Sunday, February 10, 2013

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်

ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိကအားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ် တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိက စီမံကိန်းတစ်ရပ်ဖြစ်သော e-Government ဖော်ဆောင်ရေးအတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ “အင်စတီကျူးရှင်းပိုင်း အားနည်းတာ၊ ဆိုက်ဘာမှုခင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ တွေ့ရတယ်။ အဲ့ဒါကို အစိုရ၊ ပညာရှင်နဲ့ မီဒီယာတွေ အပါအဝင် အားလုံး စုံစုံညီညီ ဆွေးနွေးအဖြေရှာဖိုပ လိုပါတယ်” ဟု Online လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ပြောကြားပြိး အဆိုပါ တိုက်ခိုက်မှုများမှာ စီအိုင်အေနှင့် ပင်တဂွန်ကဲ့သို့သော ကမ္ဘာကျော်ဌာနကြီးများပင် အဆက်မပြတ် ကြုံတွေ့နေရသော နည်းပညာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Eleven Media Group Website ကို Red-Army-Team အမည်ခံ ဟက်ကာများက ဇန်နဝါရီလအတွင်း တိုက်ခိုက်ခဲ့ပြီး The Voice Weekly၊ Eleven Media Group စသည့် သတင်းမီဒီယာများ၏ Facebook စာမျက်နှာနှင့် သမ္မတရုံး Website များကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထပ်မံတိုက်ခိုက် ခံခဲ့ရကြောင်း အဆိုပါ Website စာမျက်နှာများကို တာဝန်ယူထားသူများ၏ ပြောကြားချက် အရ သိရသည်။ “မီဒီယာတွေကို ဦးတည်တိုက်ခိုက်တာတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် မတိုက်အောင် လုပ်လို့မရဘူး။ အတိုက်မခံရအောင်ဘဲ ကိုယ့်ဘက်က ကာကွယ်ရမှာ” ဟု အိုင်တီပညာရှင် တစ်ဦးလည်းဖြစ်သူ ဘလော့ဂါ ကိုညီညီသံလွင်က ပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ Online စာမျက်နှာများကို တိုက်ခိုက်မှုများအတွက် ဆွေးနွေးရန် သတင်းကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိက အားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိကစီမံကိန်းတစ်ရပ်ဖြစ်သော

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

Written by Voice Saturday, 09 February 2013 12:34

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။

တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင် တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။

“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

Posted From General Knowledge
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်း အမျိုးသမီးတစ်ယောက်ကို တရုတ် ယွမ် ငွေ  နှစ်သောင်း ပေး ဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသား များသည် စီးပွာရေးမဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူ