Tuesday, December 18, 2012

နိုင်ငံတကာသုံး VISA ကတ်အား ပြည်တွင်း၌သုံးစွဲရန် ဘဏ်သုံးဘဏ်နှင့် ချိတ်ဆက်ထားသော်လည်း လက်တလောတွင် သမ၀ါယမလိမိတက်၌ စတင်အသုံးပြုနိုင်

Tuesday, 18 December 2012
နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ်
ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊ ကမ္ဘာဇဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ချိတ်ဆက်ထားသော် လည်း လတ်တလောတွင် သမ၀ါယ မလိမိတက်ဘဏ်၌ စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်
ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

'' VISA ကတ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ စပြီးသုံးလို့ရပါပြီ။ လက်အချိန်မှာ စမ်းသပ်ကာလဖြစ် လို့ သမ၀ါယလိမိတက်ဘဏ်ရဲ့ ရုံးချုပ်မှာရှိတဲ့ ATM စက်နှစ်လုံးအပြင် လေဆိပ်မှာထားတဲ့ ATM စက်နှစ်လုံး စုစုပေါင်းလေးလုံးမှာ သုံးစွဲလို့ ရပါတယ်။ ၀န်ဆောင်ခအနေနဲ့ဘဏ်က ၅၀၀၀ကျပ် သတ်မှတ်ထားပါ တယ်''ဟု သမ၀ါယမလိမိတက် ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။

လက်ရှိအချိန်တွင် VISA ကတ်နှင့် ချိတ်ဆက်ထားသော အခြားဘဏ်များအနေဖြင့် VISA ကတ် အသုံး
ပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ သမ၀ါ ယမလိမိတက် ဘဏ်အနေဖြင့် VISA ကတ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးသွားပါက သမ၀ါယမလိမိတက် ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။

VISA  ကတ်စနစ်ကို ပြည်တွင်း ဘဏ်သုံးဘဏ်အပြင်  ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြု
နိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ VISA ကတ်စနစ်ကို ထမအဆင့်အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယ အဆင့်အနေဖြင့် ဟိုတယ်ကြီး များ၊ နိုင်ငံခြားသားခရီးသွားများ အများအပြားသွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံး စွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of  Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း VISA ကတ်ကုမ္ပဏီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

VISA ကတ်ကုမ္ပဏီသည် ကမ္ဘာ လုံးဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် သုံးစွဲလျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားကတ်များဖြစ်သော ဂျပန်အခြေစိုက် JCB၊ တရုတ် ခြေစိုက် CUP နှင့်အမေရိကန်အခြေစိုက် Master ကတ်နှင့် VISA ကတ်များကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရ သည်။

Eleven Media Group နိုင်ငံတကာသုံး အမေရိကန် အခြေစိုက် VISA ကတ်အား ပြည်တွင်း၌ သုံးစွဲရန် ပြည်တွင်း ဘဏ်သုံးဘဏ် ဖြစ်သော သမ၀ါယလိမိတက်ဘဏ်၊ ကမ္ဘာဇဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ချိတ်ဆက်ထားသော် လည်း လတ်တလောတွင် သမ၀ါယ မလိမိတက်ဘဏ်၌ စမ်းသပ်ကာလအဖြစ် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

'' VISA ကတ်ကို ဒီဇင်ဘာလ ၁၂ရက်နေ့ကနေ စပြီးသုံးလို့ရပါပြီ။ လက်အချိန်မှာ စမ်းသပ်ကာလဖြစ် လို့ သမ၀ါယလိမိတက်ဘဏ်ရဲ့ ရုံးချုပ်မှာရှိတဲ့ ATM စက်နှစ်လုံးအပြင် လေဆိပ်မှာထားတဲ့ ATM စက်နှစ်လုံး စုစုပေါင်းလေးလုံးမှာ သုံးစွဲလို့ ရပါတယ်။ ၀န်ဆောင်ခအနေနဲ့ဘဏ်က ၅၀၀၀ကျပ် သတ်မှတ်ထားပါ တယ်''ဟု သမ၀ါယမလိမိတက် ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။

လက်ရှိအချိန်တွင် VISA ကတ်နှင့် ချိတ်ဆက်ထားသော အခြားဘဏ်များအနေဖြင့် VISA ကတ် အသုံး
ပြုနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ သမ၀ါ ယမလိမိတက် ဘဏ်အနေဖြင့် VISA ကတ်အား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စက်ပစ္စည်းများ တပ်ဆင် ပြီးစီးသွားပါက သမ၀ါယမလိမိတက် ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။

VISA ကတ်စနစ်ကို ပြည်တွင်း ဘဏ်သုံးဘဏ်အပြင် ပြည်တွင်းရှိ အခြားဘဏ်များတွင်လည်း အသုံးပြု
နိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ VISA ကတ်စနစ်ကို ထမအဆင့်အနေဖြင့် မြန်မာဘဏ်များရှိ ATM (Automatic Teller Machine) စက်များတွင် သုံးစွဲနိုင်ရေး၊ ဒုတိယ အဆင့်အနေဖြင့် ဟိုတယ်ကြီး များ၊ နိုင်ငံခြားသားခရီးသွားများ အများအပြားသွားရောက်သော ထင်ရှားသည့် နေရာဒေသများတွင် သုံး စွဲနိုင်ရေး တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် Mobile Point of Sale(MPOS) စနစ်ကို သုံးစွဲနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း VISA ကတ်ကုမ္ပဏီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

VISA ကတ်ကုမ္ပဏီသည် ကမ္ဘာ လုံးဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ၀န်းကျင်တွင် သုံးစွဲလျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားကတ်များဖြစ်သော ဂျပန်အခြေစိုက် JCB၊ တရုတ် ခြေစိုက် CUP နှင့်အမေရိကန်အခြေစိုက် Master ကတ်နှင့် VISA ကတ်များကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment