Wednesday, September 5, 2012

တင်ပါးကြီးခြင်းသည်ကျန်းမာရေးအ တွက်ကောင်း





တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း လေ့လာချက်အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံးကြီးခြင်း သည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွားစေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ်ပေးသည့် ကျန်းမာရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို မြင့်တက်စေကြောင်း လေ့လာချက် အသစ်များအရ သိရသည်။

မန်းဘူတာကြီးတွင် ကော်ရှူသည့် လေလွင့်ကလေးဦးရေ တိုးပွားနေ



မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ် oci S100 ပိုက်ဆက်ကော်စွဲလမ်းစွာရှူရှိုက်နေကြသည့်  တောင်းရမ်းစားသောက်ကြသော ကလေးငယ်များမျုားပြားနေကြာင်း ဒေသခံများထံကသိရသည်။

အခြေခံဥပဒေခုံရုံးမှ လွှတ်တော် သို့ ပေးပို့တုန့်ပြန်စာ (ဖတ်၍အလွန်ကောင်း)
















ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင် နိုဝင်ဘာတွင် မြန်မာသို့လာမည်




ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာသည် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလိမ့်မည်ဟု ဖြူထိုင်းပါတီ၏ နတ်ကွမ်ရတ်ချစီ မာဒေသ လွှတ်တော်ကိုယ်စားလှယ် Mr. Pinyo ကသြဂုတ်လ ၂၆ ရက်ကထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။ 

ကျပ်တစ်သောင်းတန်အောက် ငွေဖြည့်ကဒ်ထုတ်မည်

 ‎

ကျပ် တစ်သောင်းအောက် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ”လက်ရှိရောင်းပေးနေ တဲ့ ငွေ ဖြည့် ကတ်နှုန်း ထားထက် လျော့နည်းမှာပါ။ ကျပ် ငါးထောင်တန် ကတ် ဖြစ်နိုင် သလို ကျပ်သုံးထောင် တန်ကတ် လည်း ဖြစ်နိုင်ပါတယ်။ ငွေဖြည့်ကတ် တန်ဖိုး အတိအကျ သတ်မှတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာပေး

Facebook ပေါ်က လွှတ်တော်ကိုတုန့်ပြန်ချက် တစ်ခု




Sourec: Kolay Facebook

သမ္မတကို တရားစွဲ မယ့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးရဲ ထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက် မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ်

မြန်မာ့ အပြောင်းအလဲ ဟန်ချက်မညီ

အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အခြေချစ မြန်မာနိုင်ငံ တွင်လည်း စစ်ဗိုလ်ချုပ် တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ဦးဆောင်ပြုလုပ်နေသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲကို အလုပ်မတွင်စေသော ဘက်မညီမျှမှုများ ရှိနေကြောင်း မြင်တွေ့ နေ ရသည်။

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ


ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။
ယခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ရာဘာခြံတခုအတွင်း၌ SSA-S တပ်ဖွဲ့ဝင်များပါဝင်သော ၁၄ ဦးအဖွဲ့အား UWSA က ဖမ်းဆီးလိုက်ပြီးနောက် သြဂုတ် လဆန်းပိုင်းမှ စ၍ နှစ်ဘက်တပ်ဖွဲ့များ ဆက်ဆံရေး တင်းမာလာရခြင်း ဖြစ်ကြောင်း UWSA ထိပ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

လွှတ်တော် ကိုခုံရုံးက အစစ်အဆေး မခံ

ခုံရုံးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုံရုံးနှင့်ပတ်သက်၍ ဆောင်ရွက် ခဲ့သည့်ကိစ္စများကို လွှတ်တော်သို့ တင်ပြရာတွင် “စက်တင်ဘာလ ၃ ရက်နေ့ တွင် လွှတ်တော်သို့ လာရောက်အစစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း ခုံရုံးမှ စွပ်စွဲခံရသူ

FBI အေးဂျင့် laptop အတွင်းမှ Apple iOS users 12 ကျော်၏ အချက်အလက်များ Anonymous hacker အုပ်စု ရရှိဟုဆို



FBI အေးဂျင့်တစ်ဦး၏ laptop အတွင်း သိမ်းဆည်းထားသည့် Apple iOS အသုံးပြုသူ ၁၂ သန်းကျော်၏ အချက်အလက်မှတ်တမ်းများကို hack လုပ် ရယူနိုင်ခဲ့ကြောင်း Anonymous hacker

ပြည်ေ ထာင် စုဝန်ကြီးများ စာရင်း အသစ်




ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ထံသို့ ရောက်ရှိနေသော ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စု ၀န်ကြီး စာရင်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်
ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာ မြတ်မြတ်အုန်းခင်
(၆) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၇) ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၈) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်
(၉) သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၀) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်
(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးကျော်လွင်
(၁၂) အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဝန်ကြီး- ဒေါက်တာ ကံဇော်
(၁၃) မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
(၁၄) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
(၁၅) ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
(၁၆) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- ဦးမောင်မြင့်
(၁၇) သတ္ထုတွင်း ၀န်ကြီးဌာန ၀န်ကြီး - ဒေါက်တာ မြင့်အောင်
(၁၈) သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
(၁၉) ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
(၂၀) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- ဦးဌေးအောင်
(၂၁) အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
(၂၂) စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
(၂၃) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
(၂၄) စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
(၂၅) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
(၂၆) ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
(၂၇) ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
(၂၈) သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
(၂၉) သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာ ကိုကိုဦး
(၃၀) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
(၃၁) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၁) - ဦးသိန်းညွန့်
(၃၂) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၂) - ဦးစိုးမောင်
(၃၃) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၃) - ဦးစိုးသိန်း
(၃၄) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၄)- ဦးအောင်မင်း
(၃၅) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၅)- ဦးလှထွန်း
(၃၆) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၆) - ဦးတင်နိုင်သိန်း
(၃၇) ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်

UN envoy calls Syria death toll 'staggering'


 
Lakhdar Brahimi says destruction from civil war "catastrophic" in his first comments to UN General Assembly.
 
 
Ban Ki-moon, UN secretary general, has accused countries who send arms to Syria of spreading "misery" [Reuters]
New UN-Arab League envoy Lakhdar Brahimi has said that the death toll in Syria was "staggering" and destruction from its war "catastrophic" in his first comments to the UN General Assembly.
Brahimi said he would go to Damascus "in a few days" and that a united international stance on Syria was "indispensable and very urgent".

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာ တိ ပါတကံ ထိုက်၏ မထိုက်၏




အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက် ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနား လည်တဲ့လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကိုဖျက် ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန် ဘူးဘုရား၊

ဖားကန့် ဒုက္ခသည် များအား KIA ပေါ် တာဆွဲနေ


September 5, 2012 
Photo: ဖားကန့် ဒုက္ခသည်များ ကြာရင် အခက်အခဲဖြစ်နိုင်
September 5, 2012 

ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီး
ကျောင်းတွင် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊
မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။

သြဂုတ်လ(၂၃)မှ စတင်၍ ရောက်ရှိ လာကြသူ များတွင် ကျောင်းသား/သူ (၉၀)ပါဝင်ပြီး အ.ထ.က(၁)တွင်  အချိန်ခွဲ၍ ပညာသင်ကြားနေကြပါသည်။

ကရုဏာ လူမှုကူညီရေး အသင်းနှင့် မြို့လူထုတို့ ထောက်ပံ့ကူညီ ကြ၍ ယနေ့အထိ ကျွေးမွေးစရိတ် အခက်အခဲ မရှိသေးပါ။ အလှူရှင်များနေ့စဉ် လာရောက် လှူဒါန်းနေပြီး သောက်သုံးရေကိုလည်း စည်ပင်မှ
နေ့စဉ်ပေးဝေ နေပါသည်။ သို့ရာတွင် ရက်ကာလ ကြာရှည်လာပါက အခက်အခဲ ဖြစ်လာနိုင် ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ တဦးက Myanmar News Now ကို ပြောပါသည်။

ဒုက္ခ သည်များ နေရပ်သို့ ပြန်ကြမည် ဆိုလျှင်လည်း  လမ်းခရီးတွင် KIA မှ ပစ္စည်းယူ ပေါ်တာဆွဲ နေသဖြင့် မပြန်ရဲကြ ကြောင်းသိရသည်။

Myanmar News Now


ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီးကျောင်းတွင် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊
မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။

င်္Facebook သုံးရင် ဒါလေးတွေ သတိ ထားပါ


 

 
လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈ဝ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။

ဒေါ်အောင် ဆန်းစုကြည် စက်တင် ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ

Photo: ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ
၅.၉.၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။

 လွှတ်တော်မှ ခွင့်ယူထားသည်မှာ ခွင့်ယူသည့်နေ့မှစ၍ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော်အ စည်းအဝေးများပြီးဆုံးသည်အထိဖြစ် ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါသည်။

 ''၇ ရက်နေ့အထိ ခွင့်ယူထားပါတယ်။ ၇ ရက်နေ့မှာ ဒီတစ်ကြိမ် အစည်းအဝေးတွေလည်း ပြီးပါပြီ။ အဲဒီနေ့မှာ လွှတ်တော်မပြီးလည်း နောက်အစည်းအဝေးမှ ပြန်တက်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နှုတ်ဆက်သွားပါတယ်''ဟု ဦးအုန်းကြိုင်က ပြောပါသည်။

 ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ယခုလအတွင်း အမေရိကန်နိုင် ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး အဆိုပါခရီးစဉ်အတွက် ပြင်ဆင်ရန် အတွက် ဖြစ်နိုင်ကြောင်းလည်း သိ ရသည်။ ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် အမေရိကန်ဝါရှင် တန်အခြေစိုက် National Endowment for Democracy တွင် စက်တင် ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြော ကြားမည်ဖြစ်သည်။
eleven media group


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။

ယနေ့ (၅.၉.၂၀၁၂) နံနက် ၃ နာရီခန့်တွင် မန္တလေး စက်မှုဇုံ (၁) တွင် မီးလောင်



၅.၉.၂၀၁၂ မနက် ၂ နာရီ ၄၅ မိနစ်တွင် မန်းလေးမြို့ စက်မှုဇုံ (၁) ၆၆လမ်း နှင့် ၆၇ လမ်း ကြားတွင် ရှိသော မြစ်ဝါ သစ်ချောထည် ဂိုဒေါင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မလေးမြေမှာက စားမယ့် ဆော်ဒီ -မြန်မာ ပွဲစဉ် ပျက်

မလေးမြေမှာကစားမယ့် ဆော်ဒီ-မြန်မာပွဲစဉ်ပျက်
4.9.2012
မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို မလေးရှားမြေပေါ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ သဘောတူခဲ့ပေမယ့် ကစားပွဲ နီးကပ်လာတဲ့အချိန်မှာတော့ ဒီအစီအစဉ် ပျက်သွားပြီ လို့ မြန်မာဘောလုံးအဖွဲ့ချုပ်-MFF ကပြောဆိုပါတယ်။

မလေးမှာ ကန်ဖို့ ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းက ဖိတ်ခေါ်ခဲ့တာပါ။

MFF ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကတော့ “ကျနော်တို့ဘက်က အကြောင်းကြားတာ နောက်ကျလို့ ဒီဘက် arrange လုပ်ရတာခက်လို့ သွားမကန်တော့ဘူး၊ သူတို့လည်း လာအိုကိုရွေးလိုက်တယ်၊ ကျနော်တို့အနေနဲ့ Contest လုပ်ရတာလဲ ခက်လို့၊ နောက် ဗီဇာ ဘာညာလည်း အရမ်းခက်လို့” ဆိုပြီး ပြောပါတယ်။

မူလအစီအစဉ်အရ ဒီလ ၆ ရက်နေ့ (သဘက်ခါ) မြန်မာ နဲ့ ဆော်ဒီအသင်းတို့ဟာ ကွာလာလမ်ပူမြို့တော် မှာ ကစားဖို့ရှိခဲ့တာပါ။

ပွဲစဉ်ပျက်သွားရခြင်းအကြောင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ဦးစိုးမိုးကတော့ ယတိပြတ်ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ သွားရေးလာရေး သတိထားနေရတဲ့ အချိန်မှာ ဆော်ဒီ-မြန်မာ ခြေစမ်းပွဲ ပျက်သွားခြင်းအပေါ် ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အကောင်းအနေနဲ့ ရှုမြင်ပြောဆိုပါတယ်။

“ကျနော်တို့နဲ့ မလေးနဲ့က အခုအတောအတွင်းမှာ မဆက်ဆံတာကောင်းတယ်ဗျ၊ အထူးသဖြင့်တော့ ဘောလုံးကွင်း ဆိုတာ လူတွေအများကြီးစုတဲ့ နေရာလေ၊ မြန်မာတွေက ကိုယ့်အသင်း ရှုံးရှုံးနိုင်နိုင် အားပေးတာကိုး ပြဿနာ တစုံတခုဖြစ်သွားရင် မကောင်းဘူးပေါ့၊ အဲဒီမှာ မကစားဖြစ်တာပဲ ကောင်းတယ်” လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ခြေစမ်းပွဲ ပွဲစဉ်တွေကို စီစဉ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ သူတို့ရဲ့နိုင်ငံမှာ မလုပ်ဘဲနဲ့ မလေးရှားနိုင်ငံမှာ လာလုပ်ပြီး မြန်မာအသင်းကို ဖိတ်ခေါ်ကစားခြင်းကိုလည်း ဦးခင်မောင်ထွေး က ဘဝင်မကျ ဖြစ်ရတယ်လို့ ဆိုပါတယ်။

လတ်တလော ရခိုင်အရေးနဲ့ ဆက်နွယ်ပြီး မလေးရှားရောက် မြန်မာ ပရိသတ် အတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ပွဲစဉ်ပျက်သွားတဲ့အတွက်ကိုပဲ စိတ်အေးရတယ် လို့ သူက ပြောပါတယ်။

ယခုဖိတ်ခေါ်ပွဲစဉ်တွေဟာ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ အစရှိတဲ့ နေရာမျိုးမှာ ဖိတ်ခေါ်ကျင်းပရင် မြန်မာဘောလုံးလောက တိုးတက်ရေးအတွက် သွားရောက် ယှဉ်ပြိုင်သင့်တယ်လို့ ဆိုပါတယ်။
RFA
မလေးမှာ ကန်မယ့်ပွဲစဉ်ပျက်သွားတာ ကောင်းတယ် လို့ ဘောလုံးဆောင်း
ပါးရှင် ဦးခင်မောင်ထွေးက ပြောပါတယ်။


မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို မလေးရှားမြေပေါ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ သဘောတူခဲ့ပေမယ့် ကစားပွဲ နီးကပ်လာတဲ့အချိန်မှာတော့ ဒီအစီအစဉ် ပျက်သွားပြီ လို့ မြန်မာဘောလုံးအဖွဲ့ချုပ်-MFF ကပြောဆိုပါတယ်။

မလေးမှာ ကန်ဖို့ ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းက ဖိတ်ခေါ်ခဲ့တာပါ။

စက်လှေ နစ်မြုပ်ပြီး အခါလူ မျိုးကျောင်း သူ/သား ၁၄ ဦးသေ



မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ်မှုကြောင့် အထူးဒေသ ၄ မိုင်းလား နယ်မြေမှ တရုတ်ပြည်သို့ ကျောင်းသွားတက်သည့် အခါကျောင်းသားလူငယ်ကလေးများ ၁၄ ဦးသေဆုံးကြောင်း နယ်စပ်သတင်းရပ်ကွက် က ဆိုပါသည်။

Maekong__rescue 
မဲခေါင်မြစ်အတွင်း နစ်မြုပ်သူများအား ကြိုးစားကယ်တင် နေစဉ် (ဓါတ်ပုံ-CNTV)

“မိုင်းလားဘက်ကနေ တရုတ်ပြည်ဘက် တက်သွားတဲ့လှေပေါ့။ တနင်္ဂနွေနေ့မွန်းတည့်မှာနစ်မြုပ်တာ။ လူသုံး ဆယ်လောက်ပါတယ်။ အဲဒီမနက်က ခေါက်တုန့်ခေါက်ပြန်ဘဲ။

UWSA ၏ အင်အားကြီး တပ်မဟာ တခု၏ တပ်မှူး ရာထူးလျှော့ချခံရ


li-aisu
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လူအား၊ ငွေအား၊ လက်နက်အား အတောင့်တင်းဆုံးဖြစ်သည့် တပ်မဟာတခု၏ တပ်မှူးအား သြဂတ်စ်လနှောင်းပိုင်းက ရာထူးလျှော့ချ၍ အပြောင်းအလဲ လုပ်လိုက်ကြောင်း နီးစပ် သည့် အသိုင်းအဝိုင်းက ပြောပါသည်။

ဆီးဂိမ်းမ တိုင်မီ (၅ဝဝဝ) တန် GSM 3G ထွက်ရှိမည်



မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းထုတ်လုပ် ခွင့်နိုင်ငံတကာ တင်ဒါခေါ်ယူ သည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများ အတွက် ထုတ်လုပ်သွား မည်ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီက သိရှိရသည်။

ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်



 ရခိုင် အများပိုင် ကုမ္ပဏီကို အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် ပမဏ အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားသည်။

အစိုးရတပ်တွေ ပြောင်းရွှေ့ပေး ဖို့ KNU ဆွေးနွေး



အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက် မြန်မာအစိုးရနဲ့ ကေအင်ယူ ကရင် ကိုယ်စား လှယ်တွေ တတိယ အကြိမ်မြောက် ဆွေးနွေးပွဲ အပြီးသတ်နေ့မှာ ဆွေးနွေးတဲ့ ကိစ္စတွေ အပေါ် သဘော တူညီချက် တစုံတရာ မရပဲ ပြီးဆုံး သွားတယ်လို့ သိရပါတယ်။

အိန္ဒိယ ကျောက်မီးသွေးတွင်း လုပ်ငန်းတွေ ရဲဝင်စီး



အိန္ဒိယ နိုင်ငံမှာ ကျောက်မီးသွေးတွင်း တွေ လုပ်ကွက်ချပေးတဲ့ ကိစ္စမှာ အဂတိ လိုက်စား မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု တစိတ် တပိုင်း အရ ရဲတွေက မြို့ ဆယ်မြို့ မျာ စီးနင်း ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဝန်ကြီးကလင်တန် ဘေဂျင်းရောက်


 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။
 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာရှဒေသခရီးစဉ် တတိယခရီး တထောက်အဖြစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာရောက်နေပါပြီ။ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာကို ဖြေရှင်းဖို့အတွက် နည်းစနစ်တခုအပေါ်မှာ တရုတ်နဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေအကြား သဘောတူညီချက်ရရေး တိုက်တွန်းဖို့ တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ထားတဲ့ခရီးစဉ်ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ညီလာခံစတင်


 
 

ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအမည်အဆိုတင်သွင်းတဲ့ ညီလာခံမှာ သမ္မတကတော် မီရှဲလ် အိုဘားမား မိန့်ခွန်းပြောကြားစဉ်။ (၀၉-၀၄-၂၀၁၂။)
အမေရိကန် ဒီမိုကရက်တစ်ပါတီက သမ္မတ အိုဘားမားကို သူတို့ပါတီရဲ့ ဒီနှစ်သမ္မတရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် အမည် စာရင်းတင်သွင်းမယ့် ဒီမိုကရက်တစ်ပါတီညီလာခံဖွင့်ပွဲ အင်္ဂါနေ့မှာ သမ္မတကတော် မီရှဲလ် အိုဘားမားက မိန့်ခွန်းပြောမှာ ဖြစ်ပါ တယ်။