၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မထသလက်အောက်ရှိ ခရီးသည်တင်
ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး
သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Edit This Menu
Monday, January 21, 2013
သားဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ဂိမ်းလူသတ်သမားငှား
တရုတ်ပြည်မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိမ်း ဝါသနာအိုး သားလေးကို
ဂိမ်းဖြတ်ဖို့အတွက် အဖေဖြစ်သူက ကြေးစားဂိမ်း လူသတ် သမား ငှားရမ်းခြင်း
ဖြစ်ပါတယ်။ ကြားရရင် ရယ်စရာ
သတင်းလို ဖြစ်နေပေမယ့် သူ့သား တကယ် ဂိမ်းဖြတ် သွားပါတယ်။
အွန်လိုင်းဂိမ်းဝါသနာ အိုးဖြစ်ပြီး အထက် တန်းကျောင်သားဘဝကစလို့
ယနေ့ချိန်ထိကို စွဲစွဲမြဲမြဲ ဆော့လာ သူ ဖြစ်ပါတယ်။ Xiao Feng လို့ အမည်ရတဲ့
သားဖြစ်ပြီး အဖေဖြစ်သူကတော့ Mr Feng ဖြစ်ပါတယ်။
အမှန်တကယ် တိုက်ခိုက်ရေး ဆောင်ရွက် နေမှုနှင့် သဏ္ဍာန်တူသော စစ်ရေး လေ့ကျင့်ခန်းများ ပိုမိုပြုလုပ် သွားရန် တရုတ်စီစဉ်
အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး
ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ
မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။
အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား နေသော ကျွန်းစုများအား တိုင်း တာရေး
ဆောင်ရွက်သွားရန်စီစဉ်ထား ကြောင်းနှင့် တိုက်ပွဲဝင်အသင့် ရှိ နေစေရန် ၎င်း၏စစ်ဘက်အား တောင်းဆိုထားကြောင်း တရုတ် နိုင်ငံ က ထုတ်ပြန် ကြေညာခဲ့ပါသည်။
ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက် ၍ ဂျပန်နိုင်ငံနှင့် တင်းမာမှုများ
မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာပါ သည်။
ရဲအရာရှိက အရပ်သား တစ်ဦးကို ထိုးနှက်ပြီး သေနတ်ပြ ခြိမ်းခြောက်မှု အား စစ်ဆေး အရေးယူမည်
ကချင်ပြည်နယ် မိုညှင်းခရိုင်ဟိုပင်မြို့နယ်ခွဲ မြသီတာရပ်ကွက်တွင်နေထိုင်သော ဦးဝင်မြင့်အားဟိုပင် ရဲစခန်းမှ ဒုရဲအုပ်ဦးအောင်မျိုးအေးက ဆိုင်ကယ်အချက်ပြမီးမပြသည့်ကိစ္စဖြင့် ထိုးနှက်ကာလက်နက်ပြ ခြိမ်းခြောက်ခဲ့ခြင်းကို အမှုမှန် ပေါ်အောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာဆို
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ အိမ်ဖြူတော်မှာ တနင်္ဂနွေနေ့က တရားဝင်ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ ကတော် မစ်ရှဲလ်အိုဘားမားရဲ့ မိသားစုပိုင် သမ္မာကျမ်းစာအုပ်ပေါ် လက်တင်ပြီး ဒုတိယသမ္မတ သက်တမ်းတာဝန်အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန် ဟာလည်း တနင်္ဂနွေနေ့မှာပဲ ကျမ်းကျိန်းခဲ့ပါတယ်။
အစောပိုင်းကတော့ သမ္မတအိုဘားမားဟာ အစဉ်အလာအတိုင်း အာလင်တန် (Arlington) အမျိုးသား စစ်သင်္ချိုင်းမှာ လူမသိသူမသိ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက်အုတ်ဂူမှာ သွားရောက်ပန်းခွေချခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်ယူမယ့်သူတွေ အနေနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရတာဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ဟာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် အမျိုးသားရင်ပြင်ကို မျက်နှာမူ ထားတဲ့ Capitol Hill လွှတ်တော် အဆောက်အဦးရှေ့ အများပြည်သူရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့မှာ လုပ်မှာဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီ မြို့တော်က သမ္မတကျမ်းကျိန်ပွဲကို ပြည်သူပေါင်း ၈ သိန်းလောက် လာရောက်ကြမယ်လို့ ခန့်မှန်းထားပါတယ်။
ဗွီအိုအေ
ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် လုပ်ဆောင်နေသော သင်္ဘောတစ်စီး နစ်မြုပ်မှုဖြစ်ပွား
မုတ္တမ
ကမ်းလွန်ဒေသမှ ရှာဖွေတွေ့ရှိထားသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက်
ပင်လယ်တွင်း ပိုက်လိုင်း သွယ်တန်းနေသည့် PTTEP ကုမ္ပဏီပိုင်
PANRITH သင်္ဘောသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ပိုက်လိုင်း သွယ်တန်းမှု
ပြုလုပ်နေစဉ် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိသဖြင့် နစ်မြုပ်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)