Tuesday, December 18, 2012

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Photo: ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံ ၃ရုံကို တည်ဆောက်သွားမည်

Tuesday, 18 December 2012
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိအချိန်တွင် ဒေသအချို့၌ လုပ်ငန်း ပိုင်းဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဇော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်ဆောင်ရွက်နိုင်ခွင့်များကို ၂၀၁၂ခုနှစ်မှ စတင်ဆောင်ရွက်နေကြောင်း၊၂၀၁၃ခုနှစ်တွင် ပိုမိုတွင် ကျယ်လာမည်ဖြစ်ကြောင်း၊ပုဂ္ဂလိကပိုင်းမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီ ၁၂ ခု သည် ယခုအခါ သက်ဆိုင်ရာ ဒေသတွင် Physical Study များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

''လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတွေကို ပြည်တွင်းက ကုမ္ပဏီတွေကိုပေးမယ်ဆိုတာ အခုသတ်မှတ်ချက်က သူတို့တွေသည် ဖြန့်ဖြူးရေးပိုင်းမှာတင်မဟုတ်ဘူး။နွေရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ ဓာတ်အား လျော့ပေးရတဲ့ အခြေအနေမှာ ပြည်သူတွေကို လုံလောက်အောင်ပေးနိုင်ဖို့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ လုပ်ရမယ်လို့ သတ်မှတ်ချက်ပေးထားပါတယ်''ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊လျှပ်စစ်စွမ်းအားဦးစီးဌာန၊ညွန်ကြားရေးမှူးချုပ် ဦးခင် မောင်ဇော်က ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို အစိုးရမှ ကိုင်တွင်ဆောင်သည့် နိုင်ငံ များတွင် ရှားရှားပါးပါး မြန်မာတစ်နိုင်ငံသာ ကျန်ရှိတော့ကြောင်း၊သို့သော် လက်ရှိအချိန်တွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်ဆောင်ရွက်မှုကို မလွှဲမသွေ လက်ခံဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၊ဂျပန်၊ကိုရီးယားကုမ္ပဏီများနှင့် ပူးပေါင်းကာ မဂ္ဂါဝပ် ၅၀၀ ၀န်းကျင် ထုတ်လုပ်နိုင်မည့် ဓာတ် အားပေးစက်ရုံ ၃ ရုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ဆက်လက် ပြောကြားခဲ့ သည်။

''လှော်ကားမှာ တရုတ်ကုမ္ပဏီ ချိုင်းနားဟိုက်ဒရိုလန်ချာနဲ့ ၅၅၀ မ ဂ္ဂါဝပ်တည်ဖို့ MOU ထိုးပြီး ဖြစ်ပါတယ်။သာကေတမှာ KV(Korea)နဲ့ ၅၀၀မဂ္ဂါဝပ် ဘသာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဖို့ MOA ထိုးပြီး ဖြစ်ပါတယ်။သာကေမှာပဲ ဂျပန်နဲ့ ၅၀၀ မဂ္ဂါဝပ်တည်ဖို့ စီစဉ်ထားပါတယ်။နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းပြီး အလုံမှာ ၁၂၀ မဂ္ဂါဝပ် ထုတ်ဖို့ရှိပါတယ်။စုစုပေါင်း ၁၆၅၀ မဂ္ဂါဝပ်လောက် ၂၀၁၅- ၂၀၁၆မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ဓာတ်အားပေးဖို့ရှိပါတယ်''ဟု  ဦးခင်မောင်ဇော်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၁၅၄၂.၃ မဂ္ဂါဝပ် ထုတ်လုပ်ပေး
နေပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမှာ ၁၈၀၀ မဂ္ဂါဝပ် လိုအပ်လျက်ရှိကြောင်း  သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏမှာ ၇၃၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီရောက် ရှိလာပါက ၈၅၀ မဂ္ဂါဝပ်အထိ သုံးစွဲကြောင်း သိရှိရသည်။

Eleven Media Group ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း များ ဆောင်ရွက်ရန် ကမ်းလှမ်းထားသည့် ပြည် တွင်း ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၁၂ခုရှိပြီး အဆိုပါ ကုမ္ပဏီများသည် လကိရှိ

ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့် ယာဉ်တိုက်မှု


ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ Suzuki Pickup ကားမှာ တိမ်းမှောက်သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်တွင် Suzuki Pickup ကားတစ်စီးနှင့် Toyota အိမ်စီးကားတစ်စီးတို့ ဒီဇင်ဘာလ ၁၈

အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

Photo: အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

Tuesday, 18 December 2012
ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်းသားကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ်ဆရာမကြီး အပါအ၀င် ဆရာမ ၆ဦးကိုသေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ အမေ ရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံ မှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်း ချုပ်ရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေ တကျော့ပြန် တွေ့လာခဲ့ရပါတယ်။ ဒီလို အခြေအတင် ဆွေးနွေးမှု လုပ်သူ တွေရှိ နေသလို တချိန်မှာပဲ မေရီလန်းပြည်နယ် Baltimore မြို့မှာတော့ သေနတ်အစား တခြားပစ္စည်းတွေ ၀ယ်ယူဖို့ အလဲအလှယ်လုပ်တဲ့ အစီအစဉ် အတွက် တက်တက်ကြွကြွ ပါဝင်သူတွေက သူတို့ရဲ့ သေနတ်တွေကို လာအပ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က ပြောပြပေးထားပါတယ်။

အမေရိကန်နိုင်ငံမှာ အခုလို ၀မ်းနဲကြေကွဲဖွယ် လူအများအပြား တပြိုင်ထဲ သေဆုံးမှု တခုကြုံလာတိုင်း နိုင်ငံသားတွေအတွက် ခွင့်ပြု ထားတဲ့ သေနတ်ကိုင်ဆောင်ခွင်ဆိုင်ရာ ပိုပြီးတင်းကြပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး ထိန်းချုပ်လိုက်ရင် ဒီလိုသေနတ်နဲ့ ပစ်ခတ်မှုတွေ ပိုလျော့ပါးသွားလေမလားလို့ မေးခွန်းတွေ ထုတ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြေကတော့ မရှိသေးပါဘူး။

အခုဖြစ်ပွါးခဲ့သလိုမျိုး သေနတ်နဲ့ ပစ်ခတ်သေဆုံးရမှု ဖြစ်ရပ်ဆိုးတွေ ဖြစ်ပွါးနေပေ မယ့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကိုတိုးပြီး တင်းကြပ်ဖို့ လက်မခံသူ တွေဘက်က အနိုင်ရသွားတာ များပါတယ်။ အမေရိကန်နိုင်ငံမှာ အိမ်ထောင်စုအားလုံးပေါင်းရဲ့ သုံးပုံတပုံမှာ သေနတ်ပိုင်ဆိုင်သလို အစိုးရပိုင်းမှာဆိုရင်လည်း ထပ်တင်းကြပ်ဖို့ အဆိုပြုလိုက်တိုင်း သံသယတွေနဲ့ပဲ သံသရာလည်နေတာပါ။

သေနတ်ကိုင်ဆောင်ခွင့်ပြုထားတာဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဖြစ်ပြီး ဒါဟာ အခြေခံ ရပိုင်ခွင့်ဖြစ်နေတယ်လို့ သေနတ်ကိုင် ဆောင်ခွင့် လိုလားသူတွေက ဥပဒေ ကိုထောက်ပြ ငြင်းဆိုကြပါတယ်။

Neil Kravitz ဟာ မေရီလန်ပြည်နယ်က လိုင်စင်ရ သေနတ်နဲ့ ကျည်ဆံ အရောင်းအ၀ယ်လုပ်သူတဦးပါ။

" အခုလိုပစ်ခတ်မှုဖြစ်ခဲ့ရတာဟာ အတော့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ ဒီအမှုမှာ ဆိုရင် စိတ်မနှံ့သူတယောက်ရဲ့ လက်ထဲ သူ့အမေရဲ့ သေနတ်တွေ ရောက်သွားပြီး အခုလို သူများတွေကို လျှောက်ပစ်သတ်တဲ့ ဆိုးဝါးတဲ့ ရာဇ၀တ်မှုဖြစ်ခဲ့သလို ဒါက ကိုယ့်ကိုယ်ပိုင် သေနတ် အတွက် ကိုယ်တာဝန်ယူတဲ့ ကျွန်တော့်လိုလူနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ မရပါဘူး။"

ဒီကိစ္စမှာ ပြဿနာ အရင်းခံက လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု က အဓိကလို့ သူက ယုံကြည်ပါတယ်။ သေနတ်ဆိုတဲ့ အရာကို မော်တော်ကားလို အသုံးတည့်တဲ့ အရာတခုအဖြစ် သူကသတ်မှတ်ပြီး တာဝန်ခံနိုင်မှု မရှိတဲ့ လူရဲ့ လက်ထဲရောက်သွားရင် သေစေနိုင်တဲ့ လက်နက်တခု ဖြစ်သွားနိုင်တယ်လို့ သူက ခံယူပါတယ်။

ဒါပေမယ့် Connecticut ပြည်နယ် အထက်လွှတ်တော် အမတ် Chris Dodd ကတော့ အခုလို လူတဦးတယောက်ရဲ့ တာဝန်ခံနိုင်မှု ပေါ်မူတည်ပြီး ကာလကြာရှည်စွာ ချမှတ်ခဲ့တဲ့ ဥပဒေတွေကနေ အမေရိကန် ကလေးငယ်တွေရဲ့ အသက်ကို ကာကွယ်နိုင်လောက်တဲ့ အနေအထား ရှိမရှိ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ တာဝန်ကို အားလုံးက စုပေါင်းပြီး ယူကြဖို့ပါ။

“ဒီကနေ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေဟာ နေ့တိုင်း အန္တရာယ်ကြားမှာ သွားလာနေကြရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျည်ဆံအပြည့်နဲ့ သေနတ်တွေသယ်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်တွေရနေလို့ဆိုတာကို တွေးမိတော့ ကျွန်တော်အတော့်ကို လန့်သွားပါတယ်။"

တချိန်ထဲမှာပဲ စနေနေ့က Maryland ပြည်နယ် Baltimore မြို့က ကုန်တိုက်ကြီးထဲမှာ မြို့နယ်အာဏာပိုင်တွေပါ ပါဝင်ဆောင်ရွက်တဲ့ သေနတ်နဲ့ တခြားပစ္စည်းလဲလှယ်ရေး အစီအစဉ် ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်လှုပ်ရှား လာသူ အများအပြားရှိပါတယ်။ ကိုယ်ပိုင်အဖြစ် မှတ်ပုံတင်ထားတဲ့သေနတ် ဒါမှမဟုတ် မှတ်ပုံတင်မရှိတဲ့ သေနတ်တွေကို ဒေသခံ တွေက ရဲတွေကိုအပ်ကြသလို သေနတ်လာအပ် သူတွေကို ရဲတွေက ဒေါ်လာတရာတန် ပစ္စည်းဝယ်ခွင့် လက်မှတ်တွေ ထုတ်ပေးပါတယ်။

"အခုလာပြီးအပ်တဲ့သေနတ်တွေ အားလုံးကို ကျွန်တော်တို့က မီးရှို့ဖျက်ဆီးဖို့ အစီအစဉ်ရှိပါတယ်။ Connecticut မှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှုက သိပ်ကိုကြောက်စရာကောင်းပါတယ်။ ဒါမျိုး ထပ်ပြီး ဖြစ်တာမမြင်ချင်တော့ ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဒီ Baltimore မြို့မှာမဖြစ်စေချင်တာပါ။"

ရာသီဥတုက သိပ်ကို အေးနေပေမယ့် ဘယ်လ်တီမိုး မြို့ခံတွေဟာ စိတ်ရှည်လက်ရှည် တန်းစီပြီး သေနတ်တွေ အပ်နေကြပါတယ်။

"အခုလို လုပ်တာဟာ ကလေးတွေရှိတဲ့ အိမ်တွေမှာ ရှိနေတဲ့ သေနတ်တွေကို ဖယ်ပစ်ဖို့ အကောင်းဆုံး လုပ်ရပ်လို့ ကျမထင်ပါတယ်။ ကလေးရှိတဲ့ နေရာမှာ သေနတ် အနီးအနားမှာ ရှိနေတာမျိုးဟာ ဘယ်တော့မှ မကောင်းဘူး ဆိုတာ ကျမတို့ အားလုံး သိနေတာပဲလေ"

စနေနေ့ တနေ့ထဲမှာတင် သေနတ် အလက်ပေါင်း ၅၀၀ လောက် လာပြီး အပ်နှံခဲ့ကြတာပါ။ ဒီအစီအစဉ်ကို လုပ်ဖို့ ကမကထလုပ်တဲ့ သူကတော့ တခြား မြို့တွေမှာလည်း အလားတူ လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ Connecticut က ဖြစ်ရပ်ကို လက်တွေ့ မြင်ခဲ့ရတဲ့ ဒေသခံတွေ ကတော့ အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုကို ထိမ်းချုပ်ဖို့ လိုနေပြီ လို့ပြောဆိုကြသလို ဒီလိုဖြစ်ရပ်ဆိုး မဖြစ်သင့်ပဲ ဖြစ်ပွါးခဲ့ရတာအတွက် ဒေါ်သထွက်နေကြပါတယ်။

ဗွီအိုအေ ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်းကျောင်းမှာ မူလတန်း ကျောင်း

အစောဆုံးသော ကရင့်နှစ်သစ်ကူး ပွဲတော် သြစတြေးလျားနိုင်ငံ ဟိုဘတ်မြို့မှာ ကျင်းပပြီးစီး

Photo: အစောဆုံးသော ကရင့်နှစ်သစ်ကူး ပွဲတော် သြစတြေးလျားနိုင်ငံ ဟိုဘတ်မြို့မှာ ကျင်းပပြီးစီး

Tuesday, 18 December 2012
ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်အတွက် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အစောဆုံးဖြစ်အောင် ကြိုတင် ကျင်းပပြီးစီးသွားခဲ့ တာကတော့ သြစတြေးလျားနိုင်ငံ တောင်ဘက်ပိုင်းမှာ ရှိတဲ့ တက်စ်စမေးနီးယားပြည်နယ် Tasmania. ဟိုဘတ်မြို့ Hobartပဲ ဖြစ်ပါတယ်။ 

တက်စ်စမေးယားပြည်နယ် Tasmania.ဟာ အခြားသြစတြေးလျားနိုင်ငံရှိ ပြည်နယ်များတွင် ကရင်လူမျိုး အခြေချ ရောက်ရှိနေထိုင်မှု အနောက်ကျဆုံးနဲ့ ကရင်လူဦးရေ အနည်းဆုံးပြည်နယ် ဖြစ်ပြီး ကရင်နှစ်သစ်ကူးပွဲတော်ကိုလည်း ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်ကို အဲဒီပြည်နယ်ရောက် တက်ကြွလှုပ်ရှားသူများနဲ့ အခြားပြည်နယ်က တက်ကြွလှုပ်ရှားသူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ပထမဦးဆုံးနဲ့ အစောဆုံးသော ကရင်နှစ်သစ်ကူး ပွဲတော်ကြီး ဖြစ်အောင် ဒီဇင်ဘာလ ၁၅ရက်နဲ့ ၁၆ရက်တွင် အစီအစဉ်တွေ အပိုင်းလိုက် ခွဲပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တာပါ။

အဲခေါင်သောင့်ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်အတွက် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အစောဆုံးဖြစ်အောင် ကြိုတင် ကျင်းပပြီးစီးသွားခဲ့

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Photo: စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Tuesday, 18 December 2012
မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများကို မော်လမြိုင်မြို့နယ် စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပရာ စာပေပြိုင်ပွဲသို့ မော်လမြိုင်မြို့နယ် စာရေးဆရာ
အသင်းဝင်များ၊ မော်လမြိုင် မြို့နယ် ပညာရေးမှူး ဦးအောင်စိုးမြင့်၊ မော်လမြိုင်မြို့နယ် ကာတွန်း ဆရာများ၊ ပန်းချီဆရာများ၊ မော်လမြိုင် မြို့နယ် ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅ဝ ဦးခန့် တက်ရောက် သည်။

စာပေပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ လည်းကောင်း၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်(၃)ဆင့် ခွဲခြား၍ ယှဉ်ပြိုင် ခဲ့ကြသည်။

စာပေပြိုင်ပွဲ၌ ဆုရရှိသူ များအား ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် စာပေ ဟောပြောပွဲတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြ၀တီ မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့

စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Photo: စကားလက်၏ ကွန်ပျူတာကို ခိုးဝင်ခဲ့သူ Hacker အား ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Tuesday, 18 December 2012
စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရသည်။

(၂၀၁၁)ခုနှစ်က နာမည်ကျော် ဟောလီးဝုဒ် မင်းသမီး၏ က
ွန်ပျူတာအတွင်း ထိုးဖောက်ကာ စကားလက်၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို ရယူ ပျံ့နှံ့စေခဲ့သည့် အသက်(၃၅)နှစ်ရှိ ခရစ္စတိုဖာ ချန်နေးသည် ယခုအခါ ထောင်ဒဏ်ပြစ်ဒဏ်ကို အတည်ပြု ကျခံရတော့မည် ဖြစ်သည်။ ဖလော်ရီဒါတွင် နေထိုင်သော ချန်နေးသည် သူတစ်ပါးကို အရှက်ရစေမှုနှင့် ဖောက်ထွင်းမှုများအတွက် စွဲချက်တင်ခံခဲ့ရသည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး Emailနှင့် ဖုန်းအကောင့်များကိုပါ ခိုးယူခဲ့ပြီး အလားတူ ပစ်မှတ်မျိုးကို မီလာ ကူနစ်နှင့် ခရစ္စတီးနား အဂွီလာရာတို့ကဲ့သို့ Celebrityများထံပါ ဦးတည်ခဲ့ဖူးသည်။

လော့စ်အန်ဂျလိစ် တရားရုံး တစ်ခုက ယင်းအမှုအခင်းများနှင့် ပတ်သက်ပြီး ချန်နေးတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်တစ်ရပ်ကို ဒီဇင်ဘာလ (၁၇)ရက်နေ့က ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားသူကြီး ဂျိမ်းစ် အိုတီရိုက စကားလက်၏ မျက်ရည်လည်ရွဲ လျှောက်လှဲထားသည့် ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ယခုပြစ်ဒဏ်ကို ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်နေးသည် စကားလက်၏ ပုဂ္ဂိုလ်ရေး ဖိုင်များကို မွှေနှောက်ကာ ကိုယ်ပိုင် ဓာတ်ပုံများကို ရယူခဲ့ခြင်း ဖြစ်သည်။

စကားလက်နှင့် ခင်ပွန်းဟောင်း ရိုင်ယန်ရေးနိုးလ်တို့၏ ဗလာကျင်း ဓာတ်ပုံများကိုလည်း ၎င်းက အင်တာနက်မှတစ်ဆင့် ဖြန့်ဝေခဲ့သေးသည်။

Planet News စကားလက် ဂျိုဟန်ဆင်၏ ကိုယ်ပိုင်ကွန်ပျူတာကို ခိုးဝင်ခဲ့ဖူးသူ Hackerအား ယခုအခါ ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ပြီဟု သိရှိရ သည်။

ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Photo: ဂျပန် AKB48 ပေါ့အဖွဲ့ဝင်သစ် Aimi Eguchi သည် လူမဟုတ်

Tuesday, 18 December 2012
တကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက ထည့်သွင်း ခဲ့ပါတယ်။

Playboy မဂ္ဂဇင်းတွေမှာတောင် အဆိုတော်သစ် မိတ်ဆက်ဆိုပြီး
Sexy ကျကျ ပုံတွေနဲ့ ဖော်ပြပါတယ်။ အခြားသော မီဒီယာ မိတ်ဆက်မှုများ ပြု လုပ်ပြီး ရုပ်သံ အင်တာဗျူးအစီအစဉ်တွေတောင် လုပ်ပေး ပါသေးတယ်။ သူ့သီချင်းတွေလည်းထွက်ရှိပြီး အဖွဲ့လိုက် ဖျော်ဖြေမှုတွေ ပါ ပြုလုပ်ပေး ပါတယ်။ သို့ပေမယ့် တစ်လမကြာပဲ အမှန်တရားကို ပြန်လည်ကြေညာပေး ခဲ့ပါတယ်။

ယင်းအဖွဲ့ဝင်သစ် Aimi Eguchi ဟာ တကယ့်လူအစစ်မဟုတ်ပဲ ကွန်ပြူတာ နည်းပညာဖြင့် ဖန်တီးသော CGI ပုံရိပ်တစ်ခုသာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့  အသံ၊ မျက်နှာ၊ မျက်လုံး၊ ဆံပင်၊ ဘော်ဒီ အားလုံးကို အဖွဲ့ဝင် အဆိုတော် ၆ ဦးလောက်ကနေ ယူပြီး ပေါင်းစပ်ပေးထား တာ ဖြစ်ပါတယ်။ တကယ်တန်း ကြေညာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက လာတဲ့ ၁၆ နှစ်သမီးလေး အဆိုတော် လတ်လတ်ဆတ်ဆတ် လို့ ကြေညာပါတယ်။

AKB48 ဟာ အဖွဲ့ဝင် ၉၁ ဦး ဝန်းကျင်ရှိတဲ့ ကမ္ဘာကျော် ဝင်ငွေ စံချိန်တင် ဂီတ အဖွဲ့ကြီးဖြစ်ပြီး အဖွဲ့ အေ၊ ဘီ၊ စီ အစရှိသဖြင့် ခွဲလို့ ရှိုးပွဲတွေရော၊ အယ်လ်ဘမ်တွေရော ဆက်တိုက်ထုတ်ပါတယ်။ ယနေ့တိုင် လူကြိုက် များနေဆဲ ဖြစ်ပါတယ်။

သို့ပေမယ့် တကယ် ရုပ်ရှင်ထဲကလိုပဲ အပြင်မှာ မရှိတဲ့ လူတစ်ယောက်ကို အဆိုတော် အသစ်အဖြစ် မိတ်ဆက်ပေးလိုက်တဲ့ AKB48 ရဲ့  လုပ်ရပ်က ယနေ့တိုင် ငိုရမလို၊ ရယ်ရမလို အကြောင်းအရာလေး တစ်ခုအဖြစ် ကျန်ရှိခဲ့ကြောင်း သိရပါတယ်။

 wikiတကယ်ပဲ လူစင်စစ် မဟုတ်တဲ့ Aimi Eguchi အမည်ရ အမျိုးသမီးကို ကမ္ဘာကျော် ဂျပန် ပေါ့တေးဂီတ အဖွဲ့ AKB48 မှာ ဇွန်လဆန်းက

ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

ဂီတလောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင် ဘရစ်တနီစပီးယား

Tuesday, 18 December 2012
ဂီတ လောကတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသမီး တေးသံရှင်မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော် မဂ္ဂဇင်း တစ်ခုဖြစ်သည့် Forbes မဂ္ဂဇင်းက ကြေညာခဲ့သည်။

ဘရစ်တနီသည် ပြီးခဲ့သည့် နှစ်က သူမ၏ တေးအယ်လ်ဘမ်၊ ရေမွှေးနှင့် ကြော်ငြာများမှ ခန့်မှန်းခြေ အားဖြင့် အမေရိ ကန် ဒေါ်လာ ၅၈ သန်း ဝင်ငွေ ရရှိ ခဲ့ပြီးနောက် နံပါတ်တစ် နေရာကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ကန်ထရီး-ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်က ဝင်ငွေ ၅၇ သန်းဖြင့် ဒုတိယ နေရာ ရရှိခဲ့ပြီး R & B အဆိုတော် ရီဟန်းနားက ဝင်ငွေ ၅၃ သန်းဖြင့် တတိ ယ နေရာ ရရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ဝင်ငွေ အကောင်းဆုံး နံပါတ် တစ်နေရာကို ရရှိခဲ့သော ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါသည် ယခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂ သန်းဖြင့် နံပါတ်လေး နေရာကိုသာ ရရှိ ခဲ့သည်ဟု သိရသည်။

မြ၀တီ ဂီတ လောကတွင် ဝင်ငွေအကောင်းဆုံး အမျိုးသမီး တေးသံရှင် မှာ ပေါ့ပ်တေးသံရှင် ဘရစ်တနီ စပီးယားဖြစ် ကြောင်း ကမ္ဘာကျော်

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

"ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်"

Tuesday, 18 December 2012
ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကိ
ု ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။

“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။
တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့ ငယ်ငယ်က တည်းက လေးစားခဲ့၊ ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြော ပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်းလည်း ပြောသည်။

ရဲရဲ Facebookဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည် သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ

နိုင်ငံတကာသုံး VISA ကတ်အား ပြည်တွင်း၌သုံးစွဲရန် ဘဏ်သုံးဘဏ်နှင့် ချိတ်ဆက်ထားသော်လည်း လက်တလောတွင် သမ၀ါယမလိမိတက်၌ စတင်အသုံးပြုနိုင်

နိုင်ငံတကာသုံး VISA ကတ်အား ပြည်တွင်း၌သုံးစွဲရန် ဘဏ်သုံးဘဏ်နှင့် ချိတ်ဆက်ထားသော်လည်း လက်တလောတွင် သမ၀ါယမလိမိတက်၌ စတင်အသုံးပြုနိုင်

Tuesday, 18 December 2012
နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ်
ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊ ကမ္ဘာဇဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ချိတ်ဆက်ထားသော် လည်း လတ်တလောတွင် သမ၀ါယ မလိမိတက်ဘဏ်၌ စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်
ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

'' VISA ကတ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ စပြီးသုံးလို့ရပါပြီ။ လက်အချိန်မှာ စမ်းသပ်ကာလဖြစ် လို့ သမ၀ါယလိမိတက်ဘဏ်ရဲ့ ရုံးချုပ်မှာရှိတဲ့ ATM စက်နှစ်လုံးအပြင် လေဆိပ်မှာထားတဲ့ ATM စက်နှစ်လုံး စုစုပေါင်းလေးလုံးမှာ သုံးစွဲလို့ ရပါတယ်။ ၀န်ဆောင်ခအနေနဲ့ဘဏ်က ၅၀၀၀ကျပ် သတ်မှတ်ထားပါ တယ်''ဟု သမ၀ါယမလိမိတက် ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။

လက်ရှိအချိန်တွင် VISA ကတ်နှင့် ချိတ်ဆက်ထားသော အခြားဘဏ်များအနေဖြင့် VISA ကတ် အသုံး
ပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ သမ၀ါ ယမလိမိတက် ဘဏ်အနေဖြင့် VISA ကတ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးသွားပါက သမ၀ါယမလိမိတက် ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။

VISA  ကတ်စနစ်ကို ပြည်တွင်း ဘဏ်သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြု
နိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ VISA ကတ်စနစ်ကို ထမအဆင့်အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယ အဆင့်အနေဖြင့် ဟိုတယ်ကြီး များ၊ နိုင်ငံခြားသားခရီးသွားများ အများအပြားသွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံး စွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း VISA ကတ်ကုမ္ပဏီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

VISA ကတ်ကုမ္ပဏီသည် ကမ္ဘာ လုံးဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် သုံးစွဲလျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားကတ်များဖြစ်သော ဂျပန်အခြေစိုက် JCB၊ တရုတ် ခြေစိုက် CUP နှင့်အမေရိကန်အခြေစိုက် Master ကတ်နှင့် VISA ကတ်များကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရ သည်။

Eleven Media Group နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ် ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်

Tuesday, 18 December 2012
လွတ်လပ်သော လူ့အခွင့်အရေးပြည့်ဝစွာရရှိတယ်ဆိုသော အတိုက် အခံတို့ အများအားကျ အတုယူ ပြောနေကြသည့် အနောက်နိုင်ငံတွင် အဖေနဲ့ သမီး ပြန်ယူ၍ လူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချ နေ ကြသည်။အဖေကြောင့်ရသော ကိုယ်ဝန်ကို လူသ
ိရှင်ကြား ကြေညာ၍ လူ့အခွင့်အရေးဆိုတာဘာလဲကို ပြနေကြသည်။ ထိုကဲ့သို့ အရှက်မရှိ သတင်းကိုလည်း မီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြ၍ မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ဘယ်လိုပါဟု ဖော်ပြနေကြသည်။

သမီးကို မယားလုပ်၍ ရလာသောကလေးကို ဘယ်လိုဆွေမျိုးစပ်မည်နည်း။ သူ၏ သားသမီးလား။ မြေး လား။ သမီးအတွက်လည်း ယောင်္ကျားကလည်း ဒီလူအဖေကလည်း ဒီလူ။ ဘယ်လိုဘယ်ပုံ ဆွေမျိုး စပ်မည် နည်း။ ထိုမိန်းကလေး၏ အမေနှင့် အစ်ကိုတွေကရော ဘယ်လို ဆွေမျိုး စပ်ကြမည်နည်း။

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်တာလူ့အခွင့်အရေးလား?

အရက်မူး၍ သမီးမှားမသိလို့ ကျူးလွန်သည့် ဖြစ်ရပ်တွေသာ ကြားဖူးသည်။ ထိုကဲ့သို့ အဖေနဲ့သမီး သိပါလျှက်နှင့် ကျူးကျူးလွန်လွန် ဖြစ်ကြ အကြင်မယား အဖြစ်နေကြသည်ကို မကြားဖူးသေး။ လူ့ယဉ်ကျေး အသိုင်းအ၀ိုင်းတွင် မကြုံဖူး မမြင်ဖူးသေး။ သို့သော် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ယဉ်ကျေးပါ သည်ဆိုသော လူ့အခွင့်အရေးအပြည့်ရသည်ဆိုသော အတိုက်အခံတို့၏ အဆိုအရ အနောက်နိုင်ငံများတွင် တကယ်ဖြစ်နေသည်။

အဖေနှင့်သမီး ပြန်ယူနေသည်။ မြန်မာပြည်တွင်လည်း ဒီမိုကရေစီလမ်းစဉ်ကိုလျှောက်လှမ်းတာ မကြာသေး။ လူ့အခွင့်အရေး လွတ်လပ်ခွင့်ဆိုပြီး ဖော်ချွတ်ပြနေကြ၊ ယောက်ကျားနဲ့ မိန်းမအိပ်တာကို လူသိ ရှင်ကြား သီချင်းလုပ်ဆိုနေကြသည်။ အနောက်နိုင်ငံ၏ အရှက်တရားကင်းမဲ့မှု အဖော်အချွတ်များကို အတု ယူနေကြသည်။

မြန်မာပြည်၏ ဒီမိုကရေလမ်းစဉ်သည် ထိုသို့မဟုတ်။ ဒီမိုကရေစနစ်စတင် ဖော်ဆောင်ကတည်းက ရည်ရွယ်ချက်သည် "စည်းကမ်းပြည့်ဝသော" ဒီမိုကရေစနစ်ဆိုပြီး ဒီမိုကရေစီ ရှေ့တွင် စည်းကမ်းတကျ ရှိမှုကို ထည့်သွင်းထားသည်။

စည်းမရှိကမ်းမရှိ ဒီမိုကရေစီမဟုတ်။ ယခုလို ဆင်ဆာတွေ ကင်းလွတ်ပေး၊ မီဒီယာတွေ လွတ်လပ်ခွင့်ပေး ထားခြင်းသည်လည်း အရှက်တရား မရှိ ဖော်ချွတ်ပြသဖို့ မဟုတ်။ ဒါကို မြန်မာမိန်းကလေးတွေ သတိချပ်မိ ဖို့လိုသည်။

ဆိုချင်သည်မှာ အနောက်နိုင်ငံများတွင် အဖေကို အဖေမှန်းမသိ သမီးကို သမီးမှန်းမသိ ထိုကဲ့သို့ ပြုမူနေ ထိုင်နေကြသည်။

ထိုသို့နေထိုင်ခြင်းကို လူ့အခွင့်အရေး ဒီမိုကရေစီဟုဆိုကာ မီဒီယာ စာမျက်နှာထက်တွင် ဖော်ပြနေ ကြသည်။ မြန်မာလူမျိုးတို့ အနေနဲ့ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို အတုမယူသင့်။ ထိုအရာသည် လူ့အခွင့်အရေးမဟုတ်။

မိမိတို့ယဉ်ကျေးမှု ၊ မိမိတို့ လူမှုဘ၀နှင့် ကိုက်ညီသော "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" လမ်းစဉ်ပေါ်တွင် လက်ရှိအစိုးမှ ဦးဆောင်လျှောက်လှမ်းနေချိန်တွင် မြန်မာပြည်သူ များလည်း စည်းကမ်းတကျ ပြုမူနေထိုင်၍ လိုက်ပါသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

ရွှေနိုင်ငံ လွတ်လပ်သော လူ့အခွင့်အရေးပြည့်ဝစွာရရှိတယ်ဆိုသော အတိုက် အခံတို့ အများအားကျ အတုယူ ပြောနေကြသည့် အနောက်နိုင်ငံတွင်

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -

Photo: ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ -
Tuesday, 18 December 2012

မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထ
ားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။
Blue Catမြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက်ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အယုဒ္ဓရ မြို့ကသမိုင်း အထိမ်း အမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သား ရုပ်တုတွေရှိ တယ်လေ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ တတိယအကြိမ် လက်ထပ်မည်

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ်ငယ်သည့် ၂၇  နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖရန့်စကာ ပါစကေးသည် လှပသူတစ်ဦး ဖြစ်သည့်အပြင် စိတ်ထား အလွန်ကောင်းမွန်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း၊ မိမိသည် ယခုအခါ အထီးကျန်သည့် ဝေဒနာကို မခံစား ရတော့ကြောင်း အိမ်ထောင် နှစ်ခါ ပြုဖူးသူ ကလေးငါးဦး၏ ဖခင် ဘာလူစ ကိုနီက ပြောကြားခဲ့သည်။ 

ထို့ပြင် သူမသည် မိမိသမီးဖြစ်သူ မာရီနာနှင့်လည်း ရင်းနှီး ချစ်ခင်ကြောင်း၊ မိမိအနေဖြင့် သူမအား လေးစား ချစ်ခင်သည့်အပြင် မိမိ၏သားသမီး များနှင့်လည်း အဆင်ပြေသည့်အတွက် သူမအား ကျေးဇူးတင်မိကြောင်း အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ် သည့် ဘာလူစကိုနီက အီတလီ ရုပ်သံတစ်ခု၏ တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရ သည်။  

http://www.myawady.net.mm/allnews/global/item/2140-2012-12-18-10-10-39
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီအို ဘာလူစကိုနီသည် ၎င်းထက် ၄၉ နှစ် ငယ်သည့် ၂၇ နှစ်အရွယ် ချစ်သူ ဖရန့်စကာ ပါစကေးနှင့် စေ့စပ်

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်ထားသည့် သီလရှင်က နှစ်ဦးသဘောတူ လိင်မှုပြုခြင်းဖြစ်ကြောင်း ပြန်ဝန်ခံ

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် အသက်(၃၀)နှစ်အရွယ် ဥရောပ သီလရှင်တစ်ဦးက သူမအား အသက် (၄၀)နှစ်အရွယ် အီရန်နိုင်ငံသား

ခြောက်နှစ်သမီးကို အရက်အတင်းတိုက်ပြီး သူငယ်ချင်းများနှင့် မတရားပြုကျင့်သည့်ဖခင်

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင်ဖခင်ဖြစ်သူက ခြောက်နှစ်အရွယ် ၎င်း၏ သမီးအား အရက်အတင်းတိုက်ခဲ့ကာမတရားပြုကျင့်ခဲ့ကြောင်း

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

သတို့သမီးနှစ်ယောက်ကို တစ်ညတည်း တပြိုင်နက်လက်ထပ်တဲ့ သတို့သား

အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက်ကို ရွေးချယ်မနေတော့ဘဲ နှစ်ယောက်လုံးကို တစ်ညတည်း တပြိုင်နက် လက်ထပ်ခဲ့တယ်လို့ သိရပါတယ် ။

သတို့သားက သူမေတ္တာသက်ဝင် ချစ်ခင်နေခဲ့မိသော အသက် (၁၇)နှစ်အရွယ် မိန်းကလေးနှင့် အသက်(၂၁)နှစ်အရွယ် အမျိုးသမီး နှစ်ဦးစလုံးကို ဧပြီ(၆)ရက်နေ့က Tikrit မြို့ရဲ့ မြောက်ဘက်ပိုင်းက Al Laqlaq ရွာလေးမှာ တပြိုင်တည်း လက်ထပ်ခဲ့တာဖြစ်ကြောင်း သိရသည် ။

ဒါ့အပြင် ထိုသတို့သမီး နှစ်ယောက်စလုံးဟာလည်း သတို့သား၏ မောင်နှမဝမ်းကွဲတွေ ဖြစ်တယ်လို့ သိရပါတယ် ။

တစ်ညတည်း သတို့သမီးနှစ်ယောက်ကို တပြိုင်တည်း လက်ထပ်ခွင့်ပြုဖို့ သူ့ချစ်သူ သတို့သမီးလောင်းတွေကို စည်းရုံးသိမ်းသွင်းရာတွင် နှစ်ယောက်စလုံးကို ညီတူညီမျှ ချစ်နိုင်ရင် လက်ခံမယ်လို့ သတို့သမီးနှစ်ဦးစလုံးက သဘောတူခဲ့ကြတာဖြစ်ကြောင်း သိရသည် ။

အစ္စလာမ်ဘာသာ၏ ထုံးတမ်းဓလေ့အရ ဇနီးမယား လေးဦးအထိ တရားဝင်ယူကာ ပေါင်းသင်းနိုင်ကြောင်း သိရသည် ။ သို့ပေမယ့် ဇနီးမယားအားလုံး သာတူညီမျှ ခံစားခွင့် ရရှိရမည်ဟု ဖော်ပြပါရှိထားကြောင်း သိရသည် ။

http://gulfnews.com/news/region/iraq/iraqi-farmer-marries-two-women-in-one-night-1.1014411အီရန်နိုင်ငံသား အသက်(၂၂)နှစ်အရွယ် လယ်သမားတစ်ဦးဟာ သတို့ သမီး နှစ်ယောက်အနက်မှ တစ်ယောက်ယောက် ကို ရွေးချယ်

လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်မည်

၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေအရ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ ကျရင် တရားဝင် လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်တော့မယ်လို့ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် အမတ် ဒေါ် လဲ့လဲ့ ၀င်းဆွေ က ပြောပါတယ်။

ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့


Photo: ထိုင်းလေတပ်မှ C -130 လေယာဉ်တစ်စီး စစ်ချို့ယွင်းသဖြင့် ထားဝယ်လေဆိပ်တွင်ညအိပ်ခဲ့။ 
Monday, 18 December 2012

၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးကျော် လိုက်ပါလာသည့် ထိုင်းလေတပ်မှ C-130 အမျိုးအစားလေယာဉ်တစ်စီးသည် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာရန်ပြင်ဆင်ရာ လေယာဉ်အင်ဂျင် ၄ လုံးရှိသည့်အနက် ညာဘက်အတွင်း အင်ဂျင်ချို့ယွင်းပြီး မပျံသန်းနိုင်ဘဲ ခရီးစဉ်အားဖျက်သိမ်းခဲ့ကြောင်းသိရှိရသည်။ “ ထိုင်းအဖွဲ့က လေယာဉ် ၂ စီးနဲ့ လာပါတယ်။ ထိုင်းဝန်ကြီးချုပ်က ATR-42 အမျိုးအစားလေယာဉ်နဲ့ပါ။ ဝန်ကြီးချုပ်လေယာဉ်တက်သွားပြီး စီးပွားရေးလုပ်ငန်းရှင်တွေစီးလာတဲ့ ထိုင်းလေတပ်က လေယာဉ်တက်ဖို့အလုပ်မှာ လေယာဉ်အင်ဂျင်တစ်လုံး ချို့ယွင်းလို့ ခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ ခရီးသည်အားလုံးကိုထားဝယ်မှာရှိတဲ့ ဟိုတယ်တွေမှာ နေရာချထားပါ တယ်။ ထိုင်းလေတပ်က အင်ဂျင်နီယာတွေလည်း ချို့ယွင်းနေတဲ့ အင်ဂျင်တွေကိုဆောင်ရွက်နေကြတယ်” ဟု ထားဝယ်မြို့က တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

MON ၁၇-၁၂-၂၀၁၂ ရက်နေ့ ထိုင်းဝန်ကြီးချုပ် ရင်လက်ရှင်နာဝပ် ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် စပ်ဆက်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၃၀

နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း

Photo: နောက်ပေါက်ကျယ် နေသာ KIA အတွက် သတင်းကောင်း

Monday, 18 December 2012
ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်တိုက်ခိုက်ခွင့် ရရှိနေသောကြောင့် အထူးပင် သည်းခံစိတ် ထားနေရကြောင်း သိရှိရသည်။
KIA အနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြု၍ အမြတ်ထုတ်နေခြင်း ဖြစ်ကြောင်း၊ တစ်ဘက်မှ အမိန့်  နာခံနေရခြင်းကို အခွင့်ကောင်းယူ၍ ယခုလို တိုက်ခိုက်နေခြင်းမှာ မဖြစ် သင့်ကြောင်း၊ KIA ကို အမှန်တစ်ကယ် တိုက်စစ်ဆင်လျှင် (၁)ပတ်ပင် မကြာနိုင်ကြောင်း၊ ခွင့်ပြုချက် ရရှိပါက ယခု ပွင့်လင်းရာသီတွင်ပင် အမြစ်ပြတ်ချေမှုန်းရန် ဆန္ဒထက်သန် လျက်ရှိကြောင်း၊ တိုက်စစ်ဆင်လျှင် တရုတ်နိုင်ငံကိုပါ ညှိနှိုင်း၍ (၁)လအတွင်း အပြီး သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

KIA အနေဖြင့် နောက်ထပ် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာပါက ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိသည်ကို ပေါ်လွင်စွာ ပြသနေခြင်း ဖြစ်၍ အမိန့်တောင်းခံပြီး လဂျားယန်၊ လိုင်ဇာတို့ကို (၁)လအတွင်း ဆက်တိုက် သိမ်းပိုက်မည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ မြန်မာစစ်တပ်သည် သမ္မတဦးသိန်းစိန်၏ အမိန့် အတိုင်း လိုက်နာနေကြောင်း သိရှိရသည်။
Kachin Daily News ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာနေသော်လည်း ကချင်သောင်းကျန်းသူများက တစ်ဖက်သတ်

ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ မြန်မာ့ ODA အစီအစဉ် မပြောင်းနိုင်

ချဖို့ ရှိနေပေမဲ့ မြန်မာနိုင်ငံအပေါ်ကိုတော့ လျှော့မှာ မဟုတ်ဘူးလို့ ဖွံ့ဖြိုးဆဲနိုင်ငံများလေ့လာရေး သိပ္ပံက အကြီးတန်းသုတေသီ Toshihiro Kudo က VOA မြန်မာပိုင်းကို ပြောပါတယ်။ Shinzo Abe

ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့မှ “အန္တရာယ်ဇုံ” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်

burmese-news-17-12-2012တရုတ် စက်မှုဇုံများ တည်ဆောက်မှုကြောင့် ရခိုင် ကမ်းရိုးတန်း တလျှောက် တွင် သဘာဝ ညစ်ညမ်းမှု များနှင့် ဒေသခံများဆိုးကျိုး

ဘုရားသုံးဆူ လူသတ်မှုတွင် တရားခံဟု ယူဆရသူကို ဖမ်းဆီးရမိ

ဘုရားသုံးဆူမြို့ပေါ် မတည်ငြိမ်မှုမြင်ကွင်းဘုရားသုံးဆူမြို့ အမှတ် ၄ ဥဒေါင်းကန်ရပ်ကွက်တွင် ဒဏ်ရာများနှင့် သေဆုံး သွားသည့် ကိုလွင်လွင်နောင်အား

တရုတ်-ဂျပန် ဆက်ဆံရေး တရုတ် သတိပေး

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်း  တင်းမာခဲ့အသစ်တက်မယ့် ဂျပန် အစိုး ရသစ် အနေနဲ့ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြား အတိမ်းအစောင်းမခံတဲ့

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှုအခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသ မဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက    ဝေဖန်ရှုတ်ချ

Post titleဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ


Photo:ဲဗြိတိန် ဝန်ကြီးချုပ်သည် HUAWEI ကုမ္ပဏီအား အမည်ပျက် စာရင်း ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေ
Monday, 17 December 2012

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အရေးယူရန် ဆုံးဖြတ်ခဲ့လျှင် ဗြိတိန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်
ဒေါ်လာဘီလီယံ များစွာ ကုန်သွယ်မှုအား ထိခိုက်လာနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် နိုင်ငံတကာ ကုမ္ပဏီနှင့် တရုတ် စစ်တပ်တို့၏ ဆက်နွယ်မှုကို သီတင်းပတ် နှစ်ပတ်အတွင်း စုံစမ်းဖော်ထုတ် လာမည့် အစီရင်ခံစာကို စောင့်စားနေခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီသည် တရုတ် အစိုးရအတွက် သူလျှို လုပ်ပေးနေသည့် အချက်နှင့် ပတ်သက်၍ ဗြိတိန် အစိုးရ အတွင်း စိုးရိမ်စိတ်များ မြင့်တက်နေကြောင်း သိရှိရပါသည်။

ဗြိတိန် ဝန်ကြီးချုပ်သည် အဆိုပါ ကုမ္ပဏီအား အမည်ပျက် စာရင်း
ကြေညာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ဒေါသတကြီး တုံ့ပြန်လာနိုင်မှုကို ရင်ဆိုင်ရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းတစ်ခု အရ သိရှိရပါသည်။ ဗြိတိန်နိုင်ငံတွင် Huawei သည် နာမည်ကြီး ပစ္စည်းမျိုး မဟုတ်သော်လည်း ဥရောပရှိ ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏
လေးပုံတစ်ပုံကို ထိန်းချုပ်ထားကြောင်းနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ 4G စနစ် ဆက်သွယ်ရေး ပစ္စည်း ဈေးကွက်၏ တစ်ဝက်ကို ပိုင်ဆိုင်ထားကြောင်း သိရှိရ ပါသည်။

မြ၀တီဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei အား ဆိုက်ဘာ ထိုးဖောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍

ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ


Photo: ကင်မ်ဂျူံအီလ် ကွယ်လွန်ခြင်း တနှစ်ပြည့် ကျင်းပ 
Monday, 17 December 2012

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က ဦးဆောင်ပြီး ပြုလုပ်သွား ပါတယ်။ မြောက်ကိုရီးယား အစိုးရပိုင်းသတင်းရဲ့ထုတ်လွင့်ပြသမှု မှာတော့ သောင်းနဲ့ချီတဲ့ လူထုဟာ မြို့တော်ရဲ့ Sun ဂူဗိမာန်ရှိရာ Kumsusan နန်းတော်အပြင်ဖက်မှာ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတာကို မြင်ရပါတယ်။

လက်ရှိ မြောက်ကိုရီယားခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ Kim Joing Il ရုပ်အလောင်းကို အဲဒီဂူဗိမာန်မှာ မြှုပ်နှံထားတာပါ။ နောက် ခရာမှုတ်ပြီး သုံးမိနစ်ကြာ တိတ်ဆိတ်ငြိမ်သက် ဂုဏ်ပြုကြပါတယ်။ အဲဒါကို မြောက်ကိုရီယားတနိုင်ငံလုံးနဲ့ ပင်လယ်ပြင်က သင်္ဘောတွေမှာပါ တိတ်ဆိတ်ငြိမ်သက်မှုလုပ်ခဲ့ကြတာပါ။ မြောက်ကိုရီယားခေါင်းဆောင် Kim Joing Il ဟာ လွန်ခဲ့တဲ့တနှစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူဟာ မြောက်ကိုရီယားနိုင်ငံတည်ထောင်သူ ဖခင်ဖြစ်တဲ့ Kim Il Sung အရိုက်အရာကို ခံယူပြီး နိုင်ငံကို နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အောင်အောင်မြင်မြင်လွတ်တင်နိုင်ခဲ့တဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုမှာလုပ်ခဲ့ကြတဲ့ သိပ္ပံပညာရှင်
အတော်များများလည်း ဒီ ဂုဏ်ပြုပွဲမှာ တွေ့ရပါတယ်။ KIM မိသားစုဟာ မျိုးဆက်သုံးခုမြောက် အထိ အခု မြောက်ကိုရီယားနိုင်ငံကို အုပ်ချုပ်နေတာ နှစ်ပေါင်း ၆၀ကျော်သွားပါပြီ။

ဗွီအိုအေမြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong Il ကွယ်လွန်တဲ့ တနှစ်ပြည့် အထူးအောင့်မေ့ဖွယ်အခမ်းအနားကို သားဖြစ်သူ လက်ရှိ မြောက်ကိုရီယားခေါင်းဆောင် Kin Jong Un က

ကမ္ဘာ့အရှည်ဆုံးကား

Photo: ကမ္ဘာ့အရှည်ဆုံးကား
Monday, 17 December 2012

ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။

ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။

အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။

ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။
--
Ref: masefact

www.facebook.com/motors.com.mm

International news for myanmarပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ

Photo: အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ်ရောက်ရှိ
Monday, 17 December 2012

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဖိတ်ကြားချက်အရ မြစ
်ကြီးနားမြို့မှာ ဒီကနေ့ ည ၇ နာရီ အမေရိကန် သံအမတ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေး
အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဂွမ်ဂျာမိုင်က RFA ကို အခုလိုပြောပါတယ်။

"အမေရိကန်သံအမတ်ကြီးက ကျနော်တို့ ကချင်ပြည်နယ်ကို ဒီကနေ့ပဲ ရောက်လာမယ်လို့ ပြောပါတယ်၊ သူရောက်လာတဲ့အချိန်မှာ ကျနော်တို့ PCG အဖွဲ့တွေကိုလည်း တွေ့ဆုံချင်တယ်လို့ ကျနော်တို့ကို ဖိတ်ထားတာရှိပါတယ်၊ အမေရိကန်သံရုံးကနေ ကျနော်တို့ဆီကို လှမ်းပြီးအကြောင်းကြားတာပါ၊ အကြမ်းဖျင်းတော့ ဘာတွေဆွေးနွေး
မယ်ဆိုတာ မသိထားသေးဘူးခင်ဗျ၊ သူတို့ရောက်လာရင် ကျနော်တို့နဲ
့တွေ့ဆုံမယ်လို့ပဲ သိထားပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမေးလာရင် ကျနော်တို့သိသလောက် အားလုံးပြောဆိုဖို့ အစီအစဉ်ရှိပါတယ်၊ အေးချမ်းဖို့တည်ငြိမ်ဖို့အတွက်လေ၊ ဒါတော့ အဓိကဖြစ်မယ်လို့ ကျနော်တို့ထင်ပါတယ်"

အမေရိကန်သံအမတ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်
အစိုးရအဖွဲ့နဲ့ တွေဆုံမှာဖြစ်သလို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ ကချင်ပြည်နယ်ထဲက ပြည်တွင်း ပြည်ပလူမှုအဖွဲ့အစည်းတွေနဲ့လည်း
တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကချင်ပြည်နယ်ကို လာရောက်ဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ဘူးလို့လည်း မြစ်ကြီးနားမြို့အခြေစိုက် လူမှုအဖွဲ့အစည်း
တွေက ဆိုပါတယ်။

RFA Burmese မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဒီဇင်ဘာလ ၁၇ ရက် ဒီကနေ့ ရောက် ရှိလာမယ်လို့ သိရပါတယ်။

စလစ်အမြင့်ဈေးရောက်နေချိန် ကားဈေးဆက်ကျဖွယ်ရှိနေ

Photo: စလစ်အမြင့်ဈေးရောက်နေချိန် ကားဈေးဆက်ကျဖွယ်ရှိနေ
Monday, 17 December 2012

ယခုရက်ပိုင်းအတွင်း ရန်ကုန်ကားဈေးကွက်သို့  နယ်ဝယ်လက်များမှ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀၀န်းကျင်ရှိ ကားများမှာ အ၀ယ်လိုက်လာကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းများရှိ  ကားအကျိုးဆောင်များထံက သိရသည်။

Car Show Room များတွင်မူ ယခုနောက်ပိုင်း အရောင်းအေးနေပြီး နယ် Car Show Room များမှာလည်း အရောင်းအေးနေကြောင်း သိရှိရသည်။ Car Show Room အများစုမှာ ယခုနောက်ပိုင်း ကားရောင်းအားထက် စလစ်ရောင်းအားနှင့် အရစ်ကျကား ရောင်းချမှုကိုသာ အားကိုးအားထား
ပြုလာကြောင်း သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ မန်နေဂျာ ဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။

ထို့အပြင် ကားဈေးကွက်အတွင်း စလစ်နည်းပါးလာမှုကြောင့် စလစ်ဈေးမှာ ကျပ်သိန်း ၉၀ မှ သိန်း ၁၀၀ အတွင်း တက်လာကာ ဈေးမြင့်မားမှုကြောင့် အ၀ယ်နည်း နေကြောင်း၊ ထို့ကြောင့် Car Show Room များသည် ယာဉ်ရောင်းဝယ်ရေးစခန်းများထက် ပိုမိုအရောင်းအေးခြင်းဖြစ်ကြောင်း ၄င်းက ယခုကဲ့သို့ဆိုသည်။

``အခုရက်ပိုင်း နယ်က အ၀ယ်တွေ နည်းနည်းတက်လာတယ်၊ ပခုက္ကူနဲ့ မြိုင်ဘက်က ၀ယ်လက် တွေများတယ်၊ ဘာလို့လည်းတော့ မသိဘူး၊ ဒါပေမဲ့ အခုလို အရောင်းအေးနေတဲ့ အချိန်မှာ ၀ယ်သူ ရှိတော့ တော်သေးတာပေါ့၊ နယ်ကလူတွေကတော့ ထုံးစံအတိုင်း ပါဂျဲရိုး(ဖားပြုတ်)တို့၊ လန်ခရူဇာတို့အကြိုက်များတယ်၊ အခုဒီရက်ပိုင်း နယ်က လာဝယ်သွားတာ လေးစီးလောက်တော့ ရောင်းရတယ်   ´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း ၀ယ်အားနည်း၍ရောင်းအား
များလာသည့် အခြေအနေ ကြောင့် ကားဈေးထိုးကျလာကြောင်း သိရှိရသည်။ တစ်စီးလျှင် ပျမ်းမျှ ၁၂ သိန်းမှ ၁၇ သိန်းဝန်းကျင် အထိ ဈေးကျလာကြောင်းနှင့် နောက်ပိုင်း ပိုမိုကျလာနိုင်ကြောင်း 
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကိုထွန်းက  ပြောသည်။

ယခုနောက်ပိုင်း လူကြိုက်များလာသည့်ကားများမှာ CALDINA( ကြက်တူရွေး)၊ COROLLA(DX 2WD) နှင့် HONDA CIVIC HYBRID ကဲ့သို့သော ကားများဖြစ်ပြီး ဈေးနှုန်းများမှာ သိန်း ၁၈၀ မှ ၂၀၀ ၀န်းကျင်ရှိကြောင်း၊ နယ်ကြိုက်ကားများမှာ BMW 3 SERIES ၊ NAVARA 4WD နှင့် PRADO LAND CRUISER ( 4 WD ) တို့ဖြစ်ပြီး ဈေးများမှာ သိန်းကျပ် ၂၀၀ မှ ၃၀၀ ၀န်းကျင်ဈေးရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့်
ပြုခဲ့ပြီးနောက်  ကားဈေးကွက်အတွင်း ဆက်တိုက်ဆိုသလို လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်းရှိခဲ့သည်။ အောက်တိုဘာလကုန်   နိုဝင်ဘာလအတွင်း
လေလံကားအမျိုးအားလုံး လက်ခံခဲ့သည့်အပြင် ယခု ဗ အက္ခရာများ အပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၈၀ မှ ၉၀ အတွင်း ရှိလာသည်။

ထို့ကြောင့် ဘ အက္ခရာကားများ အပ်နှံခွင့်ရပါက ပြောင်းလဲလာမည့် ကားဈေးကွက်ကို  ကောင်းသည် ဆိုးသည် သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ၀ါရင့်ကားပွဲစားများထံက သိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup ယခုရက်ပိုင်းအတွင်း ရန်ကုန်ကားဈေးကွက်သို့ နယ်ဝယ်လက်များမှ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀၀န်းကျင်ရှိ ကားများမှာ

ကျောက်ဖြူ အထူးစက်မှုဇုန် ရခိုင်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေဟု အစီရင်ခံစာဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စက်မှုဇုန်စီမံကိန်း တည်ဆောက်ခြင်းသည် ရခိုင်ကမ်းရိုး