Wednesday, August 22, 2012

ခုံရုံးကိစ္စ စစ်ဆေးရေးအဖွဲ့ဖြင့် ပြည်သူ့လွှတ်တော် ကိုင်တွယ်မည်



ပြည်သူ့လွှတ်တော်မှ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးကိစ္စအား စစ်ဆေး ရေး အဖွဲ့တစ်ရပ် ဖွဲ့စည်း၍ စစ် ဆေးသွားမည်ဟု သိရသည်။ 'ဒီလို ဖြစ်လာပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ စွပ်စွဲပြစ်တင် မှုကို ဆက်လုပ်သွားရမှာဖြစ်ပါ တယ်'' ဟု တရားစီရင်ရေးနှင့် ဥ ပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောသည်။


နိုင်ငံတော်သမ္မတက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပေးပို့သော သဝဏ် လွှာတွင် ဤအဖွဲ့အစည်း နှစ်ခုသည်ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပေးအပ် ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒ အရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်နိုင်ခွင့် ရှိ ပါကြောင်း ပြန်ကြားခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ စိတ် မကောင်းကြီးစွာ ဖြစ်မိကြောင်း ပြောကြားသည်။
''လွှတ်တော်ရဲ့ အခွင့်အရေး၊ ကိုယ်စားလှယ်များရဲ့ အခွင့်အရေးကို ရရှိအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တာဝန်ပေးလာလို့ ရှိရင် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားဖို့ လွှတ်တော်ကို တင်ပြအပ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော် သမ္မတဆီက ပြန်ကြားလာတဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင် လိုက်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်ထောင်စုအဖွဲ့ အစည်းများ အားလုံးဟာ တည်ဆဲဥပဒေကို လေးစားလိုက်နာရမှာဖြစ်ပါ တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ လွှတ်တော် အသီးသီးအတွက် ပြဋ္ဌာန်း ထားတဲ့ တည်ဆဲဥပဒေတွေဟာ ဘာလဲဆို ရင် ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ် မ ၂ (ဇ)၊ အမျိုးသားလွှတ်တော် ဥပဒေ ပုဒ်မ ၂ (ဇ)နဲ့ ပြည်ထောင် စု လွှတ်တော် ဥပဒေပုဒ်မ ၂(စ)တို့ မှာ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်အဖွဲ့ အစည်းများသည် ပြည်ထောင်စု အဖွဲ့အစည်းများ ဖြစ်သည်လို့ တရားဝင်တင်ပြထားပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် လက်ရှိတွင် ပြည်သူ့လွှတ်တော်မှ လက်မှတ်ရေးထိုး တင်ပြ ထားသော ၃ဝ၁ ဦးအပြင် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တို့ကပါ ရက်ပိုင်း အတွင်း လက်မှတ်ရေးထိုးကာ မှတ် တမ်းတင်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လက်မှတ်ရေးထိုးရန် မဲအရေအတွက်သည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အရေ အတွက်မှ သုံးပုံနှစ်ပုံရရှိမှသာ စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် အောင်မြင် မည်ဖြစ်ပြီး ယင်းကဲ့သို့ ရရှိပြီးပါက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တို့မှ စစ်ဆေးရေးအဖွဲ့ ဖွဲ့ ကာ ပြည်ထောင်စုလွှတ်တော်တွင်အဆုံး အဖြတ်ရယူသွားမည်ဟု သိရသည်။
''ရပါတယ်၊ မဲအရေအတွက် သုံးပုံနှစ်ပုံ ရပါတယ်။ ဒါက လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတာပဲ'' ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ထို့ကြောင့် လွှတ်တော်တွင် ပြည်သူ့ကိုယ်စားလှယ်များက (တပ်မတော် သားကိုယ်စားလှယ်များ) အပါအဝင် လွှတ်တော်၏ အဓိက ရည်မှန်းချက်ကို နိုင်ငံတော်နှင့် နိုင်ငံ သားများ အကျိုးစီးပွား၊ ပြည်ထောင်စုအတွက် ဆက် လက်ဆောင်ရွက် သွားမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည့် ကိစ္စ နှင့်ပတ်သက်၍ လွှတ်တော်၏ ဆန္ဒကို ဥက္ကဋ္ဌအနေဖြင့် ငြင်းပယ်ခွင့် မရှိကြောင်းလွှတ်တော်အနေဖြင့် ယင်းကိစ္စအား ဆက် လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ထပ် လောင်းပြောကြားသည်။
''ကော်မတီ၊ ကော်မရှင်များ အားလုံးဟာ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဖြစ်မှသာ ပြည်ထောင် စုအချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင် မှာဖြစ်ပါတယ်။ ပြည် ထောင်စုအဆင့် အဖွဲ့အစည်း မဟုတ်ဘူးဆိုရင် ဘယ် လိုမှ ထိန်းကျောင်းနိုင်မှာ မဟုတ်ဘူး။ ပြည် ထောင်စုအဆင့် ဆိုတာ ဖွဲ့စည်းပုံ ခုံရုံးက လက်မခံ၊ ပစ်ပယ်ပြီး ဆုံး ဖြတ်ထားခြင်းသည် သူ့မှာဆုံးဖြတ် ပိုင်ခွင့် မရှိတာကို ဆုံးဖြတ်တယ်၊ မှားယွင်းစွာ ဆုံးဖြတ်တယ်၊ ဒါလောက်လွယ်ကူ ရှင်းလင်းတဲ့ ဥပဒေကို ဥပဒေပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့က မသိဘူး။ ဒါဆိုရင် ဥပဒေ ပညာရှင်များ ဟုတ်ပါလေစ။ဥပဒေပညာရှင်များ ဆိုရင်ရော ဆုံးဖြတ်ချက်ဟာ မှားယွင်းစွာ ဆုံး ဖြတ်ချက်ဆိုတာကိုရော သုံးသပ်ဖို့ ရှည် ရှည်ဝေးဝေး စဉ်းစားနေစရာ မလို၊ လွယ်လွယ်ကူကူနဲ့ဆုံးဖြတ်လို့ ရနိုင်တဲ့ အနေအထားရှိ တယ်။ အဲဒီမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒီလောက်ကို ပြင်ပါ။ ပြင် ရင် အားလုံးလွန်မြောက်သွားမယ် ဆိုတာ ပြင်စရာမလိုသော ကိစ္စကို ဘာလို့ ပြင်မလဲ။ သူ့ဟာ သူ အလိုအလျောက် တည်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြ ထားပြီး ဖြစ်တယ်။ ဒီလိုဖြစ်လာ အောင် ဘယ်သူတွေ စပြီး လုပ်တာလဲ။ ဒီအပေါ်မူတည်ပြီး ဖန်တီးထားတာကို ပြန်လည်ရုပ်သိမ်းလိုက မယ်ဆိုရင် ဒီဟာက ပြန်လည်ဖြေလျှော့သွားနိုင် တယ်။ သူ့ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်၊ ပြန်လည်ရုပ်သိမ်းပါတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ လိုလားချက်နဲ့ အထိအခိုက်အနည်းဆုံး ဖြစ် မယ်'' ဟု ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် လက်ရှိလုပ်ကိုင်နေ သည့် ပြည်ထောင်စု အကျိုး၊ နိုင်ငံ နှင့် နိုင်ငံသား အကျိုးအတွက် လွှတ် တော်တွင် ထိုက်သင့်သည့် ဂုဏ်သိက္ခာနှင့် အဆင့် အတန်းမရှိပါက လုပ်နိုင်စွမ်းရှိမည်မဟုတ်ဟု သတိထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဝဏ်လွှာကို ဝမ်းနည်းစွာ လက်ခံပြီး မတင်ပြလိုမလုပ်လို သော် လည်း လုပ်ရမည်ဟု ဥက္ကဋ္ဌက ထပ်မံတင်ပြကြောင်း သိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ''ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပါဦးမယ်။ မဆွေးနွေးခင် ဘာမှ မပြောချင်သေးပါဘူး'' ဟု ပြောသည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ''ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၆ မှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာလည်း နယက လက်ထက်မှာ ဖွဲ့စည်း အတည်ပြုလိုက်သော ၄၄၃၊ ၄၄၄၊ ၄၄၅၊ ၄၄၆ စသဖြင့် အသွင်ကူး ပြောင်းရေးမှ ပြဋ္ဌာန်းလိုက်သည့် အတည်ပြုပြီးသကဲ့သို့ ဖွဲ့စည်းပုံတွင် အတည်ဖြစ်သည်လို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ ရပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၄၆ မှာ ပြဋ္ဌာန်းထားတာ ဘာလဲ ဆိုတော့ တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က မပယ် ဖျက်သရွေ့ အတည်ဖြစ်သည်လို့ ပြဋ္ဌာန်းထားသည့် အတွက် ဒီနေ့ တည်ဆဲဥပဒေများဟာ အတည်ဖြစ်ပါတယ်။ တည်ဆဲဥပဒေကို ပြည်ထောင်စုလွှတ်တော်ကသာ ပယ်ဖျက်ခွင့် ရှိပါတယ်။ ပြင်ဆင်ခွင့် ရှိ ပါတယ်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ပြည်ထောင်စု လွှတ်တော် က ပြဋ္ဌာန်းဆောင်ရွက် တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်များက ဖွဲ့စည်း ထားတဲ့ ကော် မတီ၊ ကော်မရှင်အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များမဟုတ်ကြောင်း ဒီလို ဆုံးဖြတ် ခြင်းဟာ တည်ဆဲဥပဒေအား လိုက်နာမှုမရှိ၊ တည်ဆဲဥပဒေကို လိုက်နာ ခြင်းမရှိ၊ ဒါကြောင့်မို့ နိဂုံးချုပ် ပြော ချင်တာက နိုင်ငံတော် သမ္မတက ပေးပို့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေးပို့ထားသည့် သီးခြားလွတ် လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် ဆိုတဲ့နေရာမှာ ယူဆစရာ အကြောင်းရှိတာက အုပ်ချုပ်ရေး အဖွဲ့ကို ရည် ညွှန်းနိုင်ပါတယ်။ ဖွဲ့ စည်းပုံခုံရုံးကိုလည်း ရည်ညွှန်းနိုင်ပါတယ်။ သေချာတာ က မိမိတို့ လွှတ် တော်က သေချာပါတယ်။ ဒါကြောင့်မို့ သီးခြား လွတ်လပ် သော အဖွဲ့အစည်းဖြစ်ပါသဖြင့် မိမိတို့၏ ဆန္ဒအရ ကြိုက်နှစ်သက်သည့် နည်းလမ်းဆိုသည်မှာလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်'' ဟု ဆိုသည်။
နိုင်ငံတော်သမ္မတ၏ သဝဏ် လွှာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် တာဝန်မှ အနားယူသွားရန် နိုင်ငံတော် သမ္မတက တာဝန်ယူ ဆောင်ရွက်မည်ဆိုပါက ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့် အပြင် တရားမျှတမှုလည်း ရှိနိုင်မည်မဟုတ် ကြောင်း၊ ထို့ကြောင့် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားအနားယူရန် ဆောင် ရွက်နိုင်မည့် ကိစ္စမဟုတ်ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များသည် လွှတ်တော်နှစ်ရပ်မှ ပြည် ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ် သည်ဟု ရေးသားပေးပို့ကြောင်း သိရသည်။

No comments:

Post a Comment