Thursday, October 11, 2012

မုံရွာမြို့ပေါ်ရှိ အနှိပ်ခန်းနှင့်ကေတီဗွီများတွင် အမျိုးသမီးငယ်များဝင်ရောက်လုပ်ကိုင်လျက်ရှိ

ရောင်စုံမီးသီးများ ထွန်းညှိ၍ မော်ဒန်မြင့်ကားသစ်များ တန်းစီထိုးထားရာ မုံရွာမြို့ပေါ်ရှိ ကေတီဗွီများနှင့် အနှိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များ ၀င်ရောက်လုပ်ကိုင်လျက်ရှိကြောင်း အနှိပ်ခန်းတွင်ကိုယ်တိုင် သွား ရောက် အနား ယူခဲ့သူတစ်ဦးက ပြောပြသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်မည့် သတင်းစာရှင်းလင်းပွဲ မြ၀တီတွင် ပြုလုပ်မည်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဗဟိုဌာနချုပ်၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်စဲခံထားရသည့် ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူ တူးစေး ဖိုးက အောက်တိုဘာလ ၁၃ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံး၌ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ကျင်းပသွား မည်ဖြစ် သည်။တာဝန်မှ ရပ်စဲခံထားရသည့် ခေါင်းဆောင်များနှင့် ကေအဲန်ယူ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်အချို့က အဖွဲ့အတွင်း ညီညွှတ်ရေး ပြန်လ ည်ရရှိရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သတင်းစာရှင်း လင်းပွဲ ပြုလုပ်ရန် ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အမေစု ဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးရန်သုံးခွမြို့သွားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခုနှစ် ၊အောက်တိုဘာ (၁၁)ရက်နေ့ နံနက်(၉)နာရီ(၁၅)မိနစ်တွင်အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်သုံးခွမြို့နယ် ညီလာခံကျင်းပရေးကော်မရှ င်၊ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ဒေသဆိုင်ရာဖွံ့ဖြိုးရေး ကိစ္စများဆွေးနွေးရန် အတွက် သုံးခွမြို့သို့ရောက် ရှိခဲ့သည်။ ဥက္ကဌအားအဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ပြည်သူများ၊ အမေ့အိမ်ကျောင်းမှေ ကျာင်းသား၊ကျောင်းသူ များကကြိုဆိုနှုတ်ဆက်ကြ သည်။အမေ့အိမ်ေ ကျာင်းမှကျောင်းသား၊ကျောင်း သူများအားဥက္ကဌ ကနှုတ်ဆက

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်

နယူးဒေလီ (မဇ္ဈိမ) ။ ။၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက် ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ လိုက် သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပြင်ပေးရန် လွှတ်တော်တင်မည်

နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အား ပြန်လည် ပြင်ဆင်ပေးရန် အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်ပြောင်တင်းတင်းလူ့အခွင့်အရေးချိုးဖောက်နေမှု

KIA တပ်မဟာ(၅) မှ ဗိုလ်မှူး ခေါင်လွန်းမှ ခေါင်းဆောင်ပြီး KIA တပ်သား (၂၀) ဦးခန့် သည် အောက်တိုဘာ (၉) ရက်နေ့လည်ပိုင်းတွင် မြစ်ဆုံ အရှေ့ဘက် မေခမြစ်ကမ်းဘေးရှိ သဲဝိုင် အနီးတစ်ဝိုက်ရှိ တောင်ယာ လုပ်ကိုင်နေသူများနှင့် ရွှေကျင်နေသူများမှ စုစုပေါင်း(၂၁) ဦး အား လူသစ်အဖြစ်ဖမ်းဆီးသွားပြီး ထိုဖမ်းဆီးသွားသူများတွင် အမျိုးသမီး (၅) ဦးပါဝင်ကြောင်းသိရသည်။

မန္တလေးတွင် တရားဥပဒေစိုးမိုးရေးကို အာဏာပိုင်များ စွက်ဖက်ဟု ဆို

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဆန္ဒပြမှုများအပေါ် တရားစွဲမှု၊ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီးနောက် မန္တလေးတိုင်းတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေ သေးပြီး ဥပဒေပိုင်းတွင် အုပ်ချုပ်သူ အာဏာပိုင်များက ဝင်ရောက်စွက်ဖက် မှုများ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦးသိန်းညွန့် က ပြောဆိုလိုက်သည်။

KIA စစ်သားများကြောင့် သေဆုံးသွားတဲ့ အကိုအတွက် အရေးယူးပေးဖို့ သမ္မတကြီး ဦးသိန်းစိန်ထံသို့ တိုင်စာ


သေဆုံးသွားတဲ့ ကျွန်မအကိုအတွက်
အဖြစ်မှန်ပေါ်ပေါက်စေခြင်သည့် ရည်ရွယ်
ချက်ဖြင့် ကျွန်မသည် သမ္မထံတင်ပြ
ထားသော်လည်း ယခုအချိန်ထိ တစ်စုံ
တစ်ရော ပြောဆို ရာခြင်းမရှိသေးပါသဖြင့်
ရွှေမြန်မာမီဒီယာအနေဖြင့် တစ်ဆင့်ပြန်ကြားပေးစေလိုပါတယ်ရှင် ...

တရုတ်ပြည်မရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို

ထိုင်ဝမ်(တရုတ် တိုင်ပေ)အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင်
မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရ သည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ် က တည်း က ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခု လည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ် သည့်အတွက် ယခင်ကဲ့သို့တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ် သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက် လိုက်သည်။

ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်သူများ တရားရုံး ၁၀ ခုတွင် အမှုဖွင့်ခံထားရ

Peace-One-Day-5 ပြည်တွင်းစစ် ရပ်စဲရန် ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ပွဲအား ဦးဆောင်ခဲ့သူ လေးဦး ကို ရန်ကုန်တိုင်းအတွင်းရှိ ၁ဝ မြို့နယ်တရားရုံး များက တရားစွဲဆိုခြင်းသည် သမ္မတ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်  မကိုက်ညီကြောင်း တရားစွဲဆိုခြင်းခံထားရသူ ကိုမိုဃ်းသွေး က ပြော သည်။ ၎င်းမှာ အပြောနှင့် အလုပ် မညီသကဲ့ သို့ နိုင်ငံ တကာ တွင် မြန်မာနိုင်ငံကို သိက္ခာကျစေကြောင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

NLD အသက်မွေးဝမ်းကျောင်း ပညာ ကျောင်းများ ဖွင့်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လူငယ်များအတွက် အသက်မွေး ၀မ်းကျောင်းပညာသင်ကြားနိုင်ရန် မြို့နယ်၊ ဒေသများအလိုက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု သိရသည်။ထိုကျောင်း ဖွင့်ရသည့် အဓိကရည်ရွယ်ချက် သည် မျှော်လင့်ချက်ပျောက် နေသည့် လူငယ်များ၊ အလုပ်လက်မဲ့ ဖြစ်နေ သည့် လူငယ်များ မဖြစ်စေရန်၊ အသက်မွေးဝမ်းကျောင်း တခုအဖြစ် ရပ်တည်နိုင်စေရန် အတွက် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ရန်ကုန်တိုင်း သုံးခွ မြို့နယ် ပြည်သူများကို ယနေ့ ပြောကြားသည်။

မြန်မာ့အကြွေးများ ဂျပန် ကူရှင်းပေးမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အကြီးဆုံး မြီရှင်ကြီးများ ဖြစ်ကြသည့် ဂျပန်၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ် ADB တို့က ၎င်းတို့ ရရန်ရှိသည့် အကြွေးများကို လာမည့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရှင်းလင်းမည်ဟု သိရသည်။

မြန်မာက ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလာဒေခ်ျ့က ကယ်တင်

တက်ကနက် ချောင်းတွင် ဆိပ်ကပ်ထားသော
 စက်လှေများ
ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ကမ်းကပ်လာသူ  မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။
ငါဖမ်းစက်လှေ ၃၆ စီးနှင့် အတူ နတ်မြစ်ဝတွင် တည်ရှိသော စိန့်မာတင်ကျွန်း (အုန်းကျွန်း) အနီး ယမန်နေ့က ကမ်းကပ်လာစဉ် ဘင်္ဂလာဒေခ်ျ နယ်ခြား စောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်မှု ဗမာပြည် ကွန်မြူနစ် ပါတီ ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် နယ်ချဲ့များကို တွန်းလှန် တိုက်ခိုက် ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန် သွားသည့် အတွက် ဗမာပြည် ကွန်မြူနစ် ပါတီက ကြေညာချက် တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည်။

ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ် ပြင်းပါသော ငရုတ်ဆီထုပ်များ တွေ့

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့ရှိ လက်လီ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌ အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြု ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice Weekly သို့ ပြောကြားသည်။

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ

အုန်းဖျန်စခန်း ဒုက္ခသည်များ ရာသီဥတု ဆိုးရွားမှုဒဏ် ခံစားနေရ

DSC02866ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်းဒုက္ခသည်စခန်း တွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ကာ မိုးများ အဆက် မပြတ် ရွာသွန်း၍ လေပြင်းများ တိုက်ခတ်သည့်အပြင် မြူခိုးများ ထူထပ်စွာ ကျရောက်သဖြင့် ဒုက္ခသည်များ  ရာသီဥတုဒဏ် ဆိုးရွားစွာ ခံစားနေ ရသည်။

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး

တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ  ချစ်ကြည်ရေးခရီးသွားခဲ့တဲ့ သမ္မတ
ဦးသိန်းစိန်ဟာ ခရီးစဉ် အဆုံးသတ်ပြီး ဒီကနေ့ ညပိုင်းမှာ မြန်မာနိုင်ငံ ကို ပြန် လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

မောင်တောမြို့ရှိမီးလောင်ခံခဲ့ရသော ကျေးရွာများတွင် နေအိမ်တည်ဆောက်ရေး လုပ်ငန်းအချို့စတင်မှုမရှိသေး

မောင်တောမြို့နယ်အတွင်း မီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများမှ  နေအိမ်များကို အိုင်အင်ဂျီအိုများမှ  တည်ဆောက်ရန်ရှိသော်လည်း ယခုအချိန်ထိ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မှုမရှိသေးေ ကြာင်း၊ စည်ပင်သာယာရေးအဖွဲ့၊ယူအန်အိပ်ခ်ျ စီအာရ်နှင့် ကဲရ်မြန်မာ အဖွဲ့များမှ တာဝန်ယူတည်ဆောက်ပေးရန်ရှိကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေး ရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။