Wednesday, August 22, 2012

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များ၏ အကြံပြုချက်တောင်း


ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များ၏ အကြံပြုချက်တောင်းဆို ထားကြောင်း သိရသည်။ သြဂုတ်လ (၂၁) နေပြည်တော် သပြေကုန်းရှိ မောခမ်းနွန် စားသောက်ဆိုင်တွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ မိတ်ဆုံစားပွဲ တွင် ညီတော်တိုင်းရင်းသားများ ၁၀ ပါတီမှ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို ဖိတ်ပါတယ်။ အချင်းချင်းရင်းနှီးမှုရအောင် မိတ်ဆုံ စားပွဲပြုလုပ်တဲ့သဘောပါ။ အကြံဥာဏ်တောင်းခံလွှာကို သူတို့ရဲ့ဆန္ဒအမြင်ကို မရေးချင်လည်း ရတယ်” ဟု ကျားဖြူပါတီမှ ဦးစောသန်းမြင့်က ပြောသည်။
အဆိုပါ တွေ့ဆုံစားပွဲသို့ NLD ကိုယ်စားလှယ်နှင့် တိုင်းရင်းသားပါတီ တစ်ခုတက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
SNLDမှ ဦးခွန်ထွန်းဦးက လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရာတွင် ယုံကြည်မှုကို တည်ဆောက်ရကြောင်း ၀န်ကြီးဦးအောင်မင်းတို့ကလည်း ယုံကြည်မှုရအောင် တည်ဆောက်နေကြောင်း အဓိကကျသည်မှာ လက်တွေ့ ကျသည့် လုပ်ရပ်များ ပါဝင်ရန် လိုအပ်ကြောင်း ပြောသည်။
အဆိုပါ မိတ်ဆုံစားပွဲသို့ လွှတ်တော်တွင် တက်ရောက်နေသည့် ပါတီ (၁၇)ခု မှ တိုင်းရင်းသားကိုယ်စားလှယ် ၄၃ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment