Friday, November 30, 2012

ဒေါ်အောင် ဆန်းစုကြည် လာမယ့်နှစ် ဆန်းမှာ တောင် ကိုရီယား သွားမယ်


ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်
Friday, November 30, 2012  


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ
တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ
သွားဖို့ ရှိပါတယ်။ 

၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်း
ဆောင်ရွက်မှုတွေကြောင့်  နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန်
ဒေါ်အောင်ဆန်စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ်တယ်လို့ ကိုရီယား ချိုဆမ် မီဒီယာ သတင်းတခု မှာ ဖော်ပြထားပါတယ်။ 

ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူး ဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခု
ပေးဖို့အစီအစဉ်လည်း ရှိကြောင်း အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆို ပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။ 

၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယား နိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထု လှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် လူပေါင်း လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။ 

ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့်
တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံး ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု ဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း
ဖြစ်ပါတယ်။ 

ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရသူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း က နှစ်စဉ် ဆု ပေးလေ့ ရှိပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာတောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာသွားဖို့ ရှိပါတယ်။ 

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Photo:

သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်




ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

နောက်ကြောင်းပြန်မလှည့်စေချင်ပါ

နိုင်ငံတစ်ခု၊ သမိုင်းတစ်ခုဆိုတာကို အားလုံးက လက်ခံမယ်ထင်ပါတယ်။ နိုင်ငံတွေရဲ့ဖြစ်တည်မှု သမိုင်းနဲ့ ဖြတ်သန်းခဲ့ရမှုခရီးလမ်းကြောင်းများဟာ တူသလိုလိုရှိနိုင်ပေမယ့် တစ်ကယ်တမ်းတော့ လုံးဝထပ်တူ ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲဗျာ။ ကမ္ဘာ့နိုင်ငံများမြေပုံ ကိုလည်းလေ့လာလိုက်ကြပါဦး။ တစ်ချို့နိုင်ငံ မြေပုံက ပြားတယ်။ တစ်ချို့ကျတော့ လုံးတယ်၊ တစ်ချို့ဆိုရင် အရှည်လိုက်၊ တစ်ချို့ကတော့ ဒေါင်လိုက်ပေါ့ဗျာ။ တစ်ချို့ တစ်ချို့တွေကျပြန်တော့ ကျွန်းနိုင်ငံတွေမို့ ဟိုတစ်စု၊ ဒီတစ်စုတွေလည်းရှိရဲ့။ ဒါတွေကို သိနေပါရက်နဲ့ ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတဲ့စကားမျိုး “ကျွန်တော်တို့ဆီမှာဆို ဒီလိုရှိတယ်၊ ကျွန်တော်တို့နိုင်ငံမှာဆို ဒီလိုလုပ်တယ်၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့လုပ်ကြပါ၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့နေကြပါ”လို့ ပြောတယ်ဆိုရင် ဒီစကားဟာ ကိုယ့်ဘက်ကိုယ်ယက်ပြီးပြောတဲ့စကား၊ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးပြောတဲ့ စကား၊ ကိုယ်လိုတာ ကိုယ်ဆွဲပြောတဲ့စကားတွေလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အမေရိကန်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ဒီမိုကရေစီစခဲ့တဲ့နိုင်ငံပါ။ ဒီမိုကရေစီ ခေါက်ရိုးက ကျိုးရုံတင်မကဘူး၊ ကြေတောင်ကြေနေပါပြီ။ မစ္စတာအိုဘားမား မြန်မာပြည်လာသွားတုန်းက ဒီမိုကရေစီနဲ့ တပ်ရဲ့အနေအထားကို ပြောသွားတာကြားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လုံခြုံရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့တာ ဘာကြောင့်များပါလဲ…? ဥပမာ ဗီယက်နမ်၊ ကျူးဘား၊ ပနားမား ၊အီရတ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်၊ လစ်ဗျား၊ သမိုင်းမှာ အထင်အရှားပါပဲ။ ကျွန်တော် မရှင်းလို့တစ်ခုမေးချင်ပါတယ်၊ ဒီလိုလုပ်ခဲ့တာတွေဟာ သမ္မတရဲ့သဘောလား၊ လွှတ်တော်ရဲ့သဘောလားခင်ဗျာ…? မစ္စတာအိုဘားမားရဲ့စကားနဲ့ နိုင်ငံရဲ့ ပကတိအခြေအနေ အပေါ်မှာ ပြည်သူတစ်ယောက်ရဲ့အမြင်ကို ဖော်ထုတ်ရေးသားလိုပါတယ်။

Thursday, November 29, 2012

ငလျင်ဒဏ်သင့် ပြန်လည် ထူထောင်ရေး ကျပ် သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး

ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကျပ်သန်း ၁၀၀၀ သမ္မတရုံးမှ အသုံးစရိတ်ချပေး
Thursday, 29 November 2012

ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး အန္တရာယ် ကျရောက်လာပါက အသုံးပြုရန် သီးသန့်ထားရှိသည့် ဘဏ္ဍာငွေထဲမှ ခွဲဝေချထားပေးခြင်းဖြစ်ပြီး ထိုငွေကြေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ငလျင်ဒဏ်သင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့အား စီမံခန့်ခွဲအသုံးပြုခွင့် ပြုထားသည်ဟု ၎င်းကဆက်ပြောသည်။ 

“ပညာရေး၊ ကျင်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ သာသနိက အဆောက်အအုံတွေကို ဦးစားပေး ပြန်လည်ပြင်ဆင်သွားမယ်။ တစ်ဆက်တည်းမှာပဲ ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက်ကိုပါ တစ်ပါတည်း ဒီဘဏ္ဍာငွေနဲ့ လုပ်ဆောင်သွားမယ်” ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။ 

လူမှု/ကယ်ဆယ်ရေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှစ်ခုတို့က ကျပ်သန်း ၁၀၀၀ အပြင် အလှူရှင်များက လှူဒါန်းသော ငွေကြေးများကို ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေး ကိစ္စတွင် စီမံခန့်ခွဲခွင့်
ပေးထားကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။ 

မန္တလေး စည်ပင်သာယာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မန္တလေးရှိ သာသနိက အဆောက်အအုံများ ပြင်ဆင်နိုင်ရေး အတွက် ယခုအခါ စီစဉ်နေပြီး မူလအလှူရှင်တို့ထံသို့လည်း ဆက်သွယ်နေကြောင်း
ပြောသည်။ မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှစ်ခုစလုံးက ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတို့ ပြုလုပ်နေကြပြီဟုလည်း အစိုးရအဖွဲ့ တာဝန်ရှိသူ အသီးသီးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ၂၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge



ငလျင်ဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရန်အတွက် သမ္မတရုံးမှ ကျပ်သန်း ၁၀၀၀ အသုံးစရိတ်များ ချထားပေးလိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။ သဘာဝဘေး

လက်ပန်းတောင်းေ တာင်ကိစ္စ ဒေါ်အော င်ဆန်းစုကြည် ဒေသခံများနှင့်တွေ့ဆုံ




ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင်အရေးကို နှစ်ဦးနှစ်ဘက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


အဖွင့်စာမျက်နှာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်
Thu, 11/29/2012 - 15:43
Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊  နိုဝင်ဘာလ   ၂၉      ရက်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁    ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

 

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထုနှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန်သော ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

 

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများ အနေဖြင့် မိမိတို့၏ လိုအင် ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကိုစနစ်တကျ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

 

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု အခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေးတွက်ခြေကိုက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု၊ နည်းပညာများ ရရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်ပြီး စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ကြေးနီစီမံကိန်း အတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို သိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်း ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူ ဆန္ဒပြ လာခဲ့သည်။

 

၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံးသည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန် ထားပြီးဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတည်ဆဲဥပဒေများအတိုင်းအဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ သည်။ နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန် မတိုင်မီလုံခြုံရေး တပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

 

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်များ အတိုင်းအဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။ လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံ များတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။

 

၆။ ထိုသို့ဆောင်ရွက်ရခြင်းသည်  တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

အဖွင့်စာမျက်နှာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်

၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

ဆန္ဒပြသူများ အပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်း ပုံကို ဝေဖန်


 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့်ပုံစံနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

Black List အသွင်းခံရသော ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇ ဦးတို့ကို Black List စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာ


လက်ပံတောင်း သပိတ် အကြမ်း
ဖက် ဖြိုခွင်းမှုအပေါ် ပြည်သူများ
က ဝေဖန်ပြောဆိုနေချိန်
တွင် နိုင်ငံတော်သမ္မတရုံးက

 Black List အသွင်းခံရသော ကုမ္ပဏီ ၂၀၄ ခုနှင့် လူပုဂ္ဂိုလ် ၅၈၇
 ဦးတို့ကို Black List စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။


Click ကြည့်ရှုနိုင်ပါသည်။

လက်ပံတောင်း အရေး ဒေါ်အောင်ဆန်း စုကြည် သွားရောက်ပြီ

 


 လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ဦးတည်ကာ မော်တော်ယာဉ်များဖြင့်မန္တလေးမြို့မှထွက်ခွာလာရာနံနက်၁၁နာရီတွင် ညောင်ပင်ဝင်းသို့
 ရောက်ရှိလာပြီဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား






နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ





နိုဝင်္ဘာလ ၂၆ ရက်နေ့တနင်္လာနေ့က  ပြုလုပ်ခဲ့သော(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးတွင်   မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင်များကို ရိုဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ် သုံးစွဲခဲ့ခြင်းကို မြန်မာဘက်က ပယ်ချလိုက်သည်ဟု သိရသည်။

ရခိုင်ပြည်သို့ ကုလား ၆၀ဦး ထပ်မံပို့ခံရပြန်ပြီ



ဘင်္ဂလာမှ ရခိုင်ပြည်နယ်ဘက်သို့ ကုလား ၆၀ ဦးအား မှောင်ခိုလမ်းများမှ ယမန်နေ့က ထပ်မံပို့ဆောင်
ခဲ့ကြောင်း သတင်းရရှိသည်။

Monday, November 12, 2012

ယနေ့(၁၂.၁၁.၂၀၁၂)ရက်နေ့၁၀နာရီ ၃၀ အချိန်တွင်"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"

"ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေး မီးလောင်မှုဖြစ်ပွား"ယနေ့(၁၂.၁၁. ၂၀၁၂) ရက်နေ့ ၁၀နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီ နယ်မြေပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့် ရှိ ငွေစန္ဒာ စတိုးဆိုင်(ကမ္ဘောဇ ဘဏ်)ဘေးတွင် မီးလောင်မှု ဖြစ် ပွားနေကြောင်းသိရသည်။အဆိုပါ မီးလောင်မှုသည် ၀ါယာရှော့ေ

တရားမဝင် ဝင်ရောက်သော ကြက်သားပေါက်များကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ စိုးရိမ်ဖွယ်ဖြစ်


http://www.myitmakhamediagroup.com/administratorpanel/image/10-11-12-3.jpg

မြန်မာနိုင်ငံသို့ ဝင်ရောက်နေသော ကြက်ပေါက်နှင့် ကြက်သား တို့သည် တရားမဝင် ဝင်ရောက်မှု ပိုမိုများပြားနေသဖြင့် ကြက်ငှက် တုပ်ကွေး ရောဂါ များပြန့်နှံ့လာမည်ကိုစိုးရိမ်ရပြီး အခြားကြက်ခြံများသို့ကူးစက် သွားနိုင်ေ ကြာင်း မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြု လုပ်သောစာနယ် ဇင်းတွေ့ဆုံပွဲတွင် မွေးမြူရေးလုပ်ငန်းအသင်းက ပြောသည်။

HTC နဲ့ Apple တို့ကြား သဘောတူညီမှု ရပြီ


ထိုင်ဝမ်ရဲ့ စမတ်ဖုန်းလောကကို ဦးဆောင်နေတဲ့ HTC နဲ့ နည်းပညာ မဟာ အင်အားကြီး Apple နဲ့ကြား အခုတော့ တရားဝင် သဘောတူညီမှု ရပြီလို့ HTC က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ အဆိုပါ ကုမ္ပဏီ ၂ ခုကြားမှာ လူသိရှင်ကြား အပြန် အလှန် တရားစွဲဆိုမှုတွေအားလုံးကို အဆုံးသတ်ပြီး အထက်ပါအတိုင်း ပြောလိုက်တာဖြစ်ပါတယ်။ 

ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ တောင်းဆို



ထောင်ဒဏ်တစ်သက်တစ် ကျွန်း ကျခံနေရဆဲ လူ့အခွင့် အရေးခေါင်းေ ဆာင် ဦးမြင့်အေး  အပါအဝင် ကျန်ရှိနေတဲ့ နိုင် ငံရေးအကျဉ်းသားတွေ အားလုံး   လွက်မြောက်ဖို့အတွက် နိုင်ငံရေးအကျဉ်း သားဟောင်း များအဖွဲ့နဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ

နောက်ဆက်တွဲ ငလျင်ဒဏ် စိုးရိမ်ရ



တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး ဗဟိုပြု တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ အတွက် သေဆုံးမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေ ရှိလာနိုင်တာမို့  သတိရှိကြဖို့  ပညာရှင်တွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း

ရွှေဘို ငလျင်ကြောင့် လူအသေအပျောက်ရှိ

တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးမှာ ဗဟိုပြုတဲ့ ၆.၈ ရစ်ချက်စကေး ပြင်းအား ရှိတဲ့ ငလျင်ကြောင့်  မြန်မာနိုင်ငံ အထက် ပိုင်း နေရာအတော်များများမှာ ထိခိုက်ပြိုကျ ပျက်စီးမှုတွေ ရှိခဲ့သလို လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က

Friday, November 9, 2012

ရခိုင်ဒေသပဋိပက္ခနှင့် မီဒီယာအကြောင်း သမ္မတသို့ အိတ်ဖွင့်ပေးစာ

ဦးသိန်းစိန်
ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ
နေပြည်တော် မြန်မာနိုင်ငံ
သမ္မတကြီးခင်ဗျား
အရှေ့တောင်အာရှစာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA) သည် ရခိုင်ပြည်နယ်အတွင်း လူများစု

ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ


meetlotdaw2ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ယက် စသည့် ဆက်သွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုများ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်ရန် သတင်းစာတွင် ဖော်ပြ (ဓါတ်ပုံ မဇ္ဈိမ)ရန်ကုန် (မဇ္ဈိမ) ။       ။ ဆက်သွယ်ရေး၊ သတင်း အချက်အလက်၊ ကြိုးမဲ့ဆက်သွယ်ရေး

တော်ဝင် အလုပ်သမားများ တောင်းဆိုမှု အလုပ်ရှင် လိုက်လျောမည် မဟုတ်



ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည် သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ တော်ဝင် မိသားစု သစ် အချော ထည် စက်ရုံမှ အလုပ်သမား  ၂ဝဝကျော် အလုပ်လုပ်ခွင့် ရရှိရေး အပါအဝင် အချက်ငါးချက် ရရှိရေး အတွက် တောင်းဆို ဆန္ဒ ပြနေမှုကို အလုပ်ရှင်က လိုက်လျောမည် မဟုတ်ကြောင်း နိုဝင်ဘာ လ ၈ ရက်နေ့ တွင် အလုပ်ရှင် ဦးကိုကိုထွေးက မီဒီယာများ ကို တရားဝင် ပြောကြားသည်။

ယခုလအတွင်း ဟားခါးမြို့ပေါ်တွင် ဆိုင် လေး ဆိုင်ဖောက်ထွင်းခံရပြန်ပြီ




ယခုလ နိုဝင်ဘာ ပထမပတ် အတွင်း ချင်းပြည်နယ် မြို့တော်ဟား ခါးတွင် ဆိုင် လေး ဆိုင် ဖောက် ထွင်းခံရသည်။နိုဝင်ဘာလ ၃ ရက်နေ့ည က ဈေးသစ်ရပ်ကွက်ဆတ်သားလမ်းပေါ်ရှိ Pu Ram Cung ဆိုင်ဖောက် ထွင်းခံရပြီး ကျပ်ငွေ ၅ သောင်းဖိုး ဆိုင်ပစ္စည်း ခိုးယူ သွားသည်။

ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက်ပိုင်း  ပျောက်ဆုံး သွား သည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်းနှိမ်နှင်းရေး  တပ်ဖွဲ့ RAB ကို ကိုးကားပြီး  24 Bdnews

ဆီးရီးယားကို စွန့်ခွာမည်မဟုတ်ကြောင်း အာဆာ့ဒ်ပြောကြား

ဆီးရီးယားကို စွန့်ခွာမည်မဟုတ်ကြောင်း အာဆာ့ဒ်ပြောကြား

ဆီးရီးယား နိုင်ငံကို စွန့်ခွာထွက်ပြေးရန် မိမိတွင် အစီအစဉ် မရှိဟု သမ္မတ ဘာရှာအာဆာ့ဒ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာသည့် (၁၉)လ အတောအတွင်း ပြည်တွင်း စစ်အဖြစ် အသွင်ကူးပြောင်းသွားသလို လူပေါင်း (၃၆၀၀၀)ကျော် သေ

ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် နောက် ဆုံးကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။ရခိုင်ဒေသခံများ အပ်နှံခဲ့သော လက်လုပ် တူမီး သေနတ်များ။

ကမ်းဝေး ငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေ၊ ဒေသခံတံငါသည်များ လုပ်ငန်းကို စွန့်လွှတ်


FishingBoatnearbeach


ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ကွက်များ တွင် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးသို့လာရောက် ငါးဖမ်းနေခြင်းေ ကြာင့် ဒေသခံ လက်လှော်လှေ တံငါသည်များမှာ မိမိတို့လုပ်ငန်းကို စွန့်ခွါသွားရကြောင်းသတင်းရရှိသည်။

ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ


http://arakantimes.net/burmese/images/PaukTaw_SoeMaeGye8-11-12.jpg

နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့ နယ်၊ စောမဲကျီကျေးရွာမှ သားအဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး(ဘ) ဦးသာတူးအောင်၊  အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

Monday, November 5, 2012

မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် ရွှေလုပ်သားများနှင့် အလွတ်သဘော တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ခဲ့သော်လည်း   ရွှေလုပ်သားများအနေဖြင့် ရန်ကုန်၌ နိုဝင်ဘာလ(၃)ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သည်။

သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။

မကွေးတိုင်း၊ စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ

မကွေးတိုင်း၊ စကုမြို့နယ်၊ မန်ကျည်းပင်ရွာ၊ လေးထပ်ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစား ကျောင်းဆောင်ပြိုကျပြီး လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း

ရခိုင်ပြည်နယ်မြေပုံမြို့တွင် မွတ်ဆလင်များက ခံတပ်သဘောမျိုးတည်ဆောက်နေရာယူ ထားသောတောင်ပေါ်ကို ယနေ့ စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်စလင် မိသားစုများကို တောင်အောက်တွင် တည်ဆောက် ထားသော ဒုက္ခသည် စခန်းသို့  ပို့ဆောင်သည်ဟု သိရသည်။

သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တစ်ခုဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉)  ရပ်ကွက်တွင် အိမ်နီးချင်း စကားများရန်ဖြစ်ရာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးလောင်းပြိုင်လူသတ်မှု တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။  အဆိုပါ ရပ်ကွက် မင်းလှမင်းခေါင် လမ်းတွင် နေထိုင်သူ ကိုကျီးကန်းခေါ် ကိုစိုးစိုးသည် ၄င်း၏ ယောက္ခမ ဖြစ်သူ နှင့် စကားများ နေ သည်ကို မျက်နှာချင်း ဆိုင်တွင် နေထိုင်သူ ကိုပြည့်ဖြိုးအောင်က

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

theburdenofwarချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့်   ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပါကစ္စတန်၏ အိန္ဒိယ ဝိုင်းပတ်ရေးဗျူဟာတွင် မြန်မာ ပါဝင်နေဟုဆို

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံအား ဝိုင်းပတ်ထားရေး မဟာဗျူဟာတွင် မြန်မာနိုင်ငံ ၌လည်း သူလျှိုများထားရှိ လှုပ်ရှားရေး အစီအစဉ် ပါဝင်နေကြောင်း ထိပ်တန်း ထောက်လှမ်းရေး အစီရင်ခံစာ တစောင်က စွပ်စွဲလိုက်သည်။

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို   မြန်မာပြည်ခရီးစဉ် အတွင်း ထိုင်းရှပ်နီများနှင့် တာချီလိတ်မှာ ပေးတွေ့ရန် ခွင့်ပြုခဲ့သည် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင်နာဝပ်၏  မြန်မာပြည်ခရီးစဉ် အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့် များနှင့်ပတ်သက်ပြီး ၁၉၈၂ ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရှိရွာ ၅ ရွာအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်

မြန်မာနိုင်ငံသား ဖြစ်ခွင့် မဖြစ်ခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြိး ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာ ၅ ရွာအား နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြားလာ

များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင်မတည်ငြိမ်မူအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေလို့  သံသယဖြစ်ခံရတဲ့ ရခိုင်အမျိုးသားတွေကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

မဲဆောက်မှာ လက်နက်အများအပြားမိ


 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် စနေနေ့ညက လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။

ဟားဗတ်ပါမောက္ခများ တောင်ကြီးကိုသွား


ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦးသည် ယမန်နေ့ ညနေက တောင်ကြီးမြို့ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်  တွ့ဆုံ ဆွေးနွေးခဲ့သည်။

၎င်းတို့ ၂ ဦးမှာ ဒေါက်တာဒေးဗစ်ဒါပိ(စ်)၊  ဒေါက်တာ သောမတ်(စ်) ဗယ်လီလီတို့ ဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ပါဝင် ဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

Sandy မုန်တိုင်းသင့်သူတွေ အအေးဒဏ်နဲ့ ထပ်ကြုံ

အမေရိကန် အရှေ့ဘက်ခြမ်း ဒေသက စန္ဒီ (Sandy) ဟာရီကိန်း မုန်တိုင်းဒဏ် ခံခဲ့ရသူတွေဟာ လျှပ်စစ်မီး ပြတ်တောက် မှုတွေနဲ့ လောင်စာဆီ မလုံလောက် မှုတွေနဲ့ အတူ နောက်ဆက်တွဲ ရေခဲမတတ် အအေးဒဏ်ကို ခံနေကြရပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပတ် နီးပါးက မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ လောက် သေဆုံးပြီး ဒေါ်လာသန်းပေါင်း ၅ သောင်းလောက်အထိ ဆုံးရှုံးခဲ့ရတာပါ။

တစ်ကျော့ပြန် ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ဒဲရစ်မက်ချယ်နှင့်ဒေသခံများ စစ်တွေဟိုတယ်၌ တွေ့ဆုံ

http://www.myitmakhamediagroup.com/administratorpanel/image/5-11-12-5%20(1).JPGတစ်ကျော့ပြန် ရခိုင်ပဋိပက္ခအား စုံစမ်းရန်ရောက်ရှိနေသော အမေရိကန် သံအမတ်ကြီး ဒဲရစ်မက်ချယ်(Derek Miitcheel)နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်အချို့်မှာ နိုဝင် ဘာလ(၃)ရက်နေ့ မြန်မာ စံတော်ချိန်(၁၁)နာရီခွဲတွင် စစ်တွေဟိုတယ်၌ အစည်းဝေးတစ်ရပ် ပြုလုပ်ခဲ့ ကြသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ရှပ်နီ ၅၀၀၀ ခန့် တွေ့ဆုံမည်

ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့သို့ လာရောက်မည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကို ရှပ်နီ ၅၀၀၀ ခန့် က မြန်မာဘက် ကူး၍ တွေ့ဆုံရန် ရှိကြောင်း သတင်းရသည်။ ယင်း ရှပ်နီများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ဖြစ်ပြီး လာမည့် နိုဝင်ဘာ ၉ ရက်နေ့တွင် သက်ဆင် ထံသို့ မယ်ဆိုင်ဘက်မှ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သွားရောက်တွေ့ဆုံမည် ဖြစ် ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များအတွက် စီစဉ်နေကြောင်း ယမန်နေ့ ဘန်ကောက်ပို့စ်၌ ဖော်ပြသည်။ 

ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် တာ့ခ် ခရိုင် အတွင်း တနင်္ဂနွေနေ့က စက်သေနတ်နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် လက်နက် ခဲယမ်း အလက် ၁ သိန်းကျော် ထိုင်း စစ်တပ်က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ ယင်း လက်နက်များကို ကရင် အမျိုးသား တဦး မောင်းလာသော ကားတစီးပေါ်မှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပို့ဆောင် မည့် လက်နက်များဟု ယူဆရကြောင်း ယမန်နေ့က ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
 
From -ဧရာဝတီ

ဦးသိန်းစိန် ထိုင်းကို လာမည်

Photo: ဦးသိန်းစိန် ထိုင်းကို လာမည်
Monday, 05 November 2012 

သမ္မတ ဦးသိန်းစိန် သည် ယခုတပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့မှ စတင်သည့် ၂ ရက်ကြာ ခရီးစဉ်
တွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ်ရှင်နာဝပ် နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ်ကိုင်ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံမည့် တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်ပြီး
 ဆွေးနွေးရန် မျှော်လင့်ရကြောင်း ယနေ့ ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြ
ထားသည်။ ယခု အစီအစဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ အမေရိကန် ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော နောက်ဆက်တွဲ လုပ်ငန်းစဉ် ဖြစ်
ကြောင်းသိရသည်။ ဦးသိန်းစိန် သည် လက်ရှိလာအိုနိုင်ငံ၌ ကျင်းပနေသည့် 
ASEM9 အစည်းအဝေးသို့ တက်ရောက်နေသည်။

ဧရာဝတီ
သမ္မတ ဦးသိန်းစိန် သည် ယခုတပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့မှ စတင်သည့် ၂ ရက်ကြာ ခရီးစဉ် တွင်     ထိုင်းဝန်ကြီးချုပ်   မစ္စ ယင့်လပ်ရှင်နာဝပ်  နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ လုပ် ကိုင် ရန်ရှိသော အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံမည့် တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်

ချင်းပြည် မဖွံ့ဖြိုး၍ ရွှေ့ပြောင်းစွန့်ခွာသူ များပြား

ရိုးရာထည်တွေ မဝတ်နိုင်တော့တဲ့ ချင်းအကအဖွဲ့ (ဓာတ်ပုံ- ငြိမ်းချမ်း / ဧရာဝတီ)
မြန်မာနိုင်ငံတွင် လူဦးရေ ၁၂ သိန်းခန့်ရှိသော ချင်းလူမျိုးများ သည် ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရုံမျှသာမက အပြီးတိုင် ရွှေ့ပြောင်းသွားသူများ နှစ်စဉ် ပိုမိုများပြားလာနေခြင်းကြောင့်  ချင်းလူမျိုး ၈ သိန်းဝန်းကျင်ခန့်သာ ပြည်တွင်း၌ ကျန်ရှိနေတော့ကြောင်း ချင်းအမျိုးသားပါတီ (CNP) ၏ ချင်းလူမျိုးစစ်တမ်းအရ သိရသည်။

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားရမည်

အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ၀န်ကြီးဌာန အားလုံး အခုနှစ်မကုန်ခင် အင်တာနက် ၀က်ဘ်ဆိုက် လွှင့်တင်ထားကြဖို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြောတယ်လို့ ဒီနေ့ထုတ် အင်တာနက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား

မင်္ဂလာပါ ကိုအောင်ဇော် (ဧရာဝတီ)။ အကိုရေးသားထားတဲ့ Fresh Arakan Strife Bad Omen for Reform ဆိုတဲ့ ဆောင်းပါးကို ပြန်ပြီး ဝေဖန်ထားတာပါ။ ဝါရင့် သုံးသပ်သူ တစ်ယောက် မဟုတ်ပေမယ့် ကျန်ခဲ့တယ်လို့ ထင်တဲ့ အချက်တွေကို ဖော်ပြထားတာပါ။

ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်


ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက သံချပ်ကာကား ၃ စင်းဟာ စနေနေ့မှာတုန်းက ဂိုလန်ကုန်းမြင့်က စစ်မဲ့ဇုန်နယ်မြေကို ၀င်ရောက်လာတဲ့ အတွက် အစ္စရေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ထိန်းသိမ်းရေးတပ်ကို တိုင်ကြားခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့်

အမေရိကန် သမ္မတ ရွေးပွဲ အကြိတ်အနယ် ရှိမယ်

အမေရိကန် သမ္မတရွေးပွဲ ၂ ရက်ပဲ လိုတော့တဲ့ အတွက် ပြိုင်ဘက် သမ္မတ
လောင်း နှစ်ယောက် စလုံးဟာ  ဆက်လက် မဲဆွယ်နေကြပြီး တယောက်နဲ့ တယောက် အကြိတ်  အနယ် ယှဉ်ပြိုင် ရမယ်ဆိုတာ သေချာနေပြီ ဖြစ်ပါပြီ။

မြန်မာနဲ့ နော်ဝေ ဒိန်းမတ် သံအဆက်အသွယ် တိုးမြှင့်

မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင်   ဆောင်ရွက်ဖို့ ဒိန်းမတ်နဲ့ နော်ဝေ နိုင်ငံ တို့က နှစ်နိုင်ငံ  ပူးတွဲသံတမန် ဆက်ဆံရေးရုံးတခုကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက် ပါတယ်။ 

မန္တလေး တရားစီရင်ရေး ပြိုလဲ

မန္တလေးတရားစီရင်ရေးစနစ်ယိမ်းယိုင် ပြိုလဲနေပြီဟူသော  ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။

အာဆီယံထိပ်သီးတက်မယ့် သမ္မတဦးသိန်းစိန် လာအိုနိုင်ငံရောက်ရှိ

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ  လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှာကျင်းပ မယ့် အာရှ-ဥရောပ အစည်းအဝေး ကို တက်ရောက်ဖို့ နိုဝင်ဘာလ ၄ ရက်
မနက်ပိုင်းမှာ နေပြည်တော် လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

မြိတ် ကျောက်မီးသွေး စီမံကိန်း နှင့် ငါးမှုန့် စက်ရုံ ကန့်ကွက် ဆန္ဒပြကြ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixYI9Obkj1u53fDmwMCsY9tzEE2q35Oh04vifx55X7x8_6CezAONj_S5UT0auTL2S6FP2GANOJhcTrXe8xAsUGqgFd2d_jFpoFRHR6rQxWexN9iiKgHzrukm4HLdI2copB4kRtma7-7fY/s1600/DSC_0057.JPG
မြိတ်မြို့တွင် ကျောက်မီးသွေး စက်ရုံ ဖျက်သိမ်းရေး၊ ငါးအမှုန့်  ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး အတွက် လူထုအင်အား ၂၅၀ နှင့် လိုက်ပါ အားပေးသူ စုစုပေါင်း ၁၀၀၀ ခန့်  ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ပါသည်။

၇ ရက် သားသမီးများအတွက် နိုဝင်ဘာ လ ဟောစာတမ်း

၁။ တနင်္ဂနွေ သားသမီးများ အတွက် 

အလုပ်အကိုင် ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ် ကိစ္စ များ အနည်းငယ် အဆင်မပြေ ဖြစ်နေ မည်။ နေရာ ထိုင်ခင်း ပြောင်းလဲ ပြောင်းရွေ့ ရမည်။
ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နို ၀င်ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်း ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။