Monday, November 5, 2012

မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြားလာ

များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင်မတည်ငြိမ်မူအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေလို့  သံသယဖြစ်ခံရတဲ့ ရခိုင်အမျိုးသားတွေကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
ခုလို မေးမြန်းခံရတဲ့ ကျေးရွာတွေ အထဲမှာ ယိုင်သည်၊ သံရွှင်ပြင်၊ သူရဲချောင်းရွာ၊ မဟာထီး စတဲ့ ကျေးရွာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီကနေ့နံနက်လည်း သံရွှင်ပြင်ကျေးရွာက ဦးအောင်ထွန်းဖြူ၊ ဦးပြည်သိန်းအောင်၊ ဦးထွန်းလင်းကျော် အပါအ၀င် လူ (၆) ဦးကို စစ်တပ်က စစ်ဆေးစရာ ရှိတယ်ဆိုပြီး စစ်တပ်က ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

ခုလို ခေါ်ယူသွားပေမယ့် ဖမ်းဆီးတယ်လို့တော့ မပြောနိုင်သေးကြောင်း  မြောက်ဦးမြို့နယ် ရတပ ပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြောပါတယ်။

“ ဖမ်းဆီးတဲ့သဘောတော့မဟုတ်ဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီး မနက်ခေါ်သွားတယ်။ ညနေပိုင်း ညနေပိုင်းပြန်လွှတ်လိုက်တယ်။ အဲသလိုမျိုးတော့ ကြားနေရတယ်။ ခေါ်ယူစစ်ဆေးနေတဲ့ သဘောမျိုးတော့  တွေ့ရပါတယ်”  လို့သူ က ပြောပါတယ်။

ခေါ်ယူ စစ်ဆေးခံရတဲ့ သူတွေကို ဘာတွေ မေးမြန်းတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်က ခေါ်ယူ စစ်ဆေးနေတဲ့ အပေါ်မှာ ဒေသခံ ပြည်သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ ရွာတွေမှာ ဆက်လက် နေထိုင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ၀င်နေကြတယ်လို့လည်း သိရပါတယ်။

အလားတူ ကျောက်တော်မြို့နယ် အတွင်းမှာလည်း ကျေးရွာ တချို့မှာစစ်တပ်က ခေါ်ယူ စစ်ဆေး   မေးမြန်းနေတာတွေ ရှိသလို ဒေသခံ ရခိုင်ကျေးရွာသားတွေကို ဘာမဆိုင် ညာမဆိုင် လက်သီးနဲ့ထိုးပြီး အနိုင်ကျင့် နေတာတွေ လည်း အများအပြား ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment