစ် ပါတယ်။ အေးဂျင့် ကမှာပေးမယ်ဆိုရင်တော့ တစ်ပတ်ရစ်ကား မဟုတ်ပဲ ဘရန်ဒီကား လည်း ဖြစ်တဲ့အတွက် ဈေးက သာမန် အမေရိကန်နိုင်ငံသားတွေဝယ်တဲ့ ဈေးအပြင် ထပ်ပေါင်းပေး ရတာမျိုးလည်း ရှိပါအုံးမယ်။ အနည်းဆုံးကတော့ သိန်း ၁၀၀၀ ပဲ ဖြစ်ပါတယ်။

သာမန် ကားဝယ်တဲ့သူမျာကတော့ ဆီစားကြီးလို့ မဝယ်ပါ ဘူး။
ငွေပိုနေတဲ့ ဇိမ်ခံကား ခရေဇီများကတော့ ဝယ်စီးပါ တယ်။
မြန်မာပြည်လမ်းပေါ်မှာလည်း တွေ့နေရပြီ ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၀၇ ထက်မကျော်တဲ့ မော်ဒယ် Cadillac CTS ကို ဂျပန်လေလံမှာ တွေ့ရင်တော့ သာမန် ဂျပန်ကားဝယ် သလိုပဲ ကုန်ကျမှာ ဖြစ်ပါတယ်။ သိန်း ၅၀၀ ထက်တောင် နည်းနိုင်ပါတယ်။ သို့ပေမယ့် Cadillac ဟာ ဂျပန်လေလံဈေး ကွက်မှာ တက့ယ်ရှားပါး ကားဖြစ်နေပါတယ်။

အဓိကကတော့ တံဆိပ်ကြောင့် ဈေးကြီးပုံရပါတယ်။ အတွင်းမှာ ပါဝင်တဲ့ Accessory က အခြားမော်ဒယ်မြင့် ကား များထက် မပိုပါဘူး။ ၂၀၀၇ မော်ဒယ်အထက် မှာတောင် အတွင်း LCD တီဗီက ကိုယ်တိုင်ဝယ်တတ် ရတာမျိုး ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ကြားက ပထမမျိုးဆက်၊ ၂၀၀၇ အထက်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ဒီဇိုင်းက အဓိက ကွဲပြားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် coupe, တံခါးလေးပေါက် sport ဆလွန်း၊ တံခါး ၅ပေါင် စတေရှင် ဝက်ဂွန် ဆိုပြီး သုံးမျိုးခွဲထုတ်ထားပါတယ်။ လက်ရှိမြန်မာပြည်မှာတော့ ဆလွန်း တွေ့ရပါတယ်။

ပထမမျိုးဆက်ထက် သာသွားတဲအပိုင်းက ကားရှေ့ ပိုင်း ဒီဇိုင်းနဲ့ အသုံးပြုတဲ့ သတ္တုဖြစ်ပါတယ်။ Safety အသားပေးတဲ့အတွက် ရှေ့ ပိုင်းပိုမာလာပြီး အင်ဂျင်ပါဝါ လည်း ထပ်မြင့်ထားပါတယ်။ ၂၀၀၂ အထက်မှာတုန်းက ၂၆၀၀ စီစီ အရွယ်ရှိတဲ့ ပစ်စတင် ၆လုံးပူး V အင်ဂျင်အ သုံးပြုခဲ့ပါတယ်။ ၂၀၀၇ အထက်မှာတော့ အနည်းဆုံး ၃၀၀၀ စီစီ ဖြစ်ပါတယ်။ အများဆုံး ၆၂၀၀ စီစီ အင်ဂျင် တောင် ထုတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင် တဲ့ မြင်းကောင်
ရေအားက ၂၇၀ ထက်ပိုပါတယ်။ ၆၂၀၀ စီစီမှာဆိုရင်မြင်းကောင်ရေ ၅၅၀ အထက်မှာ ရှိပါတယ်။ ကားက Mid size Lux ဖြစ်ပါတယ်။ top speed- အမြန်ဆုံး ၁၅၀ အထက်ဖြစ်ပါတယ်။ CTS-V version ဆိုရင် တစ်နာရီ မိုင် ၂၀၀ နားကပ်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး ကားများ စာရင်းထဲတောင် Cadillac ဇိမ်ခံကားက ပါဝင်ပါသေးတယ်။

အဲယားကွန်း၊ လေအိတ်၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ ရေဒီယို၊ စတာတွေအပြင် Navigation device, LCDတီဗီ၊ GPS, စပီကာ၊ Woofer, DVD player, Audio system, LED မီးလုံး၊ iPod ထိုး အသုံးပြုနိုင်သော အော်ဒီယိုစနစ် စတာတွေအပြင် အခြား ဇိမ်ခံပစ္စည်းများလည်း ပါဝင်ပါ တယ်။ အီလက်ထရောနစ် ပစ္စည်းတော်တော်များများ စုံစုံလင်လင် ပါရှိပါတယ်။ ကားငြိမ်အောင် ထိန်းပေးမယ့် Stability control, traction control တို့က Safety ပိုင်းမှာ အားဖြည့်ထားပါတယ်။

တံခါးလေးပေါက် ဆလွန်းကားဆိုရင် အရှည် ၁၉၁.၆ လက်မ၊ အကျယ် ၇၂.၅ လက်မ၊ အမြင့် ၅၈ လက်မ အရွယ်အစားရှိပါတယ်။ ဂီယာ ၆ချက်ထိုး ရိုးရိုးနဲ့ အော် တို နှစ် မျိုး တွေ့မြင်နိုင်ပါ တယ်။ နောက်ဘီးမောင်းစနစ် ကားနဲ့ လေးဘီးမောင်း စနစ်ကားဆိုပြီး ထုတ်လုပ်ထား ပါတယ်။ ဓာတ်ဆီစားတဲ့ အင်ဂျင်ကိုအသုံးပြု ထားပြီး လေးဘီးစနစ်မှာ အကုန်အကျများနိုင်ပါတယ်။

၂၀၀၇ မော်ဒယ်အထက် သိန်း ၁ထောင်အောက် ရှိတဲ့ ဂျပန်လေလံအောင် CTS မကြိုက်ရင်လည်း သိန်း ၁ထောင်အထက် ပရီမီယံ Cadillac များကို မှာယူစီးနိုင်ပြီ ဖြစ်ပါတယ်။ သူကနေ ခွဲထွက်တဲ့ STS ကားများလည်း လေလံထဲမှာ ရှိနေတတ်ပါသေးတယ်။

အောက်ပါ မြန်မာ လေလံဝဘ်ဆိုဒ်မှာ ရှာဖွေတွေ့ရှိနိုင် ပါတယ်။

http://www.colayonline.com.mm/automobile

ColayOnline:Automobile General Motor ထုတ် Cadillac ဇိမ်ခံကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစားကား များ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း

တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ

Photo: တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်အတွက် မြေဈေးနှုန်း ကြီးမြင့်နေမှု လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး အဓိကလိုအပ်နေ
Wednesday, December 19, 2012

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန်
အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို
လျှော့ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီးမှာ အဓိကလိုအပ်ချက်
ဖြစ်နေကြောင်းလည်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်များက ဆိုပါသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန 
အနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ ၂၀၂၈ ခုနှစ်အတွင်း အိပ်ခန်းယူနစ်ပေါင်း တစ်သန်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း  အိပ်ခန်းပေါင်း ၃၅၀၀၀၀ စတင် တည်ဆောက်သွားမည်ဖြစ်ကာ လက်ရှိဆောက်လုပ်မည့် အိမ်ရာ ၁၀၀၀၀ ကျော်မှာ စမ်းသပ်
ဆောက်လုပ်သည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိကာလ၌ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အိပ်ခန်း ၁၀၀၀၀ ပါဝင်မည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခုအတွက် လုပ်ငန်းဆောင်ရွက်
မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားပြီ
ဖြစ်ကြောင်းလည်း သိရှိရသည်။

“ရန်ကုန်မှာ အိမ်ရာစီမံကိန်းတွေ ဖော်ဖို့ဆိုရင် မြေနေရာနဲ့ငွေကြေး
အရင်းအနှီးက အဓိက လိုအပ်ချက် ဖြစ်နေတယ်။အိမ်ရာအတွက်
မြေနေရာလိုသလို တည်ဆောက်ဖို့အတွက်လည်း ငွေကြေးအရင်း
အနှီးက လိုပါတယ်။ ငွေကြေးအရင်းအနှီးအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊၊ ဧရာဝဏ်နဲ့ ရတနာစီမံကိန်းအတွက်တော့ တင်ဒါ ခေါ်ယူထားပါပြီ” ဟုလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

“အိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်ထားသလို ပြည်သူ့အိမ်ရာတွေဖြစ်တဲ့ လမ်း (၅၀) လို၊ ရန်ကင်းအိမ်ရာ စတာတွေကိုလည်း လက်ရှိနေထိုင်နေတဲ့ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။    အိမ်ရာတွေ ဖော်ထုတ်တယ်ဆိုရာမှာလည်း မိသားစုတွေ ၀ယ်နိုင်တဲ့ အနေအထားတွေ ဖြစ်ဖို့လိုပါတယ်။ မိသားစုတစ်ခုရဲ့ savingpower ကို မြှင့်တင်ပေးမှ အိမ်ဝယ်တာကို နောက်တစ်ဆင့်အနေနဲ့ လုပ်နိုင်မှာပါ။ အဲဒီတော့ လူတစ်ဦးချင်းရဲ့ ၀င်ငွေတိုးတက်လာမှာလည်း အိမ်ဝယ်နိုင်တဲ့
အဆင့်၊ အဆင့်အတန်းမီ နေနိုင်တဲ့ အနေအထားတွေ ရှိလာမှာပါ။ ဒါကြောင့် တစ်ဦးချင်းရဲ့ purchasing power အား ကောင်းအောင်လုပ်ပေးရမှာ
ဖြစ်ပါတယ်” ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင် ဦးသံမိုးက သုံးသပ်
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်
ဆောင်ရွက်လိုသူများ၊ တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသူ
များမှ ရန်ကုန်မြို့၏ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုထားကြောင်းလည်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရှိရသည်။

တန်ဖိုးနည်း အိမ်ရာများတွင် ပါဝင်မည့် အိမ်ခန်းများအား ဧရိယာ စတုရန်းပေ ၆၅၀ပေ၊ ၇၀၄ပေ၊ ၈၅၂ ပေ၊ ၉၀၀ပေ၊ ၁၀၅၄ ပေ၊ ၁၂၇၀ပေ စသည်ဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Eleven Media Groupရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများ ဖော်ထုတ်တည်ဆောက်ရန် အတွက် လက်ရှိ ကြုံတွေ့နေရသည့် မြေဈေးနှုန်းကြီးမြင့်နေမှုကို လျှော့ ချနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး

ပြည်ပရောက် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့ တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားလာ

Photo: ပြည်ပရောက် မြန်မာနိုင်ငံသားများ ရန်ကုန်မြို့ တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များပြားလာ
Wednesday, December 19, 2012

ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း များအနက် တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီး မြှုပ်နှံထားရန် စိတ်ဝင် စားမှု များပြားနေကြောင်း
ပြည် ပရောက် မြန်မာ နိုင်ငံသားများ ထံမှ သိရသည်။

မြန်မာနိုင်ငံ အတွင်းတွင် လတ်တလော နေထိုင်ရန် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံ ထားမှု အနေဖြင့် တန်ဖိုး သင့်တင့်သော ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်တို့တွင် တည်ဆောက် နေကြသည့် ပုဂ္ဂလိက ကန်ထရိုက် တိုက်များတွင် တိုက်ခန်းများ ဝယ်ယူ ရင်းနှီးမြှုပ်နှံ ထားမှုများ များပြားလာကြောင်း မိသားစု ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။

''များသောအားဖြင့် စင်ကာပူက ဝယ်တာ များပါတယ်။ နေဖို့အတွက် မဟုတ်ဘဲ ရင်းနှီး မြှုပ်နှံထားမှု အနေနဲ့ သူတို့ဟိုမှာ လုပ်ကိုင်ရှာဖွေ
နေတာကို ဒီမှာအိမ်၊ တိုက်ခန်းလေးတွေ ဝယ်ပြီး ရင်းနှီး ထားချင်ကြတာ။ အဲဒီလို ဝယ်တဲ့ အခါမှာလည်း တန်ဖိုးကြီး တိုက်ခန်းတွေမှာ ဝယ်ယူရင်းနှီး
မြှုပ်နှံတာထက် တန်ဖိုးနည်း တိုက်ခန်း တွေကို ပိုစိတ်ဝင်စား ကြတယ်။ သူတို့ တတ်နိုင်တဲ့ အလျောက်ပေါ့။ သိန်းတစ်ရာ ဝန်းကျင်လေးတွေ များပါတယ်။ 

ကျွန်တော်တို့အနေနဲ့လည်းတစ်အိမ်ပြီးတစ်အိမ်ဆက်လက် ဆောက်လုပ် နေတာမို့အလားအလာ ကောင်းလာနိုင်မယ့် နေရာ လေးတွေမှာ ဆောက်လုပ်
နေပါတယ်။ အဲဒီ နေရာတွေမှာ အခန်း ဈေးက ဈေးကွက်ကောင်း တဲ့ နေရာ တွေကတိုက်ခန်းတစ်ခန်းဈေးနဲ့ နှစ်ခန်းဈေးလောက် ဖြစ်နေတာမို့ ဆင်ခြေဖုံးဆိုပေမယ့်လည်းအလားအလာ ကောင်းကြပါတယ်''ဟု ငွေကြယ်အိမ် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လတ်တလောတွင် ဆောက်လုပ်ရေး လုပ်ငန်းများ အလား အလာ ကောင်း လျက်ရှိပြီး နေထိုင်ရန် သော်လည်း ကောင်း၊ ရင်းနှီး မြှုပ်နှံရန် သော် လည်းကောင်း တန်ဖိုး နည်းပါးသည့် တိုက်ခန်းများ အရောင်းအဝယ် သွက်လျက်ရှိကာ အငှား ဈေးကွက်လည်း ခိုင်မာလျက် ရှိကြောင်း သိရသည်။ ဈေးနှုန်း မြင့်မားမှု ရှိသော ဈေးကွက် ခိုင်မာပြီးသည့် မြို့နယ်များထက် မြို့သစ်နှင့် မြို့တွင်း မြို့နယ်များသို့ ချိတ်ဆက်ရာတွင် အဓိက အချက်အချာ ကျသော နေရာများ ဖြစ်သည့် ဆင်ခြေဖုံး မြို့နယ်များတွင် ပိုမို အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း သိရသည်။

ထိုသို့ ပြည်ပရောက် မြန်မာ နိုင်ငံသားများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသော တိုက်ခန်းများ၏ ဈေးနှုန်းများမှာ သိန်း ၈ဝ ဝန်းကျင်မှ သိန်း၂ဝဝ ဝန်းကျင် တိုက်ခန်းများ ဖြစ်ပြီး မြေညီထပ်မှ စတုတ္ထထပ် ဝန်းကျင်အထိ အခန်းများ
ဖြစ်ကြောင်း သိရသည်။

မြ၀တီ ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား များအနေဖြင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများအနက်

ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ

Photo: ကြက်သွန်ဖြူစိုက်တောင်သူများ အထိနာ
Wednesday, December 19, 2012

ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင်
တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။ သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာသုံးရာဈေးဖြင့်
ရောင်းသော်လည်း ၀ယ်သူမရှိဖြစ်နေသည်။

ကြက်သွန်ဖြူစိုက်၍ အထွက်ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင်တစ်ယောက်တည်းမဟုတ်ပါ။ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်း
တစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေးရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။

ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့်
အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုးရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလားတူဖြစ်သည်။

“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀ လောက်ကျတယ်။ အများစုက
ဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်း ရှုံးနေတာ” ဟု ယောမြို့နယ်
တောခလွန်ကျေးရွာမှ ကိုလင်းစိုးကပြောသည်။

ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယ
စီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ်ကဈေးကောင်း၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။

“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူကို ၀ယ်မယ့်သူကို မရှိတာ။
ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအားနည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေက
များသေးတယ်။ ဒီအချက်တွေကြောင့် ဈေးကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ
ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ်ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊
အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူးအားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း
ကြက်သွန်ဖြူဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင်
များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေးအတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များစွာသာလွန်သည်။

မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။
ပြည်တွင်းကြက်သွန်ဖြူများမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။

“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေကသွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။ အရင်နှစ်ကလို အားကျမခံ စီးပွားဖြစ်တော့ မစိုက်တော့ဘူး” ဟု ပေါက်မြို့နယ် ညောင်ဝန်းပေါက်ကျေးရွာမှ
တောင်သူမ၀င်းနွယ်သင်းကလည်းဆိုသည်။

“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော်ထိဝင်တယ်။ ဒေသနဲ့တွက်ရင် အထွက်ကောင်းတယ်ပေါ့။ ဈေးကွက်အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန် ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေ မှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခု ကြက်သွန်ဖြူ ပြန်စိုက်နေကြပြီဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေများနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာတစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူအဓိကတင်ပို့ရောင်းချသော ကိုကျော်မင်းလွင်ကပြောသည်။
၎င်းပြောသကဲ့သို့ပင် ကြက်သွန်ဖြူဈေးကွက်ပျက်မှုကြောင့်
တောင်သူများသာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှုများသည်။

ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင်
နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး 
တပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေးကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသများကို ဖြန့်ဖြူးသည်။

ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန်အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထားသည်။

သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင်ကြုံတွေ့မှုနည်းသည်။ 

အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများ
ကပြောကြားသည်။

“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊  ဆောင်းဆို
မြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက်ဆိုတာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေးအဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ်
ဆိုပေမယ့် ပြည်တွင်းစားသုံးသူတွေအနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက်
နေဦးမှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်
ပါအတိုင်းပြောသည်။

“ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေ
အားလုံးက ဈေးကွက်ဝယ်လိုအားနည်းလို့ဆိုပြီး ပြောင်းစိုက်မှာမဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။ 

ရေးသားသူ- မျိုးမင်းဦး၊ ဆွေမွန်၊ ရဲနောင်
7Day News Journal ယောမြို့နယ် တေးရွာမှကြက်သွန်ဖြူစိုက် တောင်သူကိုဝင်းမောင် တစ်ယောက် အားသွန်ခွန်စိုက် ကြက်သွန်ဖြူစိုက်ပျိုးပြီးနောက် စာရင်းချုပ်လိုက်သောအခါ ကျပ်သိန်းနှစ်ဆယ်ကျော် ရှုံးနေသည်။
သူ၏လယ်ကွက် ၁၅ ကွက်တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ကြက်သွန်ဖြူများမှာ ယခုအခါ ရွာတွင် တစ်ပိဿာ သုံးရာဈေးဖြင့် ရောင်းသော် လည်း ၀ယ်သူမရှိဖြစ်နေသည်။

ကြက်သွန်ဖြူစိုက်၍ အထွက်ကောင်းသော်လည်း ဈေးမကောင်း၍ အရှုံးပေါ်နေသူမှာ ကိုဝင်းမောင်တစ်ယောက်တည်းမဟုတ်ပါ။ မကွေးတိုင်းဒေသကြီး ဆောမြို့ နယ်နှင့် ယောမြို့နယ်ရှိ ယောချောင်း တစ်လျှောက် တေးရွာ၊ စမ်းရေခုံးကျေး ရွာ၊ ရေရှင်၊ တောင်ထက်၊ ပြင်လယ်၊ ကံကြီး၊ လယ်ဆော၊ နော်ရွာ စသော ကျေးရွာများရှိ ကြက်သွန်ဖြူစိုက်တောင် သူအများစုမှာလည်း အလားတူ ယခုနှစ်တွင် အရှုံးပေါ်သည်။

ယောမြို့နယ်သာမက ဆောမြို့နယ်အောက်ရှိ ကျောက်ထုမြို့နယ်ခွဲနှင့် အခြားကြက်သွန်ဖြူ အဓိက စိုက်ပျိုးရာဖြစ်သော တောင်ကြီးမြို့နယ် အပါအ၀င် ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင်လည်း အလား တူဖြစ်သည်။

“ကြက်သွန်ဖြူဈေးက တစ်ပိဿာ ၄၅၀၊ ၅၀၀ ကျပ်ကို ၀ယ်သူမရှိဘူး။ စိုက်ပျိုးစရိတ်က တစ်ပိဿာ ၈၅၀ လောက်ကျတယ်။ အများစုက ဈေးတက်နိုးတက်နိုးနဲ့စောင့်ရင်း ရှုံးနေတာ” ဟု ယောမြို့နယ် တောခ လွန်ကျေး ရွာမှ ကိုလင်းစိုးကပြောသည်။

ထိုသို့ ကြက်သွန်ဖြူဝယ်လိုအားနည်းပြီး ဈေးပြုတ်ကျကာ တောင်သူများ အရှုံးပေါ်နေသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံမှ ကြူကုတ်ဟု အလွယ်ခေါ်သော တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးခြင်းဖြစ်သည်။ ထို့အပြင် ယခင်နှစ်ကဈေးကောင်း၍ ယခုနှစ်တွင် စိုက်ပျိုးမှုများပြီး အထွက်တိုးခဲ့ခြင်းမှာလည်း ဈေးကျခြင်း၏ အချက်တစ်ချက်ဖြစ်သည်။

“တောင်သူကတော့ ရှုံးတယ်။ သူရတာအများဆုံး ၅၀၀ လောက်ပဲ။ ရန်ကုန်ရောက်လည်း ရှမ်းကြက်သွန်ဖြူကို ၀ယ်မယ့်သူကို မရှိတာ။ ရောင်းအားက တစ်ဖြည်းဖြည်းကျလာတယ်။ ကြက်သွန်ဖြူက ၀ယ်လိုအားနည်းတယ်။ ရာသီက ကုန်ကာနီးပြီ လက်ကျန် တွေက များသေးတယ်။ ဒီအချက်တွေကြောင့် ဈေးကျတာပေါ့” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ
ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်မှ ပြည်တွင်းဈေးကွက်သို့ ဖြည်းဖြည်းချင်း ၀င်ရောက်လာသော တရုတ် ကြက်သွန်ဖြူများမှာအရွယ်ကြီးမှု၊ အခွံနွှာရန်လွယ်ကူမှု၊ ရောင်းပန်းလှမှုတို့ကြောင့် မြန်မာများက အထူး အားပေးကာ ဈေးကွက်ပိုမို ရရှိလာသည်။ ထို့ကြောင့် ယခုအခါ ပြည်တွင်း ကြက်သွန်ဖြူဈေးကွက်၏ ၆၅ ရာခိုင်နှုန်းဝန်းကျင်ကို ကြူကုတ် ကြက်သွန်ဖြူများက ဈေးကွက်ရရှိထားပြီဖြစ်ကြောင်း ကြက်သွန်ဖြူဈေး ကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

သို့သော် မြန်မာကြက်သွန်ဖြူတွင်လည်း အားသာချက်များရှိပါသည်။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုမှာ တရုတ်နှင့်စာလျှင် များစွာလျော့နည်းပြီး သဘာဝနှင့် ပိုမိုနီးစပ်အောင် စိုက်ပျိုးထား၍ ကျန်းမာရေးအတွက် သင့်လျော်ခြင်း၊ အရွယ်သေးသော်လည်း အနံ့၊ အရသာတို့မှာ ကြူကုတ်ထက်များစွာ သာလွန်သည်။

မြန်မာနိုင်ငံ၏ အဓိကကောက်ပဲသီးနှံ ဈေးကွက်ဖြစ်သော ဘုရင့်နောင်ဈေးတွင် ဒီဇင်ဘာ တတိယပတ်၌ လက်ကားဈေး ကြူကုတ်တစ်ပိဿာလျှင် ၁၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် ဈေးရှိသည်။ ပြည်တွင်းကြက်သွန်ဖြူ များမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ၀န်းကျင်မှ ဈေးအများဆုံး ကျပ် ၁၂၀၀ ၀န်းကျင်သာရှိသည်။

“အစိုက်များလို့ ဈေးမကောင်းပါဘူးလို့ ဆိုနေမှ တရုတ်ဘက်က ကြက်သွန်ဖြူကို ကုန်သည်တွေ ကသွင်းတော့ တောင်သူတွေ အရှုံးပိုများတာပေါ့။ ဒီနှစ်တော့ အိမ်က ကြက်သွန်ဖြူမျိုးလေး မတုံးအောင်တော့ စိုက်တယ်။ အရင်နှစ်ကလို အားကျမခံ စီးပွားဖြစ်တော့ မစိုက်တော့ဘူး” ဟု ပေါက်မြို့ နယ် ညောင်ဝန်းပေါက်ကျေးရွာမှ တောင်သူမ၀င်းနွယ်သင်းကလည်းဆိုသည်။

“အရင်နှစ်တုန်းက ကျွန်တော့်ရဲ့ပွဲရုံမှာ ကုန်ပိဿာတစ်သိန်းဝန်းကျင်ပဲ ၀င်တာ။ ဒီနှစ်တော့ နှစ်သိန်းကျော်ထိ ၀င်တယ်။ ဒေသနဲ့တွက်ရင် အထွက်ကောင်း တယ်ပေါ့။ ဈေးကွက် အတွင်းမှာ ပြည်ပကြက်သွန်ဖြူတွေအ၀င်များတော့ မိရိုးဖလာမြန်မာကြက်သွန် ဖြူတွေ ဈေးကွက်ပျက်ပြီး ပွဲရုံတွေ မှာ လက်ကျန်များတယ်။ လက်ရှိပေါက်ဈေးက တစ်ပိဿာ ၃၀၀ ကနေ ၇၀၀ ထိပဲရတယ်။ မနှစ်က တစ်ပိဿာ ၂၀၀၀ လောက်ထိ ဈေးရခဲ့ဖူးတယ်။ အခု ကြက်သွန်ဖြူ ပြန်စိုက်နေကြပြီ ဆိုတော့ နောက်ဆုံးရာသီလို့ပြောရတယ်။ အသစ်မကုန်ခင် လက်ကျန်တွေများနေလို့ ကုန်သည်တွေစိတ်ပျက် နေပြီ။ အသစ်ပေါ်စက လှောင်ထားတဲ့သူတွေဆို ပိဿာတစ်ရာ လှောင်ရင် အခုချိန်ဆို ပိဿာသုံးဆယ်လောက်တော့ လျော့နေပြီ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ဖြူ အဓိကတင်ပို့ရောင်း ချသော ကိုကျော်မင်းလွင်ကပြောသည်။ ၎င်းပြောသကဲ့သို့ပင် ကြက်သွန်ဖြူဈေးကွက်ပျက် မှုကြောင့် တောင်သူ များ သာမက ကုန်လှောင်၍ပြန်လည်ရောင်းချသော ကုန်သည်များလည်း ဆုံးရှုံးမှု များသည်။

ယောနယ်၊ ဆောနယ်နှင့် ကြက်သွန်ဖြူစိုက်ပျိုးသော ဒေသများတွင် နှစ်စဉ်ဆောင်းကာလ နတ်တော်လတွင် ကြက်သွန်ဖြူစိုက်ပျိုးပြီး တပေါင်းလတွင် ဖော်သည်။ အညာတွင် ကြက်သွန်ဖြူဈေး ကွက်မှာ ပခုက္ကူမြို့မှာ အဓိကဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မုံရွာ၊ မော်လမြိုင် စသော နိုင်ငံတစ်ဝန်းသို့ ဆက်လက်ဖြန့်ဖြူးသည်။ ရှမ်းကြက်သွန်ဖြူများမှာ ရှမ်းပြည်နယ်နှင့် မန္တလေး၊ ရန်ကုန် စသော ဒေသ များကို ဖြန့်ဖြူးသည်။

ထို့ကြောင့် ပြည်တွင်း၌စိုက်ပျိုးသော သီးနှံဖြစ်၍ တောင်သူများ အကျိုးရှိရန် ပြည်ပမှ တင်သွင်းခွင့် မပြုသင့်ဟု ဆိုသူများ လည်းရှိသည်။ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရန် အတွက် ပြည်ပမှ တင်သွင်းသင့်သည်ဟု ဆိုသူများလည်းရှိသည်။

နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားမ၀င် ၀င်ရောက်နေသော ကြက်သွန်ဖြူများကို ယခုအခါ တရားဝင်သွင်းကုန်လိုင်စင် ခွင့်ပြု၍ တင်သွင်းခွင့်ပြုရန် ကြက်သွန်နီ/ဖြူ၊ စားဖိုဆောင်သီးနှံ အသင်းကို သဘောထားတောင်းခံထားသည်။ အသင်းက တရားဝင် တင်သွင်းခွင့်ပြုပါက အခွန်ကောက်ပြီး ပမာဏ ကန့်သတ်ရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရန် အကြံပြုထား သည်။

သို့သော် အဆိုပါအသင်းမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ နည်းပြီး ပွဲရုံပိုင်ရှင်နှင့် ကုန်သည်များသာ များပြားသည့်အတွက် အများစုမှာ တရုတ်ကြက်သွန်ဖြူ ဈေးကွက်လွှမ်းမိုးမှုကြောင့် ဆုံးရှုံးမှု ကိုယ်တိုင် ကြုံတွေ့မှု နည်းသည်။

အဓိကနစ်နာနေသည်မှာ တောင်သူများဖြစ်သည့်အတွက် စိုက်ပျိုးသူများ အရှုံးသက်သာရန် တရုတ်ကြက်သွန်ဖြူအ၀င်ကို ဖြစ်နိုင်ပါက တင်သွင်းခွင့်မပြုရန် (သို့ မဟုတ်) ပမာဏအနည်းငယ်ကိုသာ တင်သွင်းခွင့်ပြုသင့်ကြောင်း လုပ်ငန်းရှင်အချို့နှင့်တောင်သူများ ကပြောကြားသည်။

“ဘိုးဘွားလက်ထက်ကတည်းက မိုးဆိုစပါးစိုက်၊ ဆောင်းဆို မြေပဲစိုက်၊ ဆောင်းအကုန် ကြက်သွန်ဖြူစိုက် ဆိုတာ မိရိုးဖ လာစိုက်ပျိုးရေးပါ။ သက်တမ်းတစ်လျှောက် ကြက်သွန်ဖြူနဲ့ စားဝတ်နေရေး အဆင်ပြေလာတာ ကြာပါပြီ။ တရုတ်ကြက်သွန်ဖြူ တွေဝင်လို့ တောင်သူတွေရှုံးတယ် ဆိုပေမယ့် ပြည်တွင်းစားသုံးသူတွေ အနေနဲ့ မြန်မာကြက်သွန်ဖြူကို အားပေးနေတယ်ဆိုရင် ရှုံးတာ မြတ်တာထက် မိရိုးဖလာဆက်စိုက်နေဦးမှာပါ” ဟု ကိုလင်းစိုးက ဆိုသည်။ အလားတူ ကြက်သွန်ဖြူစိုက်ပြီး ကျပ်သိန်းနှစ်ဆယ် အရှုံးပေါ်နေသော အသက် ၃၇ နှစ်အရွယ် ကိုဝင်းမောင်တစ်ယောက်ကလည်း သူ၏အစီအစဉ်ကို အောက်ပါအတိုင်းပြောသည်။

“ပြည်ပကိုလည်း မြန်မာကြက်သွန်ဖြူတွေတင်ပို့ခွင့်ရမယ်ဆိုရင် ကြက်သွန်ဖြူဈေး ခေါင်းမော့လာနိုင်မယ်လို့ ထင်တယ်။ တောင်သူတွေ အားလုံးက ဈေးကွက်ဝယ်လိုအားနည်းလို့ဆိုပြီး ပြောင်းစိုက်မှာမဟုတ်ဘူး။ ကြက်သွန်ဖြူကို မိရိုးဖလာအနေနဲ့ စိုက်ကြဦးမယ်”။
 
From : 7Day News Journal

မဂ္ဂဇင်း တစ်အုပ် ဖတ်ရင်း ဒီအကြောင်း ကို စိတ်ဝင် စားမိလို့ google ကနေ ရှာပြီးဝေမျှ လိုက်တာပါ.. စာနည်း နည်းတော့ ရှည်ပေ မဲ့ စိတ်ဝင် စားဖို့ ကောင်း လို့ပါ...

Photo: The Bermuda Triangle 

(မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ဒီအကြောင်းကိုစိတ်ဝင်စားမိလို့ google ကနေ ရှာပြီးဝေမျှလိုက်တာပါ.. စာနည်းနည်းတော့ရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းလို့ပါ...)

Tuesday, 18 December 2012
ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ နေရာအကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေယာဉ် တွေအားလုံးနီးပါးဟာ ထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့ အတွက် မကောင်းဆိုးဝါ
း သေမင်းတြိဂံ ဆိုပြီးလည်း သမုတ်ခံထားရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာကို သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။

ဘာမြူဒါအတွင်း ပျောက်ဆုံးသွားတဲ့ သဘောင်္တွေ လေယာဉ်တွေထဲမှာ ဟိုးလေးတကြော် နာမယ်ကြီးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်..။ US ရဲ့ ဒုတိယသမ္မတဟောင်း Aaron Burr ရဲ့သမီးဖြစ်သူ Theodosia Burr Alston ဟာ South Carolina ကနေ New York မြို့ကို Patriol သဘောင်္နဲ့ လိုက်ပါလာရာမှာ ဘာမြူဒါတြိဂံ အတွင်းပျောက်ဆုံးသွားတယ် ဆိုပြီး လူတော်တော်များများက သဏ္ဍာရီသဖွယ် ပြောဆိုလေ့ရှိခဲ့တယ်..။ US ရေတပ်ကသဘောင်္တစ်ချို့ ဟာလည်း ဘာမြူဒါတြိဂံ ထဲဝင်ရောက်ပျောက်ကွယ် သွားခဲ့ဖူးတယ်..။ အဲ့ဒီထဲကမှ ဆုံးရှုံးမှု အကြီးမားဆုံးကတော့ 1918 ခုနှစ် မတ်လ 14 ရက်နေ့နောက်ပိုင်း သဘောင်္သား 309 ဦးပါဝင်တဲ့ USS Cyclops ပျောက်ဆုံးသွားမှုပဲဖြစ်တယ်..။ ဒါ့အပြင် US ရေတပ်ပိုင် Flight 19 ဟာလည်း 1945 ခုနှစ် ဒီဇင်ဘာ 5 ရက်နေ့မှာ အဲ့ဒီဘာမြူဒါ နားပျံသန်းရင်ပျောက်ဆုံးသွားခဲ့ပါတယ်..။ လေယာဉ် ကိုရှာဖွေဖို့ ထွက်ခွါသွားခဲ့တဲ့ လူ 13 ဦးပါ လေယာဉ်ဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်..။ Flight 19 ရဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့ စဉ်က “ကျနော်တို့ ဘယ်ကိုရောက်နေလဲ မသိတော့ပါဘူး” ဆိုပြီးနောက်ဆုံး အကြောင်းပြန်ခဲ့ပါသတဲ့..။ ဒီလိုနဲ့ ဘာမြူဒါတြိဂံ အတွင်း သဘောင်္၊ လေယာဉ်ပျောက်ဆုံးမှုတွေဟာ သတင်းဂျာနယ်တွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

1975 ခုနှစ်မှာတော့ Arisona Sble University မှ သုတေသနပညာရှင် စာကြည့်တိုက်မှုး Lawrence David Kusche ဟာ The Bermuda Triangle Mystrey Solved ဆိုတဲ့စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပြီး ဘာမြူဒါတြိဂံ ဖြစ်ရပ်တွေဟာ သဘာဝလွန် ဖြစ်ရပ်တွေမဟုတ်ပဲ ထူးခြားဆန်းကြယ်မှုတွေကို ယုံကြည်ချင်သူတွေရဲ့ ချဲ့ကားမှုသာဖြစ်တယ်..။ စာရေးဆရာတော်တော်များများဟာ ဂမ္ဘီရဆန်ဆန်ချဲ့ကားရေးလိုတာနဲ့ ပျောက်ဆုံးမှုတော်တော် များများဟာ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အချိန်မှာဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုထိန်ချန် ထားခဲ့ကြတယ်လို့ ရေးသားထားခဲ့ပါတယ်..။ ဒါပေမဲ့ ပြသနာက သူဘယ်လိုဖြေရှင်းချက် ထုတ်ထုတ်.. သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်တွေကို ယုံကြည်ချင်နေကြတဲ့ လူတွေရဲ့စိတ်ကြောင့် လို့ပဲဆိုရမလား.. ဘာမြူဒါတြိဂံ ဟာဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူတော်တော်များများက ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်...။

 Linn Khine.ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ နေရာ အကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ