Wednesday, September 5, 2012

အိန္ဒိယ ကျောက်မီးသွေးတွင်း လုပ်ငန်းတွေ ရဲဝင်စီး



အိန္ဒိယ နိုင်ငံမှာ ကျောက်မီးသွေးတွင်း တွေ လုပ်ကွက်ချပေးတဲ့ ကိစ္စမှာ အဂတိ လိုက်စား မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု တစိတ် တပိုင်း အရ ရဲတွေက မြို့ ဆယ်မြို့ မျာ စီးနင်း ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေလီ၊ မွန်ဘိုင်၊ ကာလ်ကတ္တတား ၊ ပတ်တနာ၊ ဟိုက်ဒရာဘတ် မြို့ကြီး တွေအပါအဝင် တခြားမြို့ကြီးတွေမှာ အခုလို စီးနင်းမှုတွေ လုပ်ခဲ့တယ်လို့ စီဘီအိုင် ထောက်လှမ်းရေး အဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တခိျု့ ကုမ္ပဏီ တွေဟာ အစိုးရက လုပ်ကွက် ချပေးအောင် ကျောက်မီးသွေး တူးဖော်ထုတ်လုပ် နိုင်လောက်တဲ့ အခြေအနေမှာ ရှိနေသယောင် လိမ်လည် ပြသခဲ့ကြ ပြီး နောက်ပိုင်းမှာ ရလာတဲ့ လုပ်ကွက်တွေကို အမြတ်တင် ပြန်ရောင်းချ ခဲ့ကြတယ်လို့ မီဒီယာတွေရဲ့ သတင်းပို့ချက်တွေ ၊စွပ်စွဲမှုတွေအရ အခုလို စုံစမ်း စစ်ဆေး နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရ အရာရှိတွေနဲ့ ကုမ္ပဏီ ဝန်ထမ်း တွေပါမကျန် ရဲတွေက စုံစမ်း စစ်ဆေး နေကြပါတယ်။ စုံစမ်း စစ်ဆေးရေး ဗဟို ဌာနက ကျောက်မီးသွေးတွင်း ကုမ္ပဏီ ၅ ခုအပေါ် အမှု စွဲတင် ထားပြီး အဲဒီ ကုမ္ပဏီက အလုပ် သမား အတော် များများကို စွဲချက် တင်ထား တယ်လို့ ပြောပါတယ်။

ကျူးလွန်မျုတွေထဲမှာ စွပ်စွဲခံရတဲ့အထဲမှာ ပြစ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်မှုနဲ့ မသမာမှုတွေ ပါဝင် ပါတယ်။မကြာသေးခင်က ထွက်လာတဲ့ အစိုးရစာရင်းစစ်တွေရဲ့ အစီရင်ခံစာထဲမှာ
ကျောက်မီးသွေးတွင်းတွေကို ဈေးပေါပေါနဲ့ ရောင်းချခဲ့တဲ့အတွက် အိန္ဒိယ နိုင်ငံအနေနဲ့ ဒေါ်လာ ဘီလျံ သုံးဆယ်ကျော် ဆုံးရှုံးခဲ့တယ်လို့ ပြောထားပါတယ်။

အဓိက အတိုက်အခံ BJP ပါတီက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို ရာထူးကနေ ဆင်းပေးဖို့
တောင်းဆိုနေပါတယ်။ အစိုးရ စာရင်းစစ် တွေရဲ့ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးချုပ် မာမိုဟန်ဆင်းရဲ့ နာမည်ကို မထည့်ထားခဲ့ပေမယ့် ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ် တွေအတွင်းက ကုမ္ပဏီတွေကို
ကျောက်မီးသွေး တူးဖော်ခွင့်တွေ ချပေးခဲ့စဉ်က ကျောက်မီးသွေး ဌာနက မာမိုဟန်ဆင်းရဲ့ လက်အောက်မှာရှိနေခဲ့တာ ဖြစ်လို့ အခု အတိုက်အခံ ဖြစ်တဲ့ ဘီဂျေပီ ပါတီကခေါင်းဆောင်တွေက ဝန်ကြီးချုပ်ကိုတောင် နုတ်ထွက် ခိုင်းနေတာ ဖြစ်ပါတယ်။သူကတော့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ပြောနေပါတယ်။


No comments:

Post a Comment