Wednesday, August 22, 2012

မြန်မာပြည် စစ်ပြန်ကြီး Jack Osborne ကွယ်လွန်



Wednesday, August 22, 2012 



တတိယ ကမ္ဘာစစ်ကာလအတွင်းက မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့ဖူးတဲ့ Burma Star ဗြိတိသျှ စစ်ပြန်ကြီး Jack Osborne ဟာ အသက် ၁၀၃ နှစ်အရွယ်မှာပဲ ယမန်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ Burma Star Accociation BSA မှာ တာဝန်ထမ်းဆောင် ခဲ့သူလည်းဖြစ်ပါတယ်။ BSA မှာပါဝင်သူတွေ က ၁၉၄၁- ၁၉၄၅ ခု နှစ် ကာလ ဂျပန်ဆန့်ကျင်ရေး Burma Campaign အတွက် တိုက်ပွဲ ၀င် တာဝန်ထမ်းရွက် ခဲ့ရတာ ဖြစ်ပါတယ်။


သူ မကွယ်လွန်ခင် လွန်ခဲ့တဲ့ ၅ နှစ်၊ သူ့အသက် ၉၈ နှစ်တုန်းက သူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံကို သွားခဲ့ပြီး တချိန်က သူရောက်ဖူးတဲ့နေရာတွေသွားကာ အမှတ်တရ ကြည့်ခဲ့ပါသေး တယ်။ မြန်မာပြည်ကို ချစ်ခင်ပြီး မြန်မာဓလေ့ ထုံးစံတွေကိုမြတ်နှိုးသူ လည်းဖြစ်ပါတယ်တဲ့။
သူ့ရဲ့ အသက် ၁၀၃ နှစ်မြောက်မွေးနေ့ကို လွန်ခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကမှ Salisbury မှာ ရှိတဲ့ Colten Care's Braemar Lodge ကျင်းပခဲ့တာပါတဲ့။ သူက အစပိုင်း Royal West African Frontier Force မှာ တာဝန်ထမ်းခဲ့တာဖြစ်ပြီး နောက်ပိုင်း Kings Shropshire Light Infantry တပ်ကို ပြောင်းခဲ့တာပါ။

သူ့ရဲ့နောက်ဆုံး ဈာပန အခမ်းအနားကိုတော့ လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ အင်္ဂလန်တောင်ပိုင်း Salisbury မှာရှိတဲ့ စိန့်ပေါ် ဘုရားကျောင်းမှာ ကျင်းပဖို့ ရှိပါတယ်တဲ့။


No comments:

Post a Comment