
FBI အေးဂျင့်တစ်ဦး၏ laptop အတွင်း သိမ်းဆည်းထားသည့် Apple iOS အသုံးပြုသူ ၁၂ သန်းကျော်၏ အချက်အလက်မှတ်တမ်းများကို hack လုပ် ရယူနိုင်ခဲ့ကြောင်း Anonymous hacker
အုပ်စုက ပြောကြားလိုက်သည်။
၎င်းတို့ရရှိခဲ့သည့် အချက်အလက်များတွင် iOS အသုံးပြုသူ ၁၂ သန်းကျော်၏ အမည်၊
ဖုန်းနံပါတ်နှင့် လိပ်စာများ ပါဝင်ကြောင်း Anonmyous ကဆိုသည်။ အဆိုပါ
အချက်အလက်ပိုင်ရှင်များမှာ Apple ၏ iPhone, iPad နှင့် iPod
အသုံးပြုသူများဖြစ်ပြီး Anonymous က FBI အေးဂျင့်၏ laptop ကို ယခုနှစ်
မတ်လအတွင်းက hack လုပ်ဝင်ရောက်ခဲ့ကာ အချက်အလက်များကို
ရယူခဲ့ခြင်းဖြစ်ကြောင်း RT-News က ဖော်ပြသည်။source: Planet
No comments:
Post a Comment