Monday, December 17, 2012

လူကုန်ကူးရန် အမျိုးသမီးငယ် နှစ်ဦး ခေါ်ဆောင်သူ ဖမ်းဆီးရမိ

Photo: လူကုန်ကူးရန် အမျိုးသမီးငယ် နှစ်ဦး ခေါ်ဆောင်သူ ဖမ်းဆီးရမိ
Monday, 17 December 2012

ရှမ်းပြည်နယ် တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာ တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ခွဲက တစ်ဖက် နိုင်ငံ တွင် ပြည့် တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် လိမ်လည်၍ အမျိုးသမီးများ ခေါ်ဆောင် ထားသူကို ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ မနန်းအို့ ၂၈ နှစ် (ဘ) ဦးအိုက်မွမ်း ဝမ်းနားရွာ မိုင်းဖုန်း(က) 
အုပ်စု တာချီလိတ်မြို့ နေသူသည် တစ်ဖက် နိုင်ငံရှိ ၎င်း၏ အစ်မဖြစ်သူ မနန်းအမ်ရှဲန် ပိုင်ဆိုင်သော စားသောက်ဆိုင် တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် အတွက် မနန်းဖောင်း ၁၆ နှစ် (ဘ) ဦးလုံးနန် ဝမ်မိုင်ရွာ မိုင်းခါအုပ်စု မိုင်းပေါက် မြို့နယ်ခွဲနှင့် မနန်းပျဲန်း ၁၅ နှစ် (ဘ)ဦးလုံးဆိုင် ဝမ်မိုင်ရွာ မိုင်းခါ အုပ်စု မိုင်းပေါက် မြို့နယ်ခွဲ နေသူ နှစ်ဦးအား လိမ်လည် သွေးဆောင် စည်းရုံးပြီး ခေါ်ဆောင် ထားသည်ကို သတင်း ရရှိ သဖြင့် လူကုန်ကူး (အထူး) အဖွဲ့မှ ခေါ်ယူ စစ်ဆေးရာ ၄င်းအမျိုးသမီး နှစ်ဦး အား ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သို့ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်
ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဝမ်ပုံ ရဲစခန်းမှ (ပ) ၁၄/ ၂ဝ၁၂ လူကုန်ကူး ၂၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။ 

မြ၀တီ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာ

ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်

Photo: ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးအချို့ပါဝင်
Monday, 17 December 2012

မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှုများတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံတစ်ချို့ထံမှ သိရသည်။

ယင်းသို့အကြမ်းဖက်မှုများတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ် စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်းစသည့် လုယက်မှုများ ဖြစ်ပြီး အသက် အန္တရယ် ရန်ရှာမှုများအထိရှိကြောင်း သိရသည်။

“မန္တလေးတောင်ခြေဘက်မှာညတစ်ခါတစ်ရံည၁၂နာရီကျော်၁နာရီလောက်
ဖြစ်တတ်တယ်။ တလောက ဆိုင်ကယ်စီးလာတဲ့လူကို ရိုက်ပြီး ဆိုင်ကယ် လုခံရတယ်။ မနက်၁နာရီကျော်လောက် ဈေးသွားရောင်းတဲ့ ဈေးသည်ဆီက ပိုက်ဆံအိတ်လည်း လုခံရတယ်လို့လည်း ကြားတယ်။ သူတို့တွေ တော်
တော် အတင့်ရဲလာပြီ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းသို့ အလားတူဖြစ်ရပ်များမှာ မန္တလေးမြို့ပြင်နှင့် တစ်ခြားနေရာတချို့ တွင် လူသူပျက်လပ်ပြီး ညဥ့်နက်သောအချိန်များ၌ ရံဖန်ရံခါ ဖြစ် တတ်ပြီး အကြမ်းဖက်လုယက်သူတို့သည် အဖွဲ့လိုက်လှုပ်ရှားကြောင်း ကြားသိရသည်။

“နိုဝင်ဘာ(၁၇)ရက်နေ့လောက်က မန္တလေးကနေ ပုသိမ်ကြီးကိုလာတဲ့ လူတစ်ယောက်ကို ဆိုင်ကယ်တားပြီး စီးလာတဲ့သူကို ဓားနဲ့ထိုးပြီး ဆိုင်ကယ် လုသွားတယ်။ လူကိုတော့ ဆေးရုံတင်ထားရတယ်။ ညအချိန်မတော် အပြင် မထွက်သင့်တော့ဘူး”ဟု ပုသိမ်ကြီးမြို့ခံတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ(၃၀)ရက် နေ့ညအချိန်၌ မန္တလေးပုသိမ်ကြီးကားလမ်းပေါ်တွင် ရပ်ထားသော ဆိုင်ကယ်အား အမျိုးသမီးတစ်ဦးက မောင်းယူထွက်ပြေး သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့ဖြစ်စဉ်များကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့များမှ ညကင်းလှည့်ခြင်း၊ မြို့အ၀င်အထွက်ယာဉ်များ စစ်ဆေးခြင်း၊ မသင်္ကာသူ များကို ခေါ်ယူစစ်ဆေးခြင်းများ စနစ်တကျပြုလုပ်နေကြောင်း လုယက်မှု ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။

မောင်ယဉ်ကျော်
The Myanma Age မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှု များတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရ သူ ဒေသခံတစ်ချို့ထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ဘိန်းခင်များ စတင်ဖျက်ဆီး

Photo: ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ဘိန်းခင်များ စတင်ဖျက်ဆီး
Monday, 17 December 2012

မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။

“တပ်မတော်က လုံခြုံရေး လိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့ စာရင်းကို တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။

မိုင်းဆတ် ခရိုင် အတွင်းရှိ ဘိန်းခင်းများကို မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ကာကွယ် တားဆီးရေး အဖွဲ့၊ ဌာနဆိုင်ရာ များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပါဝင်သော အဖွဲ့ ၁၂ဖွဲ့ဖြင့် သွားရောက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း၎င်းကရှင်းပြသည်။

ထော့ထမ်မိုင် ကျေးရွာမှ ဒေသခံ တစ်ဦးကမူ “ဒီနှစ်တော့ ဘိန်းအထွက် နည်းနိုင်တယ်။ မိုးရွာတော့ ဘိန်းခင်း တော်တော်များများ ပျက်စီး တယ်လို့ ကြားတယ်” ဟု ဆိုသည်။

မြန်မာ နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ် သည့် နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ရုံး၏ အစီရင် ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသ များမှာ ရှမ်းပြည်နယ် ၏ အရှေ့ပိုင်း၊ တောင်ပိုင်း ၊ မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဖြစ်ကြပြီး ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ် တွင် စိုက်ပျိုးခြင်း ဖြစ်သည်ဟုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မင်းဇော် (မိုင်းတုံ)
The Voice Weeklyမြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင်

မန်းတွင် ဥာဏ်တော်အမြင့်၃၉ပေခွဲရှိ ကျောက်စိမ်းစေတီတစ်ဆူ တည်ထားကိုးကွယ်သွားမည်

 
Photo: မန်းတွင် ဥာဏ်တော်အမြင့်၃၉ပေခွဲရှိ ကျောက်စိမ်းစေတီတစ်ဆူ တည်ထားကိုးကွယ်သွားမည်
Monday, 17 December 2012

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ဆင်ရွာမြင်းမူ ဒေသတွင်
ဥာဏ်တော်အမြင့်၃၉ပေခွဲရှိ ကျောက်စိမ်းစေတီတစ်ဆူ တည်ထားကိုးကွယ်သွားမည်ဟုသိရသည်။

ပန္နတင်အခမ်းအနားကို ဒီဇင်ဘာ၂၃ရက်တွင် ကျင်းပမည်ဟုသိရသည်။

slm
Popular Myanmar News Journal 
 
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ဆင်ရွာမြင်းမူ ဒေသတွင် ဥာဏ်တော်အမြင့် ၃၉ပေခွဲ

စစ်တွေ၌ ကျောက်စရစ် ဈေးကွက်အသစ်ရှာဖွေရန် လိုအပ်နေ

Photo: စစ်တွေ၌ ကျောက်စရစ် ဈေးကွက်အသစ်ရှာဖွေရန် လိုအပ်နေ
Monday, 17 December 2012

ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်း ၊စီမံကိန်းလုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ်ဖွံ့ဖြိုး လာသော်လည်း
ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်စရစ် ဈေးနှုန်းများမှာ ကျဆင်းနေကြောင်း သိရှိသည်။

စစ်တွေဆောက်လုပ်ရေးဈေးကွက်အတွင်းသို့  မြောက်ဦးမြို့နယ်
လေးမြို့ချောင်းနှင့် မြေပုံမြို့နယ် ကန်ထောင့်ကြီးဒေသများမှ
ကျောက်စရစ်များ အများဆုံးဝင်ရောက်လျက်ရှိသော်လည်း ကျောက်စရစ်
ဝင်ရောက်မှု ပမာဏမှာ လုပ်ငန်းသုံးလိုအပ်သော အတိုင်းအတာ ပမာဏထက် ၀င်ရောက်မှုပမာဏများပြားနေသည့်အတွက် ဈေးနှုန်း
ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ဒေသမှာတော့ တော်တော် အလုပ်ရှားတယ်။
ဒေသမှာရှိတဲ့အလုပ်ဆိုလို့ ကျောက်ထုတ်၊ ၀ါးခုတ်အလုပ်ပဲရှိတာ။ ဒီနှစ်ဇွန်လ ပိုင်းလောက်မှစပြီး ၀ါးဈေးကျဆင်းလာလို့ ၀ါးခုတ်လုပ်ငန်း
ရှင်တွေကကျောက်ထုတ်လုပ်ငန်းဘက်ကို ရွှေ့ပြောင်း လာတော့
ကျောက်ထွက်ရှိမှု များလာတာပါ၊ ကျောက်ကဈေး မရပေမယ့် ၀ါးခုတ်တာထက်စာရင် ခံသာပါတယ်” ဟု လေးမြို့ချောင်း ဒေသမှ
ကျောက်ထုတ်လုပ်ငန်းရှင် ဦးမောင်စောဝေက ပြောသည်။

လေးမြို့ ၊ ကန်းထောင့်ကြီးဒေသမှ စစ်တွေဈေးကွက်သို့ နေ့စဉ် စက်လှေတစ်စီးလျင် ကျောက်ကျင်း ရေ(၃၀)မှ (၄၀)ဆံ့ တင်ဆောင်နိုင်
သည့် ကျောက်တင်ဘုတ်အစီးရေ(၇)စီးမှ (၁၀)စီးအထိဝင်ရောက်လျှက်ရှိပြီး စစ်တွေဆောက်လုပ်ရေးဈေးကွက် အတွင်း နေ့စဉ် ကျောက်ကျင်းရေ (၁၀၀)မှ (၁၅၀) အတွင်း သုံးစွဲရန်သာ လိုအပ်ကြောင်း သိရသည်။

 “မိုးတွင်းကာလ ဇွန်လဆန်းပိုင်းမှ အောက်တိုဘာလလယ်ပိုင်းထိ တစ်ကျင်းနှုန်းကို အသင့်သုံး(ရှယ်) (၃၂၀၀၀)ကျပ်နှင့် ဆိုက်ရောပါ တစ်ကျင်း(၂၀၀၀၀)၀န်းကျင်အထိ ဈေးသေနေခဲ့တာပါ။ ဒီလိုဈေး မတက်တာက ၀င်ရောက်မှု ပမာဏများပြီး ၀ယ်သူနည်းတာကြောင့် လို့ ထင်ပါတယ်”ဟု  စစ်တွေမှ ကျောက်စရစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကျောက်စရစ်ဈေးနှုန်းများအနေဖြင့် လွန်ခဲ့သည့်နှစ်ဆန်းပိုင်း ဇန်န၀ါရီလမှ
မေလထိ တစ်ကျင်းလျှင် ကျပ် (၄၀၀၀၀)ကျပ်မှ (၄၅၀၀၀)၀န်းကျင်
အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

“ဒီနှစ်တောာ့ အရင်နှစ်ကထက် နေအိမ် အဆောက်အဦးတည်ဆောက်မှု များလာပါတယ်။ အချို့ဆို မိုးတွင်းကာလလောက်ပဲ ရပ်နာပြီး အခုအချိန်မှာ အရှိန်အဟုန်မြင့် တည်ဆောက်နေကြပါပြီ။ ဒါပေမဲ့ ကျောက်စရစ် ဈေးနှုန်းက အရင်နှစ်ကထက် တစ်ကျင်းကို တစ်သောင်းဝန်းကျင်အထိ အနိမ့်ဈေးနဲ့ ၀ယ်သုံးနေကြရတယ်” ဟု ကန်ထရိုက်တာ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပိုလျှံနေသည့် ကျောက်စရစ်ဈေးကွက်အတွက် အနီးအနား ၀န်းကျင်ရှိ ဈေးကွက်အသစ်တစ်ခု ရှာဖွေရန်လိုအပ်နေပြီဖြစ်ကြောင်းကိုလည်း
မြို့ခံအချို့က သုံးသပ်ကြသည်။

အာရကန်ကိုကို (မြစ်မခ)
Myit Makha Mediagroup ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ အဆောက်အဦးဆောက်လုပ်ရေး လုပ်ငန်း ၊စီမံကိန်းလုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ်ဖွံ့ဖြိုး လာသော်

Australia နိုင်ငံ Curtin တက္ကသိုလ် မှပေးအပ်ချီးမြှင့်သည့်ပညာသင် ထူးချွန်ဆု မြန်မာကျောင်းသူတစ်ဦးရရှိ

Photo: Australia နိုင်ငံ Curtin တက္ကသိုလ် မှပေးအပ်ချီးမြှင့်သည့်ပညာသင်
ထူးချွန်ဆု မြန်မာကျောင်းသူတစ်ဦးရရှိ
Monday, 17 December 2012

၂၀၁၃ ကျောင်းဖွင့်ချိန်အတွက် Curtin University Sydney(CUS) မှရွေးချယ်ပေးအပ်သောပညာသင်ဆုကိုမြန်မာကျောင်းသူတစ်ဦး နှင့်
တရုတ်နိုင်ငံမှကျောင်းသားကျောင်းသူ(၂)ဦးတို့ရရှိသွားကြောင်းသိရသည်။

ပညာသင်ဆုရရှိသူမြန်မာကျောင်းသူမဇူးဇူးထွန်းသည် AT&S Co.,Ltd ၏စီစဉ်ပေးမှုဖြင့် Bachelor of Business Administration
ဘွဲ့ဒီဂရီတန်းအား Curtin University Sydney တွင်တက်ရောက်
နေသူဖြစ်ပြီးအဆိုပါပညာ သင်ဆုရရှိထားသူများမှာပညာရည်ထူးချွန်မှု၊
ကျောင်းတွင်းဘက်စုံလှုပ်ရှားမှုများတွင်ပါဝင်ထူးချွန်မှုများပေါ်တွင်
မှုတည်၍ရွေးချယ်ခံထားရသူများဖြစ်ကြောင်း လည်းသိရသည်။

Curtin University သည် Australia နိုင်ငံ၏Sydney, နှင့်Perthမြို့များတွင်
လည်းကောင်းမလေးရှားအရှေ့ပိုင်းရှိSarawak နှင့်Singapore နိုင်ငံ
တို့တွင်လည်းကောင်း Campusများဖွင့်လှစ်ကာပြည်တွင်း၊ပြည်ပ
ကျောင်းသား၊ကျောင်းသူများအားသင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။

၀၅၁
Popular Myanmar News Journal ၂၀၁၃ ကျောင်းဖွင့်ချိန်အတွက် Curtin University Sydney(CUS) မှရွေးချယ်ပေးအပ်သောပညာသင်ဆုကိုမြန်မာကျောင်းသူတစ်ဦး နှင့်

မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ၂၂၀ ပြင်ဆင်မည်


Photo: မန္တလေး - မြစ်ကြီးနား မီးရထား လမ်း မိုင် ၂၂၀ ပြင်ဆင်မည်
Monday, 17 December 2012

မကြာခဏ မိုင်း ပေါက်ကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း၂၂၀ကို ပြင်ဆင်မှုများစတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။

တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး၁၁၀၀၀ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။

ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍
ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

The Voice Weekly မကြာခဏ မိုင်း ပေါက်ကွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် မိုင်ပေါင်း၂၂၀ကို ပြင်ဆင်မှုများ

"ယခုနှစ်အကယ်ဒမီ ပေးပွဲ အချိန် စောပြီး ပြုလုပ်မည်"

Photo: "ယခုနှစ်အကယ်ဒမီ ပေးပွဲ အချိန် စောပြီး ပြုလုပ်မည်"
Monday, 17 December 2012

၂ဝ၁၁ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃ဝရက်နေ့၊ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ် မှာဖြစ်ပါ တယ်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေး ပွဲကို ရန်ကုန်မြို့မှာ ကျင်းပ ရာမှ၂ဝဝ၇ ခုနှစ်မှ စတင်ပြီး နေပြည်တော်မှာကျင်း ပခဲ့ရာ ယခု၂ဝ၁၂ ခုနှစ်မှာတော့ ရန်ကုန်မြို့မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲ အတွက် ရန်ကုန်မှာ ပြောင်းလဲ ကျင်းပသလို၊ ပွဲချိန်ကို လည်း ပြင်ဆင်ပြောင်းလဲ ကျင်းပဖြစ်မယ်လို့ သိရတာကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းကိုမေးကြည့်တော့ “အကယ်ဒမီပွဲချိန်ကိုစောပြီး ကျင်းပဖို့ စီစဉ် ထားတယ်။ ပြည်သူ ပရိသတ်တွေကို လည်းLive လွှင့်တာကိုပဲ ကြည့်စေချင်တယ်။ အရင်နှစ်တွေ ဆို ဘယ်လောက် ပဲ အကယ်ဒမီပေးပွဲ လုပ်လုပ် သတင်းလာတဲ့အချိန် ဆို ဖြတ်သွားရော၊ ပြီးတော့မှ ပြန်လွှင့်ဖြစ်နေတာလေ။ အဲဒါ ကြောင့် အကယ်ဒမီ ပေးပွဲအချိန် ကို စောပြီး ကျင်းပဖြစ်တာ။ ပွဲချိန်က၃ နာရီ ခွဲလောက်က စမယ်လို့ မှန်းထားတယ်။ ဖျော်ဖြေရေးတွေ လည်းရှိသေး တယ်။ ညနေစောစောစမယ်။သတင်း မကြေညာခင်မှာ အကယ်ဒမီ စာရင်း ကြေညာ အပြီးပေါ့။ စီစဉ်တင်ဆက်တဲ့ အပိုင်းကို မြန်မာ့ရုပ်ရှင် လုပ်ငန်းကပဲ လုပ်တာပါ။ နှစ်တိုင်းက အကယ်ဒမီ ပွဲချိန်ကကြာတော့ ပွဲထဲမှာ ရေဆာတာ၊ ဗိုက်ဆာတာတွေရှိတယ်။ အကျွေးအမွေး စီစဉ် ဖို့၊ ဖျော်ဖြေရေးအပိုင်း ကိုလူရွေးဖို့၊ ပွဲကျင်းပချိန် ရှေ့တိုးဖို့ကို ဆွေးနွေးဖြစ် ခဲ့တယ်” လို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Academy၂ဝ၁၁ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃ဝရက်နေ့၊ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ပြုလုပ် မှာဖြစ်ပါ

သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

Photo: သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး  
Monday, 17 December 2012

သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရန်အတွက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည်
မြန်မာနိုင်ငံ ထားဝယ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြောင်း သိရသည်။ သမ္မ္မတ ဦးသိန်းစိန်သည်လည်း မော်လမြိုင်မြို့မှတစ်ဆင့် ထားဝယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်
ရှင်နာဝပ်တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံရာ၌ ထားဝယ်ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ၌
နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီ လမ်းပိုင်း၊ ကလုံးထာ ရေကာတာစီမံကိန်းတို့အား သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို ငှားရမ်းထားပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ EIA ထွက်ရှိနိုင်ရန် ပြင်ဆင်နေသည်။

စီမံကိန်း၏ ကနဦး စက်မှုအိမ်ယာစီမံကိန်း တည်ဆောက်မှုမှာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး စီမံကိန်း၏ ပထမဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်  စီမံကိန်းကြီးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ စက်ရုံများ၊ ရေနံဓါတု စက်ရုံများ၊ သံမဏိ စက်ရုံများ၊ အလတ်စားနှင့်
အသေးစား စက်မှုလုပ်ငန်းများ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ဆက်သွယ်မည့် ကားလမ်းသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီအနီးရှိ ဖူနမ်ရွန် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းနှင့် ဆက်သွယ်မည်ဟု သိရသည်။ အဆိုပါလမ်းပိုင်း ကနဦးတည်ဆောက်မှုကို ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို EIA ပြုလုပ်ရာတွင် ထိုင်းနိုင်ငံမှ အဖွဲ့အစည်းသုံးခုကို အပိုင်းလိုက် ငှားရမ်းထားပြီး ရေနက်ဆိပ်ကမ်းကို Team Engineering Group ၊ မြန်မာ နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့် ထားဝယ်-ကန်ချနဘူရီ လမ်းပိုင်းကို ချူလာလောင်ကွန်းတက္ကသိုလ်မှ Enviroment Research Institute၊ ကလုံးထာရေကာတာ စီမံကိန်းကို Pamya Consultant တို့ကို ငှားရမ်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင်
ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊
တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ
 ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာ
ဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသန ဖွံ့ဖြိုး
တိုးတက်ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်း ဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှု ဇုန်များနှင့် အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အီတာလျံ-ထိုင်း
ကုမ္ပဏီမှာ ငွေကြေးမလုံလောက်သဖြင့် ထိုင်းအစိုးရမှ ၀င်ရောက်
ကူညီပေးထားရသည်ဟု သိရသည်။ သို့သော် ထိုင်းအစိုးရမှ ၀င်ရောက်ကူညီပေးထားသည့် ငွေမှာ နည်းလွန်းနေသဖြင့် ငွေကြေး
ပမာဏ ထပ်မံလိုအပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင်

ရိုးသားသောယာဉ်မောင်းများ

Photo: ရိုးသားသောယာဉ်မောင်းများ
Monday, 17 December 2012

သြစတြီးယားနိုင်ငံမှဘတ်စ် ကား ယာဉ်မောင်းဝုဖ်ဂန်းသည် သူ၏
ဘတ်စ်ကားနောက်ဘက်တွင် မမျှော်လင့်ဘဲ အိတ်တစ်လုံးကို တွေ့ရှိခဲ့ရပြီး ထိုအိတ်တွင်း၌ ယူရိုငွေ သုံးသိန်းကိုးသောင်း (အမေရိကန်ဒေါ်လာ ငါးသိန်း တစ်သောင်းနီးပါး)ပါရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဝုဖ်ဂန်းသည် ရိုးသားသူတစ် ယောက်ဖြစ်သည့်အားလျော်စွာ ထိုငွေများအား ဒေသခံရဲစခန်း သို့သွားရောက်အပ်နှံခဲ့သည်။ ထိုနောက်တွင်မှ ထိုငွေများသည် အမျိုးသမီးကြီးတစ်ဦးက ပိုင် ဆိုင်ပြီး သူမ၏တစ်သက်တာစုငွေများအားထုတ်ယူလာခြင်း ဖြစ်ကြောင်းသိခဲ့ရသည်။
လူအများက ဤမျှ လောက်များပြားသောငွေများကို အငှားကားဖြင့်
ယူဆောင်သွားလျှင် ဤသို့သောဖြစ်ရပ်မျိုးမဖြစ်နိုင်ဟု ယူဆကြပေလိမ့်မည်။ သို့ရာတွင် အငှားကားဖြင့်သွားရာတွင်လည်း အလား တူဖြစ်ရပ်မျိုးဖြစ်ပေါ် ခဲ့သည့်သာဓကများရှိနေသည်။

ယမန်နှစ်စောစောပိုင်းက အမေရိကန်ပြည်ထောင်စု၊ လပ်စ်ဗီးဂပ်စ်မြို့ရှိ အငှားယာဉ်မောင်း အဒမ်ဝိုဒါမာရင်းသည် သူ၏ကား ပေါ်တွင်ကျန်ရစ်ခဲ့သည့် လက်ပ် တော့အိတ်အတွင်း၌ ဒေါ်လာနှစ်သိန်းနှစ်သောင်းတစ်ထောင် ငါး ရာတစ်ဆယ် ထည့်ထားသည်ကို တွေ့ရှိခဲ့ရသည်။ 

အဒမ်က ထိုငွေ များအား အငှားယာဉ်ကုမ္ပဏီ၏ လုံခြုံရေးရုံးသို့
အပ်နှံခဲ့သဖြင့် ပိုင်ရှင်က ၎င်းအားဆုငွေဒေါ်လာ နှစ်ထောင် ချီးမြှင့်ခဲ့သည်။
ယခင်လကလည်း စင်ကာပူ နိုင်ငံမှ အငှားယာဉ်မောင်းတစ် ဦးသည် ဒေါ်လာကိုးသိန်းကျော် ပါရှိသည့်အိတ်တစ်လုံးကို တွေ့ ရှိ ခဲ့ကြရသည်။ ၎င်းအား သတင်း စာက လူတွေ့မေးမြန်းသောအခါ ၎င်းအနေနှင့်ထိုငွေများကိုယူထား ရန် မည်သည့်အခါကမျှ စိတ်ကူး မရှိခဲ့ကြောင်း၊ ထိုငွေများသည် ၎င်းပိုင်ငွေများမဟုတ်ကြောင်း၊
ငွေကြေးသည်၎င်းအတွက်အရေး မကြီးကြောင်းပြောကြားခဲ့သည်။ ၎င်းသည်လည်း ပိုင်ရှင်ထံမှအရေ အတွက်ဖော်ပြထားခြင်းမရှိသော ဆုငွေကိုရရှိခဲ့သည်။   

Source:Yahoo! News
ဥက္ကာအောင်
The Hot Newsသြစတြီးယားနိုင်ငံမှဘတ်စ် ကား ယာဉ်မောင်းဝုဖ်ဂန်းသည် သူ၏  ဘတ်စ် ကားနောက်ဘက်တွင် မမျှော်လင့်ဘဲ အိတ်တစ်လုံး

တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီး သွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိ

Photo: တောင်ငူခရိုင်၊ ထန်းတပင်ကျေးရွာတွင် ၀ါတော် ၇၅ ၀ါရှိ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်ပေါင်း ၄၆ ရက်ရှိပြီ ဖြစ်သော်လည်း ပုပ်ပွပျက်စီး
သွားခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွားသကဲ့သို့
ဖြစ်ပေါ်လျက်ရှိ   
Monday, 17 December 2012

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ သိမ်ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တ အာဒိစ္စ၀ံသ၊ သက်တော် (၉၅) နှစ်၊ ၀ါတော် ၇၅ ၀ါသည်  ပျံလွန်တော်မူသွားသည်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက် ရှိလာသော်လည်း ရုပ်ကလာပ်မှာ ပုပ်ပွပျက်စီးခြင်း မရှိဘဲ ခန္ဓာကိုယ်အနှံ့ ကျောက်ဖြစ်သွား သကဲ့သို့ ရုပ်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ဆရာတော်ဘုရာကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မိနစ်တွင် တောင်ငူမြို့
ကေတုအထူးကုဆေးခန်းတွင် ပျံလွန်တော်မူသွားခဲ့ပြီး ရုပ်ကလာပ်အား သီတင်းသုံးတော်မူရာ သိမ်ကျောင်းတိုက်တွင် ထားရှိပါ သည်။ 

ရုပ်ကလာပ်အား သင်္ဂြိုဟ်မည့် ရက်ကာလတွင် ဆရာတော်၏ ဘယ်ဘက်မျက်လုံးတော်ဘက်မှ မှိုကဲ့သို့သော ပွင့်ဖတ်ဖြူဖြူပုံစံများ
ပေါ်ပေါက်နေသည်ကို သတိထားမိရာမှ သိမ်ကျောင်းဂေါပက လူကြီးများနှင့် ရွာသူရွာသားများက မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌထံသို့ တင်ပြ
လျှောက်ထားကြပြီး ရုပ်ကလာပ်ခန္ဓာကိုယ်အား ဆေးထိုးထားခြင်း မရှိကြောင်းနှင့် ရွာသူရွာသားများကလည်း မီးသင်္ဂြိုဟ်ရန် ဆန္ဒမရှိသေးဘဲ ရုပ်ကလာပ်အား ဆက်လက်ထားရှိရန် ခွင့်ပန်ကြသဖြင့် ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ခြင်းမရှိပဲ မှန်းခေါင်းအတွင်း ထားရှိရာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရက်ပေါင်း ၄၆ ရက်ရှိပြီဖြစ်ကြောင်း ကြိမ်တောမြောင်
သိမ်ကျောင်း ဂေါပကအဖွဲ့ဝင် ဦးချစ်လှိုင်က ပြောကြားသည်။

“သင်္ဂြိုဟ်မယ့်နေ့က ရုပ်ကလာပ်ကို မယူလိုက်တော့ ခန္ဓာကိုယ်က
ပျော့ပျောင်းနေတယ်၊ အေးပြီးတောင့်နေတာမျိုး မရှိဘူး၊ ၁၅ ရက်
လောက်ကြာပြီး ခန္ဓာက သိသိသာသာ ရုပ်ပြောင်းလဲလာတဲ့ အချိန်မှာ ကိုင်ကြည့်တော့ ကျောက်ဖြစ်သွားသလို မာတောင့်နေတယ်။ အနံ့အသက်လည်း လုံးဝမထွက်ပါဘူး” ဟု ဆရာတော်၏ ခန္ဓာကို ကိုယ်တိုင်မယူ ထိတွေ့ခဲ့ သူ ကိုမောင်မောင်းစိန်က ပြောကြားသည်။

ဆရာတော်ဘုရားကြီးသည် ကြိမ်တောမြောင်ကျေးရွာနေ ခမည်းတော်
ဦးခိုင်လေး၊ မယ်တော်ဒေါ်ထွေးညိုတို့မှ ဖွားမြင်ကာ မွေးချင်း ၇ ယောက်အနက် သုံးယောက်မြောက် သားဖြစ်ပြီး ငယ်နာမည်မှာ
မောင်ဟန်တင်ဖြစ်သည်။ ဖူးမြော်ကြည်ညိုလိုပါက တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့စိုးမြစ်ဆိပ်သို့သွားရာ အရှေ့ဘက်
ကျောက်လမ်းကြမ်းအတိုင်း ၄ မိုင်ခန့်၊ စစ်တောင်းမြစ်အနီး မြစ်ကမ်းပါး
အတိုင်း တောင်ဘက် တောင်သာရွာသို့ ဆိုင်ကယ်ဖြင့် ၂၅ မိနစ်ခန့်
မောင်းနှင်ရပြီး ထိုမှမြစ်ကို စက်လှေဖြင့်ကူးကာ တောင်ဘက်သို့ ငါးမိနစ်ခန့် ဆိုင်ကယ်မောင်းလျှင် ဆရာတော်ကြီး၏ ရုပ်ကလာပ်ရှိရာ ကြိမ်တောမြောင်
ကျေးရွာ သိမ်ကျောင်းတော်သို့ ရောက်ရှိကြောင်း သိရှိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)
Eleven Media Groupပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင် ကျေးရွာအုပ်စု၊ ကြိမ်တောမြောင် ကျေးရွာရှိ

ရွှေတိဂုံဘုရားအား အများပြည်သူမြင်ကွင်းမှ ကွယ်သွားစေမည့် အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်ခြင်း မပြုရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သတိပေး

ရန်ကုန်ဆိပ်ကမ်း တစ်လျှောက်အဆင့်မြှင့်တင်ရာတွင် ရွှေတိဂုံ ဘုရားအား အများပြည်သူမြင်ကွင်းမှ ကွယ်သွားစေမည့်အထပ်မြင့်

ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ချောင်းရေကြောင့်သေဆုံး

လက်ပံတောင်းတောင် ကြေး နီစီမံကိန်းဧရိယာအတွင်းတွင်ရှိ နေသော  ရွာများရှိ ချောင်းရေ များတွင်အဆိပ်သင့်နေသော ကြောင့် ထိုရေ

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့်

Photo: မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့်
Monday, 17 December 2012

မြန်မာနှင့် အိန္ဒိယ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ကုန်ပစ္စည်း စာရင်းသစ် များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း တိုးမြှင့်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

ပျမ်းမျှအားဖြင့် တမူးနယ်စပ် မှတစ်ဆင့် အိန္ဒိယ နိုင်ငံသို့ ကွမ်းသီး၊ ချင်းပဲ (ပဲယင်း)၊ ရာသီသီးနှံ၊ ပန်းသီး၊ သရက်သီး၊ ကုလားပဲလုံးဝါ၊ မတ်ပဲ၊ ငရုတ်သီးခြောက်၊ နမ့်ဖာလုံ ကုန်စုံများကို တင်ပို့လျက် ရှိပြီး 
အိန္ဒိယ နိုင်ငံမှ ပရဆေး ကုန်ကြမ်း၊ ဆောင်းမေခါး၊ တောင်လုံးကျော်၊ ဇာတိဖိုလ်သီး၊ မင်သော်၊ ရှိန်းခို၊ ဟင်းရိုင်းဖြူ၊ ကတ္တရာ သင်္ချေ၊ အုန်းဆီ၊ စပျစ်သီးခြောက်၊ Bentnovate-N ယားနာ ပျောက်ဆေးနှင့် Transit Trade ကုန်များ တင်သွင်းလျက် ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ ရရှိသော စာရင်းများ အရ သိရသည်။

တမူး နယ်စပ်မှ အသစ်ထပ်မံ ကုန်သွယ်မှု ပြုသည့် စာရင်း၌ ဆန်၊ ဆေး၊ ဂျုံနှင့် မော်တော်ယာဉ် အစရှိသည့် အမယ်များ ပါဝင်ကြောင်း သိရသည်။ ''ဆန်နဲ့ဂျုံ ပို့ကုန်၊ သွင်းကုန်ကတော့ နောက်ဆုံး ညှိနှိုင်း လိုက်တာ
ဖြစ်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့် ခဲ့ခြင်းကြောင့် ယခင် ကုန်ပစ္စည်း ၄ဝ မျိုးသာ ကုန်သွယ်မှု ပြုလုပ်ခြင်းမှ လက်ရှိ အချိန်တွင် ကုန်ပစ္စည်း အမျိုးပေါင်း ၆ဝ ကျော် အထိ ကုန်သွယ်မှု
ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေး နှစ်၌ မြန်မာ- အိန္ဒိယ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁ဝဝဝ ကျော်ရှိပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး
နှစ်၌မူ အမေရိကန် ဒေါ်လာ သန်း ၁၃ဝဝ ကျော်ခန့်သို့ မြင့်တက် လာကြောင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် (စက်တင်ဘာ လအထိ)
မြန်မာ- အိန္ဒိယ နိုင်ငံမှာ အမေရိကန် ဒေါ်လာသန်း ၆၅ဝ ကျော် ကုန်သွယ်မှု ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာနှင့် အိန္ဒိယ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ကုန်ပစ္စည်း စာရင်းသစ် များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း တိုးမြှင့်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ရဲလက်မှထွက်ပြေး

 ခိုးမှု ၂၆ မှု ကျူးလွန်ထားသည့် ဖောက်ထွင်း ဝိဇ္ဇာသုံးဦးရဲစခန်းမို့ကို တိုက်ကြီးမြို့နယ် တွင် အောက်တိုဘာလ၂၅ ရက်နေ့ ည ၁ဝ နာရီ အချိန်ကဖမ်းဆီး ရမိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ်ပြုမူ လုပ်ဆောင်နေတဲ့ အရေး

မင်ဒဲလား ဆေးရုံတက်ရောက်မှု ကိုးရက်မြောက်အထိရှိလာ

Photo: မင်ဒဲလား ဆေးရုံတက်ရောက်မှု ကိုးရက်မြောက်အထိရှိလာ  
Monday, 17 December 2012 

တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ်တစ်ခုဖြစ်သော သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ကျန်းမာရေး
ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သော်လည်း ဆေးရုံတက်ရောက်မှုသည် ဒီဇင်ဘာလ ၁၆ ရက်တွင် ကိုးရက်မြောက်အထိ ရောက်ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် မည်သည့်နေရာတွင် မင်ဒဲလားရောက်နေသည် ဆိုခြင်းကို လွဲမှားရှုပ်ထွေးစေသော အစီရင်ခံစာများ ထုတ်ပြန်နေမှုအတွက် South Africa National Editors' Forum က ဒီဇင်ဘာလ ၁၅ ရက်တွင် အစိုးရအပေါ် ဝေဖန်သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အသက် ၉၄ နှစ်ရှိ မင်ဒဲလားသည် မြို့တော်အနီး ပရက်တိုရီးယားရှိ ဆေးရုံတစ်ရုံတွင် ဒီဇင်ဘာလ ၈ ရက်၌ ဆေးစစ်မှုပြုလုပ်ရန်အတွက် တက်ရောက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မင်ဒဲလားသည် ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော အဆုတ်တွင်း ပိုးကူးစက်မှုမျိုး ပြန်လည်ဖြစ်ပွားနေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်း အစိုးရတာဝန်ရှိသူများကိုယ်တိုင် မင်ဒဲလား မည်သည့်နေရာတွင် ကုသမှု ခံယူနေသည်ဆိုခြင်းကို အတိအကျ သိရှိပုံမရကြောင်း ပေါ်လွင်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Nosiviwe Mapisa Nqakula က သူသည် မင်ဒဲလား တက်ရောက်နေသော 1 Military Hospital သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့ပြီးနောက် ဒေသခံသတင်းထောက်များက ယင်းဆေးရုံတွင် မင်ဒဲလား မရှိကြောင်း ဒီဇင်ဘာလ ၁၃ ရက်တွင် ဖော်ထုတ်ရေးသားခဲ့သည်။ ယင်းသတင်းများကို သမ္မတဂျက်ကော့ဇူးမား၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ မှတ်ချက်မပေးခဲ့ပေ။

မင်ဒဲလား မည်သည့်နေရာတွင် ရောက်နေကြောင်းကို အစိုးရက အတိအကျ မထုတ်ပြန်သဖြင့် တောင်အာဖရိကရှိ ပြည်သူသန်း ၅၀ အကြား စိုးရိမ်မှု မြင့်တက်လာခဲ့ပြီး ကောလာဟလများ ပျံ့နှံ့ခဲ့သည်။

Ref:AP
Eleven Media Groupတောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ် တစ် ခုဖြစ်သော သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ကျန်း

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၂ ခုနှစ် အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် စထရိတ်စ် တိုင်းမ်စ် သတင်းစာက ရွေးချယ်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား စထရိတ်စ် တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန်ထင်ရှား အာရှသားအဖြစ် ရွေးချယ် လိုက်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြောင်းလဲ မှုများကို ရှေ့တန်းမှ ဦးဆောင်သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံ အများစု၏ ရှုမြင် သုံးသပ်မှု များကို အပြောင်း အလဲ ဖြစ်စေ ခဲ့သော ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ထိုပြောင်းလဲမှု များ၏ အကျိုးရလဒ် များသည် ကမ္ဘာ တစ်ဝန်းလုံးကို အံ့အားသင့် စေခဲ့ပြီး သမ္မတ ဦးသိန်းစိန်၏ ရိုးသားမှု များကို ဒေါ်အောင်ဆန်း စုကြည်၏ အသိ အမှတ်ပြု ထောက်ခံမှု များကိုပင် ရရှိခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် အမတ်အဖြစ် ဝင်ရောက် ရွေးချယ် ခံစေရန်၊ အနောက် နိုင်ငံများ၏ ပိတ်ဆို့ အရေးယူ မှုများကို ဖယ်ရှား စေရန်နှင့် ကမ္ဘာ တစ်ဝန်းမှ ရင်းနှီး မြှုပ်နှံ သူများက မြန်မာ နိုင် ငံ ကို ပိုမို စိတ်ဝင်စား စေရန်လည်း စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ စွမ်းဆောင်ချက် များသည် မြန်မာနိုင်ငံ အတွက် မဟာဗျူဟာ အခွင့်အလမ်း သစ်များကို ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှအတွက် သာမက ထို့ထက် ကျယ်ပြန့်သော အာရှတိုက် တစ်ဝန်းကို ကောင်းကျိုး သက်ရောက် စေနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ သဘာဝ သယံဇာတ ကြွယ်ဝ သော်လည်း စီးပွားရေးတွင် နောက်ကျ ခဲ့ရသော သန်းချီသည့် မြန်မာ လူထု ကို ဆင်းရဲ နွမ်းပါးမှုမှ ဆွဲတင် နိုင်စေမည့် အခွင့် အရေးကို ဖန်တီး ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ''ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ နိုင်ငံဟာ သတင်းတွေ ထဲမှာ ပြန်ပါ လာပါ တယ်။ ဒီတစ်ခါတော့ ကောင်းသတင်း တွေပေါ့။ သူ့ရဲ့ ရဲရင့် ပြတ်သားတဲ့ လုပ်ရပ်တွေက သူ့ရဲ့ ပြည်သူတွေကို တခြားအာရှ နိုင်ငံတွေနဲ့ တန်းတူ ခေတ်မီ ဖွံ့ဖြိုး တိုးတက်မှုဆီ ချီတက် နိုင်စေမယ့် မျှော်လင့်ချက်ကို ပေးနိုင်ပါ လိမ့်မယ်''ဟု စထရိတ်စ် တိုင်းမ်စ် သတင်းစာ၏ စာတည်း တစ်ဦးဖြစ်သူ ဝါရင်း ဖာနန်ဒက်၏ ပြောစကား ကိုလည်း ကိုးကား ဖော်ပြထားသည်။

နှစ်စဉ် ဒီဇင်ဘာ လတိုင်း ကြေညာ လေ့ရှိသည့် တစ်နှစ်တာ ထူးချွန်ထင်ရှား အာရှသား ဆုသည် မိမိ၏ နိုင်ငံ သို့မဟုတ် ပိုမို ကျယ်ပြန့်သော ဒေသမှ လူများ၏ ဘဝများ ပိုမို သာယာ လှပစေရန် စွမ်းဆောင် ပေးနိုင်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများကို ချီးမြှင့်မည့်ဆု ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။                                                  

(အမ်အန်အေ၊ စထရိတ်စ် တိုင်းမ်စ်)

http://www.myawady.net.mm/allnews/headline/item/1970-2012-12-17-08-16-22ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား စထရိတ်စ် တိုင်းမ်စ် သတင်းစာက ၂ဝ၁၂ ခုနှစ်အတွက် ထူးချွန်

3G နှင့် 4G (LTE) မိုဘိုင်း ဆက်သွယ်မှု ကွန်ရက် စနစ်များ တိုးချဲ့ တပ်ဆင်ရေး စတင်

3G မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ တပ်ဆင်ရေးကို မိုဘိုင်း တယ်လီဖုန်း အသုံးပြုမှု များပြား

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မားသဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး

LED နှင့် LCD TV များတွင် Panel ထိခိုက် ပျက်စီး၍ ပြုပြင်ပါက ဈေးနှုန်း မြင့်မား သဖြင့် ပြုပြင်သူ မရှိ သလောက် နည်းပါး သည်ဟု သိရသည်။ Panel မှာ

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျွန်ကယ်ရီကို အမည်စာရင်းတင်သွင်းမည်”

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဂျွန်ကယ်ရီကို အမည်စာရင်းတင်သွင်းမည်”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန်နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် သက်တမ်းရှည် ဒီမိုကရက်တစ် အမတ်တစ်ဦးနှင့် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖူးသူ ဂျွန်ကယ်ရီကို ယခုလာမည့် သီတင်းပတ်အစောပိုင်းတွင် အမည်တင်သွင်း အဆိုပြုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် တာဝန်ရှိသူမျးက အတည်ပြုပြောကြားလိုက်သည်။

အသက် ၆၉ နှစ်အရွယ် ဂျွန်ကယ်ရီသည် လက်ရှိတွင် လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပြီး နိုင်ငံခြားဆက်ဆံရေး အတွေ့အကြုံကြွယ်ဝသူဖြစ်သည်။ Planet Myanmar Networkအမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန်နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် သက်တမ်းရှည် ဒီမိုကရက်တစ် အမတ်

LVWEI လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက်

LVWEI လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက်

http://www.myawady.com.mm/tech/globaltechnews/item/1930

လျှပ်စစ် ဆိုင်ကယ် အသုံးပြု လိုသူများ အတွက် ယိုးဒယား နိုင်ငံလုပ် Click ဆိုင်ကယ်နဲ့ ပုံစံတူတဲ့ LVWEI အမှတ် တံဆိပ် လျှပ်စစ် မော်တော် ဆိုင်ကယ် ၀င်ရောက် လာပါတယ်။ နှစ်ယောက်
တင်ဆောင်နိုင်ပြီး ဘက်ထရီခြောက်လုံးစနစ် (၇၂ ဗို့) ၁၂၀၀ ၀ပ်ပါဝင်တယ်လို့ သိရပါတယ်။ အားအပြည့် သွင်းထားရင် တစ်နာရီ ၅၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး ခရီးအကွာအဝေး 80Km အထိ မောင်းနှင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းကျပ် ခုနှစ်သိန်းကျော် ၀န်းကျင်နဲ့ တက်စိန်လျှပ်စစ်ဆိုင်ကယ်နှင့် စက်ဘီး အရောင်းပြခန်း (မန္တလေး)၊ ဖုန်း-၀၉-၄၇၁၁၁၆၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်း ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

Ref : Myanmarinternetjournal
လျှပ်စစ် ဆိုင်ကယ် အသုံးပြု လိုသူများ အတွက် ယိုးဒယား နိုင်ငံလုပ် Click ဆိုင်ကယ်နဲ့ ပုံစံတူတဲ့ LVWEI အမှတ် တံဆိပ် လျှပ်စစ် မော်တော်

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု အမယ်သစ်များ တိုးမြှင့်

မြန်မာနှင့် အိန္ဒိယ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှု ကုန်ပစ္စည်း စာရင်းသစ် များကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း တိုးမြှင့်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

ကမ္ဘာကျော်အမေရိကန်အဆိုတော်ရဲ့ ရန်ကုန်စင်မြင့်ဂီတပွဲ

ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရားခြေတော်ရင်းက ပြည်သူ့ရင်ပြင်မှာ အမေရိကန်  တေးရေးနဲ့ အဆိုတော် တဦးဖြစ်တဲ့  ဂျေဆင်မရပ်ဇ် (Jason Mraz) ရဲ့ ဂီတဖျော်ဖြေ ပွဲ တရပ်ကို ကျင်းပနေပါတယ်။

နယ်စပ်ဒေသများတွင်မူးယစ်ဆေးဝါးများအလွယ် တကူဝယ်ယူရရှိနေ

မြန်မာနိုင်ငံနယ်စပ်ဒေသ များတွင်မူးယစ်ဆေးဝါးများ အလွယ်တကူ ၀ယ်ယူရရှိနေခြင်းကြောင့် လူငယ်များ  ပျက်စီးနေကြောင်းသိရသည်။

၂၀၁၃တွင် ရန်ကုန်မီးလုံးဝပြတ်တောက်မှုမရှိစေရန် ကြိုတင်စီစဉ်ထားဟု လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ဥက္ကဌဆို

၂၀၁၃တွင်  ရန်ကုန်မီးလုံးဝပြတ်တောက်မှုမရှိစေရန် ကြိုတင်စီစဉ်ထားဟု လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ဥက္ကဌဆို
 

၂၀၁၃တွင်  ရန်ကုန်မီးလုံးဝပြတ်တောက်မှုမရှိစေရန် ကြိုတင်စီစဉ်ထားဟု လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ဥက္ကဌက ယနေ့ပြု လုပ်သောသတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ခုနှစ် နွေရာသီတွင် ယမန်နှစ်ကထက် ၄၃၀ မီဂ္ဂါဝပ် ပိုမိုထုတ်လုပ်ပေးနိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့်ကျိုးစားနေကြောင်း ယင်းဥက္ကဌက ထပ်လောင်းပြောကြားသည်။ 
"ကျွန်တော်တို့လာမယ့် ၂၀၁၃မှာ ဓါတ်အားအပြည့်အ၀ရအောင်ကျိုးပမ်းနေပေမယ့် လိုအပ်တဲ့ဓါတ်အားအားလုံးကို ပြည်မီအောင်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး အဲဒီလိုအခြေအနေတွေရှိခဲ့ရင်တောင် ပြည်သူလူထုကို မီးအပြည့်ပေးနိုင်ဖို့ စက်မှုလက်မှုလုပ်ငန်းတွေကိုသာလျှော့ချဖြတ်တောက်သွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်ကပြောသည်။
၂၀၁၃တွင် ရန်ကုန်မီးလုံးဝပြတ်တောက်မှုမရှိစေရန် ကြိုတင်စီစဉ်ထားဟု လျှပ်စစ် ဓါတ်အားပေးရေးအဖွဲ့ဥက္ကဌက ယနေ့ပြုလုပ်သောသတင်း စာရှင်းလင်းပွဲ တွင်ပြော ကြားခဲ့သည်။

နံပါတ် အပြောင်းအလဲ မရှိဘဲ တန်ဖိုးနည်းဖုန်းများ ၂ဝ၁၃ နှစ်စပိုင်း တွင် ရောင်းချမည်

နံပါတ် အပြောင်းအလဲ မရှိဘဲ တန်ဖိုးနည်းဖုန်းများ ၂ဝ၁၃ နှစ်စပိုင်း တွင် ရောင်းချမည်

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
3G Network အသုံးပြုနိုင်သည့် GSM မိုဘိုင်းလ်ဖုန်းများကို ၂ဝ၁၂ ခုနှစ် ကချထားပေးခဲ့သော နံပါတ်များအတိုင်း (Number System) အားပြောင်း လဲမှုမရှိကြောင်း   နေပြည်တော်ဖုန်းများဝ၉၄၂ဝ၇..... နှင့်စမည်
ဖြစ်ကာဈေးနှုန်းကိုမူ ကြေညာထားခြင်းမရှိ သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယခုအခါ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်မှစ၍ ဆိုင်အချို့တွင် လက် ကျန်ဆင်းကတ်များကို    ငွေကျပ် ၁၁ဝဝဝဝဖြင့် ရောင်းချလျက်ရှိသည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါကလည်း  ပထမလအတွက် ငွေကျပ် ၅ဝဝဝဝ ပေးသွင်းရန်လိုအပ်ပြီး  လစဉ်  ငွေကျပ် ၁၁ဝဝဝ ဖြင့် ငါးလပေး သွင်းရမည်ဖြစ်ကာ ဝန်ဆောင်ခအတွက်  သီးသန့် ငွေကျပ် တစ်သောင်း  စုစုပေါင်း  ငွေ ကျပ် ၁၁၅ဝဝဝ ဖြင့် ရောင်းချ လျက်ရှိ ကြောင်းသိရသည်။

''ကျွန်တော်တို့ ဆိုင်ကတော့ ဒီဇင်ဘာ လကုန်ရင် စပြီးရောင်းချပေး သွားမှာပါ။ 

လက်ရှိဆိုင်အချို့မှာ  ရောင်းနေတာတော့ ငွေကျပ် ၁၁ဝဝဝဝ ဆိုတော့ ဈေးနှုန်းကတော့ ရှစ်သောင်းနဲ့ တစ် သိန်းကြားမှာပဲဖြစ်မှာပါ'' Real Mobile အရောင်းဆိုင်မှ သိရသည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ နေပြည်တော်  ဖုန်းအတွက်  ဝ၉-၄၂ဝ၇...... ဖြင့်  ဝ၉ အပါအဝင်နံပါတ် ၁၁ လုံးအတိုင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။3G Network အသုံးပြုနိုင်သည့် GSM မိုဘိုင်းလ်ဖုန်းများကို ၂ဝ၁၂ ခုနှစ် ကချထားပေးခဲ့သော နံပါတ်များအတိုင်း (Number System) အားပြောင်း လဲမှုမရှိကြောင်း နေပြည်တော် ဖုန်းများဝ၉၄၂ဝ၇.....မြန်မာ့

ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..


ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ.... တဲ့ 
ဗဟုသုတလေးပေါ့ !
ဘာရယ်မဟုတ်ဘူး.. တနေရာကနေ မလာတာ ..သူငယ်ချင်းတွေ နဲ့ ရော.. အားလုံး သိရအောင်ဆိုပြီးတော့ !
--------------------------------------------------------------------
ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး

Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး

capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။

salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။

(copy fr: ထူးထူးဆန်းဆန်း )

Patricia Lun Lun

အေးချမ်းမွန်မှ April Maung Maung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :April Maung Maung

Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး