Edit This Menu
Wednesday, October 3, 2012
ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ
ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများ
ဖြစ်ပေါ်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊
ကျောက်တော် ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ဒေသခံ လယ်သမားများ၏
ခိုင်းကျွဲ ခိုင်းနွားများမှာ လွန်ခဲ့သည့်လမှ
စ၍ ဆက်တိုက်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီး ဆုံးသည်နှင့် ကျွဲနွားများကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလပိုင်းအတွင်းမှာ ကျွဲနွားအကောင် နှစ်ဆယ်ကျော်ပျောက် ဆုံးခဲ့သည်။
ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီး ဆုံးသည်နှင့် ကျွဲနွားများကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလပိုင်းအတွင်းမှာ ကျွဲနွားအကောင် နှစ်ဆယ်ကျော်ပျောက် ဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကျောင်းများ ကို အကြမ်းဖက် ၍ ဒါကာတက္ကသိုလ် ကျောင်း သူကျောင်းသား ၃၀၀ ကျော် ချီတက် ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့
Cox’s Bazaar မြို့တွေမှာ
ဖြစ်ပွားခဲ့တဲ့ အကြမ်း
ဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေ ကို
အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေး
ယူပေးဖို့နဲ့ လူနည်းစု ရခိုင်
ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ်
ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက်မှုရပ်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျသံဃာများ တောင်းဆို

ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီး ခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။ "လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။
ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့
ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ဒုက္ခသည်တွေ အတွက် စေတနာရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာကို ပေးအပ်ဖို့ စီစဉ်နေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့ခံ လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)