Saturday, February 9, 2013

စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ


စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်မှု စတင်နေပြီ 
========================================

Saturday, 09 February 2013 13:15

မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူအညီဖြင့်

ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့ နယ်နှင့် ညောင်တုန်း မြို့နယ် တို့တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ စပါးခွံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နိုင်ငံ၏ နည်းပညာ အကူအညီနှင့် ငွေယန်းသန်း ၁၃၀ ကို အကူအညီ ရယူမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Bio-Fuel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Bio Tech ကုမ္ပဏီ၊ Tokyo Electric Power ကုမ္ပဏီတို့ ပူးပေါင်းကာ လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုနောက်ပိုင်းမှာ လုပ်နေတာက လယ်ယာ စိုက်ပျိုးရေး ကနေ ရလာတဲ့ ဆန်တစ်မျိုးတည်းကို မကြည့်ဘဲနဲ့ စပါးခွံက နေစပြီး အရိုးထိ အသုံးချလို့ ရအောင်အတွက် စီစဉ် နေပါ တယ်။ နောက်ပြီး စပါးခွံကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့ကိစ္စတွေ ကိုလည်း ဆောင်ရွက်နေတာ တွေ့ရှိပါတယ် ဟု လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဦးမြင့်လှိုင်က ပြောကြား သည်။

လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ထွက်ရှိ ကုန်ပစ္စည်း အသုံးချမှုတွင် စပါးပင် ရိုးတံများကို နွားစာအဖြစ် လည်းကောင်း၊ မီးရှို့ပြာချ၍ မြေသြဇာ အဖြစ် လည်းကောင်း၊ စပါးခွံ ကြိတ်ခွဲမှုမှ ထွက်ရှိလာသော စပါးခွံများကို စပါးခွံမီးအဖြစ် လည်းကောင်း၊ အုတ်ဖုတ်ရာတွင် အသုံးပြု၍ လည်းကောင်း အခြေအနေ များမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

လယ်ယာ စိုက်ပျိုးရေးမှ ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို ဘယ်ဟာမှ ပစ်စရာ မလိုအောင် ပြန်လည် သုံးစွဲနိုင်မယ် ဆိုရင် လယ်သမားတွေလည်း ဝင်ငွေ တိုးစေတာပေါ့ ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ စီမံကိန်းအတွက် ဂျပန်နှင့် မြန်မာ အစိုးရတို့ ဇန်နဝါရီလ ဒုတိယ အပတ်က သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရပြီး ဧရာဝတီတိုင်း ဒေသကြီး၏ စမ်းသပ်မှု အောင်မြင်ပါက ယင်းဒေသကြီး အတွင်း လျှပ်စ်မီး လိုအပ်သော နေရာကို လျှပ်စစ်ဓာတ်အား ပေးသွားမည့် အပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများ တွင်လည်း စီမံကိန်းများ ချမှတ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိလာသော စပါးခွံများ ကို လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် အတွက် ဂျပန်နိုင်ငံ အကူ အညီဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်နှင့် ညောင်တုန်း မြို့နယ်တို့တွင်စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၂-၂-၂၀၁၃ ရက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ


ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ


မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃
  
ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များသည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေသူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်းစဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း ပယင်းကျောက်များထွက်ရှိသော ပယင်းရွှေမှော်တွင် ပယင်းကျောက်တူးဖော်နေကြ သော ရွာသူ/ရွာသား စုစုပေါင်း(၂၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။ “ဖေဖော်ဝါရီလ(၇)ရက်နေ့တုန်းက တိုက်နယ်မှူးဆိုသူနဲ့ KIA လက်နက်ကိုင်(၅)ဦးရောက်လာပြီး ပယင်းကျောက်တူးနေတဲ့ ရွာသား ဦးရေကို စာရင်းကောက်ပါတယ်။ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက်လို့ပြောပြီး လူတစ်ဦးကို မှော်ဝင် ကြေး(၁)နှစ်စာ (၅၀၀၀)ကျပ်၊ ကျောက်တူးခွင့် လက်မှတ် (၁)လစာ(၅၀၀၀)ကျပ်၊ လူတစ်ဦးနေထိုင်ခွင့်ဧည့် စာရင်း ကြေး(၃)လစာ(၅၀၀၀)ကျပ် ကောက်သွားပါတယ်” ဟု ပယင်းကျောက်တူးနေသည့် ဒေသခံတစ်ဦးက ပြောပြ ပါသည်။

KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့သော်လည်း လက်အောက်ခံအဖွဲ့များမှ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆက်လက် လုပ်ကိုင်နေသေးကြောင်း တွေ့ရသည်။ KIA အဖွဲ့၏ လုပ်ရပ်များအပေါ် ကချင်ပြည်နယ် ပြည်သူ လူထုမှ အယုံအကြည် မရှိကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်နေပါက တပ်မတော် စစ်ကြောင်းများနဲ့ KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက  ပြောပြပါသည်။

ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များ သည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေ သူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်း စဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

လားရှိုးမြို့အ၀င်၌ မူးယစ်ဆေး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

  လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သင်းအောင်ဦးစီးအဖွဲ့မှ လားရှိုးမြို့အ၀င်၌ မူးယစ်ဆေးဝါးဖမ်းဆီး ရမိရေးပိတ်ဆို့တားဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွဲကြရန် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံးကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၏ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

အစိုးရက လက်နက်ကိုင် အဖွဲ့အစည်းတိုင်းနှင့် ပါတီတိုင်းအား နိုင်ငံရေး ဆွေးနွေးရန် ကြိုဆို ကမ်းလှမ်းလာပြီ ဖြစ်သဖြင့် နိုင်ငံရေး ပြဿနာများအား ဝိုင်းဝန်းဖြေရှင်းကာ တိုင်းပြည်တိုးတက်ရေးအတွက် စည်းလုံးညီညွှတ်စွာဖြင့် လုပ်ဆောင်ကြရန် အချိန်အခါကောင်းဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် (SSA) တောင်းပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ၆၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

“သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ စေတနာများကို ဂုဏ်ယူ အသိအမှတ်ပြုရမည် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် ဝိုင်းဝန်း မလုပ်ဆောင်နိုင်ပါက တိုင်းပြည်အတွက် နစ်နာကာ နိုင်ငံရေးသမားများနှင့် အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ အားနည်ချက်ပင် ဖြစ်မည်” ဟု သူ၏ မိန့်ခွန်းတွင် ပါရှိသည်။

သို့သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အာဏာလွှဲပြောင်းခြင်း မပြုလုပ်လိုဘဲ စစ်အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလိုသူများ၊ နိုင်ငံတော်၏ ဥပဒေ စည်းမျဉ်း စည်းကမ်းများအား မလိုက်နာဘဲ ကိုယ်ကျိုးရှာလိုသူများ၊ ဒီမိုကရေစီနည်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်ဘဲ စစ်အာဏာဖြင့် အုပ်စိုးပြီး ငြိမ်းချမ်းရေးကို ပျက်ပြားအောင် သွေးထိုး နေသူများသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်သော အချက်များဖြစ်ကြောင်းလည်း ထောက်ပြ ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသော အဖျက်သမားများအား ဝိုင်းဝန်းဆန့်ကျင် တွန်းလှန်ကာ ပန်းတိုင်ထိ ရောက်အောင် လက်တွဲ ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ဒီမိုကရေစီ လိုလားကာ ပြည်ထောင်စုအား ချစ်မြတ်နိုးသူများ အားလုံး နောက်မဆုတ်ဘဲ ရည်မှန်းချက် ပန်းတိုင်အထိ စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်း ပြောဆိုသွားသည်။

SSA နှင့် မြန်မာအစိုးရတို့ နှစ်ဘက် ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ ယင်းသို့ သဘောတူညီမှု ရရှိထားသော်လည်း ၂၀၁၂ ခုနှစ်အတွင်း၌ နှစ်ဘက်တပ်များအကြား တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မှားခဲ့သော အမှားများကို ပြန်လည်ပြုပြင်ရန်မှာ နိုင်ငံတော်၏ ကြီးလေးသည့် တာဝန်ဖြစ်ကြောင်း၊ တော်လှန်ရေး အချိန်ကာလလ ကြာရှည်လာပါက ပြည်သူလူထု ပိုမို ဆင်းရဲနွမ်းပါးလာခြင်းနှင့် အခြား နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ကြောင်း၊ သို့သော်လည်း ဖိနှိပ်မှုရှိနေသမျှ ကာလပတ်လုံး မျိုးချစ်တော်လှန်ရေး ဆိုသည်မှာလည်း ပပျောက်သွားမည် မဟုတ်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ခြယ်မှုကြောင့် တော်လှန်ရေး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတွင် အနုနည်း၊ အကြမ်းနည်း ထိုနည်းလမ်း နှစ်သွယ်လုံးကို ပြည်ထောင်စုသားများ အနေဖြင့် အသုံးပြု၍ တော်လှန်ခဲ့ကြကြောင်း၊ သို့သော်လည်း နိုင်ငံတော် အာဏာအား စစ်အင်အားသုံး သိမ်းပိုက်ခဲ့သည့် စစ်အာဏာရှင်များအား ဖြိုလှဲနိုင်မှု မရှိခြင်းကို အားနည်းချက်နှင့် ပျော့ကွက်များရှာ၍ ပြုပြင်သင့်ကြောင်းလည်း ထောက်ပြထားသည်။

စည်းလုံး ညီညွှတ်ရေးကို မျိုးချစ် တော်လှန်ရေးသမားများ သာမက ပြည်သူလူထုကလည်း အမြဲတောင်းဆိုနေကြောင်း၊ ထို့အတူ ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ဖြစ်သော “ပင်လုံ” စာချုပ်ကို မေ့ထား၍ မရသကဲ့သို့ ကျော်လွှားသွား သွား၍လည်း ရမှာမဟုတ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွဲပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် စစ်မှန် သည့် ပြည်ထောင်စု စစ်စစ်အား တည်ထောင်သွားကြရန် အားလုံး ကြိုးပမ်းသင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ

ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေး


မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာ ရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူကား လမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

သီလ၀ါ အထူးစီးပွားရေးဇုန် ဖော်ထုတ်ရေး လူမှုရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မည်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၁၃

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်း မစ တင်ခင်နဲ့ အကောင်အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက်မှုတွေ ကို အစိုးရ မဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ ဒေါက်တာကံဇော် က သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေကိုတင်ပြရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အထူးစီးပွားရေးဇုန် စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြရာမှာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးဇုန်စီမံကိန်းမှာ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်လုပ်ကိုင်နိုင်အောင် မြန်မာနိုင်ငံသားများ ယာယီအကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့အဖွဲ့ကို ရှေ့ဆက်ဖွဲ့စည်းသွားမယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ အကောင် အထည်ဖော်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းဆောင်ရွက်မှုတွေကို စတင်လုပ်ကိုင်သွားမှာဖြစ်တဲ့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် နယ်နိမိတ်ကို ပြည်ထောင်စုအစိုးရက အမိန့်ကြေညာစာနဲ့ ထုတ်ပြန်သတ်မှတ်ပေးမှာဖြစ်ပြီး စီမံကိန်းအတွက် မြေဧက ၅၇၈၇ ဒသမ ၇၁၈ ဧက အသုံးပြုသွားမယ်လို့လဲ သိရပါတယ်။

(RFA)

မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းလုပ်ဆောင်တဲ့ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဟာ စီမံကိန်းမစတင်ခင်နဲ့ အကောင် အထည်ဖော်နေချိန် တစ်လျှောက်မှာ စီမံကိန်းရဲ့ အကျိုးသက်ရောက် မှုတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့ တွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော


ကမ္ဘာ့သတင်းများ  09/02/2013

နိုင်ငံတကာသတင်းများ 

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော 

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ် စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ကိစ္စတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေတာနဲ့ အဲဒီလို အစော်ကားခံရတဲ့ ကလေးငယ်တွေ ကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို လေ့လာထားတဲ့ “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း၊ အိန္ဒိယ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း” ဆိုတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ ကလေးငယ်တွေကို ရဲ၊ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေနဲ့ တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးက မသိကျိုးကျွန် ပြုနေကြတယ်လို့ HRW ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ပြောပါတယ်။

ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရကြောင်း တိုင်ကြားချက် ဖွင့်တဲ့အချိန်ကစလို့ အမှုရင်ဆိုင်တဲ့အထိ အစိုးရရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးတွေကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။





နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော် 

Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ နိုင်ငံရေးပါတီ နဲ့ မပါတ်သက်တဲ့ တတ်သိပညာရှင်တွေနဲ့ အစိုးရသစ်ဖွဲ့မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို ညွန့်ပေါင်းအစိုးရထဲမှာ လွှမ်းမိုးတဲ့ ဝန်ကြီးချုပ်ရဲ့ပါတီက ကန့်ကွက်လိုက်ပါတယ်၊ မြို့တော်ထဲမှာလဲ
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒုတိယနေ့ဆက်တိုက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

ဘီလစ် လုပ်ကြံခံခဲ့ရပြီးနောက် မြို့တော်ထဲမှာ အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် လက်ရှိအစိုးရကို ဖျက်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဝန်ကြီးချုပ် Hamadi Jebali က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်၊ ဒီကြေညာချက်အပေါ် အတိုက်အခံတွေဖက်က ကျယ်ကျယ်ပြန့်ပြန့်
ထောက်ခံမှုရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Ennahda ပါတီ ဒုတိယခေါင်းဆောင်
Abdelhamid Jelassi က ဒီအစီအစဉ် ကို ပါတီက လက်မခံနိုင်ဘူးလို့ ကြာသပတေးနေ့မှာ
ပြောခဲ့ပါတယ်။ ခုလို လူသိရှင်ကြား ကန့်ကွက်လိုက်တဲ့အတွက် ပါတီထဲမှာ
သဘောထားကွဲမှုတွေ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာလဲ ဖြစ်ပါတယ်၊




အမေရိကန် အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်းတိုက်ခတ် 

အမေရိကန်အရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း စတင်ကျရောက်နေပြီဖြစ်တာကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ ကွန်နက်တီကပ်ပြည်နယ် နဲ့ မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက လမ်းပေါ်ကို လုံးဝမထွက်ဖို့ တားမြစ်ထားပါတယ်။

မက်ဆားချူးဆက်ပြည်နယ်မှာတော့ မလိုက်နာတဲ့သူတွေဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ် ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်လိုက်ပါတယ်။ ဘော့ စတန်မြို့နဲ့ နယူးယောက်မြို့တွေမှာတော့ ရထားတွေ ပေးမထွက်ပါဘူး။Maine ပြည်နယ်ကနေ New York ပြည်နယ်အထိ သောကြာနေ့ညပိုင်းကစပြီး စနေနေ့ နေ့လည် အထိ နှင်းမုန်တိုင်းကျရောက်မှာဖြစ်တယ်လို့ အမျိုးသား မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေး ချက်ထုတ်ပြန်ထားပါတယ်။ ခရီးသွားလာဖို့ မဖြစ်နိုင်တဲ့အနေအထားမဟုတ်ရင်တောင်မှ ခရီးသွား လာဖို့အတွက် အလွန်ကို အန္တရာယ်များတယ်လို့ ပြောပါတယ်။

နှင်းမုန်တိုင်းရဲ့ အဆိုးဆုံးအချိန်မှာ အပူချိန်ဟာ ရေခဲမှတ်အောက်ကျရောက်ပြီး ဘာကိုမှလည်း မြင်နိုင် မယ့်အနေအထားမရှိသလို လေတိုက်နှုန်းဟာလည်း ၁ နာရီကို မိုင် ၇၀ လောက်အထိ ဖြစ်လာနိုင် တာကြောင့်  လူတွေသေစေလောက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တချို့နေရာတွေမှာတော့ ဆီးနှင်းထုဟာ ၂၄ လက်မလောက်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါ တယ်ခင်ဗျာ။




EU ဘတ်ဂျက် အတည်ပြု 

ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့် ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။၂၀၁၄ ကနေ ၂၀၂၀ ခုနှစ်အတွင်း အသုံးစရိတ်ကို ၁.၃ ထရီလီယံ သတ်မှတ်ခဲ့တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာ အပြင်းအထန် ဆွေးနွေး ခဲ့ပြီးတဲ့နောက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ Herman Van Rompuy က သဘောတူညီမှုရလိုက်ပြီလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီမှု ရဖို့အတွက် စောင့်ရကျိုးနပ်တယ်လို့ သူက ပြောပါတယ်။ဥရောပတိုက်ဟာ ခက်ခဲတဲ့ စီးပွားရေးအချိန်ကာလမှာ ကျရောက်နေတယ်ဆိုတာ ဒီသဘောတူညီချက်က ထင်ဟပ်ပြသနေပါတယ်။ ဒီသဘောတူညီချက်က အခြေခံအဆောက်အအုံနဲ့ သိပ္ပံသုတေသန လုပ်ငန်းတွေ အပါအ၀င် ကဏ္ဍတွေအတော်များများကို အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့ ဥရောပပါလီမန်က ဒီအသုံးစရိတ်အစီအစဉ်ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။




ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမှောက် အများအပြားသေဆုံး 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဲအိတ်တွေ အပြည့်တင်လာတဲ့ သင်္ဘောတစင်းနဲ့တိုက်မိပြီး ခရီးသည် ၁၀၀ လောက် တင်ဆောင်လာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ သောကြာနေ့က Munshiganj ဒေသက Meghna မြစ်ထဲမှာ MV Sarash သင်္ဘော တိမ်းမှောက်သွားတဲ့အတွက် လူတချို့ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခရီးသည်တချို့က ကမ်းခြေဘက်ကို ကူးခတ်လာနိုင်ပြီး စုစုပေါင်း ၂၅ ယောက်လောက်ကို ကယ်တင်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ရေယာဉ်လုံခြုံရေးအဆင့် သတ်မှတ်ချက်မလိုက်နာမှုနဲ့ မကြာခဏ ၀န်ပိုသယ်ဆောင် မှုတွေကြောင့် Bangladesh နိုင်ငံမှာ မကြာခဏ လှေသဘောင်္တွေ တိမ်းမှောက်လေ့ ရှိပါတယ်။





အလွန်ကြီးမားသော ဂြိုဟ်သိမ်တစ်ခု ဖေဖော်ဝါရီလ ၁၅ ရက်၌ ကမ္ဘာနှင့် အနီးအကပ်ဆုံး အနေအထားဖြင့် ဖြတ်သန်းသွားမည်

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။
ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဟာ စိုးရိမ်စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေ တယ် လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်

ပြည်ထောင်စုနေ့ အခမ်းအနား KIO တက်မည်မဟုတ်

ကိုမိုးဇော်
08.02.2013

မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီချက် မရသေးတာကြောင့် KIO ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး အများစုက အခမ်းအနား တက်ရောက်ဖို့ကို လက်ခံထားပေမဲ့ KIA ဘက်တော့ တက်ရောက်ဖို့ ငြင်းပယ်လိုက်တာဖြစ်ပါတယ်။  ဘာကြောင့် KIO အဖွဲ့က တက်ရောက်ဖို့ ငြင်းဆိုထားသလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါအ၀င် အပစ်အခတ် မရပ်စဲသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြား ထားတာဖြစ်ပါတယ်။

အခုလို ဖိတ်ကြားထားတဲ့အကြောင်းကို အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် အခုလို အတည်ပြုပြောပါတယ်။

“ မှန်ပါတယ်ခင်ဗျာ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်စာ ပို့ထား ပါတယ်။ အပစ်အခတ် ရပ်စဲဖို့ သဘောတူချက်ရထားပြီး ဆက်လက်ဆွေးနွေးနေတဲ့ အဖွဲ့တွေပါသလို KIO အဖွဲ့ကိုလည်း ဖိတ်ကြားထားပါတယ်ခင်ဗျ။ နောက်ပြီး သမ္မတကြီးအနေနဲ့ ကတော့ သူ့ရဲ့ နှစ်သစ် ကူး မိန့်ခွန်းထဲ ပါသလိုပါပဲ - အားလုံး စုံစုံညီညီနဲ့ နိုင်ငံ့ အနာဂတ်ရေးတွေ ဆွေးနွေးနိုင်မယ် ဆိုတဲ့ သဘောမျိုးနဲ့ တွေ့တာ ဖြစ်ပါတယ်။”

ဒီဖိတ်ကြားစာကိုတော့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) က တဆင့် အဓိက တာဝန်ယူ ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း ၊ နာဂ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ၀၊ လားဟူ အဖွဲ့တွေပါဝင်သလို အပစ်အခတ်မရပ်စဲသေးတဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး စတာတွေလည်း ပါဝင်တာဖြစ်ပါတယ်။

ဖိတ်ကြားထားတဲ့အဖွဲ့တွေထဲမှာတော့ KIOကတော့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက် နိုင်မှာ မဟုတ်ကြောင်း KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို ပြောပါတယ်။

“ကျနော်တို့က အခုလို အခြေအနေမျိုးမှာ သွားတက်ဖို့ဆိုရင် မသင့်တော်ဘူးထင်တယ်၊ ဒါကြောင့်မို့ ကျနော်တို့ မတက်တော့ဘူးလို့ စာပြန်လိုက်တယ်။ အခုလို အခြေအနေမျိုးဆိုတာက တိုက်ပွဲတွေ ဖြစ်နေတယ်။ တခြား အဖွဲ့အစည်းတွေက cease fire လုပ်ပြီးတော့ သူတို့က လာတက်လို့ ကောင်းတယ် လေ။ ကျနော်တို့က ceasefire လည်း မလုပ်သေးဘူး။ ဒီအတိုင်းသာ သွားတက်မယ်ဆိုရင်တော့ မသင့်တော်ဘူးလို့ ထင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အခုလို အခြေအနေမျိုးမှာ မတက်နိုင်သေးဘူးလို့ စာပြန်လိုက်တာ။”

Myanmar Peace Center က တာဝန်ရှိသူတယောက်ကတော့ ဖိတ်ကြားထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအတော်များများက တက်ရောက်ဖို့ ပြန်ကြားထားတယ်လို့ ပြောဆိုပေမဲ့ အတိအကျတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း သူအနေနဲ့ KIO ရဲ့ ပြန်ကြားချက်ကို တရားဝင် မသိရသေးတာကြောင့် တစုံတရာ မှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြောဆိုပါတယ်။

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော်မတီတို့ဟာ ဒီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာ နှစ်ဘက် စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့၊ ခိုင်မာတဲ့စစ်ပြေငြိမ်းရေး ကို ဖော်ဆောင်နိုင်ဖို့အတွက် ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေမှာ စောင့်ကြည့်လေ့လာရေးစနစ်တွေ ထားရှိဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

KIO နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ဟာ ဖေဖော်ဝါရီလ နောက်ဆုံး ပတ်လောက်မှာ  ထပ်မံဆွေးနွေးကြဖို့လည်း သဘောတူထားပါတယ်။


အေးချမ်းမွန်မှ VOA တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကြား အပစ် အခတ် ရပ်စဲရေးအတွက် သဘောတူညီချက်မရသေးတာကြောင့် KIO ကချင် လွတ်လပ်ရေးအဖွဲ့ကတော့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်နိုင် မှာမဟုတ်ဘူးလို့ ဒီကနေ့ထုတ်ဖော် ပြောဆိုလိုက်ပါ တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာကျရောက်မယ့် ၆၆