Saturday, February 9, 2013

လားရှိုးမြို့အ၀င်၌ မူးယစ်ဆေး ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

  လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သင်းအောင်ဦးစီးအဖွဲ့မှ လားရှိုးမြို့အ၀င်၌ မူးယစ်ဆေးဝါးဖမ်းဆီး ရမိရေးပိတ်ဆို့တားဆီးနေစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ဟိုပိတ်အေရှားဝေါလ် တိုးဂိတ်တွင် မူးယစ်ဆေးဝါးရှာဖွေ စစ်ဆေးမှု ပြုလုပ်စဉ် သိန္ဓီမှလားရှိုးဘက်သို့ မောင်းနှင်လာသည့် ဖိုးဝှီးအစိမ်းရောင်ယာဉ်အား ရပ်တန့်စေရန် တားဆီးခဲ့ရာ ရပ်မပေးဘဲအရှိန်တင်မောင်းနှင်ထွက်ပြေးခဲ့သည့်အတွက် မူးယစ်ရဲတပ်ဖွဲ့ဝင်များမှ ၎င်းယာဉ်နောက်မှဗင်ကားဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီး လားရှိုးမြို့အဝင် အေတီတံတား မရောက်မီပိတ်ဆို့ တားဆီးရှာဖွေရန် ကျော်တက်စဉ် ဖိုးဝှီးအစိမ်းရောင်ယာဉ်မှ ဗင်ကားအားဝင်တိုက်ပြီး ယာဉ်ပေါ်ပါသူများမှာ ကားပေါ်မှဆင်း‌ပြေးရန် အားထုတ် ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လုံးထွေးပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။
  Myit Makha Mediagroup
 

No comments:

Post a Comment