Monday, December 17, 2012

သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

Photo: သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး  
Monday, 17 December 2012

သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရန်အတွက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည်
မြန်မာနိုင်ငံ ထားဝယ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာကြောင်း သိရသည်။ သမ္မ္မတ ဦးသိန်းစိန်သည်လည်း မော်လမြိုင်မြို့မှတစ်ဆင့် ထားဝယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်
ရှင်နာဝပ်တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံရာ၌ ထားဝယ်ရေနက်
ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ၌
နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီ လမ်းပိုင်း၊ ကလုံးထာ ရေကာတာစီမံကိန်းတို့အား သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို ငှားရမ်းထားပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ EIA ထွက်ရှိနိုင်ရန် ပြင်ဆင်နေသည်။

စီမံကိန်း၏ ကနဦး စက်မှုအိမ်ယာစီမံကိန်း တည်ဆောက်မှုမှာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး စီမံကိန်း၏ ပထမဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်  စီမံကိန်းကြီးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ စက်ရုံများ၊ ရေနံဓါတု စက်ရုံများ၊ သံမဏိ စက်ရုံများ၊ အလတ်စားနှင့်
အသေးစား စက်မှုလုပ်ငန်းများ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ဆက်သွယ်မည့် ကားလမ်းသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီအနီးရှိ ဖူနမ်ရွန် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းနှင့် ဆက်သွယ်မည်ဟု သိရသည်။ အဆိုပါလမ်းပိုင်း ကနဦးတည်ဆောက်မှုကို ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို EIA ပြုလုပ်ရာတွင် ထိုင်းနိုင်ငံမှ အဖွဲ့အစည်းသုံးခုကို အပိုင်းလိုက် ငှားရမ်းထားပြီး ရေနက်ဆိပ်ကမ်းကို Team Engineering Group ၊ မြန်မာ နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့် ထားဝယ်-ကန်ချနဘူရီ လမ်းပိုင်းကို ချူလာလောင်ကွန်းတက္ကသိုလ်မှ Enviroment Research Institute၊ ကလုံးထာရေကာတာ စီမံကိန်းကို Pamya Consultant တို့ကို ငှားရမ်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင်
ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊
တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ
 ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာ
ဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသန ဖွံ့ဖြိုး
တိုးတက်ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်း ဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှု ဇုန်များနှင့် အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အီတာလျံ-ထိုင်း
ကုမ္ပဏီမှာ ငွေကြေးမလုံလောက်သဖြင့် ထိုင်းအစိုးရမှ ၀င်ရောက်
ကူညီပေးထားရသည်ဟု သိရသည်။ သို့သော် ထိုင်းအစိုးရမှ ၀င်ရောက်ကူညီပေးထားသည့် ငွေမှာ နည်းလွန်းနေသဖြင့် ငွေကြေး
ပမာဏ ထပ်မံလိုအပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍  တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရန်အတွက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် သည် မြန်မာနိုင်ငံ ထားဝယ်သို့ ယနေ့နံနက်ပိုင်း က ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် များလည်း လိုက်ပါလာကြောင်း သိရသည်။ သမ္မ္မတ ဦးသိန်းစိန်သည်လည်း မော်လမြိုင်မြို့မှတစ်ဆင့် ထားဝယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံရာ၌ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများ၌ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်မည် ဟု နှစ်နိုင်ငံခေါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီ လမ်းပိုင်း၊ ကလုံးထာ ရေကာတာစီမံကိန်းတို့အား သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို ငှားရမ်းထားပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ EIA ထွက်ရှိနိုင်ရန် ပြင်ဆင်နေသည်။

စီမံကိန်း၏ ကနဦး စက်မှုအိမ်ယာစီမံကိန်း တည်ဆောက်မှုမှာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး စီမံကိန်း၏ ပထမဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကြီးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ စက်ရုံများ၊ ရေနံဓါတု စက်ရုံများ၊ သံမဏိ စက်ရုံများ၊ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့ ပါဝင်မည် ဖြစ်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ဆက်သွယ်မည့် ကားလမ်းသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီအနီးရှိ ဖူနမ်ရွန် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းနှင့် ဆက်သွယ်မည်ဟု သိရသည်။ အဆိုပါလမ်းပိုင်း ကနဦးတည်ဆောက်မှုကို ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို EIA ပြုလုပ်ရာတွင် ထိုင်းနိုင်ငံမှ အဖွဲ့အစည်းသုံးခုကို အပိုင်းလိုက် ငှားရမ်းထားပြီး ရေနက်ဆိပ်ကမ်းကို Team Engineering Group ၊ မြန်မာ နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့် ထားဝယ်-ကန်ချနဘူရီ လမ်းပိုင်းကို ချူလာလောင်ကွန်းတက္ကသိုလ်မှ Enviroment Research Institute၊ ကလုံးထာရေကာတာ စီမံကိန်းကို Pamya Consultant တို့ကို ငှားရမ်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊ တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသန ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်း ဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှု ဇုန်များနှင့် အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီ မှာ ငွေကြေးမလုံလောက်သဖြင့် ထိုင်းအစိုးရမှ ၀င်ရောက် ကူညီပေးထားရသည်ဟု သိရသည်။ သို့သော် ထိုင်းအစိုးရမှ ၀င်ရောက်ကူညီပေးထားသည့် ငွေမှာ နည်းလွန်းနေသဖြင့် ငွေကြေးပမာဏ ထပ်မံလိုအပ် လျက် ရှိကြောင်း သိရသည်။

From : Eleven Media Group

No comments:

Post a Comment