Saturday, February 9, 2013

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော


ကမ္ဘာ့သတင်းများ  09/02/2013

နိုင်ငံတကာသတင်းများ 

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော 

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ် စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ကိစ္စတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေတာနဲ့ အဲဒီလို အစော်ကားခံရတဲ့ ကလေးငယ်တွေ ကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်နေတာတွေကို လေ့လာထားတဲ့ “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း၊ အိန္ဒိယ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း” ဆိုတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ ကလေးငယ်တွေကို ရဲ၊ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းတွေနဲ့ တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးက မသိကျိုးကျွန် ပြုနေကြတယ်လို့ HRW ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ပြောပါတယ်။

ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရကြောင်း တိုင်ကြားချက် ဖွင့်တဲ့အချိန်ကစလို့ အမှုရင်ဆိုင်တဲ့အထိ အစိုးရရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးတွေကို အရေးတကြီး ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။





နိုင်ငံနဲ့အဝှမ်းဆန္ဒပြဖို့ တူနီးရှားအလုပ်သမားသမဂ္ဂ လှုံ့ဆော် 

Tunisia နိုင်ငံမှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Chokri Belaid ရဲ့ အသုဘ အခမ်းအနားနဲ့ တိုက်ဆိုင်ပြီး ပြည်လုံးကျွတ် သပိတ်မှောက်ကြဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂက ဆော်သြ လိုက်ပါတယ်၊ Tunisia အလုပ်သမားများအတွက် အထွေထွေသမဂ္ဂကြီးက သပိတ်မှောက်ကြဖို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလဲ နိုင်ငံရေးပါတီ နဲ့ မပါတ်သက်တဲ့ တတ်သိပညာရှင်တွေနဲ့ အစိုးရသစ်ဖွဲ့မယ့် ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို ညွန့်ပေါင်းအစိုးရထဲမှာ လွှမ်းမိုးတဲ့ ဝန်ကြီးချုပ်ရဲ့ပါတီက ကန့်ကွက်လိုက်ပါတယ်၊ မြို့တော်ထဲမှာလဲ
ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဒုတိယနေ့ဆက်တိုက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။

ဘီလစ် လုပ်ကြံခံခဲ့ရပြီးနောက် မြို့တော်ထဲမှာ အစိုးရကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် လာတဲ့အတွက် လက်ရှိအစိုးရကို ဖျက်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဝန်ကြီးချုပ် Hamadi Jebali က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်၊ ဒီကြေညာချက်အပေါ် အတိုက်အခံတွေဖက်က ကျယ်ကျယ်ပြန့်ပြန့်
ထောက်ခံမှုရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Ennahda ပါတီ ဒုတိယခေါင်းဆောင်
Abdelhamid Jelassi က ဒီအစီအစဉ် ကို ပါတီက လက်မခံနိုင်ဘူးလို့ ကြာသပတေးနေ့မှာ
ပြောခဲ့ပါတယ်။ ခုလို လူသိရှင်ကြား ကန့်ကွက်လိုက်တဲ့အတွက် ပါတီထဲမှာ
သဘောထားကွဲမှုတွေ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာလဲ ဖြစ်ပါတယ်၊




အမေရိကန် အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်းတိုက်ခတ် 

အမေရိကန်အရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း စတင်ကျရောက်နေပြီဖြစ်တာကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ ကွန်နက်တီကပ်ပြည်နယ် နဲ့ မက်ဆားချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက လမ်းပေါ်ကို လုံးဝမထွက်ဖို့ တားမြစ်ထားပါတယ်။

မက်ဆားချူးဆက်ပြည်နယ်မှာတော့ မလိုက်နာတဲ့သူတွေဟာ ဒဏ်ငွေ နဲ့ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ် ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်လိုက်ပါတယ်။ ဘော့ စတန်မြို့နဲ့ နယူးယောက်မြို့တွေမှာတော့ ရထားတွေ ပေးမထွက်ပါဘူး။Maine ပြည်နယ်ကနေ New York ပြည်နယ်အထိ သောကြာနေ့ညပိုင်းကစပြီး စနေနေ့ နေ့လည် အထိ နှင်းမုန်တိုင်းကျရောက်မှာဖြစ်တယ်လို့ အမျိုးသား မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေး ချက်ထုတ်ပြန်ထားပါတယ်။ ခရီးသွားလာဖို့ မဖြစ်နိုင်တဲ့အနေအထားမဟုတ်ရင်တောင်မှ ခရီးသွား လာဖို့အတွက် အလွန်ကို အန္တရာယ်များတယ်လို့ ပြောပါတယ်။

နှင်းမုန်တိုင်းရဲ့ အဆိုးဆုံးအချိန်မှာ အပူချိန်ဟာ ရေခဲမှတ်အောက်ကျရောက်ပြီး ဘာကိုမှလည်း မြင်နိုင် မယ့်အနေအထားမရှိသလို လေတိုက်နှုန်းဟာလည်း ၁ နာရီကို မိုင် ၇၀ လောက်အထိ ဖြစ်လာနိုင် တာကြောင့်  လူတွေသေစေလောက်တဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တချို့နေရာတွေမှာတော့ ဆီးနှင်းထုဟာ ၂၄ လက်မလောက်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါ တယ်ခင်ဗျာ။




EU ဘတ်ဂျက် အတည်ပြု 

ဥရောပသမဂ္ဂသမိုင်းမှာ ပထမဆုံးအကြိမ် အသုံးစရိတ်လျှော့ချမယ့် ရေရှည်အသုံးစရိတ်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ သမဂ္ဂခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။၂၀၁၄ ကနေ ၂၀၂၀ ခုနှစ်အတွင်း အသုံးစရိတ်ကို ၁.၃ ထရီလီယံ သတ်မှတ်ခဲ့တယ်လို့ EU တာဝန်ရှိသူတွေက ပြောပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာ အပြင်းအထန် ဆွေးနွေး ခဲ့ပြီးတဲ့နောက် သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ အီးယူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌ Herman Van Rompuy က သဘောတူညီမှုရလိုက်ပြီလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီမှု ရဖို့အတွက် စောင့်ရကျိုးနပ်တယ်လို့ သူက ပြောပါတယ်။ဥရောပတိုက်ဟာ ခက်ခဲတဲ့ စီးပွားရေးအချိန်ကာလမှာ ကျရောက်နေတယ်ဆိုတာ ဒီသဘောတူညီချက်က ထင်ဟပ်ပြသနေပါတယ်။ ဒီသဘောတူညီချက်က အခြေခံအဆောက်အအုံနဲ့ သိပ္ပံသုတေသန လုပ်ငန်းတွေ အပါအ၀င် ကဏ္ဍတွေအတော်များများကို အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့ ဥရောပပါလီမန်က ဒီအသုံးစရိတ်အစီအစဉ်ကို အတည်ပြုပေးရမှာဖြစ်ပါတယ်။




ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမှောက် အများအပြားသေဆုံး 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဲအိတ်တွေ အပြည့်တင်လာတဲ့ သင်္ဘောတစင်းနဲ့တိုက်မိပြီး ခရီးသည် ၁၀၀ လောက် တင်ဆောင်လာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ သောကြာနေ့က Munshiganj ဒေသက Meghna မြစ်ထဲမှာ MV Sarash သင်္ဘော တိမ်းမှောက်သွားတဲ့အတွက် လူတချို့ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခရီးသည်တချို့က ကမ်းခြေဘက်ကို ကူးခတ်လာနိုင်ပြီး စုစုပေါင်း ၂၅ ယောက်လောက်ကို ကယ်တင်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ရေယာဉ်လုံခြုံရေးအဆင့် သတ်မှတ်ချက်မလိုက်နာမှုနဲ့ မကြာခဏ ၀န်ပိုသယ်ဆောင် မှုတွေကြောင့် Bangladesh နိုင်ငံမှာ မကြာခဏ လှေသဘောင်္တွေ တိမ်းမှောက်လေ့ ရှိပါတယ်။





အလွန်ကြီးမားသော ဂြိုဟ်သိမ်တစ်ခု ဖေဖော်ဝါရီလ ၁၅ ရက်၌ ကမ္ဘာနှင့် အနီးအကပ်ဆုံး အနေအထားဖြင့် ဖြတ်သန်းသွားမည်

လုံးပတ်ပေ ၁၅၀ အရွယ်အစား ခန့်ရှိသော 2012 DA14 အမည်ရ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကျည်ဆန် တစ်ခုထက် လျင်မြန်သောနှုန်းဖြင့် အချို့ဆက်သွယ်ရေး ဂြိုဟ်တုများထက် နီးကပ်စွာ ကမ္ဘာ၏ အနီးမှ လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သိရသည်။ယင်းဖြတ်သန်းမှုသည် အလွန်ကြီးမားသော အာကာသ ကျောက်တုံးနှင့် ကြုံဖူးသမျှအနက် အနီးကပ်ဆုံး အနေအထားဖြင့် ကမ္ဘာအနီးမှ ပွတ်ကာသီကာ ဖြတ်သန်းသည့် ဖြစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း နာဆာမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်က ပြောကြားခဲ့သည်။
ကမ္ဘာနှင့် ထိပ်တိုက်ဝင်တိုက် မိနိုင်ခြေ လုံးဝမရှိဘဲ အနီးဆုံး အကွာအဝေးအားဖြင့် ယင်းဂြိုဟ်သိမ် ဂြိုဟ်မွှားသည် ကမ္ဘာမြေ အထက် ၁၇၀၀၀ မိုင်ခန့် အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။သို့ရာတွင် ယင်းလမ်းကြောင်း၌ အန္တရာယ် ရှိနိုင်သော အမျိုးအမည်မသိ အခြားဂြိုဟ်သိမ် ဂြိုဟ်မွှား သန်းပေါင်းများစွာလည်း ရှိနေသဖြင့် ယင်းဂြိုဟ်မွှားများနှင့်မူ တိုက်မိနိုင်ခြေ ရှိကြောင်း သိရသည်။
ယင်းဂြိုဟ်သိမ်အား ဂြိုဟ်တု အော်ပရေတာများက စောင့်ကြည့် လျက်ရှိပြီး ဂြိုဟ်တုများ လွှတ်တင်ထားရာ ကမ္ဘာမြေအထက် အမြင့် မိုင်ပေါင်း၂၃၀၀၀ တွင် ရှိသော ဂြိုဟ်တုရပ်ဝန်းကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြသည်။အဆိုပါ ဖြတ်သန်းမှုသည် ဖေဖော်ဝါရီလ ၁၅ရက် အရှေ့တိုင်း စံတော်ချိန် ည ၂ နာရီ ၂၄ မိနစ်၌ ကမ္ဘာနှင့် အနီးကပ်ဆုံး ဖြစ်မည်ဖြစ်ကာ ယင်းညအချိန်၌ အဓိကအားဖြင့် အာရှနှင့် သြစတြေးလျနိုင်ငံများမှ တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဟာ စိုးရိမ်စရာကောင်းလောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေ တယ် လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ကိစ္စတွေကို ကာ ကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်နေတာနဲ့ အဲဒီလိုအစော်ကားခံရတဲ့ ကလေးငယ်တွေ ကို ပြုစုစောင့်ရှောက် ဖို့ ပျက်ကွက်နေတာတွေကို လေ့လာထားတဲ့ “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း၊ အိန္ဒိယ ကလေးငယ်များ လိင်ပိုင်း ဆိုင်ရာ စော်ကားခံရခြင်း” ဆိုတဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထား ပါတယ်။လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ ကလေးငယ်တွေကို ရဲ၊ ကျန်းမာရေး ဆိုင်ရာ ၀န်ထမ်းတွေနဲ့ တခြားအာဏာပိုင် အဖွဲ့အစည်း အသီးသီးက မသိကျိုးကျွန် ပြုနေကြတယ်လို့ HRW ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly က ပြောပါတယ်။

ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရကြောင်း တိုင်ကြားချက် ဖွင့်တဲ့အချိန်ကစလို့ အမှု ရင်ဆိုင်တဲ့အထိ အစိုးရရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးတွေကို အရေးတကြီး ပြင်ဆင်ဖို့လိုအပ်နေပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

No comments:

Post a Comment