Tuesday, December 18, 2012

စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Photo: စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ များကျင်းပ

Tuesday, 18 December 2012
မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများကို မော်လမြိုင်မြို့နယ် စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပရာ စာပေပြိုင်ပွဲသို့ မော်လမြိုင်မြို့နယ် စာရေးဆရာ
အသင်းဝင်များ၊ မော်လမြိုင် မြို့နယ် ပညာရေးမှူး ဦးအောင်စိုးမြင့်၊ မော်လမြိုင်မြို့နယ် ကာတွန်း ဆရာများ၊ ပန်းချီဆရာများ၊ မော်လမြိုင် မြို့နယ် ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅ဝ ဦးခန့် တက်ရောက် သည်။

စာပေပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ လည်းကောင်း၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်(၃)ဆင့် ခွဲခြား၍ ယှဉ်ပြိုင် ခဲ့ကြသည်။

စာပေပြိုင်ပွဲ၌ ဆုရရှိသူ များအား ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် စာပေ ဟောပြောပွဲတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြ၀တီ မွန်ပြည်နယ် ကျိုက်ထိုမြို့ မရမ်းကုန်း ရပ်ကွက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများကို မော်လမြိုင်မြို့နယ် စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပရာ စာပေပြိုင်ပွဲသို့ မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းဝင်များ၊ မော်လမြိုင် မြို့နယ် ပညာရေးမှူး ဦးအောင်စိုးမြင့်၊ မော်လမြိုင်မြို့နယ် ကာတွန်း ဆရာများ၊ ပန်းချီဆရာ များ၊ မော်လမြိုင် မြို့နယ် ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်း သား၊ ကျောင်းသူများ စုစုပေါင်း ၁၅ဝ ဦးခန့် တက်ရောက် သည်။

စာပေပြိုင်ပွဲတွင် စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီထိ လည်းကောင်း၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲကို မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိလည်းကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်(၃)ဆင့် ခွဲခြား၍ ယှဉ်ပြိုင် ခဲ့ကြသည်။

စာပေပြိုင်ပွဲ၌ ဆုရရှိသူ များအား ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် စာပေ ဟောပြောပွဲတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

From : မြ၀တီ

No comments:

Post a Comment