Sunday, March 31, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၅)

"ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်း ရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည် တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန် လိုလားကြားပါတယ် တည်ငြိမ်းအေးချမ်းမှုမရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ရတာ ကိုအားလုံး ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။

"တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာ လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အပေါ်မှာ အခြေခံပြီး လက်လုပ်လက်စားများဖြစ်ကြကြောင်း"၊ သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက် (၄)

"စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ် သမား နဲ့ တောင်သူလယ်သမား ဘ၀တိုးတက်မြင့်မားရေးဖြစ်ပါတယ်။

တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးအောင်၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယို မိန့်ခွန်းမှာ မေတ္တာရပ်ခံ

"တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ပေးကြဖို့ ဖြစ်ပါ တယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သလောက် ပြည်သူများရဲ့ လူမှု စီးပွားဘ၀ဟာ လည်း မြင့်မားလာ မှာ ဖြစ်ပါတယ်။

ဧပြီလမှစ ကျပ်ငွေ၂သောင်း ၀န်ထမ်းလစာတိုးမည်ဟု သမ္မတ ဦးသိန်းစိန်က မတ်လ ၃၁ရက် ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

"ဒုတိယ အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ရငွေသုံးဆွဲရသည့် ဘတ်ဂျတ်ပေါ်မှာတွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေး သွားမှာ ဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို

Photo: ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို
Sunday, March 31, 2013

အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်
ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအ
ကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေ
သူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်း
သားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။

ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများမှ လုပ်ခလစာ
နည်းပါးခြင်း၊ လူမျိုးအဆင့်အတန်း ခွဲခြားဆက်ဆံခြင်း၊ အစားအဟာရ နည်းပါးခြင်းစသည်တို့ကြောင့် တစ်လခွဲကျော်ကြာ ဆန္ဒပြတောင်းဆို
ခဲ့ကြသော်လည်း တစုံတရာ တုံ့ပြန်မှုမရှိသည့်အပြင် အမျိုးသမီးအဆောင် များပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက်ရိုက်နှက်မှုများ
ထိ ပြုလုပ်ခဲ့မှုများကြောင့် ဆက်လက် အလုပ်လုပ်ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အလုပ်သမားများ၏ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား ရှင်းလင်းမှုပြု လုပ်စဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်။

“အရင်ဆုံး ကာကွယ်ရမယ်၊ ပညာပေးရမယ်၊ သွားတဲ့သူတွေကတော့
အေဂျင်စီတွေတရားဝင်လာ မဝင်လား ဘယ်သိနိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက်ခဲမှုတွင် တရားမဝင်အေဂျင်စီမှန်း မသိခဲ့သည့် အတွက် ယ
ခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားဝင်အေဂျင်စီများကို အများ သိစေရန် ကြေငြာသင့်ကြောင်း မသက်သက်အောင်က ပြောကြားသည်။

သံရုံးမရှိသည့်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မှုကို ဆင်ခြင်သင့်
ပြီး၊ အခက်အခဲ ဖြစ်ပါကလည်း အစိုးရတာဝန်ရှိသူများမှ ထိရောက် သည့်
အကာအကွယ် ပေးသင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ရခြင်းမှာ ပြည်တွင်း အလုပ်အကိုင် ရှားပါး
မှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအချိန်တွင် အလုပ်အကိုင်ရှား
ပါးရခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ်နေသော်လည်း ပြည်တွင်းငြိမ်းချမ်းမှု မရှိသောကြောင့် ယခုချိန်ထိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိပက္ခများ၊ ပြဿနာ အရှုပ်
အထွေးများကို ပြေလည်အောင် ဖြေရှင်းပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားအရေးနှင့် ပတ်သက်၍ ပြည်ပတွင်သာမက ပြည်တွင်းရှိ အလုပ်သမား များ မှာလည်း အခွင့်အရေး အပြည့်အဝ မရရှိသည့်အပြင် ပြည်ပနိုင်ငံများမှ လာရောက်
လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်းများတွင်ပင် မြန်မာလုပ် သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများရှိကြောင်းကို ဥပမာများဖြင့် ဖြည့်စွက်ပြောကြား
သည်။

“အိမ်က မိဘတွေကလည်း စိတ်ပူကြတယ်ပေါ့နော်၊ အဲချိန်မှာသာ လူကြီးတွေ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အားအ
ရမ်းရှိ သွားပါပြီ၊ အခုကျန်ခဲ့တဲ့ လူဦးရေးကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစုအခက်အခဲတွေ ရှိပါတယ်၊ လူကြီးတွေရောက်လာမှာကို တ
လလောက်စောင့်ခဲ့ပါတယ်၊ မိသားစုအခက်အခဲတွေနဲ့ အလွှဲသာလို့ အလုပ်ပြန်ဆင်းကြတာပါ။”ဟု ဂျော်ဒန်နိုင်ငံတွင် ကျန်ရှိသော အလုပ်
သမား များ အလုပ်ပြန်လည် ဆင်းကြရခြင်းနှင့် ပတ်သက်၍ ပြန်လည်
ရောက်ရှိလာသူတစ်ဦးဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ လာရောက်ဖြေရှင်းမည့်အချိန်ကို တလကျော်
ကြာ စောင့်ဆိုင်းခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေ ရှင်းခြင်း မရှိခဲ့သောကြောင့် မိသားစု အခြေအနေနှင့် လက်ရှိနေထိုင်ရသော အခက်
အခဲများကြောင့် အလုပ်ပြန်ဆင်းခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိသူများဖြစ်ကြောင်း၊ အလုပ်ပြန်ဆင်းသူများအနေဖြင့်လည်း ယခင်က
ကဲ့သို့ပင် အခွင့်အရေးများ မရရှိကြကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျန်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများအား အခွင့်အရေးများ ရရှိစေရန်
ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် မိမိ
သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အေဂျင်စီတို့ကို စိစစ်သင့်
ပြီး အထူးသဖြင့် မိန်ကလေးများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်ရာတွင် ဆင်ခြင်သင့်ကြောင်း၊ တတ်နိုင်သမျှ သွားရောက်
ခြင်း မပြုသင့်ကြောင်းအပြင်ာပည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင် နေ
သူများကိုလည်း အစိုးရ တာဝန်ရှိသူများမှ ထိရောက်သည့် အကာ အ
ကွယ် ပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း၊ လက်ရှိအချိန်ထိ အကာအ
ကွယ်ပေးမှု အလွန်အားနည်းနေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်
လက် ပြောကြားသည်။

လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုး
များနှင့် ကိုက်ညီသည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်
ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံးသတ်ပေးရန်ဆန္ဒပြ
တောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့
ကတည်းက ဖြစ်ပြီး ယခုအချိန်တွင် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံ
သို့ ပြည်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရ သည်။

ယခုအခါ ဂျော်ဒန်နိုင်ငံတွင် အခြေအနေအရ ဆက်လက်အလုပ်လုပ်ကိုင်နေ
ရသော အလုပ်သမားများမှာ ၉၀၀ ခန့်ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား
များမှာလည်း ယခင်ကကဲ့သို့ အခက်အခဲများ ရှိနေသေးကြောင်းနှင့် မြန်မာ
အစိုးရ တာဝန်ရှိသူများဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ်
ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသူများထံမှ သိရသည်။

ဝေယံ
The Myanma Age
အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြသူများနှင့် ပြည်တွင်း လုပ်ကိုင်သူများအား အလုပ်သမား ရေးရာ ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိရောက်သည့် အကာအကွယ်ပေးရန်လိုအပ်ပြီး ဂျော်ဒန်နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသူများ၏ ဖြစ်ရပ်မှအဓိက သာဓက တစ်ခုဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်က ပြော ကြားသည်။

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ

Photo: ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ
Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age
ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတ အဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

လျှပ်စစ်မီးရရှိရေးကော်မတီ ဥက္ကဋ္ဌ နှင့် ရွာသားများ အပြန်အလှန် တရားဆွဲ

ပြည်ခရိုင်၊ ၀က်ထီးကန်မြို့နယ်၊ လွှစင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် လွန်ခဲ့သော (၆)နှစ်ခန့် က ငွေကျပ်သိန်း(၄၆၀) ကောက်ခံခဲ့ပြီး မီးတိုင်(၅၀) နှင့် ထရန်စဖော်မာ တစ်လုံးသာ တပ်ဆင်ပြီးစီးခဲ့မှုအပေါ် မကျေနပ်၍ တာဝန်ရှိသူများသို့ အဆင့်ဆင့် တိုင်ကြားရာမှ အပြန်အ လှန်တရား ဆွဲမှုပေါ်ပေါက် ခဲ့ကြောင်းကျေး ရွာသူကျေး ရွာသားများ က ပြောကြားသည်။

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်းသတင်း စာရှင်းလင်း

Photo: ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်းသတင်း
စာရှင်းလင်း
Sunday, March 31, 2013

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်း၍ အဓိကရုဏ်း ဒုက္ခသည်များ အား ကူညီပေးနေခြင်းနှင့် ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲ
ကို ဘားလမ်း city star ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း
သိရသည်။

ရှင်းလင်းပွဲတွင် နိုင်ချုပ်မှကိုညိုထွန်းနှင့် ရွှေဝါရောင်သံဃာတော်များကွန်ရက်မှဦးဇင်း ဦးပြည်ကျော်တို့က မိတ္ထီလာ၊ ပဲခူး၊ ကြို့ပင်ကောက်အစရှိသောမြို့နယ်
များတွင် ကူညီထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ခြင်းနှင့် ဒုက္ခသည်အချို့အား ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ခြင်း ကိစ္စများအပေါ်ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။

Popular Myanmar News Journal
ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နှင့် နိုင်ချုပ် တို့ ပူးပေါင်း၍ အဓိကရုဏ်း ဒုက္ခသည်များ အား ကူညီပေးနေခြင်းနှင့် ပတ်သတ်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ဘားလမ်း city star ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပညာေ ရး အားနည် မှု နှင့် အယုံ လွယ်ခြင်း တို့ ကြောင့် ပဋိပက္ခ များ ဖြစ်စေ ခဲ့ဟု ဟိန္နူဘာ သာရေး အဖွဲ့ သုံးသပ်

Photo: ပညာရေး အားနည်မှု နှင့် အယုံလွယ်ခြင်းတို့ ကြောင့် ပဋိပက္ခများ ဖြစ်စေခဲ့ဟု ဟိန္နူဘာသာရေးအဖွဲ့ သုံးသပ်

Saturday, March 30, 2013

ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့

အစည်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)တွင် ပြု

လုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတွင်

ပြောကြားခဲ့သည်။

“ကျွန်တော်က အရင်ပညာရေးပိုင်းတခုမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့်ဒီလိုမျိုး ပြဿနာတွေဖြစ်အောင် ကောလာဟလတွေနဲ့ ပြော

တာကို ပြည်သူတချို့ရဲ့ ပညာရည်အားနည်းမှုတခုကြောင့် ဖြစ်ရတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း သဘောထားပြည့်ဝပြီး အယုံလွယ်ကြတာရယ် အထိမခံရွှေပန်းကန်

တွေဖြစ်နေတာရယ်ကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲအား ယနေ့ မွန်းလွဲ ၂နာရီခန့်မှ စတင်ကျင်းပခဲ့ရာ ဘာသာရေးအဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း စုစု

ပေါင်း ၄၉ဖွဲ့ တက်ရောက် ဆွေးနွေးကြောင်း သိရှိရသည်။

သီတဂူဆရာတော်မှလည်း အဆိုပါ အကြမ်းဖက်မှုကိစ္စရပ်နှင့် ပါတ်သက်၍ ဘာသာရေးခေါင်းဆောင်တစ်ယောက် အနေဖြင့် အင်မတန်ရှုံ့ချကြောင်း၊

မြန်မာနိုင်ငံသည်လူ့အရိုင်းအစိုင်းများနေသည့် နိုင်ငံမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် နေထိုင်ကာ မြန်မာနိုင်ငံ ရေသောက်သည့်အတွက် မြန်မာ့မူအား လေးစားလိုက်နာရန် လိုကြောင်း သဝဏ်လွှာပေးပို့ကာ ဖတ်ကြားစေခဲ့သည်။

နိုင်ငံရေး ပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုယ်စား ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူဦးရေ ၁၀၀နီးပါးခန့်ရှိသည့်

အတွက် တစ်ဦးချင်းစီ၏ ပါတ်သက်မှုနှုန်းနှင့် ပြန်လည်ပြုပြင်မည်ဆို

ပါက ယခုကိစ္စရပ်များ ဆက်လက်ဖြစ်ပွားစရာ အကြောင်း ရှိတော့မည်

မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ ဖြစ်ရခြင်းမှာ နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခု ရှိနေသည်ကို သိရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ အနေနှင့်

လည်း ယင်း ကိစ္စရပ်အား မြန်မြန်ဖေါ်ထုတ်၍ သိရှိရုံတင်သိရှိသည် မဟုတ်ဘဲ အရေးယူမှုများ ပြုလုပ်သွားသင့်ကြောင်း ပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အဓိကရုဏ်းများ ဆက်လက်မဖြစ်ပွားစေ

ရန်အတွက် နိုင်ငံတော်အစိုးရအဖွဲ့သာမက ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း ပါဝင်ကာ သက်ဆိုင်ရာအာဏာ ပိုင်အ

ဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသင့်ကြောင်း သဘော

တူ လက်မှတ်ရေးထိုးကာ ကြေညာချက် ၁၀ ချက် ထုတ်ပြန်ခဲ့သည်။

ယင်းဆွေးနွေးပွဲအား မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေး

အတွက် အရပ်ဖက်လူ့အဖွဲ့အစည်းနှင့်ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ခေါင်း

စဉ်ဖြင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာနှင့် စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့

တို့မှ ဦးစီးကျင်းပ ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ဘာသာရေးပေါင်းစုံအတူ တကွယှဉ်တွဲနေထိုင်ရေးနှင့် စပ်လျဉ်း၍ ပညာပေးဆွေးနွေးမှုများနှင့် ကျောင်း

သင်ခန်းစာများတွင် ပြဠာန်းပေးရန် အချက်တို့ပါကြောင်း သိရသည်။

The Myanma Age
ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာ့ငြိမ်း ချမ်းရေးစင်တာ (MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။

လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်စေရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီတစ်ရပ်အား နိုင်ငံတော် သမ္မတရုံးမှ မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၃၀ ရက် ည ၈ နာရီတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ကော်မတီ အနေဖြင့် လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။