
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျောက်ဆောင်းကျေးရွာ၏ မြောက်ဘက် လေးဖာလုံခန့် အကွာတွင် ၁၃-၈-၂၀၁၂ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က မပည( Fu ၈၈၉၂၅၈) ရှိ ဘီအိုစီခေတ်မှ အနက်ပေ ၈၀ နှင့် အဝကျယ် လေးပေအချင်းရှိ ရေနံတွင်းဟောင်းကို

ို့ ကယ်ဆယ်ရေး
သွားရောက် လုပ်ကိုင်နေစဉ် မိနစ် ၃၀ ခန့်အကြာ ဒုတိယအကြိမ်
ထပ်မံပေါက်ကွဲခဲ့သောကြောင့် ၎င်းတို့လေးဦးမှာ မီးလောင်ဒဏ်ရာ၊
ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် သက်ဆိုင်ရာက ညောင်ဦးဆေးရုံသို့
တင်ပို့ခဲ့ကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် ဦးခင်မောင်ဝင်းသည်
ယာခြေသလုံးကျိုး ဒဏ်ရာ၊ ဖိုးထောင်မှာ ယာဘက်ညှပ်ရိုး ထိခိုက်မိသဖြင့်
ပခုက္ကူဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ကြောင်း သိရသည်။ ရေနံတွင်းဟောင်းမှာ
လက်ရှိအခြေအနေတွင် ထပ်မံ မီးလောင်ပေါက်ကွဲမှု မရှိသော်လည်း ထပ်မံတူးဖော်ပါက
ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိသည့်အတွက် တွင်းအတွင်း ပိတ်မိနေသည့်
သိန်းဌေးနှင့် ဝင်းကိုတို့ကို ကယ်ဆယ်နိုင်ခြင်း မရှိသေးကြောင်း၊
အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပခုက္ကူမြို့နယ်
မီးသတ်ဦးစီးဌာနမှူးနှင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ၁၀ ဦး
သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ၂၀၁၂ ခုနှစ်
သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment