Wednesday, August 22, 2012

ရွေ့လျားပညာသင်ကြားမှုစနစ် ရခိုင်၌ စတင်ရန် လူမှုရေးအဖွဲ့များ စိုင်းပြင်း




ရခိုင်ပြည်နယ် ကယ်ဆယ်ရေးစခန်းများအတွင်းရှိ ကျောင်းနေအရွယ် ကလေးများအား ရွေ့လျား ပုံစံစာသင်ကြားမှုကို ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်နှင့် အခြားလူငယ် အဖွဲ့အစည်း တို့ပူးပေါင်းကာ ဆောင်ရွက်သွားကြမည်ဟု သိရသည်။

ဒေသတွင်း ပဋိပက္ခများကြောင့် ၄င်းတို့ဒေသရှိ စာသင်ကျောင်း အများစုလချီ၍မဖွင့်လှစ်နိုင်သေးခြင်း ကြောင့်သင်ရိုးနောက်ကျနေမှုများကို ကုစားပေးနိုင်ရန်အတွက် ဖြစ်သည် ဟု ပရဟိတလူငယ်များ ကွန်ရက်မှ ကိုခိုင်စိုးလင်းက ပြောသည်။''ဒုက္ခသည်စခန်းတွေမှာပဲ စာသင်နိုင်ဖို့ကို လိုတဲ့ အထောက် အကူ ပစ္စည်းတွေနဲ့ ဆရာ၊ ဆရာမ တွေကို ခေါ်ယူခန့်ထားပေး သွားမှာ ပါ'' ဟု ၄င်းက ဆက်ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန စာရင်း များအရ စစ်တွေတွင် ကယ်ဆယ် ရေး စခန်း ၆ဝ၊ ရသေ့ တောင်တွင် ၄ ခုနှင့် မောင်တော တွင် ၇ ခု ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့် လှစ်ထားပြီးလူဦးရေ ၅၅၄၉၅ ဦးတို့ ရှိနေသည့် စုစုပေါင်း ကယ်ဆယ် ရေးစခန်း ၇၁ ခု ဖွင့်လှစ်ထား သည်။ရခိုင်အခြေစိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသူ ဝံလက်ဖောင်ဒေး ရှင်းမှ ကိုသိန်းထွန်းအေးက ''ကျွန် တော်တို့ဆိုရင် ပဋိပက္ခကြောင့် စာမသင်နိုင်ကြတဲ့ ကလေးတွေထဲ ကမှ အထက်တန်း ကျောင်းသား ၅၁ ယောက်ကိုပဲ စစ်တွေမှာသင်ပေး နိုင်တဲ့အနေအထားပဲရှိသေးတယ်။ ဒီလိုမျိုး ရန်ကုန်က လာကူကြမယ် ဆိုတာမျိုးတော့ ကမ်းလှမ်းထားတာ မျိုး မရှိသေးပါဘူး။ လာခဲ့မယ်ဆိုရင် တော့ ကူညီပေးဖို့ အဆင်သင့်ပါပဲ'' ဟု ပြောသည်။


ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက်က ၄င်းတို့ အနေဖြင့် ရခိုင်တွင် ပညာရေးကိစ္စ ကူညီပေးရခြင်းမှာ ရခိုင်ဒေသခံတို့၏ တောင်းဆို မှုအရဖြစ်သည်ဟုသိရသည်။ရခိုင်ပြည်နယ် လုံခြုံရေး တာ ဝန်ယူထား သူတို့က ရခိုင်ပြည်နယ် တွင်း စာသင်ကျောင်းများ အမြန် ဆုံးဖွင့်လှစ်နို င်ရေး ဆောင်ရွက်နေ သည်ဟု ပြောသော်လည်း လက်ရှိ ၌ ရခိုင်အမျိုး သားကွန်ရက်မှ ရရှိ သော စာရင်းအရ မောင်တောတွင် ၁၅၉ ကျောင်းရှိ ရာကိုးကျောင်းသာ ဖွင့်နိုင်သေးကြောင်းနှင့်ဘူးသီးတောင် နှင့် ရသေ့တောင်တို့တွင် စုစုပေါင်း ၃၂၆ ကျောင်းထဲမှ ၂၃ကျောင်းသာ ဖွင့်လှစ်ထားသည်ဟု သိရသည်။

No comments:

Post a Comment