ပညာရေး အားနည်းခြင်းများနှင့်
မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ
ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့ အစည်းမှ တာဝန်ရှိသူ တစ်ဦးက
မြန်မာ့ငြိမ်း ချမ်းရေးစင်တာ (MPC)တွင် ပြုလုပ်သည့်
လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲ
တွင်ပြောကြားခဲ့သည်။
“ကျွန်တော်က
အရင်ပညာရေးပိုင်းတခုမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့်ဒီ လိုမျိုး
ပြဿ နာတွေဖြစ်ေ အာင် ကောလာဟလတွေနဲ့ ပြော တာကို ပြည်သူတချို့ရဲ့
ပညာရည်အားနည်းမှု တခုကြောင့် ဖြစ်ရတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့
မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း သဘောထားပြည့်ဝပြီး အယုံလွယ်ကြတာရယ်
အထိမခံရွှေပန်းကန်တွေဖြစ်နေ တာရယ်ကြောင့် ဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားသည်။
နိုင်ငံရေး ပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ကိုယ်စား ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူဦးရေ ၁၀၀နီးပါးခန့်ရှိသည့်အတွက် တစ်ဦးချင်းစီ၏ ပါတ်သက်မှုနှုန်းနှင့် ပြန်လည်ပြုပြင်မည်ဆိုပါက ယခုကိစ္စရပ်များ ဆက်လက်ဖြစ်ပွားစရာ အကြောင်း ရှိတော့မည်မဟုတ်ကြောင်း သုံးသပ်ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ ဖြစ်ရခြင်းမှာ နောက်ကွယ်တွင် အဖွဲ့အစည်းတစ်ခု ရှိနေသည်ကို သိရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ အနေနှင့်လည်း ယင်း ကိစ္စရပ်အား မြန်မြန်ဖေါ်ထုတ်၍ သိရှိရုံတင်သိရှိသည် မဟုတ်ဘဲ အရေးယူမှုများ ပြုလုပ်သွားသင့်ကြောင်း ပြောကြားသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အဓိကရုဏ်းများ ဆက်လက်မဖြစ်ပွားစေရန်အ တွက် နိုင်ငံတော်အစိုးရအဖွဲ့သာမက ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း ပါဝင်ကာ သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုသင့်ကြောင်း သဘောတူ လက်မှတ်ရေးထိုးကာ ကြေညာချက် ၁၀ ချက် ထုတ်ပြန်ခဲ့သည်။
ယင်းဆွေးနွေးပွဲအား မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့ အစည်းနှင့်ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ခေါင်း စဉ်ဖြင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာနှင့် စီးပွားရေးနှင့် လူမှုရေးအကြံပေးအဖွဲ့တို့မှ ဦးစီးကျင်းပ ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် ဘာသာရေးပေါင်းစုံအတူ တကွယှဉ်တွဲနေထိုင်ရေးနှင့် စပ်လျဉ်း၍ ပညာပေးဆွေးနွေးမှုများနှင့် ကျောင်းသင်ခန်းစာ များတွင် ပြဠာန်းပေး ရန် အချက်တို့ပါကြောင်း သိရသည်။
The Myanma Age
No comments:
Post a Comment